ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့က ရွေ့ပြောင်း မြန်မာနိုင်ငံသား ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်တယ်ဆိုပြီး တရားရင်ဆိုင်နေရတဲ့ သြစတေးလျ နိုင်ငံသား Guy Christopher Weymouth ကို မဲဆောက်မြို့ မှ ာဒီရက်ပိုင်းမှာပဲ ဖမ်းဆီးလိုက်
ရွှေတြိဂံဒေသ မြန်မာနိုင်ငံဘက်အခြမ်းက အဓိကထွက်တဲ့ စိတ်ကြွဆေးနဲ့ ဘိန်းဖြူတွေကို ထိုင်းနိုင်ငံကတဆင့် Australia နဲ့ New Zealand လို တခြားနိုင်ငံတွေဆီ တရားမဝင်ဖြန့်ဖြူးနေတဲ့ အထောက်အထားတွေ အခိုင်အမာတွေ့ထားတယ်လို့ ထိုင်းနိုင်ငံ မူးယစ်နှိမ်နင်းရေးဗြူရိုက ပြောကြား
ထိုင်းနိုင်ငံက အစားအသောက်နဲ့ ကုန်ပစ္စည်းတွေတင်သွင်းတဲ့ နယ်စက်ဂိတ်တခုဖြစ်တဲ့ ဘုရားသုံးဆူနယ်စပ်ဂိတ်ကနေ ကုန်ပစ္စည်း အပြန်အလှန် တင်ပို့မှုကို ထိုင်းနိုင်ငံဖက်က ပိတ်လိုက်ပါတယ်။ ကန်ချနဘူရီပြည်နယ်ထဲမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်သူတွေ များလာတဲ့အတွက် ခုလိုပိတ်လိုက်တာဖြစ်ပါတယ်။
ကရင်ပြည်နယ်အတွင်းက ဘားအံ၊ ကော့ကရိပ် ၊ ကြာအင်းဆိပ်ကြီး ၊ မြဝတီစတဲ့ မြို့နယ် (၄) မြို့နယ်မှာရှိတဲ့ အာဇာနည်ဗိမာန်နဲ့ အာဇာနည်ကျောက်တိုင်လုပ်ထားတဲ့ အဆောက်အဦးများ ကို မြန်မာစစ်အုပ်ချုပ်ရေး ကောင်စီက ဇွန်လ ၆ ရက်နေ့က ဖြိုဖျက်ခဲ့ပါတယ်။
ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မယ်ဆိုင်မြို့ မှာရှိတဲ့ကြက်သွန်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား(၃၇) ဦး COVID 19 ကူးစက်ခံထားရတာကို မေလ ၂၆ရက်နေ့မှာ စစ်ဆေးတွေ့ရပြီးနောက် မြန်မာနိုင်ငံသား အတည်ပြုလူနာတွေနဲ့ ဆက်စပ်တဲ့ လူ ၁၇၀ ထက်မနည်းကို အသွားအလာတွေ ကန့့်သတ်လိုက်ပါတယ်။
ထိုင်းနိုင်ငံစမုတ်ပရာကမ်ခရိုင်အတွင်းက ထိုင်းနဲ့ မြန်မာ၅၀၀လောက်အလုပ်လုပ်နေတဲ့ သံမဏိစက်ရုံကအလုပ်သမားတန်းလျားမှာ ကိုဗစ်ကူစက်မူတွေကြောင့် စောင့်ကြည့်ခံနေရတဲ့ မြန်မာအလုပ်သမားတဦး တိုက်အမြင့် ၄ လွှာကနေ ခုန်ချပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့ပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ စစ်အုပ်ချုပ်ရေးကောင်စီက ခန့်ထားတဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးအသစ်တွေရဲ့အစည်းအဝေးကို အမည်မသိသေနတ်သမားတွေ ဝင်ရောက်ပစ်ခတ်သွားတာကြောင့် အုပ်ချုပ်ရေးမှူးသစ် ၂ ဦးပွဲချင်းပြီး၊ ပြည်သူ့စစ်တဦးက စစ်ဆေးရုံရောက်ပြီး မကြာခင်သေဆုံးသွားပါတယ်။
ကယားပြည်နယ်နဲ့ ကချင်ပြည်နယ်တွေက ရဲတပ်ဖွဲ့ဝင်တွေဟာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) လှုပ်ရှားမူတွေမှာ ဆက်တိုက်ပါဝင်လာရာမှာ ကယားပြည်နယ်မှာတော့ ဒီရက်ပိုင်းအတွင်း CDMလုပ်တဲ့ ရဲတပ်ဖွဲ့ဝင် ၁၀၀ကျော်သွားပြီ ဖြစ်ပါတယ်။
ထိုင်း-မြန်မာနယ်စပ် တာချီလိတ် မဲဆိုင်လမ်းကနေ ခိုးပြီးပြန်ဝင်လာသူ ထိုင်းအမျိုးသမီး (၆) ဦး မှာ ကိုဗစ်-၁၉ ရောဂါ ကူးဆက်နေကြောင်း ထိုင်းကျန်းမာရေးဌာနက ဒီဇင်ဘာလ ၂ရက်နေ့ မှာ သတင်းထုတ်ပြန် ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတာကြောင့် ထိုင်းနိုင်ငံက ဘုရားသုံးဆူနယ်စပ်ကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်တဲ့ပါသည်။
