နိုဝင်ဘာ ၂၆၊ ၂၀၁၄ - KIA ကချင်လွတ်မြောက်ရေး တပ်မတော်ဟာ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတဲ့အတွက် ဗိုလ်လောင်း (၂၃) ဦး ကျဆုံးရတဲ့ကိစ္စအပေါ် တုံ့ပြန်တိုက်ခိုက်မှု မပြုလုပ်တာဖြစ်တယ်လို့ KIA ရဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် က ပြောကြားလိုက်ပါတယ်။
နိုဝင်ဘာ ၁၂၊ ၂၀၁၄ - မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး ရပ်တန့်နေတယ်။ အမေရိကန်အစိုးရကလည်း မြန်မာနိုင်ငံအပေါ် အကောင်းမြင်လွန်းတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်အပေါ် သုံးသပ်ဆွေးနွေးထားပါတယ်။
နိုဝင်ဘာ ၅၊ ၂၀၁၄ - ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်ကို သွားမယ့်ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ့အရေးသုံးသပ်သူ ဦးအောင်ခင်၊ ဧရာဝတီ ဦးအောင်ဇော်တို့နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
အောက်တိုဘာ ၂၉၊ ၂၀၁၄ - သတင်းထောက်ကိုပါကြီး သတ်ခံရခြင်းနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးရှေ့နေ ဦးသိန်းသန်းဦး၊ မြန်မာ့နိုင်ငံရေး လှုပ်ရှားသူလည်းဖြစ် သတင်းသမားတဦးလည်းဖြစ်တဲ့ ဦးထက်အောင်ကျော်တို့နဲ့ ဦးကျော်ဇံသာက ဆွေးနွေးသုံးသပ်ထားပါတယ်။
လူငယ်အကျိုးပြုစာပေတွေနဲ့ မြန်မာ့ လူမှုအဖွဲ့အစည်းအကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့တဲ့ ဆရာကြီး ဦးအောင်သင်းဟာ အသက် (၈၇) နှစ်အရွယ်မှာ ဒီကနေ့ မနက်ပိုင်းမှာပဲ သူ့အိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါပြီ။
အောက်တိုဘာ ၂၂၊ ၂၀၁၅ - ၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မလားဆိုတာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဝင်ပြောခွင့်ရပုဂ္ဂိုလ်၊ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းမြင့် နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
အောက်တိုဘာ ၁၅၊ ၂၀၁၄ - ကရင်လက်နက်ကိုင် အင်အားစုတွေ အားလုံးစုပေါင်းပြီး (KAF) ဖွဲ့စည်းလိုက်တဲ့ အကြောင်း၊ ရည်ရွယ်ချက်ကို KAF ထိပ်တန်းခေါင်းဆောင် ဗိုလ်ချုပ် မဲ့အေစိန် ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးထားပါတယ်။
အောက်တိုဘာ ၀၈၊ ၂၀၁၄ - မြန်မာအစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အတိမ်အနက် ကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ဝင် ကိုတတ်နိုင် နဲ့ မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်း တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။
အောင်တိုဘာ ၁၊ ၂၀၁၄ - ၂၆ နှစ်တာကာလ ဒီမိုကရေစီတိုက်ပွဲ ဖြတ်သန်းခဲ့တဲ့ NLD ရဲ့ ဒီနေ့ အခြေအနေ၊ ဖြတ်သန်းမှု၊ အားနည်းချက်၊ ဝေဖန်ချက်တွေကို ဗဟိုလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန် ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်ထားပါတယ်။
စက်တင်ဘာ ၂၄၊ ၂၀၁၄ - မြန်မာ့လူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်နိုင်စွမ်းရည်ကို သုံးသပ်တဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ ညီမျှချင်းမြန်မာအဖွဲ့ရဲ့ တာဝန်ခံ ဦးအောင်မျိုးမင်း ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။
"အဓိကအားဖြင့်ကတော့ ဒီဥပဒေကြောင်းဆိုင်ရာနဲ့ ပြုပြင်ပြောင်းလဲမှု ဆိုင်ရာတွေမှာ နှေးကွေးနေသေးတယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိပါတယ်။ အဲ့ဒါလေးတွေလည်း အစောပိုင်းက အဖွင့်ပိုင်းမှာ နည်းနည်း ပြောသွားတာရှိတယ်။ အထူးသဖြင့် စီးပွားရေးလုပ်ငန်းရှင်ပိုင်းက...."
