ရီပတ်ဗလစ်ကန် သမ္မတလောင်း Donald Trump နဲ့ ပြိုင်ဖက် ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီကလင်တန်တို့ ဒီသတင်းပတ် Detroit မြို့မှာ မဲဆွယ်စည်းရုံးကြတဲ့အခါ စီးပွားရေး အစီအစဉ်တွေကို ချပြကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဗွီအိုအေ သတင်းထောက် Amanda Scott ပေးပို့ထားတဲ့ သတင်းကို ဦးသိန်းထိုက်ဦး ကတင်ပြထားပါတယ်။
Florida ပြည်နယ်မှာ ခြင်ကတဆင့် Zika ဗိုင်းရပ်ကူးစက်မှုလေးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တာကြောင့် ဒီရောဂါပိုးသယ်လာတဲ့ ခြင်တွေ အမေရိကန်ပြည်ထောင်စုထဲ ရောက်လာပြီလို့ယုံကြည်ရပေမယ့် ဒီအတွက်ငွေကြေးသုံးစွဲဖို့ ကွန်ကရက်လွှတ်တော်က အတည်မပြုသေးကြောင်း Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
ရန်ကုန်မြို့လယ်က အထင်ကရပုဂ္ဂိုလ်တွေရဲ့ ဂူဗိမာန်၊ ကိုယ်ဝန်ဆောင်ချိန် မိခင်ရော ရင်သွေးပါ ကျန်းမာစေ ဖို့၊ ခြင်းလုံးတလုံးကို အချိန်အကြာကြီး အလှပြခတ်နိုင်သူ၊ Rio de Janeiro မြို့က ပင်လယ်ကမ်းခြေ၊ Denmark နိုင်ငံမှာ စုဝေးပြီး Santa Clause ညီလာခံကျင်းပ စသည် …
တိုးတက်တဲ့ ကုန်သွယ် စီးပွားဆက်ဆံရေးဟာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုနဲ့ ပြည်သူတွေ သာယာဝပြောဖို့အတွက် အထောက်အကူပြုတယ်လို့ ပြောကြားတဲ့ အမေရိကန်သံအမတ်ကြီး Scot Marciel နဲ့ VOA တွေ့ဆုံမေးမြန်းခန်း၊ မင်းသားကြီး Harrison Ford ဒဏ်ရာရသွားလို့ ရိုက်ကူးရေးကုမ္ပဏီ တာဝန်ရှိကြောင်း တရားရုံးက အမိန့်ချ စသည် …
အမေရိကန်ပြည်ထောင်စုသမိုင်းမှာ ပထမဆုံးအကြိမ် အမျိုးသမီးတယောက်ကို ပါတီသမ္မတလောင်းအဖြစ် ရွေးချယ်မယ့် ဒီမိုကရက်တစ်ပါတီ အမျိုးသားညီလာခံကို Pennsylvania ပြည်နယ် Philadelphia မြို့မှာ တနလာၤနေ့က စတင် ကျင်းပနေတဲ့အကြောင်း ဗွီအိုအေသတင်းထောက် Michael Bowman ပေးပို့ထားတဲ့သတင်းကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
ရန်ကုန်မြို့လယ်က အတွင်းဝန်များရုံးလို့ အရင်ကခေါ်ခဲ့တဲ့ ဝန်ကြီးများရုံး၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားတဲ့ စစ်ပြန်တွေ ဘယ်လိုရပ်တည်သလဲ၊ ကလေးတွေကို ဂရုတစိုက်နဲ့ ပြုစုကျွေးမွေးဖို့ ဘာကြောင့် လိုအပ်တာလဲ၊ အီရန်နိုင်ငံ တီဟီရန်မြို့က Golestan နန်းတော်ဟောင်းကြီးအကြောင်း၊ ထူးခြားဆန်းပြားသတင်းများ စသည် …
