ဒီမိုကရေစီနိုင်ငံတွေက စစ်တပ်တွေနဲ့ မြန်မာစစ်တပ်အကြား တပ်အချင်းချင်း ထိတွေ့ဆက်ဆံမှု ပိုတိုးလာဖို့ လိုလားတဲ့အကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Asia Society တွေ့ဆုံပွဲမှာ ပြောဆိုသွားပါတယ်။ ဆွေးနွေးပွဲအတွင်း ပြောဆိုချက်တွေထဲကတချို့ကို ဦးသိန်းထိုက်ဦး ကောက်နုတ်တင်ပြထားပါတယ်။
မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးအရ ပိတ်ဆို့မှုတွေကို ရုတ်သိမ်းရေးမှာ သဘောမတူတာတွေ ရှိပေမယ့် လည်း မိတ်ဆွေကောင်းပီပီ မြန်မာနိုင်ငံအကျိုးအတွက် ဆက်လက်ပံ့ပိုးကူညီဖို့ အမေရိကန် လွှတ်တော်အမတ်တွေကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကြာသပတေးနေ့မနက်က အမေရိကန် လွှတ်တော်ခေါင်းဆောင်တွေကို တွေ့ဆုံပြီး နေ့ခင်းပိုင်းမှာတော့ ဝါရှင်တန် ဒီစီမြို့တော်က Theodore Roosevelt အထက်တန်းကျောင်းကို သွားပြီးတော့ ကျောင်းသားတွေနဲ့ တွေ့ဆုံပါတယ်။ ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ ရင်းနှီးမြှုပ်နှံကြဖို့ အမေရိကန် စီးပွားရေးကုမ္ပဏီတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ဖိတ်ခေါ်လိုက်ပါတယ်။ ဒါ့အပြင် အဂတိလိုက်စားမှုကင်းတဲ့၊ ကျင့်ဝတ်တွေကို စောင့်ထိန်းပြီး တာဝန်ယူမှုရှိတဲ့ ရင်းနှီး မြှုပ်နှံမှုတွေ ဖြစ်ဖို့ကိုလည်း ကြာသပတေးညက ဝါရှင်တန်ဒီစီမြို့တော်မှာ အာဆီယံ စီးပွားရေးကောင်စီက တည်ခင်းတဲ့ ညစာ စားပွဲအတွင်း ပန်ကြားသွားပါတယ်။ ညစာစားပွဲမှာ သတင်းသွားယူတဲ့ ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
အမေရိကန်စီးပွားရေးကုမ္ပဏီတွေ မြန်မာနိုင်ငံကို လာရောက် ရင်းနှီးမြှုပ်နှံတဲ့ တချိန်တည်းမှာ အကျင့်ပျက် လဘ်စားမှုကင်းတဲ့ မှန်ကန်တဲ့ စီးပွားရေး ကျင့်ဝတ်တွေ အားကောင်းခိုင်မာအောင် ကူညီပေးဖို့ ဒေါ်အောင်ဆန်းစုကြည် က အမေရိကန် အာဆီယံ စီးပွားရေးကောင်စီ အစည်းအဝေးမှာ ပန်ကြားသွားခဲ့တာပါ။
မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံဖို့ ကန်ကုမ္ပဏီတွေကို ဖိတ်ခေါ်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ် တတိယမြောက်နေ့မှာ မြန်မာ့ဒီမိုကရေစီအရေးအတွက် အကူအညီပေးခဲ့ကြတဲ့ လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေကို တွေ့ဆုံပြီး ကျေးဇူးတင်စကားပြောကြားရင်း မပြီးဆုံး သေးတဲ့ ပြုပြင်ပြောင်းလဲရေးမှာ ဆက်လက် ကူညီကြဖို့ တိုက်တွန်းပြောကြားသွားပါတယ်။
CSIS က မြန်မာ့အရေးဆွေးနွေးပွဲ
"ဘယ်လို ဆုံးဖြတ်ချက်ပဲချချ ဆွေးနွေးချက်တွေ အားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဦးဆောင်တဲ့အစိုးရရဲ့ အကြံပေးချက်တွေအတိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။"
အစ္စလာမ် ဘာသာဝင်တွေအတွက် ဘာသာရေးအရ အရေးကြီးတဲ့ Eid al-adha အစ်ပွဲတော်ကို ကမ္ဘာတဝှမ်း ကျင်းပနေချိန်မှာပဲ အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် Los Angeles မြို့မှာရှိတဲ့ မူဆလင်တွေလည်း အစ်ပွဲတော် ဆင်နွဲကြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေမှာ အမျိုးသားလုံခြုံရေးကိစ္စတွေ လွှမ်းမိုးနေချိန်မှာပဲအမေရိကန်ပြည်သူတွေဟာစက်တင်ဘာ၁၁ရက်အကြမ်းဖက်တိုက်ခိုက်ခံရမှု၁၅ နှစ်မြောက်နှစ်ပတ်လည်အခမ်းအနား ကျင်းပခဲ့ကြတဲ့အကြောင်း MichaelBowmanသတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
၂၀၁၇ ခုနှစ်အတွက် ကမ္ဘာကျော် ဂင်းနစ်မှတ်တမ်းတွေ ထွက်လာပါပြီ။ ဒီနှစ်အတွက် ကမ္ဘာပေါ်က ထူးခြားဆန်းပြားတဲ့ အဖြစ်အပျက်မှတ်တမ်း ၄,၀၀၀ ကျော်ကို ဖော်ပြထားပါတယ်။ ကမ္ဘာ့အရှည်ဆုံး ကြောင်၊ တဘီးတပ် မော်တော်ဆိုင်ကယ် စတဲ့ ထူးထူးခြားခြား မှတ်တမ်းတွေအကြောင်း AP သတင်းကိုအခြေခံပြီး ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
