ကူးစက်မှုနှစ်စဉ်သောင်းချီမြင့်တက်နေတဲ့ မလေးရှားနိုင်ငံမှာကိုဗစ်ကူးစက်ခံရပြီးသေဆုံးခဲ့ရတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမား ၂လအတွင်းလူ ၄၀ ထက်မနည်းရှိပြီလို့မလေးရှားမှာရှိတဲ့ လူမူ့ကူညီရေးအဖွဲ့တွေကဆို
ကေအန်ယူဥက္ကဋ္ဌဟောင်းဗိုလ်ချုပ်ကြီးစောဘိုမြရဲ့သား၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ရဲ့ စစ်ရေးချုပ် ဗိုလ်ချုပ်စောနေစိုးမြ (ခ) တေးလေးဟာ သြဂုတ်လ ၃ ရက်နေ့က ကိုဗစ်ရောဂါနဲ့မဲဆောက်မြို့နေအိမ်မှာကွယ်လွန်ခဲ့ပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ဘုံ မြို့နယ် က လျပ်စစ်ပစ္စည်းစက်ရုံမှာ ကိုဗစ်ကူးစက်သူလူနာ ၃၀၀လောက်ရှိ ပေမယ် အလုပ်မပိတ်တာကြောင့် ထိုင်းနဲ့ မြန်မာလုပ်သားတွေ ပူးပေါင်း ဆန္ဒပြခဲ့ကြလို့ ကိုဗစ်ဥပဒေအရ အရေးယူမှုတွေဆက်လုပ်မယ်လို့ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာ ကပြောပြပေးမှာပါ။
ထိုင်းမြန်မာနယ်စပ်မဲဆောက်ကမြန်မာအလုပ်သမား ၄၀၀ကျော်ရှိတဲ့ ချန်ပီယံ ရုံဟောင်းလို့ခေါ်တဲ့ SD FASHION သိုးမွေးစက်ဆွဲစက်ရုံ အလုပ်သမား၂ဦးဟာ ၂ရက်ဆက်တိုက်ကိုဗစ်နဲ့သေဆုံးမူ့ဖြစ်ခဲ့တာကြောင့် အလုပ်သမားတွေအနေနဲ့ စိုးရိမ်ပူပန်မူတွေဖြစ်နေပါတယ်။ တရုံလုံးနီးပါးလည်းဖျားနာချောင်းဆိုးမူတွေရှိ
ထိုင်းနိုင်ငံ တောင်ပိုင်း အက်ဒမန် ပင်လယ်ပြင် အတွင်မြန်မာလှေလုပ်သား ၂၉ ဦး ပါ ငါးဖမ်းစက်လှေတစ်စင်းဟာ ပင်လယ်ပြင်အတွင်း ရာသီဥတုဆိုးဝါးလာတဲ့ အခြေအနေကြောင့် ရေဒါအဆက်အသွယ် ပြတ်တောက် ပျောက်ဆုံးသွားရာကနေ သြဂုတ်လ ၃ရက်နေ့မှာတော့ သူကို ထိုင်းရေတပ်က ပြန်ရှာဖွေ တွေ့ရှိခဲ့
ထိုင်းနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်သူနှုန်းမြင့်တက်လာနေတာကြောင့် အသွားအလာ ကန့်သတ်တဲ့စာရင်းတိုးပြီးထုတ်ပြန်ရာမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ သိန်းနဲ့ချီရှိတဲ့ တာ့ခ်ပြည်နယ်အပါအဝင် ပြည်နယ် ၂၉ ခုအထိ ည ၉ နာရီကနေ မနက် ၄ နာရီအထိ မလိုအပ်ဘဲ အပြင်မထွက်ရ ကြေညာလိုက်ပါတယ်။
မလေးရှားနိုင်ငံမှာ သြဂုတ်လ ၁ ရက်နေ့က စပြီး နိုင်ငံခြားသား အလုပ်သမားတွေ အများအပြား Covid ကာကွယ်ဆေး ထိုးနိုင်ဖို့ စင်တာ အတော်များများ ဖွင့်လိုက်ပြီး မြန်မာနိုင်ငံသား ရာနဲ့ချီပြီး ကာကွယ်ဆေး ထိုးနေကြပါတယ်။
