ထိုင်း-မြန်မာအဓိက ကုန်သွယ်မူလုပ်နေတဲ့ တာ့ခရိုင်မဲဆောက်က ကုန်ပစ္စည်းတွေ အများဆုံးသယ်ဆောင်ရာလမ်းကြောင်းဖြစ်တဲ့ ကရင်ပြည်နယ်ထဲက ဂျိုင်းတံတား ပျက်စီးနေတာကြောင့် ထိုင်း-မြန်မာကုန်တင်ကား အစီး ၁၀၀၀လောက်က သွားလာမရဖြစ်နေပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမား မိသားစုဝင် ကလေးငယ်တွေအားလုံးကို ထိုင်းကျန်းမာရေး ဌာနက သြဂုတ်လ ၈ ရက်နေ့မှာ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးပါတယ်။ မြန်မာကလေးငယ်တွေကို ထိုင်းကျန်းမာရေးဌာနက မကြာခနဆိုသလို ကျန်းမာရေးစောင့်ရှောက်မှုပေးလေ့ရှိပါတယ်။
ထိုင်းတောင်ပိုင်း ဆုံခလာခရိုင်ထဲမှာ မလေးရှားကို ခိုးဝင်ဖို့ကြိုးစားတဲ့ မြန်မာနိုင်ငံသား ၆၀နီးပါးကို ဇူလိုင်လ ၁၄ရက်နေ့က ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
ထိုင်းနိုင်ငံ ချွန်ဖုန်းခရိုင်နဲ့ ထိုင်းတောင်ပိုင်းမှာ အဓိက မူးယစ် ဂိုဏ်းဝင်တွေကို ဆက်တိုက် ဖမ်းဆီးနိုင်ခဲ့ သလို ကာလတန်ဖိုး ထိုင်းဘတ်ငွေ သန်း၄၀၀လောက် တန်ဖိုးရှိတဲ့စိတ်ကြွဆေး၃သန်းခွဲကို ဖမ်းမိကြောင်း အမှတ် (၈) ဒေသ မှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။
ကရင်ပြည်နယ်၊ တွင်းမှာအခြေစိုက်လှုပ်ရှားနေတဲ့ သင်္ကန်းညီနောင် နယ်ခြားစောင့်တပ် (BGF) ဝင်းအတွင်းမှာတပ်ဖွဲ့ဝင်အချင်းချင်းပစ်ခတ်မူကြောင့်လူ ၄ဦး သေဆုံးပြီး အရပ်သားတဦး ဒဏ်ရာရခဲ့သလို ပစ်ခတ်သူကိုတော့ ဇန်နဝါရီလ ၂ရက်နေ့ မှာ အသေပစ်ခတ်ဖမ်းဆီးခဲ့တယ် လို့ ဆိုပါတယ်။
မြန်မာ-ထိုင်း နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့ကကျေးရွာတခုမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား မိသားစုဝင်လေးဦးကို သတ်ဖြတ် သူတွေအဖြစ် သံသယရှိနေတဲ့ထဲက အဓိကတရားခံအဖြစ် ယူဆထားသူ ကိုရွှေရဲ့ဇနီးဖြစ်သူကို ထိုင်းအာဏာပိုင်တွေ ဖမ်းမိလိုက် ပါပြီ။
ထိုင်းနိုင်ငံကိုရေလုပ်သားများတရားဝင်ပို့ဆောင်ပေးရေးအတွက် ထိုင်းနယ်စပ် ကော့သောင်း ရနောင်းမြိုတွေမှာ ရေလုပ်သားလက်ခံရေးစင်တာကို နှစ်နိုင်ငံအလုပ်သမားဝန်ကြီးဌာနက ဦးစီးပြိးစက်တင်ဘာလ ၂၃ရက်နေ့ဖွင့်လှစ်ခဲ့ပြီးရေလုပ်သားတွေကို နှစ်နိုင်ငံသဘောတူစာချုပ်နဲ့ စတင်လက်ခံပေးနေပြိဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ဖတ်တလုံးပြည်နယ်၊ ခေါက်မင်ခရိုင်အတွင်းက ရာဘာတောထဲမှာ လူကုန်ကူးသူတွေစွန့်ပစ်သွားတဲ့ မြန်မာနိုင်ငံသား ၃၆ယောက်ကို ထိုင်းရဲတပ်ဖွဲတွေနဲ့ ထိုင်းလူမူကယ်ဆယ်ရေးအဖွဲ့တွေက မေလ၂၉ရက်နေ့ ကသွားရောက်ကယ်ဆယ်ခဲ့ပါတယ်။
