မေ ၆၊ ၂၀၁၅ - ကျင်းပပြုလုပ်နေတဲ့ တိုင်းရင်းသားညီလာခံအကြောင်း တိုင်းရင်းသားခေါင်းဆောင် ဗိုလ်မှုးကြီးခွန်ဥက္ကာ၊ နိုင်ငံရေးသုံးသပ်သူ ဦးအောင်သူငြိမ်း တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်ထားပါတယ်။
ဧပြီ ၂၉၊ ၂၀၁၅ - မကြာခင်က ရရှိလိုက်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကနေ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖြစ်ထွန်းလာနိုင်ပါ့မလားဆိုတာ လူအတော်များများ သံသယ ရှိကြတာကို တွေ့ရပါတယ်။ တကယ့်အလားအလာ ဘယ်လို ဖြစ်လာနိုင်ပါသလဲ လက်ပူတိုက် ငြိမ်းချမ်းရေး မဖြစ်ရလေအောင် ဘယ်လိုလုပ်သင့်ပါသလဲ။
ဧပြီ ၂၂၊ ၂၀၁၅ - သတင်းမီဒီယာသမားတွေကို ဘယ်လို အကဲဖြတ်ကြပါသလဲ၊ မီဒီယာသမားနဲ့တက်ကြွလှုပ်ရှားသူ ဘယ်လို ကွဲပြားသလဲ။ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်ခင်၊ သတင်းစာဆရာ ဦးကျော်ရင်မြင့်တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဧပြီ ၁၅၊ ၂၀၁၅ - မြန်မာနိုင်ငံထဲက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ “ဝ” ဒေသဟာ မူးယစ်ဆေးဝါး လုံးဝကင်းစင်ပြီး နှစ်ပေါင်း (၃၀၀၀) ကျော်ရှိတဲ့ “ဝ” သမိုင်းမှာ အတိုးတက်အဖွံ့ဖြိုးဆုံး အခြေအနေရောက်နေတယ်လို့ WUSA ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က ပြောကြားလိုက်ပါတယ်။
"ရွေးကောက်ပွဲကော်မရှင်ထဲက အဖွဲ့ဝင်တချို့ဟာ ယခင်စစ်အရာရှိကြီးတွေ ဖြစ်နေတဲ့အတွက် ကော်မရှင်ရဲ့ ဘက်မလိုက်မှု၊ လွတ်လပ်မှု၊ ကြားနေမှု စတာတွေ ရှိပါ့မလားဆိုတာ မေးခွန်းထုတ် ထားပါတယ်။ ဒါဟာ တကယ် စိုးရိမ်စရာကောင်းတဲ့ အချက်လည်း ဖြစ်ပါတယ်"
မတ် ၂၅၊ ၂၀၁၅ - ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ မြန်မာအာဏာပိုင်တွေက ဥရောပသမဂ္ဂ နဲ့ Carter Center တို့ကို ဖိတ်ကြားလိုက်တာနဲ့ ပတ်သက်ပြီး တာဝန်ရှိသူနဲ့ မြန်မာ့အရေး ကျွမ်းကျင်သူများကို မေးမြန်းဆွေးနွေးထားပါတယ်။
"နိုင်ငံတကာစောင့်ကြည့်မှု အဖွဲ့တွေအနေနဲ့ ရွေးကောက်ပွဲရဲ့ အရည်အသွေးကို အာမမခံနိုင်ပါဘူး။ ဒီကိစ္စဟာ နိုင်ငံအာဏာပိုင်တွေ၊ အရပ်သားအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ မဲဆန္ဒရှင်တွေအပေါ်မှာသာ မူတည်ပါတယ်။"
မတ် ၁၈၊ ၂၀၁၅ - တပ်မတော်က ကိုးကန့် ဦးဖုန်ကျားရှင်တို့ တပ်ဖွဲ့တွေကို တရုတ်နဲ့ ချိတ်ဆက်ဖို့ လုပ်နေတာဟာ အမေရိကန်စစ်တပ်နဲ့ ဆက်ဆံရေးကောင်းချင်တဲ့ ရည်ရွယ်ချက်ရှိတယ်လို့ တရုတ်-မြန်မာအရေး စောင့်ကြည့်လေ့လာသူ ဒေါက်တာလှကျော်ဇော က ဆိုပါတယ်။
မတ် ၀၄၊ ၂၀၁၅ - တအာင်း (ပလောင်) ပြည်နယ် တော်လှန်ရေးလှုပ်ရှားမှု ဘယ်လို ပေါ်ထွက်လာသလဲ။ ဘာကြောင့် မပြေလည်နိုင်တာလဲဆိုတာကို တအာင်း (ပလောင်) တပ်ဦး ဥက္ကဌ တာအိုက်ဘုန်း နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးထားပါတယ်။
