၂၀၂၃ စက်တင်ဘာ ဘဏ္ဏာရေးနှစ် ကုန်အထိ လည်ပတ်နိုင်မယ့် ဒေါ်လာ ၁.၇ တြီလျံ အသုံးစရိတ် ဥပဒေကြမ်းထဲမှာ ရုရှားရဲ့ ကျုးကျော်မှုကို ခုခံ တိုက်ခိုက်နေတဲ့ ယူကရိန်းကို ဒေါ်လာ ဘီလျံနဲ့ချီ ထောက်ပံ့ဖို့ ပါဝင်ပြီး မြန်မာ့ ဒီမိုကရေစီရေး အတွက်ကိုတော့ ဒေါ်လာ သန်း ၁၃၀ ကျော် ထောက်ပံ့ ကူညီဖို့ ထည့်သွင်း ပြဌာန်းထားပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံ Credential ကော်မတီက သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိပြီး နိုင်ငံကိုယ်စားပြုမှုအရေးကိုတော့ ဆိုင်းငံ့ထားမယ်လို့ ကုလသမဂ္ဂက ရရှိတဲ့သတင်းကအတည်ပြုပါတယ်။
ရုရှားနိုင်ငံ Caspian ပင်လယ်ကမ်းခြေ တလျှောက်မှာ ရှားပါးပင်လယ်ဖျံ အသေ အကောင်ရေ အနည်းဆုံး ၂၅၀၀ လောက် သောင်တင် လာကြောင်း ဒေသဆိုင်ရာ သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ ဌာနက ပြောပါတယ်။
ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲ တနင်္လာနေ့ ပွဲစဉ်တွေမှာ ဘရာဇီး နဲ့ ခရိုအေးရှား အသင်းတို့ ကွာတာဖိုင်နယ် တက်သွားပါတယ်။
မြန်မာအာဏာပိုင်တွေက သတင်းသမားတွေကို အကြမ်းဖက်မှု စွဲချက်တွေနဲ့ မဟုတ်မမှန် စွဲဆိုပြီး ထောင်ချနေတာတွေ ရပ်တန့်ဖို့ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ CPJ က တနလာၤနေ့မှာ တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံက အထောက်အထားမဲ့ ဝင်လာသူ ၅၀ ကျော်ကို ထိုင်းအာဏာပိုင်တွေ ကန်ချနဘူရီပြည်နယ်ထဲမှာ ဖမ်းဆီးလိုက်ပါတယ်။ မလေးရှားနိုင်ငံကို သွားရောက်ဖို့ ကြိုးပမ်းရင်း ဖမ်းဆီးခံခဲ့ရတာလို့လည်း အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုကြောင့် နေ့စဉ်နဲ့အမျှ ပေးဆပ်နေရတဲ့ ရုရှားဟာ ယူကရိန်းအပေါ် ကျုးကျော်စစ် အရှိန်မြှင့်ဖို့ လက်နက်တွေ ဖြည့်တင်းရေး ပိုမိုခက်ခဲလာနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က တနင်္ဂနွေနေ့ က ပြောပါတယ်။
ကာတာနိုင်ငံ ဒိုဟာမြို့က ကမ္ဘာ့ဖလား ဘောလုံးပွဲ တနင်္ဂနွေနေ့ ပွဲစဉ်တွေမှာ ပြင်သစ်နဲ့ အင်္ဂလန်အသင်းတို့ အနိုင်ရခဲ့ကြပြီး ကွာတာဖိုင်နယ်အဆင့်ကို တက်သွားကြပါပြီ။
တရုတ်နိုင်ငံ ရဲ့ စီးပွားရေး အချက်အခြာဖြစ်တဲ့ ရှန်ဟိုင်းမြို့မှာ ကိုဗစ်ရောဂါ ပိုးရှိမရှိ စမ်းသပ်ဖို့ သတ်မှတ်ချက်တချို့ကို တနင်္လာနေ့ ကစပြီး လျှော့ပေါ့ပေးလိုက်ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင် ဟာ ယူကရိန်း အရှေ့ဖက်ခြမ်းက သိမ်းပိုက်ထားတဲ့ Donbas ဒေသကိုသွား ရောက်မယ်လို့ ရုရှားအစိုးရ တာဝန်ရှိသူတွေက စနေနေ့မှာ ပြောဆိုလိုက်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံမှာ အရပ်သား ပြည်သူတွေအပေါ် အာဏာသိမ်း စစ်ကောင်စီ က အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antoni Guterres ထံကို အစီရင်ခံစာ တဆောင်ပေးပို့ခဲ့ပြီး၊ တိုးမြှင့်လုပ်ဆောင်ဖို့တောင်းဆိုလိုက်ပါတယ်။
