ထိုင်းနိုင်ငံမှာ အလုပ်သမားတဦးရဲ့ အနိမ့်ဆုံး တနေ့လုပ်အားခကို ၃၁၀ ဘတ်ကနေ ၃၃၆ ဘတ်အထိ တိုးပေးဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဆုံးဖြတ်လိုက်ပါတယ်။ လုပ်ငန်းအမျိုးအစားအလိုက် အဆင့် ၁၀ ဆင့် ခွဲထားပြီး ချွန်ဘူရီနဲ့ ဖူးခက်ခရိုင်တွေမှာတော့ အခုတိုးပေးတဲ့ လုပ်အားခအတိုင်း ရကြမှာဖြစ်ပါတယ်။
ရှမ်းပြည်နယ် နမ္မတူမြစ်ပေါ်မှာ တည်ဆောက်နေတဲ့ အထက်ရဲရွာရေကာတာကြောင့် သူတို့ရဲ့ကျေးရွာတေ ွရေလွမ်းမိုးမူဒဏ်ဖြစ်မှာကို စိုးရိမ်တာကြောင့် ရေကာတာတည်ဆောက်နေတာ ရပ်တန့်ဖို့ နိုဝင်ဘာလ ၂၄ ရက်နေ့က ရှမ်းပြည်နယ် လျှပ်စစ်စွမ်းအင်ဝန်ကြီး လာရောက်ချိန်မှာ တာလုံ ရွာထိတ်ကနေကန့်ကွက် ဆန္ဒပြပွဲလုပ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ နှစ်နိုင်ငံသဘောတူစာချုပ် MOU နဲ့ တရားဝင် အလုပ်သွားကြတဲ့ မြန်မာအလုပ်သမား ၂၀၀ ကျော်ဟာ အလုပ်ရှာဖွေပေးတဲ့ ကုမ္ပဏီတွေက စာချုပ်ပါ စည်းမျဉ်းအတိုင်း လုပ်မပေးကြတဲ့အတွက် အဆင်မပြေဖြစ်ပြီး ဒီလပိုင်းအတွင်းမှာပဲ မြန်မာပြည်ကို ပြန်လာကြတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။
ထိုင်းနိုင်ငံကို ထွက်ပြေးနေတဲ့ တရားခံပြေး ကြေညာခံထားရသူ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို ထိုင်းအာဏာပိုင်တွေက ဒီကနေ့ ဖမ်းဆီးရမိလိုက်ပါပြီ။
လွန်ခဲ့တဲ့ ၄ နှစ်ကျော်က ထိုင်းနိုင်ငံ သစ်တောတခုထဲမှာ ရုပ်အလောင်းတွေ တွေ့ခဲ့ရာကနေ ဖော်ထုတ် မ်းဆီးပြီး ထောင်ချခဲ့တဲ့ လူမှောင်ခိုဂိုဏ်းဝင်တွေကို မူလပြစ်ဒဏ်တွေကနေ နှစ်ကြီးထောင်ဒဏ်တွေ တိုးမြှင့် ချမှတ်လိုက်ပါတယ်။
ထိုင်းနိုင်ငံထဲမှာ အဖမ်းခံနေရတဲ့ မြန်မာနိုင်ငံသား အယောက် ၉၀ နီးပါးကို ရနောင်း- ကော့သောင် နယ်စပ်ကနေ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံဘက်ကို ပြန်လည်လွှဲပြောင်း ပေးခဲ့ပါတယ်။ ဒီအထဲမှာ လူကုန်ကူးခံရမှုနဲ့ ဆက်နွယ်ပြီး အဖမ်းဆီး ခံရသူတွေလည်း ပါဝင်ပါတယ်။
ထိုင်းမြန်မာနယ်စပ် သောင်ရင်းမြစ်ကိုဖြတ်ပြီး ကရင်ပြည်နယ်မြဝတီနဲ့ ထိုင်းနိုင်ငံ၊ တာ့ခရိုင်က မဲဆောက်မြို့နယ် ဆက်သွယ်ပေးထားတဲ့ထိုင်း-မြန်မာချစ်ကြည်ရေး တံတားအမှတ် ၂ ဖွင့်ပွဲနဲ့ နယ်စပ် ထိန်းချုပ်ရေးဇုန်ု (Border Control Facilities Zone) ကို ဒီကနေ့ အောက်တိုဘာလ ၃၀ရက် မနက်မှာ စတင်ဖွင့်လှစ်ပါပြီ။