မြန်မာနိုင်ငံကနေ မလေးရှားနိုင်ငံထဲကိုတင်ပိုလိုက်တဲ့ကုန်သေတ္တာ container တခုအတွင်း ကာလတန်ဖိုးအားဖြင့် မလေးရင်းဂစ် ၇၁ သန်း (17.83023 million U.S. dollars) တန်ဘိုးရှိတဲ့ မူးယစ်စိတ်ကြွဆေး ၁၁၈၇ ကီလိုကို မလေးရှားနိုင်ငံမှာ အများဆုံးဖမ်းမိခဲ့တယ်လို့ မလေးအာဏာပိုင်တွေက ပြောပါတယ်။
ထိုင်းနိုင်ငံနုံထဘူရီ ပြည်နယ် ခရိုင်အတွင်းက နေအိမ်တလုံးမှာ ဒီဇင်ဘာလ ၁၅ရက်နေ့ကဖမ်းမိခဲ့တဲ့စိတ်ကြွဆေး ငါးသန်းလေးသိန်း၊ ICE မူယစ်ဆေး ကီလို ၁၂၀ ဟာ မြန်မာနိုင်ငံ ဝ ကိုးကန် ့ဒေသကနေသယ်ဆောင်လာတာလို့ယူဆရတယ်လို့ ထိုင်းရဲချုပ်က ပြောပါတယ်။
ထိုင်းနိုင်ငံရောက် တရားမဝင် အလုပ်သမားတွေကို ဖမ်းဆီးနှိမ်နင်းဖို့ ထိုင်းအစိုးရက ဇွန်လမှာ ကြေညာ ကျင့်သုံးခဲ့တဲ့ BE 2017 အလုပ်သမားဥပဒေပါ ပုဒ်မ ၄ ခုကို ၆ လကြာ ဆိုင်းငံ့ထားမယ်လို့ ထိုင်းစစ်ကောင်စီအစိုးရက ဇူလိုင်လထဲ ထုတ်ပြန်ခဲ့ပြီးနောက်၊ ဒီလထဲမှာတော့ ရှေ့နှစ်မတ်လကုန်အထိ နောက်ထပ် ၃ လ သက်တမ်းတိုးလိုက်ပါတယ်။
ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ မြန်မာနိုင်ငံသား အာခေါင်ကွဲ နှုတ်ခမ်းကွဲ ကလေးတွေအတွက် Operation Smile အဖွဲ့က မယ်တော်ဆေးခန်းနဲ့ပူးပေါင်းပြီး နိုဝင်ဘာလ ၆ ရက်နေကစလို့ မဲဆောက်ဆေးရုံကြီးမှာ ခွဲစိတ်ကုသမူတွေ လုပ်ပေးနေပါတယ်။ ကလေးပေါင်း ၁၀၀ ကျော်ကို အခမဲ့ခွဲစိတ် ကုသပေးနေတဲ့အကြောင်း မအေးအေးမာက သတင်းပို့ထားပါတယ်။
ထိုင်းနိုင်ငံက တိရစ္ဆာန်စာ ထုတ်လုပ်တဲ့ PCG ဆိုတဲ့စက်ရုံတရုံကနေ လွန်ခဲ့တဲ့ ၄ လမှာ အလုပ်ထုတ်ခံရတဲ့ မြန်မာအလုပ်သမား ၁၀၀ ကျော်ဟာ မတ်လ ၃၁ ရက်နေ့မှာတော့ နစ်နာကြေး ထိုင်းဘတ်ငွေ ၂ သန်းကျော် ရကြပါတယ်။
" ညနေ ငါးနာရီလောက်မှာ ရဲတွေက ဒိုင်းတွေကာပြီး သေနတ်တွေပစ်ပြီး ကျောက်ကားတွေ မောင်းခိုင်းတယ်။ သေနတ်တွေနဲ့ ရာဘာကျည်သေနတ်တွေနဲ့ ဒေသခံတွေကို ပစ်တာ ဒေသခံ (၁၀) ဦးထက်မနည်း ဒဏ်ရာရတယ်။ "