မြန်မာနိုင်ငံသားတွေအပါအဝင် မလေးရှားနိုင်ငံမှာ တရားမဝင် ရောက်ရှိနေသူတွေ ဒဏ်ကြေးငွေ ပေးဆောင်ကာ တရားဝင်အလုပ်လုပ်ခွင့် လျှောက်ထားနိုင်ပြီ ဖြစ်တဲ့အကြောင်း မအေးအေးမာ က တင်ပြထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ ကိုဗစ်ကာလ ကန့်သတ်ပိတ်ဆိုနေတဲ့ကြားက မြန်မာတွေ ၄၀နီးပါးဖမ်းမိတာကြောင့် တချိုကိုတော့လူကုန်ကူးမူဥပဒေနဲ့ စစ်ဆေးမူတွေလုပ်နေပါတယ်။
မလေးရှားနိုင်ငံက တရားမဝင်အလုပ်လက်မဲ့ မြန်မာအလုပ်သမားများနေရပ်ပြန်နိုင်ရေး မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်နေတာ၂ပတ်ခန့် ကြာလာပြီမို့ ကိုယ်ဝန်ဆောင်တွေနဲ့ ကျန်းမာရေး မကောင်းသူတွေအတွက် အမြန်ဆုံးစီစဉ်ဆောင်ရွက်စေလိုကြောင်း လူမူရေးအသင်းအဖွဲ့တွေ မတ္တာရပ်ခံတဲ့ သတင်းကို မအေးအေးမာ တင်ဆက်ပေးမှာပါ။
ကိုဗစ်၁၉ အရေးပေါ်ကာလ နယ်စပ်တွေ ပိတ်ထားချိန် ထိုင်းကျောင်းတက်နေတဲ့ကလေးများကို နယ်စပ်လမ်းတွေကနေ ပြန်ပို့နေတဲ့ မြန်မာနိုင်ငံသား ကျောင်းသားမိဘတွေနဲ့ ထိုင်းဘက်ကိုခိုးဝင်လာသူ လူ ၅၀ထက်မနည်း ဒီရက်ပိုင်းမှာ ဖမ်းဆီးခံနေရပါတယ်။
ထိုင်းနိုင်ငံ တာခ့ရိုင်အတွင်းမှာ COVID-19 အရေးပေါ်ကာလအတွင်း လုပ်ငန်းတွေ လျှော့တာကြောင့် မြန်မာအလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ရတာတွေကို ပြောပြပါမယ်။
ထိုင်းနိုင်ငံ မှာ ကိုဗစ်-၁၉ အရေးပေါ်ကာလအတွင်း နိုင်ငံခြားသားတွေ ခရိုင်တခုနဲ့ တခု ခရီးသွားလာခွင့် ပိတ်ပင်ထားမှုတွေကိုမကြာခင် ဖြေလျှော့ပေးတော့မယ့်အကြောင်း တင်ဆက်ပေးပါမယ်။
ထိုင်းနိုင်ငံက နေရပ်ပြန် မြန်မာတွေအတွက် ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ လူဦးရေ တသောင်းခွဲကျော်လောက် ထားနိုင်မယ့် စောင့်ကြည့်ရေးစင်တာတွေ ပြင်ဆင်ထားပြီးပါပြီ။
ထိုင်းနိုင်ငံတွင်း Corona ဗိုင်းရပ်ရှိတဲ့ ဓါတ်ခွဲအတည်ပြုသူစာရင်းထဲမှာမြန်မာအလုပ်သမား ၉ ဦးထက်မနည်းရှိနေပါတယ်။ ကိုရိုနာဗိုင်းရပ်စပ်ကူးစက်မှုနှုန်းမြှင့်နေတဲ့ ထိုင်းနိုင်ငံထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ သန်းထက်မနည်းရှိနေတယ်လို့ ခန့်မှန်းထားကြတာပါ။
ထိုင်းနိုင်ငံမှာ နေထိုင်နေတဲ့ နိုင်ငံခြားသားတွေနဲ့ ပတ်သက်လို့ COVID- 19 အရေးပေါ် ကာလမှာပဲ ဗီဇာသက်တမ်း ကုန်နေသူတွေ နယ်စပ်သွားလာဖြတ်သန်းခွင့်တွေ ရက်ကျော်နေတာတွေ နဲ့ ပတ်သက်လို့ ဒဏ်ကြေးတွေ ပေးစရာမလိုပ ဲဧပြီလကုန်အထိ ဗီဇာသက်တမ်း အလိုအလျောက်တိုးမြှင့်ပေးပြီး ဖြေလျော့မူတွေ လုပ်ပေးမှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ Coronavirus ပိုးကူးစက်မှု ထိန်းချုပ်တဲ့အနေနဲ့ ညမထွက်ရ အမိန့် ထုတ်ပြန်လိုက်တာကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ သတိပြုဖို့နဲ့ ညဘက်တွေမှာလည်း စုဝေးပြီး သောက်စားတွေ လုပ်ရင် ဥပဒေအရ အရေးယူခံနိုင်ကြောင်း အလုပ်သမားရေး ဆောင်ရွက်နေသူတွေက သတိပေးလိုက်တာပါ။
နောက်ထပ်ကြည့်ရှုရန်