၂၁ ရာစုပင်လုံညီလာခံကနေ နှစ်ပေါင်း ၆၀ ကျော် ဖြစ်လာခဲ့တဲ့ပြဿနာတွေကို ဖြေရှင်းနိုင်မှာပါလား၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ပူကမ်လမ်ခုပ်နဲ့ မေးမြန်းခန်း၊ မကြေးမုံရဲ့ နိုင်ငံရေးဆိုင်ရာ အမေရိကန် အသုံးအနှုန်း၊ Seoul မြို့တော်က ဘီယာပွဲတော်ကို ရောက်လာခဲ့တဲ့ ကိုရီးယားမင်းသား စသည် …
တူရကီနိုင်ငံမှာ မအောင်မြင်တဲ့ အာဏာသိမ်းမှုဖြစ်ပွားပြီး သမ္မတ Recep Tayyip Erdogan အုပ်ချုပ်ရေးအာဏာ ပြန်ပြီးရယူနေချိန်မှာ အမေရိကန်ပြည်ထောင်စုကတော့ အခြေအနေကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့ တိုက်တွန်းနေပါတယ်။ VOA သတင်းထောက် Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ပြပါလိမ့်မယ်။
NLD အစိုးရရဲ့ အုပ်ချုပ်မှု ရက်ပေါင်း ၁၀၀ ကျော်အတွင်း အစိုးရသစ်ရဲ့ ဆောင်ရွက်မှုတွေအပေါ် ပြည်သူတွေရဲ့ သဘောထား၊ လိပ်ခေါင်းရောဂါ၊ ကမ္ဘာကျော်ပန်းချီဆရာကြီး ဗန်ဂိုးရဲ့ ဂန္ဓဝင်လက်ရာတွေတွေ့ရမယ့် ဘေဂျင်းမြို့ က ပြခန်း၊ ထူးခြားဆန်းပြားသတင်းများ၊ စသည် ..
တပတ်အတွင်းကမ္ဘာ့သတင်း၊ မြန်မာနိုင်ငံမှာ နိုင်ငံရဲ့ပို့ကုန်နဲ့ သွင်းကုန်တန်ဖိုး မျှတဖို့ ဘယ်လိုဆောင်ရွက်နေသလဲ ဆိုတာကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးနဲ့ မေးမြန်းခန်း၊ မကြေးမုံရဲ့ အင်္ဂလိပ်စာ၊ သက်တံရောင် သတင်းလွှာ စသည် ..
ပြင်သစ်သမ္မတ Francois Hollande က သူ့ရဲ့ ဆံပင်ညှပ်သမားကို တလ ဒေါ်လာ တသောင်းကျော် (ယူရို ၉၈၀၀ ကျော်) ပေးပြီး ငှားထားတယ်ဆိုတဲ့ သတင်းထွက်လာလို့ ပြင်သစ်နိုင်ငံသားတွေ အံအားသင့်နေကြသလို တချို့လည်း ဒေါသဖြစ်နေကြပါတယ်။ ဒီအကြောင်း Reuters သတင်းကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
ဆားဘီးယားနိုင်ငံဟာ အီးယူ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်လာဖို့ စောင့်ဆိုင်းနေတာ သိပ်ကိုကြာလွန်းတယ်လို့ ဆားဘီးယားတချို့က ယူဆကြချိန်မှာပဲ တချို့တော့ဆက်ပြီး အားမထုတ်သင့် တော့ဘူးလို့လည်း ယူဆလာကြတဲ့အကြောင်း ဗွီအိုအေ သတင်းထောက် Luis Ramirez သတင်းပေးပို့ထားတာကို မခင်ဖြူထွေး က တင်ပြထားပါတယ်။
Texas ပြည်နယ် Dallas မြို့မှာ ရဲအရာရှိ ၅ ယောက်ပစ်သတ်ခံရပြီးနောက် သမ္မတအိုဘားမားက အကြမ်းဖက်မှုတွေကို ရှုတ်ချပစ်တင်လိုက်ပါတယ်။ ဒီကိစ္စဟာ အရင်ကတည်းက အငြင်းပွားနေတဲ့ ပြည်သူတွေရဲ့ လုံခြုံမှု အကြောင်းအရာအပေါ် ပိုမို ရှုတ်ထွေးသွားစေတဲ့အကြောင်း Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