စက်တင်ဘာ ၁၇၊ ၂၀၁၄ - ခါကာဘိုရာဇီတောင်မှာ ပျောက်ဆုံးနေတဲ့ မြန်မာတောင်တက်သမား နှစ်ယောက်ရဲ့ နောက်ဆုံးအခြေအနေကို ရန်ကုန်တက္ကသိုလ် ခြေလျှင်တောင်တက်အသင်း အမှုဆောင်တစ်ဦးဖြစ်တဲ့ ဦးထွန်းလှအောင် ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
စက်တင်ဘာ ၃၊ ၂၀၁၄ - ငြိမ်းချမ်းရေးအလားအလာနဲ့ ပတ်သက်ပြီး အားတက်သရော သဘောတူညီချက်တွေ ရရှိခဲ့လား။ အားတက်စရာတွေလား။ မှားယွင်းတဲ့ မျှော်လင့်ချက်တွေလား ဆိုတာကို သိရှိနိုင်ဖို့ တိုင်းရင်းသားအင်အားစုတွေရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ နိုင်ဟံသာနဲ့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
သြဂုတ် ၂၇၊ ၂၀၁၄ - ရခိုင်ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာအောင်ကျော်မင်း နဲ့ ဦးကျော်ဇံသာတို့ သုံးမကုန်တဲ့အတွက် ပြည်ထောင်စုအစိုးရကို ဘဏ္ဍာငွေ ပြန်ပေးခဲ့တယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးထားပါတယ်။
သြဂုတ် ၁၃၊ ၂၀၁၄ - အာဆီယံဥက္ကဋ္ဌအဖြစ် အရေးကြီးတဲ့ ဝန်ကြီးများအစည်းအဝေးနဲ့ ဒေသတွင်း လုံခြုံရေး အစည်းအဝေးကြီးတွေကို လက်ခံကျင်းပခဲ့တဲ့ မြန်မာအစိုးရရဲ့ အစည်းအဝေး ကိုင်တွယ်လုပ်ကိုင်မှုတွေကို ဗွီအိုအေ ရန်ကုန်ဗျူရိုအကြီးအကဲ ဒေါ်ခင်စိုးဝင်းနဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ပါတယ်။
သြဂုတ် ၆၊ ၂၀၁၄ - မြန်မာ့မီဒီယာလောက လွတ်လပ်မှု ပိုမိုရရှိရေး၊ တိုးတက်ထွန်းကားရေးတို့အတွက် ဘယ်လောက်အထိ အကျိုးသက်ရောက်မှုရှိလာနိုင်သလဲဆိုတာကို မြန်မာ့စာနယ်ဇင်းကောင်စီဝင် ဦးဇော်သက်ထွေးနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဇူလိုင် ၃၀၊ ၂၀၁၄ - မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ David Steinberg (Georgetown University) နဲ့ ဦးကျော်ဇံသာ တို့ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု အခြေအနေ၊ အလားအလာတို့ကို ဆွေးနွေးသုံးသပ်ထားပါတယ်။
ဇူလိုင် ၂၇၊ ၂၀၁၄ - မြန်မာနိုင်ငံအတွင်းက သတင်းမီဒီယာလွတ်လပ်ခွင့် အခြေအနေတွေနဲ့ ပတ်သက်ပြီး VOA Studio မှာ ဦးရဲထွဋ်ကို ဦးကျော်ဇံသာက သီးသန့် တွေ့ဆုံမေးမြန်းထားပါတယ်။
ဇူလိုင် ၁၆၊ ၂၀၁၄ - မြန်မာနိုင်ငံ ပညာရေးကောင်စီ အကြံပေးပုဂ္ဂိုလ် ဒေါက်တာဒေါ်ရင်ရင်နွယ်နဲ့ မြန်မာနိုင်ငံ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲလုပ်ဆောင်ချက်များကို ဦးကျော်ဇံသာနဲ့ တွေ့ဆုံဆွေးနွေး တင်ပြထားပါတယ်။
"ပြည်သူတွေဟာ ဘယ်လောက်အရည်အချင်းပြည့်တဲ့၊ ကောင်းမွန်တဲ့ သတင်းတွေကို ရနိုင်သလဲ၊ ဒီမိုကရေစီရေး၊ ပြုပြင်ပြောင်းလဲရေးမှာ ကိုယ်ပိုင်အခွင့်အရေးတွေကို ကျင့်သုံးတဲ့အခါမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေလုပ်နိုင်ဖို့ ကောင်းမွန်တဲ့သတင်းအချက်အလက်တွေ ရလား မရဘူးလားဆိုတာကိုပဲ ကျနော်တို့ ပိုစိတ်ဝင်စားပါတယ်။" ဦးရဲထွဋ်-
နောက်ထပ်ကြည့်ရှုရန်