ထိုင်းနိုင်ငံရဲ့ကိုဗစ်တတိယလှိုင်းမှာ ကူးစက်မှုမြင့်မားနေတဲ့ ဆာမွတ်ဆာခွန်း ပြည်နယ်အတွင်းက ဘန်ပလာမြို့နယ်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေချမှတ်ထားတဲ့ ကိုဗစ်ကပ်ရောဂါထိမ်းချုပ်ရေး စည်းကမ်းတွေကို မလိုက်နာတဲ့ အကြီးစား ကားတာယာစက်ရုံကို ပြည်နယ်အုပ်ချုပ်ရေးမှူးအမိန့်နဲ့ စနေနေ့က ပိတ်ပစ်လိုက်ပါတယ်။
မလေးရှားမှာ မြန်မာအပါအဝင် နိုင်ငံခြားသားအလုပ်သမားတွေ၊ ကုလသမဂ္ဂက ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားတဲ့ အထောက်အထား ရှိသူတွေသာမက နိုင်ငံကူးလက်မှတ် သက်တမ်းကုန်သူ၊ အလုပ်လုပ်ကိုင်ခွင့် လက်မှတ် သက်တမ်းကုန်သူ စသဖြင့် လူအားလုံးကို COVID-19 ရောဂါကာကွယ်ဆေး ထိုးပေးနေ
ကာလတန်ဖိုး ထိုင်း ဘတ်ငွေ သန်းပေါင်း တစ်ထောင်နီးပါး တန်းဖိုးရှိတဲ့ ၉ ၉ ၉ တံဆိပ် စိတ်ကြွဆေးပြား ၈သန်းပါ အိပ်ပေါင်း၄၀ တင်ဆောင်လာတဲ့ ကုန်တင်ကားငယ်တစ်စီးနဲ့အတူ မူးယစ်ဂိုဏ်းဝင် လူငယ် ၆ဦးကို ထိုင်းနိုင်ငံ န ကွန်စဝမ်မြို့မှာ ရဲတပ်ဖွဲ့ဝင်တွေက ဇူလိုင်လ၂၈ ရက်နေက ဖမ်းဆီး
ထိုင်းနိုင်ငံ Prachuap Khiri Khan ပြည်နယ်နဲ့ Phetchabun (ဖက်ချဘွန်း) ပြည်နယ်တွေမှာ မြန်မာရွှေပြောင်းအလုပ်သမားတွေကြား ကိုဗစ်ကူးစက်မူတွေ ရာနဲ့ချီတွေလာတဲ့အတွက် ပိတ်ဆိုကန့်သတ်မူတွေလုပ်ထားရပြီး စက်ရုံတချို့လည်း ပိတ်ပစ်ရ
ထိုင်းနိုင်ငံ ပကျွတ်ပြည်နယ်ထဲက မီးရထားလမ်းဆောက်လုပ်ရေး အလုပ်သမားတန်းလျားမှာ မြန်မာရွေပြောင်းအလုပ်သမား တစ်ဦး သေဆုံးခဲ့လို့ နယ်မြေအာဏာပိုင်တွေဟာ သူမအလောင်းကို ဆေးရုံကိုယူဆောင်ပြီး ကိုဗစ် ရောဂါပိုးစစ်ဆေးနေေကြောင်း ပရမ်မြို့နယ်မြေအာဏာပိုင်တွေက သတင်း ထုတ်ပြန်ထားပါတယ်။
ကိုဗစ်တတိယလှိုင်းကူးစက်မူ့မှာကူးစက်မူ့နှုံးနဲ့သေဆုံးမူနှုံးမြင့်တက်လာတဲ့အတွက် နယ်စပ်မှာရှိတဲ့ ထိုင်းနိုင်ငံသားတွေ ဟာမြန်မာနိုင်ငံကနေ ပြန်ထွက်ခွါလာကြရာမှာ ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့ရဲ့တဖက်ကမ်း မြဝတီမြိုက ကာစီနိုလောင်းကစားရုံမှာသွားအလုပ်လုပ်တဲ့ ထိုင်းနိုင်ငံသူ ၁၀ဦးကိုဇူလိုင်လ၂၆ရက်နေ့မှာပဲဖမ်းမိ
