ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ပြည်နယ်ကနေ ဝင်ရောက်လာတဲ့ ရွှေတြိဂံထွက် စိတ်ကြွဆေး ၆ သန်းကျော် ဖမ်းမိကြောင်း ထိုင်းမူးယစ်နှိမ်နင်းရေး ရဲတပ်ဖွဲ့က ဇူလိုင်လ ၁၇ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အစီအစဉ်အရ ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဒုက္ခသည်တွေကို ဆေးဝါးကုသမှု ပေးနေတဲ့ မယ်တော်ဆေးခန်းကို ဇူလိုင်လ ၁၆ ရက်နေ့က ၂၀ ရက်နေ့အထိ ယာယီပိတ်ထားပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ပြည်နယ်၊ ဖန်မြို့နယ်ထဲမှာ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့နဲ့ ထိုင်း မူးယစ်မှောင်ခိုသမားတွေကြား တိုက်ပွဲဖြစ်ပြီး ဘတ်သန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ ရွှေတြိဂံဒေသထုတ် မူးယစ်ဆေးဝါးတွေကိုဖမ်းမိခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ပြည်နယ်၊ ဖန်မြို့နယ်ထဲမှာ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့နဲ့ ထိုင်း မူးယစ်မှောင်ခိုသမားတွေကြား တိုက်ပွဲဖြစ်ပြီး ဘတ်သန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ ရွှေတြိဂံဒေသထုတ် မူးယစ်ဆေးဝါးတွေကိုဖမ်းမိခဲ့ပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ကပ်ရောဂါဆိုင်ရာမူဝါဒကို ပြန်လည်သုံးသတ်ဖို့လူ့အခွင့်ရေးအဖွဲ့ကတောင်းဆိုကြလိုက်ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကပြောပြပေးမှာပါ။
ထိုင်း-မြန်မာ နယ်စပ်၊ မဲဆောက်မြို့မှာ ကိုဗစ်ကူးစက်သူ ၁,၄၀၀ ကျော်လောက် ဖြစ်လာတာမို့ မဲဆောက်မြို့ကပြည်သူ ၂,၀၀၀ ကျော် ကိုဇူလိုင်လ ၁၃ရက်ကစပြီး ကိုဗစ်ကာကွယ်ဆေး စတင်ထိုးပေးနေပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြိုမှာ ဆောက်လုပ်ရေး ဆိုဒ်တွေထဲက အလုပ်သမား ၁၇၀၀ ကျော်ကို ကိုဗစ်စစ်ဆေးရာမှာ ၁၃၀၀ ကျော် ကိုဗစ်ကပ် ကူးစက်နေကြပါတယ်။ အတည်ပြုလူနာ အလုပ်သမား(၇) ဦးကတော့ ကူးစက်မြန် ဗီဇပြောင်း Alpha နဲ့ Delta ပိုးတွေကူးနေကြတာ စစ်ဆေးတွေ့ရတယ်လို့ ထိုင်းကျန်းမာရေးဌာနကပြော
မြန်မာနိုင်ငံဘက်ကနေ ကန်ချနဘူရီ၊ တာ့ခ်နဲ့ ချင်းမိုင် စတဲ့ နယ်စပ်ပြည်နယ်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေ ဆက်ပြီးရှိနေပါတယ်။ ဒီရက်ပိုင်းမှာပဲ တရားမဝင် ဝင်လာသူ မြန်မာနိုင်ငံသား ၁၀၀ ကျော်လောက်နဲ့ လူကုန်ကူးသူ ၁၀ ယောက်ထက်မနည်း ထိုင်းနယ်ခြားစောင့်တာဝန်ရှိသူတွေ ဖမ်းဆီးခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်မှု နေ့စဉ် ထောင်ချီတိုးနေတဲ့ အချိန်မှာပဲ ကမ္ဘာလှည့်ခရီးသွားတွေကို အထူးအစီအစဉ်နဲ့ ဇူလိုင်လ ၁ ရက်ကစပြီး အလည်လာဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ပြည်နယ်မှာ မြန်မာနိုင်ငံ ဝဒေသကလာတဲ့ အိုက်စ်မူးယစ်ဆေးဝါး ကီလို ၂၅၀ ကျော်နဲ့အတူ မြန်မာနိုင်ငံသားတဦးကို ဇူလိုင်လ ၉ ရက်နေ့က ဖမ်းမိကြောင်း ထိုင်းနယ်ခြားစောင့်တပ်က ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်၊ ကန်ချနဘူရီပြည်နယ် အုပ်ချုပ်ရေးမှူး ကျီရကိရက် ပုန်စဝပ် (Jirakiat Phumsawat) အမိန်နဲ့ ဇူလိုင်လ ၉ ရက်နေ့ ထုတ်ပြန်ချက်မှာ ထိုင်း-မြန်မာနယ်စပ်ဒေသမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ၁၄ ရက်ကြာ ညမထွက်ရအမိန့်နဲ့ ကန့်သတ်ပိတ်ဆို့မူတွေ လုပ်သွားမယ်လို့ဆို
ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင်ထဲက လူဦးရေ အများဆုံး ကရင်ဒုက္ခသည်စခန်းဖြစ်တဲ့ မယ်လစခန်းလို့ခေါ်တဲ့ "ဘဲကလော်" ဒုက္ခသည်စခန်းမှာ ကိုဗစ်ပိုးကူးသူတွေ့ခဲ့တာကြေင့် သီတင်း ၂ ပါတ်ကြာ အဝင်အထွက် မလုပ်ရတားမြစ်လိုက်ပါတယ်။
ကိုဗစ်အတည်ပြုလူနာတိုးနေတဲ့ ထိုင်း-မြန်မာနယ်စပ်က မဲဆောက်မြို့မှာ မဲဆောက်ဈေးကြီးအပါအဝင် လူစည်ကားတဲ့နေရာတွေမှာ အခုအတော်လေး ခြောက်ကပ်နေပါတယ်။ ကိုဗစ်ကပ်ရောဂါ ကူးစက်မှာကို စိုးရိမ်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြန်မာနဲ့ နယ်စပ် ထိုင်းဘက်ခြမ်း ချင်းရိုင် ခရိုင်ထဲမှာ စိတ်ကြွဆေးပြား ၁၃ သန်းကျော်နဲ့ လက်နက်မျိုးစုံ ၆၀၀ ကျော်ကို ဇွန်လ ၂၈ ရက်နေ့ တနလာၤနေ့မှာ ဖမ်းဆီး ရမိကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
ထိုင်းနို်င်ငံမှာ ကိုဗစ်တတိယလှိုင်းကူးစက်မူမှာ ရွေပြောင်းအလုပ်သမားတွေ အများအပြားကူးစက်နေတာကြောင့် ဘန်ကောက်နဲ့အနီးတဝိုက်က ဆောက်လုပ်ရေးဆိုဒ် ၆၀၀ လောက်ကို ဇွန်လ ၂၈ ရက်ကစပြီး တလကြာ ကန့်သတ်ပိတ်ဆို့မူ လုပ်ထား
မြန်မာနိုင်ငံနဲ့နယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ကိုဗစ်အတည်ပြုလူနာ ၆၀၀ လောက်ရှိနေတာကြောင့် အတည်ပြုလူနာ အများဆုံးရှိတဲ့ မယ်တောင်ရပ်ကွက်ကို အသွားအလာ ပိတ်ဆို့ ကန့်သတ်ထားပါတယ်။ မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားအများစု နေထိုင် အလုပ်လုပ်ကြတဲ့ နေရာဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ နယ်စပ်ဖြစ်တဲ့ ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ် မဲဆောက်မြို့နယ် မဲတောင်ရပ်ကွက်က မြန်မာနိုင်ငံသားတွေ အလုပ်လုပ်ကြတဲ့ အထည်ချုပ်စက်ရုံ ၃ ရုံနဲ့ နေထိုင်တဲ့ တန်းလျားတွေမှာ ကိုဗစ်ကပ်ရောဂါ ရှိ မရှိ စစ်ဆေးခဲ့တာ အတည်ပြုလူနာ ၄၀၀ ကျော် တေ့ွရှိခဲ့ပါတယ်။ အများစုက မြန်မာနိုင်ငံသားတွေဖြစ်ကြ
မြန်မာနိုင်ငံကနေ နယ်စပ်ဖြတ်ပြီး လူကုန်ကူးသူတွေနဲ့အတူ ထိုင်းနိုင်ငံထဲခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၁၅ ယောက်ကို ထိုင်းစစ်တပ်က ဇွန်လ ၂၄ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။ သူတို့ဟာ တရားမဝင် ခိုးဝင်မှုအပါအဝင် ကိုဗစ်ကာကွယ်ရေးဆိုင်ရာ အရေးပေါ်ဥပဒေနဲ့ပါ အရေးယူခံရမယ့် အလားအလာရှိနေ
မြန်မာနိုင်ငံသူ အိမ်အကူတဦးကို အစာငတ်ထားပြီး၊ ကိုယ်ထိလက်ရောက်နှိပ်စက်တဲ့အပြင် နောက်ဆုံး သတ်ပစ်လို်က်တဲ့ထိပြစ်မှုကျူးလွန်ခဲ့တဲ့စင်္ကာပူနိုင်ငံက အမျိုးသမီးတယောက်ကို စင်္ကာပူတရားရုံးက အင်္ဂါနေ့မှာ ထောင်ဒဏ် အနှစ်၃၀ ချမှတ်လိုက်ပါတယ်။
ကရင်လက်နက်ကိုင်လေးဖွဲ့ပေါင်း အစည်းအဝေးကို ဇွန်လ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေက ထိုင်း-မြန်မာနယ်စပ်မှာ နှစ်ရက်ကြာကျင်းပခဲ့ပေမယ့် နိုင်ငံရေးအရ အရေးကြီးတဲ့အချက်တွေကို ဆွေးနွေးနိုင်ခဲ့တာမျိုးမရှိခဲ့ဘူးလို့ ကရင် လူမှုအဖွဲ့အစည်းတွေနဲ့ ကေအန်ယူ တပ်မဟာတချို့က ဝေဖန်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်