ထိုင်းနိုင်ငံမှာ လိပ်ကျွန်းလူသတ်မူနဲ့သေဒဏ်ပေးခံထားရတဲ့ မြန်မာရွှေ့ပြောင်းလူငယ် ၂ဦးကို သေဒဏ်ပြစ်ဒဏ်ကနေ ခွင့်လွတ်ပေးပါရန် ထိုင်းဘုရင်းမင်းမြတ်ဆီကိုအသနားခံစာတင်ပေးခဲ့ပါတယ်။
ထိုင်း-မြန်မာနယ်စပ်က မဲဆောက်မြို့အထွက် ကုန်ကားတစီးမှာ အန်ဝှက်တွေလုပ်လာပြီး သယ်လာတဲ့ ကာလတန်ဖိုး ဘတ်ငွေ သန်း ၁၀၀၀ ကျော်တန်ဖိုးရှိတဲ့ အိုက်စ်လို့ခေါ်တဲ့ မူးယစ်ဆေး တတန်ခွဲကို မဲဆောက်မြို့ ဟွေးယားအူး (Huai Ra Ru) နယ်စပ်စစ်ဆေးရေး အမှတ် ၃၄၆ ဂိတ်မှာ အောက်တိုဘာလ ၁၈ ရက်နေ့က ဖမ်းဆီးမိခဲ့ပါတယ်။
မြန်မာ Passport တွေမှာ ထိုင်းဗီဇာအတုတွေထုပြီး ရောင်းစားနေတဲ့ မြန်မာနိုင်ငံသားတွေပါတဲ့ ဂိုဏ်းတဂိုဏ်းကို ဘန်ကောက်မြို့မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။
ထိုင်းနိုင်ငံထဲကိုနှစ်နိုင်ငံသဘောတူစာချုပ် MOU နဲ့လာတဲ့ အလုပ်သမားတွေဟာ စာချုပ်ပါ စည်းမျဉ်းအတိုင်း ကုမ္ပဏီတွေဘက်က လိုက်နာကျင့်သုံးတာမရှိတာကြောင့် အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရပြီး နေရပ်ပြန်လာသူ ဒီရက်ပိုင်းအတွင်း ၇၀ နီးပါးလောက်ဖြစ်နေပါတယ်။
ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားသစ်ကို ဒီလကုန်မှာ တရားဝင် ဖွင့်လှစ်မယ့်အကြောင်း ဒီသီတင်းပတ်ထဲ မဲဆောက်မြို့ကို ရောက်လာတဲ့ ထိုင်းစီးပွားရေး ဒုတိယဝန်ကြီးက ပြောလိုက်ပါတယ်။
ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် အတွင်းမှာ မဲအိုင်း မြို့နယ် ဒွိုင်လန် တောင်တန်းကနေ ဖန်မြို့နယ်ထဲမှာ ထိုင်းတောင်ပေါ်တိုင်းရင်းသား အမျိုးသမီးနှစ်ဦးဆီကနေကာလတန်ဖိုးဘတ်သန်း ၈၀၀နီးပါးလောက်တန်ဖိုးရှိတဲ့ စိတ်ကြွဆေး နှစ်သန်းငါးသိန်းကို ဖမ်းမိခဲ့ပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်
ကရင်တိုင်းရင်းသားအရေး လှုပ်ရှားသူ Billy ခေါ် Porlajee Rakchongcharoen သတ်ဖြတ်ခံရမှုနဲ့ ဆက်နွယ်ပြီး ထိုင်းသစ်တော အရာရှိတွေ အပါအဝင် လူ ၄ ဦးကို တရားရုံးက စစ်ဆေးတော့မှာဖြစ်ကြောင်း အမှုမှာလိုက်ပါ အကျိုုးဆောင်ပေးနေတဲ့ ထိုင်းလူ့အခွင့်အရေး ရှေ့နေက ပြောပါတယ်။