တောင်ပိုင်း Nakhon Si Thammarat နကွန်စီဌာမရတ် ပြည်နယ်ထဲက ရော်ဘာသစ်ပစ္စည်းစက်ရုံတရုံမှာမြန်မာအလုပ်မား၂၀၀ ကျော် ကိုဗစ်ကူးစက်နေပြီး ကူစက်ခံရဖို့ အန္တရာယ်အမြင့်ဆုံးဖြစ်နေတဲ့အလုပ်သမား ၅၀၀ကျော်ရှိနေတဲ့အတွက် စက်ရုံကို သြဂုတ်လ ၇ ရက်နေ့ထိ ယာယီပိတ်လိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ နေ့စဉ် ကိုဗစ်ကူးစက်သူ သောင်းနဲ့ချီပြီးရှိနေချိန်မှာ မြန်မာအလုပ်သမားအများဆုံးရှိတဲ့ ချွန်ဘူရီပြည်နယ် နောင်စိုင်မြို့ စက်အပိုပစ္စည်းထုတ်စက်ရုံမှာ ကိုဗစ်ကူးစက်ခံထားရသူ အလုပ်သမားတွေကို ပုံမှန်အတိုင်း ဆက်ပြီး အလုပ်ဆင်းခိုင်းထားတဲ့သတင်းအရ အာဏာပိုင်တွေ စတင်စစ်ဆေးနေပါတယ်။
ထိုင်းနိုင်ငံ၊ နကွန်ပထုံပြည်နယ်အတွင်း ဆပ်ပြာထုတ်လုပ်တဲ့စက်ရုံက အလုပ်သမား ၆၀ ဟာ ကိုဗစ်ရောဂါ ကူးစက်ပြီး စောင့်ကြည့်စင်တာကို ၁၄ ရက် ပို့ဆောင်ခဲ့ပြီးတဲ့နောက် ဇူလိုင်လ၂၁ ရက်နေ့ကစပြီး သူတို့ကို စက်ရုံက အလုပ်ကနေ ထုတ်ပယ်လိုက်တယ်လို့ ဆိုပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံက နာမည်ကြီး Vita Food Factory သစ်သီးဖျော်ရည်စက်ရုံက အလုပ်သမား ၄၀၀ ကို ကိုဗစ်စစ်ဆေးတာမှာ သုံးပုံတပုံကျော် ကိုဗစ်ပိုး ကူးနေတဲ့ထဲ အများစုက မြန်မာနိုင်ငံသားတွေဖြစ်နေပါတယ်။
ရန်ကုန်မြို့မှာ ကိုဗစ်ကပ်ရောဂါနဲ့ ဆေးဝါးကုသမူခံယူနေရတဲ့ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်-DKBA ရဲ့ထိပ်တန်းခေါင်းဆောင်တဦးလည်းဖြစ်၊ စစ်ဦးစီးချုပ် လည်းဖြစ်တဲ့ဗိုလ်ချုပ်ကြီး စောမိုရှေး ဟာ ကိုဗစ်ကပ်ရောဂါဖြစ်ပြီး အောက်စီဂျင်ကျလာပြီးနောက်သတိမေ့နေရာကနေ ဇူလိုင်လ ၂၁ရက်နေ့ညနေပိုင်းမှာ ကွယ်လွန်သွားခဲ့
ထိုင်းနိုင်ငံ၊ ပထုံဌာနီ ပြည်နယ်က ကွန်ဒိုတိုက်ခန်းမှာ မြန်မာနိုင်ငံသား၁၀၀ကျော် ကိုဗစ်ပိုး ကူးဆက်ခံနေရတာကြောင့်အခန်း ၂၄၀လောက်ရှိတဲ့ တိုက်ခန်းတခုလုံးကို lock down လုပ်ထားပြီး အဲဒီထဲကမြန်မာနိုင်ငံသူ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ သတိမေ့နေတဲ (၇) လသားက လေးကိုတော့ ဇူလိုင်၂၀ ရက်နေ့က ဆေးရုံတင်ရ
ထိုင်းမြန်မာနယ်စပ် ကန်ချနာဘူရီပြည်နယ်ထဲက Dan Makham Tia ဆေးရုံမှာ ကိုဗစ်ကပ်ရောဂါနဲ ့ ဆေးဝါးကုသမှုခံယူနေသူ မြန်မာနိုင်ငံသားတွေ ထွက်ပြေးတာကြောင့် ထိုင်းအာဏာပိုင်တွေ လိုက်ရှာနေကြပါတယ်။ ၅ ယောက်ထွက်ပြေးတာမှာ ၁ ယောက်ကိုတော့ ပြန်လည်ရှာတွေ ့ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်