ကမ္ဘာ့ဖလားဘော်လုံးပွဲမှာ အီရန်အသင်း ရှုံးနိမ့်သွားတာကို ပျေ်ာရွှင်ပွဲကျင်းပနေစဉ် ကားဟွန်းတီးတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့တွေ ပစ်သတ်တာကိုခံသွားရသူ အတွက် ဝမ်းနည်းတဲ့ အထိမ်းအမှတ်နဲ့ Bandar Anzali မြို့မှာ ရာနဲ့ချီတဲ့သူတွေ စုံရုံးခဲ့ကြတယ်လို့ အီရန်အရေးလှုပ်ရှားနေတဲ့ လူ့အခွင့်အရေးအဖွဲ့ က ပြောပါတယ်။
ကမ္ဘာပေါ်မှာ ဘာသာရေး လွတ်လပ်ခွင့် ချိုးဖေါက်တဲ့ အထူးစိုးရိမ်ရတဲ့နိုင်ငံတွေရဲ့အမည်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့ က ထုတ်ပြန်ကြေညာရာမှာ မြန်မာနိုင်ငံ ထိပ်ဆုံးက ပါဝင်နေပါတယ်။
သောကြာနေ့က ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ မှာ ကမ္ဘာ့ထိပ်သီးအသင်း Brazil ဟာ အာဖရိကတိုက်က Cameroon အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးသွားပါတယ်။
ကြာသပတေးနေ့ ကမ္ဘာ့ဖလားပွဲမှာ ဂျပန်က စပိန်ကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရပြီး အုပ်စု ဒုတိယအဆင့် ၁၆ သင်းပြိုင်ပွဲကို တက်သွားပါတယ်။ စပိန်အသင်း က ပြိုင်ပွဲ ပထမပိုင်းမှာ ပထမဦးဆုံး ဂိုးရရှိခဲ့တာဖြစ်ပြီး တိုက်စစ်မှူး Alvaro Morata က သွင်းယူခဲ့ပါတယ်။
အမေရိကန်သမ္မတ Joe Biden နဲ့ ပြင်သစ်သမ္မတ Emmanuel Macron တို့ ကြာသပတေးနေ့က အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ ကြပြီး ရုရှား သမ္မတ Vladimir Putin ရဲ့ ကျူးကျော်စစ်ကို ခုခံတိုက်ခိုက်နေကြတဲ့ ယူကရိန်း ကို ဆက်လက်ကူညီ ပံ့ပိုးသွားမယ်လို့ ကတိပြုခဲ့ကြပါတယ်။
World AIDS နေ့ အထိမ်းအမှတ်အဖြစ် ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ မဲဆောက်ဆေးရုံကြီး ၊ မယ်တော်ဆေးခန်းနဲ့ ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းများ လူထုအခြေပြု အဖွဲ့အစည်းတွေက ပညာပေး ဟောပြောပွဲတွေကို ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။
ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကြာသပတေးနေ့ ပွဲစဉ်တွေထဲက ဂျာမနီနဲ့ ကော့စတာရီကာ ပွဲမှာ ပထမဆုံးသော အမျိုးသမီး ကွင်းလယ်ဒိုင်လူကြီးအဖြစ် ပြင်သစ်နိုင်ငံက Stéphanie Frappart တာဝန်ယူမှာဖြစ်ပါတယ်။
ဇန်နဝါရီလထဲ ကျင်းပဖို့ရှိတဲ့ အောက်လွှတ်တော် ညီလာခံ မတိုင်ခင် ဒီမိုကရက် လွှတ်တော်အမတ်တွေက လွှတ်တော်တွင်း သူတို့ကို ကိုယ်စားပြုမယ့် ခေါင်းဆောင်အဖြစ် နယူးယောက် အောက်လွှတ်တော်အမတ် Hakeem Jeffries ကို ဗုဒ္ဓဟူးနေ့က ရွေးချယ်လိုက်ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်