ကမ္ဘာ့စီးပွါးရေး လုပ်ငန်းကြီးတွေ အမေရိကန်နိုင်ငံမှာ လာပြီး ကုန်ထုတ်လုပ်ကြဖို့ သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့ ဆွစ်ဇာလန်နိုင်ငံ Davos က ကမ္ဘာ့ စီးပွါးရေးဖိုရမ်မှာ ပြောကြားလိုက်ပါတယ်။
ပနားမား တူးမြောင်းကို အမေရိကန် ပြန်ရဖို့နဲ့ နိုင်ငံထဲ တရားမဝင်ရွှေ့ပြောင်းလာမှုတွေ တားဆီးဖို့ သမ္မတ ဒေါ်နယ်ထရမ့်က ကြိုးစားနေချိန်မှာပဲ နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုဟာ ပနားမားနဲ့ တခြား အမေရိကတိုက် အလယ်ပိုင်းဒေသတွင်း နိုင်ငံတွေကို သွားရောက်ဖို့ စီစဉ်နေပါတယ်။
လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင် မြန်မာနိုင်ငံ အရေးကိစ္စကို ဦးစားပေး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သမ္မတ Trump က ကုလ အမြဲတမ်း သံအမတ်ကြီးအဖြစ် အဆိုပြုခံရသူ အောက်လွှတ်တော်အမတ် Elise Stefanik က ပြောပါတယ်။
အာရက္ခတပ်တော် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးကနေ စုံစမ်းစစ်ဆေးပေးဖို့ Fortify Rights အဖွဲ့က တိုက်တွန်းပါတယ်။
အမေရိကန် အစိုးရ လုပ်ငန်းတွေ ရပ်ဆိုင်းရမယ့် အရေးကို ရှောင်လွှဲနိုင်ရေး အတွက် အောက်လွှတ်တော်က အစိုးရ အသုံးစာရိတ် ဥပဒေကြမ်းကို အတည်ပြုလိုက်ပြီး အထက်လွှတ်တော်ကို ပေးပို့လိုက်ပြီ ဖြစ်ပါတယ်။
Utah ပြည်နယ် ဆော့လိတ်စီးတီး ဆင်ခြေဖုံး ဝက်စ်ဗယ်လီ မြို့က နေအိမ်အတွင်းမှာ ခင်ပွန်း ဖြစ်သူက ဇနီးနဲ့ ကလေးသုံးယောက် ကို သေနတ်နဲ့ ပစ် သတ်ဖြတ်ခဲ့ပြီး ကိုယ်တိုင်လည်း အဆုံးစီရင်သွားဖွယ်ရှိကြောင်း ဒေသ ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုတော့ တောက်လျှောက်ရှိပါတယ် ခင်ဗျ။ မြို့သည် စစ်ကောင်စီ ကင်းစင်သလိုမျိုး၊ မြို့ကို အလုံးစုံထိန်းချုပ် နိုင်တာမျိုးတော့ မဟုတ်သေးပါဘူးခင်ဗျ။
ကရင်နီပြည် ဒီးမော့ဆိုမြို့အနီး နန်းမယ်ခုံမြို့ကို စစ်ကောင်စီက နှစ်ရက်ဆက်တိုက်လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့၊ တဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီကတော့ ဒေသခံပြည်သူတွေကို အကူအညီပေးဖို့ ဆောင်ရွက်နေကြတာတွေ့ရပါတယ်။ ကရင်နီဒေသကနေ ရိုက်ကူးတင်ဆက်ထားတာပါ။
မြောက်ဝင်ရိုးစွန်းဒေသတွေမှာသာ တွေ့မြင်ရလေ့ရှိတဲ့ ဥတ္တရအလင်းတန်းတွေကို အမေရိကတိုက်မြောက်ပိုင်းနဲ့ ဥရောပနိုင်ငံတော်တော်များများမှာ သောကြာနေ့ညက မြင်တွေ့ခဲ့ကြရပါတယ်။
ဂါဇာစစ်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတဲ့ အမေရိကန်ပြည်ထောင်စုက တက္ကသိုလ်တချို့ မှာ ဆန္ဒပြမှုတွေ ရပ်ဆိုင်းထားကြပါတယ်။ ပါလက်စတိုင်းထောက်ခံတဲ့ ကျောင်းသားတွေနဲ့ တက္ကသိုလ်အာဏာပိုင်တွေကြား သဘောတူညီမှုတွေ ရခဲ့ပြီးနောက် ဆန္ဒပြပွဲတွေကို ရပ်ခဲ့ကြတာဖြစ်ပါတယ်။