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့အနီး ဆာဒန်းမြို့နယ်မှာ အမည်မသိ လက်နက်ကိုင်တချို့ရဲ့ တိုက်ခိုက်မှုကြောင့် မြန်မာအလုပ်သမား ၅ ယောက် သေဆုံးခဲ့ကြောင်းနဲ့ သူတို့ကို ဓားတွေနဲ့ တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့ လူတချို့ကိုလည်း ဖမ်းဆီးစစ်ဆေးနေပြီလို့ မလေးရှား ရဲတပ်ဖွဲ့က ပြောပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အကြမ်းဖက် စီးနင်းတိုက်ခိုက်မှု ဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်နိုင်တဲ့ မသင်္ကာသူတွေကို ဖမ်းဆီးစစ်ဆေးနေသလို ဒီဇင်ဘာ ၁ ရက်နေ့အထိ ဖမ်းဆီးစစ်ဆေးတဲ့ မသင်္ကာသူ ၅၂၈ကြောင်း အသေတွေရှိသူပေါင်း ၇၀နဲ့ လူပေါင်း ၄၆ဦးကို ဖမ်းဆီးထောင်ချ ထားတယ် လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေများနဲ့ ပတ်သက်လို့ မလေးရှားနိုင်ငံမှာရှိတဲ့နိုင်ငံရေးပါတီတွေ ဘာသာရေး အဖွဲ့အစည်းတွေ နဲ့ အစိုးရမဟုတ်တဲ့ NGOs တွေက ဦးဆောင်ပြီး မြန်မာသံရုံးကို လာရောက် ဆန္ဒပြမှုတွေ ဒီရက်ပိုင်းအတွင်း ပြုလုပ်ဖို့ရှိနေတဲ့ အတွက် မလေးရှားရောက်မြန်မာနိုင်ငံသားတွေ အထူးဂရုပြု သွားလာဖို့အတွက် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ချက် ထုတ်ခဲ့ပါတယ်။
ကရင်ပြည်နယ် ဘားအံမြို့နယ် နဲ့ကော့ကရိတ်မြို့နယ် တွင်းမှာ မြန်မာတပ်မတော်နဲ့ နယ်ခြားစောင့် ပူးပေါင်းတပ်တွေနဲ့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်တွေ နယ်မြေစိုးမိုးရေးအတွက် တိုက်ပွဲတွေဖြစ်နေပါတယ်။
ထိုင်းနိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာဒုက္ခသည်တွေက တချို့ကို ဒုတိယအသုတ် အဖြစ် နေရပ်ပြန်နိုင်ဖို့ ၂ နိုင်ငံအစိုးရ တာဝန်ရှိသူတွေ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နဲ့ အစိုးရအဖွဲ့အစည်းမဟုတ်တဲ့ NGOs တွေ ပူးပေါင်း စီစဉ်နေကြပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလူငယ်နှစ်ဦးကို လူသတ်မှုနဲ့ သေဒဏ် ချမှတ်ထားတဲ့ အမှုမှာ အယူခံချေပခွင့်ပေးထားတဲ့ သတ်မှတ်ရက် ကိုကျော်လွန်သွားပြီဖြစ်ပါတယ်။ တရားခံ အကျိုးဆောင်ရှေ့နေတွေက တရားလိုဘက်က အားနည်းချက်တွေ ကို ထောက်ပြပြီး အယူခံလွှာ တင်ခဲ့တာကို ကိုးကြိမ်မြောက် စစ်ဆေးခဲ့ပြီး အစိုးရရှေ့နေတွေဘက်က ချေပခွင့်ကို ခိုင်လုံတဲ့ တင်ပြချက်မျိုး တင်ပြနိုင်ခြင်း မရှိခဲ့ပါဘူး။
နောက်ထပ်ကြည့်ရှုရန်