ကြာသပတေးနေ့ညက သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့်ရဲအရာရှိ၅ ယောက်သေဆုံးခဲ့တဲ့Texas ပြည်နယ် Dallasမြို့မှာလုံခြုံရေးကိုအထူးတင်းကျပ်ထားပါတယ်။ပစ်ခတ်တယ်လို့သံသယရှိတဲ့သူ၃ ယောက်ကိုဖမ်းဆီးထားပြီး စတုတ္ထမြောက် တယောက်ကတော့ သေဆုံးသွားခဲ့တဲ့အကြောင်း ရဲအရာရှိတွေက ပြောပါတယ်။ ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ နောင်တက်လာမယ့် သမ္မတတာဝန်ကို ယူမယ့်သူဟာဟီလာရီကလင်တန်ထက်ပိုပြီး သင့်တော်တဲ့သူ မရှိဘူးလို့ သမ္မတအိုဘားမားက မြောက်ကာရိုလိုင်းနားပြည်နယ် Charlotte မြို့မှာကျင်းပတဲ့ မစ္စစ်ကလင်တန်အတွက် မဲဆွယ်ပွဲမှာ ပြောသွားပါတယ်။ APနဲ့Reutersသတင်းတွေကိုအခြေခံပြီး ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ဖြစ်လာဖို့သေချာနေတဲ့ Hillary Clinton ဟာ သူနိုင်ငံခြားရေးဝန်ကြီး တာဝန်ယူခဲ့တဲ့အချိန်က ရုံးစာတွေကို ပုဂ္ဂလိကအီးမေးလ်နဲ့အသုံးပြုခဲ့တာနဲ့ပတ်သက်လို့ FBI စုံစမ်းစစ်ဆေးသူတွေနဲ့ သုံးနာရီကြာတွေ့ဆုံခဲ့တဲ့အကြောင်း Michael Bowman သတင်းပေးပို့ထားကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
ဥရောပသမဂ္ဂက နုတ်ထွက်မယ်ဆိုတဲ့ ဗြိတိန်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ဟာ အမေရိကန် သမ္မတရွေးကောက်ပွဲတွေအပေါ်မှာလည်း ရိုက်ခတ်နေတဲ့အနေကြောင်း VOA သတင်းထောက် Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
ဥရောပသမဂ္ဂ EU ထဲကနေထွက်ဖို့ ဗြိတိန်မဲဆန္ဒရှင်တွေ ဆုံးဖြတ်လိုက်ပြီး မကြာခင်မှာပဲ ဝန်ကြီးချုပ် David Cameroon က သူနှုတ်ထွက်မယ့်အကြောင်း ကြေညာပါတယ်။ ဗြိတိန်ရဲ့ ဆုံးဖြတ်ချက်ကြောင့် တခြား ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ ကြားမှာလည်း ရိုက်ခတ်မှုတွေ ရှိလာနေပါတယ်။ ဒီအကြောင်း ဦးသိန်းထိုက်ဦး စုစည်းတင်ပြထားပါတယ်။
ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂက ခွဲထွက်မယ် မထွက်ဘူး ဆုံးဖြတ်မယ့် လူထုဆန္ဒခံယူပွဲ ဒီကနေ့ ကျင်းပပါတယ်။ မနေ့ကတော့ ဥရောပကမခွဲထွက်ရေး ခိုင်ခိုင်မာမာ ရပ်တည်ခဲ့သူ၊ ကြာသပတေးနေ့က အသတ်ခံခဲ့ရတဲ့ ဗြိတိန်လွှတ်တော်အမတ် Jo Cox ရဲ့မွေးနေ့နဲ့ အောက်မေ့ဘွယ် အခမ်းအနားတွေ ကျင်းပခဲ့ကြပါတယ်။ ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
Orlando မြို့မှာ သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေ၊ အသက်ရှင်ကျန်ရစ်သူတွေကို နှစ်သိမ့်အားပေး ခဲ့တဲ့တချိန်တည်းမှာ သေနတ်မကိုင်သင့်တဲ့သူတွေ လက်ထဲ သေနတ်မရောက်ရေး တိုးပြီး အရေးယူလုပ်ဆောင်ဖို့ သမ္မတအိုဘားမားက တိုက်တွန်းသွားပါတယ်။ VOA သတင်းထောက် Ramon Taylor ရဲ့သတင်းလွှာကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်