ထိုင်းကနေရပ်ပြန်လာတဲ့ သူတွေကို ဧပြီလ ၁ရက်နေ့ကစတင်ပြီး ၁၄ရက်ကြာစောင့်ကြည့်မှာဖြစ်ကြောင်း ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်က ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူပေါင်း ၆၀၀ ထိ မြင့်တက်လာတဲ့ ထိုင်းနိုင်ငံမှာ မြန်မာနဲ့ နယ်စပ်အဝင်အထွက်တွေကို ကန့်သတ်ထိန်းချုပ်လိုက်ပြီးနောက် မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတား အမှတ် ၁ ကို ပိတ်ခဲ့ပြီး အခု အမှတ် ၂ ကိုလည်း မတ်လ ၂၃ ရက်ကစပြီး ကုန်တင်ကားတွေကိုသာ ခွင့်ပြုတော့မှာဖြစ်ပါတယ်။
မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၉၀၀ လောက်ရှိသွားပြီမို့ ဗလီဝတ်ပြုဆုတောင်းပွဲတက်ခဲ့သူ ထဲမှာ ပါဝင်တဲ့ရိုဟင်ဂျာ ၂၀၀၀ ထက်မနည်းကိုရှာဖွေ ဆေးစစ်မှုများပြုလုပ်နေသလို မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို ထွက်တဲ့လေကြောင်းလိုင်းတွေကိုလည်း မတ်လ ၁၉ရက်ကစပြီး ပိတ်ပစ်လိုက်ပါပြီ ။
ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်စခန်းများထဲက မယ်လနဲ့ အုန်းဖျန်ဒုက္ခသည်စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် COVID – 19 ကူးစက်မူတွေ မရှိစေဖို့ကာကွယ်တားဆီးတဲ့အနေနဲ့ ဒုက္ခသည်စခန်းများကို ဝင်ထွက် သွားလာခွင့် တွေကို မတ်လ ၁၈ ရက်နေ့ ကစတင်ပြီး တရားဝင်စာထုတ် ကန့်သတ် ပိတ်ပင်လိုက်တာပါ။
မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၀၀,၀၀၀ ထက်မနည်း အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု အများအပြား ရှိနေတာကြောင့် မလေးရှားရောက် မြန်မာအလုပ်သမားတွေလည်း အခက်အခဲတွေ့နေကြပါတယ်။
ထိုင်းနိုင်ငံတဝှမ်းစက်ရုံ ရှစ်သောင်းမှာ Covid -19 ဗိုင်းရပ်ပိုး ကြိုတင်ကာကွယ် စောင်ကြည့် စစ်ဆေးရေး လုပ်ဆောင်ဖို့ ထိုင်းစက်မှုဝန်ကြီးဌာက မတ်လ ၁၁ရက်နေ့က ထုတ်ပြန်ခဲ့တာကြောင့် မြန်မာအလုပ်သမား သန်းနဲ့ချီ အလုပ်လုပ်နေတဲ့ စက်ရုံလုပ်သားတွေ သတိပြုဖို့အတွက် မြန်မာ အလုပ်သမားရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံကနေ ဒီရက်ပိုင်းအတွင်းပြန်လာခွင့်ရှိတဲ့ သူတွေထဲကတချို့ဟာ ကိုရိုနာဗိုင်းရပ်စ်စောင်ကြည့်စစ်ဆေးတဲ့ ကာလ ၁၄ရက် အတွင်းအိမ်မှာ မနေပဲ ချင်းမိုင်၊ ချင်းရိုင်ခရိုင်တွေကို သွားလည်ပတ်ခဲ့တာတွေရှိပါတယ်။
ထိုင်းနိုင်ငံ စမုပရကမ်ခရိုင်အတွင်း ဘန့်ပူမြို့မှာ ဖွင့်လှစ်ထားတဲ့ အလုပ်သမား ၁၀၀၀ ကျော်ရှိတဲ့ Union Garment Company အကြီးစား အထည်ချုပ်စက်ရုံဟာ မတ်လ ၁ ရက်နေ့ကစ စက်ရုံလည်ပတ်မှု ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အလုပ်သမားတွေကို ပြောဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ဝူဟန်ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ရောဂါကြောင့် ကမ္ဘာလှည့် ခရီးသွားတွေ အလာကျဆင်းသွားသလို ရောဂါကူးစက်မှာ စိုးရိမ်ကြတဲ့ ထိုင်းလူမျိုးတွေ ကလည်း လူစည်ကားတဲ့ ဈေးဝယ်စင်တာတွေ ကို သိပ်မသွားကြပါဘူး။
မြင်းခေါင်းတံဆိပ်သစ် စိတ်ကြွဆေးပြား လေးသန်းကျော်ကို ထိုင်းစစ်တပ်က ဖမ်းမိလိုက်ပါတယ်။ ဒီမူးယစ်ဆေး ဝါး တွေဟာ မြန်မာနိုင်ငံ၊ ဝဒေသကထုတ်တာလို့ ထိုင်းအာဏပိုင်တွေက စွပ်စွဲပေမယ့် UWSA တာဝန်ရှိသူတဦးတော့ ဒါကို ငြင်းပါတယ်။