ထိုင်းနိုင်ငံကမ်ချဘူရီ ခရိုင်မှာ မြန်မာအများစုပါဝင်တဲ့ အလုပ်သမား ၃၀၀ ကျော်ဟာ Vita Food Factory ကလစာ မပေးတာကို အရေးယူပေးဖို့ ထမကာ Tha Maka ရဲစခန်းဝင်းအတွင်းမှာ စက်တင်ဘာ ၁၂ရက်နေ့မှာဆန္ဒပြခဲ့ပါတယ်။ဒီပွဲကိုထိုင်းနိုင်ငံနာမည်ကြီးရှေ့နေနိုင်အချရာယယုန်ရသနဖုန်း ဦးဆောင်ခဲ့ပြီး မအေးအေးမာကသတင်းပေးပို့ထားပါတယ်
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မူနဲ့ ပတ်သက်လို့ သေဒဏ်ပေးခံထားရတဲ့ မြန်မာအလုပ်သမားနှစ်ဦး အတွက် မြန်မာအစိုးရအနေနဲ့ ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာတင်သွားမယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက စက်တင်ဘာလ ၂ရက်နေ့မှာပြောဆိုခဲ့ပါတယ်။
ထိုင်းအစိုးရရဲ့ ဆင်းရဲသား ကူညီတဲ့ ထောက်ပံ့ကြေးတွေကို မယ်ဟောင်ဆောင်ခရိုင်နဲ့ တာ့ခရိုင်ထဲကမြန်မာနွယ်ဖွားရှမ်းနဲ့ကရင် တောင်ပေါ်တိုင်းရင်းသားများ ပါရရှိပါတယ်။ သြဂုတ်လအတွင်း ထောက်ပံ့ပေးတဲ့အစီစဉ်မှာ ရှမ်းနဲ့ ကရင်တောင်ပေါ်တိုင်းရင်းသားတွေအများအပြားပါဝင်လာပါတယ်။
ထိုင်းနဲ့ မလေးရှားနိုင်ငံနယ်စပ်က ဆုံခလာခရိုင်၊ ရသဖုန်းမြို့ လမ်းမကြီးနဘေးက ခြုံတောထဲမှာ ကလေးသူငယ်တွေပါ ပါတဲ့ လူကုန်ကူးခံရတဲ့ ရိုဟင်ဂျာ ၃၀ ကျော်ကို ဒီကနေ့ ကယ်တင်လိုက်ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
ထိုင်းလွှတ်တော်အမတ်ဟောင်းတဦးကို သတ်ပြီး ပစ္စည်းယူသွားတယ်ဆိုတဲ့ သံသယနဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား တဦးကို ထိုင်းရဲတပ်ဖွဲ့က သြဂုတ်လ ၁၃ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ အခင်းဖြစ်အပြီး နောက်တရက်အကြာမှာပဲ လူသတ်မှု သံသယရှိခံရသူ မြန်မာအလုပ်သမားကို ဖမ်းမိလိုက်တာပါ။
ထိုင်းနိုင်ငံတောင်ပိုင်းက ဖူးခက်မြို့မှာ သြဂုတ်လ ၁၁ ရက် တနင်္ဂနွေနေ့က ဆောက်လက်စ ကွန်ဒို တိုက်ခန်းတခု ပြိုကျခဲ့တဲ့အတွက် မြန်မာဆောက်လုပ်ရေး လုပ်သား ၃ဦးသေဆုံးခဲ့ရပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်