အောက်တိုဘာ ၁၄၊ ၂၀၁၅ - မြန်မာ့မီဒီယာ လွတ်လပ်ခွင့်၊ အဆင့်အတန်း၊ အခြေအနေတွေကို မြန်မာနိုင်ငံ ရွေးကောက်ပွဲအကြို အထူးအစီအစဉ်အဖြစ် ပါမောက္ခ Janet Steele နဲ့ ဦးကျော်ဇံသာရဲ့ ဆွေးနွေးခန်း ပထမပိုင်းကို တင်ပြထားပါတယ်။
အောက်တိုဘာ ၇၊ ၂၀၁၅ - ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ မြန်မာ့ရွေးကောက်ပွဲအကြို အထူးအစီအစဉ်အဖြစ် Ms. Priscilla Clapp နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
စက်တင်ဘာ ၃၀၊ ၂၀၁၅ - မြန်မာနိုင်ငံ ရွေးကောက်ပွဲအကြို အထူးအစီအစဉ် မြန်မာနိုင်ငံဆိုင်ရာ အဆင့်မြင့်သံတမန် (အငြိမ်းစား) Priscilla Clapp ကို ဦးကျော်ဇံသာ က တွေ့ဆုံမေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဒီပြသနာဟာ မြန်မာနိုင်ငံမှာ သာမက နိုင်ငံတကာမှာ ဖြစ်နေတဲ့ ပြသနာပါ။ အခုလောလောဆယ် ဥရောပကို ကြည့်ပါ။ ရွှွေ့ပြောင်းဝင်ရောက်လာသူတွေ အများကြီးပါ။ အမေရိကားမှာလည်း မက္ကဆီကို နယ်စပ်မှာ ဒီလိုပြသနာမျိုး ရှိနေတာပါပဲ။ "
စက်တင်ဘာ ၂၃၊ ၂၀၁၅ - မြန်မာ့ရွေးကောက်ပွဲအကြို အထူးအစီအစဉ် အနေနဲ့ Dr. Christina Fink ကို ဦးကျော်ဇံသာ က တွေ့ဆုံမေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။
စက်တင်ဘာ ၁၆၊ ၂၀၁၅ - မြန်မာနိုင်ငံရွေးကောက်ပွဲ အထူးအစီအစဉ်အဖြစ် အမေရိကန်ပြည်ထောင်စု George Washington တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ Christina Fink ကို ဦးကျော်ဇံသာ က တွေ့ဆုံမေးမြန်း ဆွေးနွေးသုံးသပ်ထားပါတယ်။
ကျနော်တို့အစီအစဉ်ရှိပါတယ်။ ဒီအစီအစဉ်တွေဟာ ရွေးကောက်ပွဲပြီးလို့ စိန်ခေါ်မှုတွေ ရှိလာတဲ့အခါ စတင်မယ့် အစီအစဉ် မဟုတ်ပါဘူး။ ဒီအစီအစဉ်ဟာ နှစ်ပေါင်းများစွာက ရှိခဲ့တဲ့ အစီအစဉ်ဖြစ်ပါတယ်။ တစိုက်မတ်မတ် ဆောင်ရွက်လာခဲ့တာပါ။
စက်တင်ဘာ ၉၊ ၂၀၁၅ - ရွေးကောက်ပွဲ လွတ်လပ်မျှတမှု ရှိတယ်-မရှိဘူးဆိုတာကို ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်တယ် - မဖြစ်နိုင်ဘူးဆိုတာနဲ့ တိုင်းတာခြင်းဟာ မှားယွင်းတယ်လို့ ပါမောက္ခ David Steinberg က ဆိုပါတယ်။
သြဂုတ် ၂၆၊ ၂၀၁၅ - ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ တိုင်းရင်းသား အင်အားစုတွေအားလုံးကို လက်နက်ဖြုတ်သိမ်းနိုင်မှ စစ်တပ်ဟာနိုင်ငံရေးက နောက်ဆုတ်မယ်နိုင်ဆိုတာဟာ “အခြေအမြစ်မရှိတဲ့ စိုးရိမ်မှု” အပေါ်အခြေခံတဲ့ အယူအဆ ဖြစ်တယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူ အမေရိကန်ပါမောက္ခ David Steinberg ...