၂၀၂၀ ခုနှစ် နှစ်စပိုင်း ဇန်နဝါရီလ တစ်လအတွင်းမှာ ထိုင်းနိုင်ငံက စက်ရုံပေါင်း ၂၀၀ ကျော် ပိတ်ခဲ့ရတဲ့ အတွက် အလုပ်သမား ၂၅၀၀၀ လောက် အလုပ်လက်မဲ့ ဖြစ်ခဲ့တဲ့ အထဲမှာ မြန်မာအလုပ်သမား အတော်များများ ပါနေပါတယ်။
ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ (၅)ဒေသမှာ ဖေဖေါ်ဝါရီလ ၃ရက်နေ့ကနေ ၈ ရက်နေ့ အထိ ၆ ရက်အတွင်းမြန်မာတပ်မတော်ဘက်ကလက်နက်ကြီးအလုံး ၆၀ကျော် ပစ်ခတ်ခဲ့တာကြောင့် ရွာသား ၃၀၀ ကျော် နေရပ်စွန်ခွာ ခဲ့ရပါတယ်။
ထိုင်း-မြန်မာနယ်စပ်ချင်းရိုင်ခရိုင်နဲ့ တာ့ခ်ခရိုင်တွေမှာ ထိုင်းအစိုးရက ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တားဆီးကာကွယ်ရေး လုပ်ငန်းများကို အရှိန်တိုးမြှင့်လုပ်ဆောင်နေပါတယ်။
တရုတ်နိုင်ငံသားတွေ အများအပြား ဝင်ထွက်သွားလာ နေတဲ့ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီခရိုင်ထဲမှာ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်ပိုး မပြန့်ပွားအောင် ကာကွယ်ရေးဆိုင်ရာ စစ်ဆေးမှုတွေကို ထိထိရောက်ရောက် လုပ်ဆောင်နေတယ်လို့ ဒေသတာဝန်ရှိသူတွေ က ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့မှာရှိတဲ့ နာမည်ကြီး Starbucks တံဆိပ်ပါတဲ့ အဝတ်အစားချုပ် စက်ရုံ နဲ့ Bauer Hockey အားကစား ကုမ္ပဏီ အတွက် ချုပ်နေတဲ့ အထည်ချုပ်စက်ရုံ တွေက အလုပ်သမား ၆၀၀ ကျော်ဟာ လွန်ခဲ့တဲ့ ၂ နှစ် အတွက် နစ်နာခဲ့ရတဲ့ လုပ်အားခ တွေ ပြန်ရဖို့ တောင်းဆို နေကြပါတယ်။
ထိုင်း-မလေးနယ်စပ် လူဝင်မှုကြီးကြပ်ရေး အကျဉ်းထောင်ကနေ ဇန်နဝါရီလ ၈ ရက်နေ့ ကထောင်ဖောက်ပြေးတဲ့ ရိုဟင်ဂျာ ၁၉ ဦးအနက် ၄ ဦး ကို ပြန်လည်ဖမ်းမိ ခဲ့ပါတယ်။ ကျန်ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေကို မလေးရှားအာဏာပိုင်တွေရဲ့ အကူအညီနဲ့ ဆက်လက်ရှာဖွေနေပါတယ်။
ထိုင်းနိုင်ငံသားတွေ လုပ်ကိုင်နေတဲ့ ကိုယ်ပိုင်လုပ်ငန်းတွေကို မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမားများ ဝင်ရောက်လုပ်ကိုင်မယ် ဆိုရင် ထိရောက်စွာ အရေးယူဖို့ ထိုင်းအစိုးရက တိုးမြင့်လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်မူ အလုပ်နေရာ မတူတာတွေ အထောက်အထား မခိုင်လုံတွေကြောင့် မြန်မာနိုင်ငံသား ၆၀ကို ကော့သောင်း- ရနောင်းဂိတ်ကနေ ဇန်နဝါရီလ ၇ ရက်နေ့က ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။
ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးနဲ့ မြန်မာတပ်မတော်ကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်နေတဲ့ ကရင် ပြည်နယ်တွင်းက လမ်းဖောက်လုပ်မူနဲ့ ပတ်သက်လို့ ဆွေးနွေးမူတွေ လုပ်ခဲ့ပေမယ့် အခုထိ သဘောတူညီချက် တစုံတရာ မရသေး တာဟာ NCA ကို ထိခိုက်လာစေ နိုင်တယ်လို့ ကေအန်ယူ တာဝန်ရှိသူတွေကဆိုပါတယ်။
ဒီနှစ်အတွင်း စက်ရုံပေါင်း တထောင်ကျော် ပိတ်ပစ်ခဲ့ရတဲ့ ထိုင်းနိုင်ငံမှာ ဒီဇင်ဘာလ ၂၃ရက်နေ့က မြန်မာအလုပ်သမား ၂၀၀ လောက် အလုပ်လုပ်နေတဲ့ ကားပစ္စည်း ထုတ်စက်ရုံ တရုံ ရုတ်တရက် ပိတ်လိုက်တဲ့အတွက် မြန်မာအပါအဝင် အဲဒီစက်ရုံမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေ အခက်ကြုံနေရပါတယ်။
နောက်ထပ်ကြည့်ရှုရန်