အိန္ဒိယနဲ့ ဂျပန်နိုင်တွေဟာ တရုတ်နဲ့ ရုရှားနိုင်ငံတွေလိုပဲ နိုင်ငံခြားသားတွေကို လက်မခံချင်ကြတဲ့အတွက် စီးပွားရေးအရ ခက်ခက်ခဲခဲ ရုန်းကန်နေကြရတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောဆိုလိုက်တာနဲ့ ပတ်သက်လို့ အိန္ဒိယနဲ့ ဂျပန် အစိုးရတွေက တုံ့ပြန်လိုက်ကြပါတယ်။
အရင်ခေတ်က အင်ဒိုနီးရှားမှာ နေတဲ့ တရုတ် မူဆလင်တွေ အပေါ် ခွဲခြားဆက်ဆံမှုတွေကြောင့် ကိုးကွယ်ယုံကြည်မှုတူတဲ့ တခြားသော သူတွေနဲ့ ရောနှောဖို့ ခက်ခဲခဲ့ပါတယ်။ အခုအချိန်မှာတော့ အင်ဒိုနီးရှားနိုင်ငံတွင်းက ပလီ အတော်များများဟာ ဒီကွာဟချက်ကို ပေါင်းကူးပေးနိုင်ဖို့ ရည်ရွယ်လာကြပါတယ်။ မသိင်္ဂီထိုက် ပြောပြမှာပါ။
အရေးပေါ်အခြေအနေကြေညာထားတဲ့ ဟေတီနိုင်ငံတွင်း အမေရိကန်သံရုံးဝန်ထမ်းတချို့ကို လေယာဉ်နဲ့ထုတ်ပြီး သံရုံးလုံခြုံရေးအတွက် အမေရိကန်တပ်ဖွဲ့တွေချထားမှုတွေ ဆောင်ရွက်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းက ခန်းယူနစ် (Khan Younis) မှာ ပါလက်စတိုင်း ဒုက္ခသည် ၈၀၀ လောက်နေထိုင်နေတဲ့ ကုလသမဂ္ဂ လေ့ကျင့်ရေးစင်တာကို ဗုဒ္ဓဟူးနေ့က တင့်ကားနဲ့ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၉ ဦး သေဆုံးပြီး ၇၅ ဦး ဒဏ်ရာရခဲ့ကြောင်း ကုလသမဂ္ဂ ကယ်ဆယ်ရေး အရာရှိတဦးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၂ - ၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသူ အရေအတွက်ဟာ ပြီးခဲ့တဲ့ စာသင်နှစ်နဲ့ နှိုင်းယှဉ်ရင် ထက်ဝက်လောက် ကျဆင်းသွားပါတယ်။
မြန်မာနိုင်ငံက ဒုတိယပြည်ထဲရေးဝန်ကြီး အပါအဝင် အမျိုးသမီး အခွင့်အရေးတွေကို ချိုးဖောက်မူနဲ့ လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်မှု ပြုလုပ်ခဲ့သူ နိုင်ငံတကာက စစ်ဖက်အရာရှိ ၉ ဦးကို ဥရောပသမဂ္ဂ EU က ပိတ်ဆို့ ဒဏ်ခတ်လိုက်ကြောင်း ဒီကနေ့ ကြေညာပါတယ်။
မြန်မာ စစ်ကောင်စီအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေဟာ လုံလောက်မှု မရှိသေးတဲ့အတွက် ဒီထက်ပိုပြီး ဖိအားပေးဖို့လိုနေ။
ယူကရိန်းကို ရုရှားကျုးကျော်ခဲ့တဲ့ စစ်ပွဲ တနှစ်ပြည့်ဖို့ ရက်ပိုင်းပဲအလိုမှာပဲ သမ္မတ Joe Biden ဟာ ကြိုတင် မကြေညာဘဲ ဒီနေ့ ယူကရိန်းနိုင်ငံမြို့တော် Kyvi ကို ရောက်ရှိသွားပါတယ်။
ထိုင်းနိုင်ငံကို လေကြောင်းကနေဝင်လာကြမယ့် နိုင်ငံတကာခရီးသည်တွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးအပြည့်ထိုးထားတဲ့ သက်သေအထောက်အထားပြသရမယ်လို့ CAAT ထိုင်းလေကြောင်းအာဏာပိုင်အဖွဲ့က ပြောပါတယ်။
ဘရာဇီးလ်နိုင်ငံရဲ့ မြို့တော် Brasília မှာရှိတဲ့ ကွန်ဂရက်လွတ်တော်ကို သမ္မတဟောင်း Jair Bolsonaro ကိုထောက်ခံတဲ့လူအုပ်ကြီးက တနင်္ဂနွေနေ့မှာ ဝင်ရောက်စီးနင်းခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်