ပြီးခဲ့တဲ့တပတ်က Donlad Trump ရဲ့လူဝင်မှုကြီးကြပ်ရေးအဆိုပြုချက်တွေအပေါ် ဝေဖန်တာတွေရှိခဲ့ပြီး ဒီတပတ်မှာတော့ Hillary Clinton နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့တဲ့အချိန် အီးမေးတွေအသုံးပြုတဲ့ကိစ္စကို ပြန်ပြီးအာရုံစိုက်လာကြကြောင်း VOA သတင်းထောက် Michael Bowman ပေးပို့ထားတာကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်အတွင်းပဋိပက္ခတွေကိုအဖြေရှာနိုင်ရေးကြိုးပမ်းရာမှာ ဘက်မလိုက်ဘဲမျှမျှတတဖြစ်ရေးကို အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ဥက္ကဋ္ဌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က ပြောဆိုပါတယ်။ အပြည့်အစုံကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
မြန်မာနိုင်ငံကိုရောက်နေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ ဒီကနေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သတင်းစာရှင်းလင်းပွဲကျင်းပပြီး၊ မြန်မာနိုင်ငံ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတက်ရေးဟာ နိုင်ငံတကာက မြင်ချင်ကြတဲ့ဆန္ဒဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
ရီပတ်ဗလစ်ကန် သမ္မတလောင်း Donald Trump နဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Hillary Clinton တို့ အကြား ယှဉ်ပြိုင်မှုတွေဟာ စိတ်လိုက်မာန်ပါ အပြန်အလှန် ပြောဆိုဝေဖန်နေကြတဲ့ အနေအထားကိုရောက်နေတဲ့အကြောင်း ဗွီအိုအေ သတင်းထာက် Michael Bowman သတင်းပေးပို့ချက်ကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
မနေ့က ပြင်းအား ၆.၈ ရှိတဲ့ငလျင် လှုပ်ခဲ့တာကြောင့် ပုဂံက ရှေးဟောင်း အမွေအနှစ် စေတီပုထိုးတွေ ပျက်ဆီးခဲ့ပါတယ်။ မြန်မာနိုင်ငံသားတွေအတွက်တော့ တန်ဖိုးထားတဲ့ ရှေးဟောင်း အမွေအနှစ် စေတီပုထိုးတွေ ဆုံးရှုံးရတဲ့အတွက် ကြေကွဲဖွယ်ရာနေ့တနေ့ ဖြစ်ခဲ့ရပါတယ်။ AFP သတင်းကိုအခြေခံပြီး ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး John Kerry ဟာ ကင်ညာနိုင်ငံက စတင်ခဲ့တဲ့ အာဖရိကတိုက်ခရီးစဉ် တစိတ်တပိုင်းအနေနဲ့ ဒီနေ့နဲ့ မနက်ဖြန် နိုက်ဂျီးယီးယားနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။ VOA သတင်းထောက် Zlatica Hoke ရဲ့ သတင်းပေးပို့ချက်ကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
ရီပတ်ဗလစ်ကန် သမ္မတလောင်း Donald Trump ဟာ သူ့ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ အကြီးအကဲအဖြစ် တာဝန်ယူခဲ့သူဟာ အရင်က ယူကရိန်းအစိုးရနဲ့ ပတ်သက်ကြောင်းသတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် မဲဆွယ်စည်းရုံးရေးမှူးတွေကို အပြောင်းအလဲလုပ်ခဲ့ပါတယ်။ VOA သတင်းထောက် Amanda Scott ရဲ့ သတင်းလွှာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
ဘရာဇီးနိုင်ငံ Rio de Janeiro မြို့မှာ ကျင်းပတဲ့ အိုလံပစ်ပွဲအတွက် ကုန်ကျစရိတ်ဟာ ဒေါ်လာသန်းပေါင်း ၄,၅၀၀ နဲ့၆,၀၀၀ကြားမှာရှိမယ်လို့တရားဝင်ခန့်မှန်းထားပါတယ်။အိုလံပစ်ပွဲကြောင့်လူမှုဝန်းကျင်ကိုထိခိုက်စေတဲ့ ပေးဆပ်မှုတွေရှိတဲ့အကြောင်း Jeff Swicord ရဲ့ သတင်းလွှာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
ရီပတ်ဗလစ်ကန် သမ္မတလောင်း Donald Trump အနေနဲ့ ဒီသတင်းပတ်အတွင်း မဲဆွယ်စည်းရုံးမှုတွေမှာ နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ သူ့အစီအစဉ်တွေကို ချပြမယ်လို့ မျှော်လင့်ရပါတယ်။ VOA သတင်းထောက် Jeff Custer သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်