သြဂုတ် ၁၉၊ ၂၀၁၅ - ကြံ့ခိုင်ရေးနဲ့ ဖွံံ့ဖြိုးရေးပါတီတွင်း အင်အားပြဗိုလ်လုခဲ့ကြမှု တိုင်းပြည်အပေါ် ဘယ်လို အကျိုးလက်ရောက်နိုင်မလဲဆိုတာ မြန်မာသတင်းသမဂ္ဂဥက္ကဋ္ဌ ဦးမောင်မောင်မြင့်၊ California ပြည်နယ် UC Berkeley တက္ကလိုလ် က ပါရဂူကျမ်းပြု သုတေသီ ကိုမင်းဇင်တို့နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဇူလိုင် ၂၉၊ ၂၀၁၅ - တိုင်းရင်းတွေ လိုချင်နေတဲ့ အခွင့်အရေးတွေကို NLD အနေနဲ့ အပြည့်အဝ ဖေါ်ဆောင်ပေးနိုင်လိမ့်မယ်လို့ တိုင်းရင်းသားပါတီတွေက ယုံကြည်ကြပါရဲ့လား။ SNDP ကျားဖြူအမတ် ဦးရဲထွန်း၊ NLD ပြောခွင့်ရ ဒေါ်နန်းခင်ထွေးမြင့်၊ SNLD ကျားခေါင်းပါတီ စိုင်းညွန့်လွင်တို့နဲ့ ဆွေးနွေးထားပါတယ်။
ဇူလိုင် ၂၂၊ ၂၀၁၅ - ပြည်သူလူထုက တောင်းဆိုတယ်ဆိုရင် သမ္မတ အရွေးခံမယ်ဆိုတဲ့ ဗိုလ်ချုပ်မှူကြီး မင်းအောင်လှိုင်ရဲ့ပြောကြားချက်အပေါ် မြန်မာ့အရေး သုံးသပ်သူတွေ ဖြစ်ကြတဲ့ ဦးအောင်သူငြိမ်း၊ ဒေါက်တာရန်မျိုးသိမ်းတို့နဲ့ ဦးကျော်ဇံသာ က ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
နာမည်ကျော် ဟောလီးဝုဒ် ရုပ်ရှင်မင်းသားကြီး Omar Sharif ဟာ သောကြာနေ့က အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တော်မှာ ကွယ်လွန်သွားပါပြီ။
ဇူလိုင် ၁၅၊ ၂၀၁၅ - ရွေးကောက်ပွဲမှာ အများကောင်းကျိုးကို ရည်ရွယ်ပြီး ဆန္ဒမဲပေးခြင်းဟာ ကောင်းမှုကုသိုလ်ဖြစ်ပြီး၊ မတရားသဖြင့် မဲလိမ်ခိုးခြင်းဟာ မကောင်းတဲ့ အကုသိုလ် ဖြစ်တယ်လို့ ဝါရှင်တန်ဒီစီ VOA မြန်မာဌာနကို ကြွရောက်လာတဲ့ ဆရာတော်အရှင်ဆန္ဒာဓိက က မိန့်ဆိုပါတယ်။ ဦးကျော်ဇံသာက တွေ့ဆုံမေးမြန်းထားပါတယ်။
ဇွန် ၂၄၊ ၂၀၁၅ - စစ်ထောက်လှမ်းရေးမှူးချုပ် ဦးခင်ညွန့်ဟာ သူ့ရဲ့အတိတ်လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး လိပ်ပြာမသန့် ဖြစ်နေဟန်ရှိတယ်လို့ မီဒီယာသမားတွေက သုံးသပ်နေကြပါတယ်။
ဇွန် ၁၇၊ ၂၀၁၅ - လူမှုအသိုင်းအဝိုင်း နှစ်ခုအကြား အကြမ်းဖက် ပဋိပက္ခ တင်းမာမှုတွေ ရှိနေသေးတဲ့ ရခိုင်ဒေသကို သွားရောက်လေ့လာခဲ့တဲ့ ဗွီအိုအေမြန်မာ ဌာနမှုး ဦးသန်းလွင်ထွန်း ကို ဦးကျော်ဇံသာ က တွေ့ဆုံမေးမြန်း တင်ပြထားပါတယ်
ဇွန် ၁၀၊ ၂၀၁၅ - မြန်မာ့လူ့အခွင့်အရေး အခြေအနေကို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ ဘန်ကောက်အခြေစိုက် အရာရှိတဦးဖြစ်တဲ့ Phil Robertson နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
မေ ၃၁၊ ၂၀၁၅ - တရားဥပဒေ နှုတ်ဆိတ် သွားလေပြီလားလို့ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်က ဦးအောင်သိန်း နဲ့ ဒီနှိမ်နှင်းမှုကြောင့် အပြင်းအထန် ဒဏ်ရာ ရခဲ့တဲ့ ဆရာတော် ဦးတိက္ခဉာဏတို့ကို ဦးကျော်ဇံသာက တွေ့ဆုံမေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
မေ ၂၀၊ ၂၀၁၅ - ငြိမ်းချမ်းရေးစေ့စပ်ဖို့ တောင်းဆိုနေပါလျက်နဲ့ အစိုးရဘက်က ဘာကြောင့် လက်မခံတာလဲ ဆိုတာကို စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်၊ မြန်မာ့အရေးစောင့်ကြည့်သူ ဒေါက်တာဒေါ်လှကျော်ဇောတို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်ထားပါတယ်။
မေ ၁၃၊ ၂၀၁၅ - ဒီမိုကရေစီ ထွန်းကားရေး၊ တိုင်းရင်းသားတွေ မျှော်မှန်းနေတဲ့ စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးတို့အတွက် ဘယ်လောက် အလားအလာကောင်းနိုင်သလဲ ဆိုတာကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း၊ ဝါရင့်သတင်းစာဆရာကြီး ဦးကျော်ရင်မြင့် တို့နဲ့ ဦးကျော်ဇံသာ က ဆွေးနွေးသုံးသပ်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်