ဖေဖေါ်ဝါရီ ၂၅၊ ၂၀၁၅ - (ပြန်လည်ထုတ်လွှင့်) စစ်အစိုးရအနေနဲ့ ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကျားရှင်တို့နဲ့ အပေးအယူ လုပ်ခဲ့တာဟာ နောင် ရှုပ်ရှုပ်ထွေးထွေး ဖြစ်လာတာကို ထိုစဉ်က စစ်ထောက်လှမ်းရေး အရာရှိ ဦးအောင်လင်းထွဋ် နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဖေဖေါ်ဝါရီ ၁၁၊ ၂၀၁၅ - UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ တောင်းဆိုချက်တွေအပေါ် ဘယ့်လောက်အထိ မျှော်လင့်ချက်ထားရှိပြီး၊ အကောင်အထည် ဖော်နိုင်မယ့် အလားအလာ ဘယ်လောက် ရှိနိုင်သလဲဆိုတာ UNFC ရဲ့ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာနဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဖေဖေါ်ဝါရီ ၄၊ ၂၀၁၅ - တပ်မတော်အား မဟုတ်မမှန် ရေးသားပြောဆိုရင် အရေးယူမယ်လို့ သတိပေးချက်အပေါ်အလွတ်သတင်းစာဆရာတွေ ဖြစ်ကြတဲ့ ဦးစည်သူအောင်မြင့်၊ ဦးမင်းထက်ငြိမ်းချမ်း တို့နဲ့ ဦးကျော်ဇံသာ က ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဇန်နဝါရီ ၂၈၊ ၂၀၁၅ - မြန်မာနိုင်ငံမှာ စစ်တပ်က ကျူးလွန်နေတဲ့ ပြစ်မှုတွေကို ဘယ်လောက်ထိ မှန်မှန်ကန်ကန် ကိုင်တွယ်အရေးယူနိုင်ပါသလဲ။ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေနဲ့ ဘာတွေများ ဆောင်ရွက်ပေးနိုင်ပါသလဲ။ အာရှလူ့အခွင့်အရေးကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဇန်နဝါရီ ၂၁၊ ၂၀၁၅ - နိုင်ငံတော်သမ္မတရဲ့ ဝေ့လည်လည် ပန်ကြားချက်ကို ဘယ်လို အဓိပ္ပါယ် ကောက်ယူကြမလဲဆိုတာကို NLD အမျိုးသားလွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်၊ နိုင်ငံရေးအကဲခတ် သုတေသီ ဒေါက်တာရန်မျိုးသိန်းတို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။
ဇန်နဝါရီ ၁၄၊ ၂၀၁၅ - ပြင်သစ်နိုင်ငံ Charlie Hebdo ရုပ်ပြောင်မဂ္ဂဇင်း အပေါ် အကြမ်းဖက်တိုက်ခိုက်မှုကို မြန်မာ့လူ့အဖွဲ့အစည်းနဲ့ မီဒီယာတွေရဲ့ သဘောထားအမြင်ကို ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဇန်နဝါရီ ၇၊ ၂၀၁၄ - မကြာသေးခင်က တွေ့ဆုံမှုတွေဟာ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းရေးအတွက် ထိရောက်လေးနက်မှု ရှိတယ်လို့ မပြောနိုင်ပေမဲ့ နှစ်ဖက်ယုံကြည်မှု တည်ဆောက်ရေးကို များစွာအထောက်အကူ ဖြစ်စေတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောဆို
ဒီဇင်ဘာ ၃၁၊ ၂၀၁၄ - (ပြန်လည်ထုတ်လွှင့်) နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ (၄) ဦးကို အင်တာဗျူးခဲ့တဲ့ ဦးသန်းလွင်ထွန်း ကို ဦးကျော်ဇံသာ က တွေ့ဆုံမေးမြန်း တင်ပြထားပါတယ်။
ဒီဇင်ဘာ ၂၄၊ ၂၀၁၄ - အမျိုးသားပညာရေး ဥပဒေနဲ့ ပတ်သက်လို့ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ဟောင်း၊ ဝါရင့်သတင်းစာဆရာကြီးလည်းဖြစ်တဲ့ ဦးသာဘန်း၊ သမ္မတဦးသိန်းစိန်ရဲ့ ပညာရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာရင်ရင်နွယ်တို့နဲ့ ဦးကျော်ဇံသာ တို့ သုံးသပ်ဆွေးနွေးထားပါတယ်။
ဒီဇင်ဘာ ၁၇၊ ၂၀၁၄ - မြန်မာနိုင်ငံဟာ ၂၀၁၄ အတွင်း ဒီမိုကရေစီနဲ့ ဘယ်လောက် ပိုမိုနီးစပ် လာခဲ့သလဲဆိုတာကို ဝါရင့်မီဒီယာသမား ဦးကျော်ရင်မြင့်၊ မြန်မာ့အရေးသုံးသပ်သူ ဦးအောင်သူငြိမ်းတို့နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဒီဇင်ဘာ ၁၀၊ ၂၀၁၄ - မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် လိုအပ်နေတဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်ရေးအတွက် ဘာတွေ လုပ်ဆောင်၊ ပြုပြင်ဖို့ လိုအပ်သလဲဆိုတာကို ရန်ုကန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၊ နိုင်ငံရေးသုံးသပ်နေသူ ဒေါက်တာရန်မျိုးသိမ်းတို့ နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ
နောက်ထပ်ကြည့်ရှုရန်