စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ တောကျောင်းလေးကျေးရွာမှာ အရပ်ဖက်ကားတွေ၊ လူမူရေးပရဟိတ ကားတွေနဲ့ စစ်ကောင်စီတပ်တွေဝင်ရောက်ပြီး သေနတ်တွေပစ်ဖောက်ကာ ရွာသား ၄ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထိုင်းမြန်မာနယ်စပ ်တာ့ခ်ပြည်နယ်၊ မဲဆောက်မြို့မှာရှိတဲ့ ဒေါက်တာ စင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းကို ကိုဗစ်လူနာကု ဆေးခန်းအဖြစ် ပြောင်းလဲ ကုသပေးနေရပါတယ်။ မြန်မာနိုင်ငံဘက်က ရွှေ့ပြောင်းအလုပ်သမားတွေကို မယ်တော်ဆေးခန်းမှာ ကိုလူနာ၂၀၀ ကနေ ၃၀၀ လောက်အထိကို လက်ခံကုသပေးနေရတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံ တောင်ပိုင်း ဆုန်ခလာပြည်နယ်အတွင်း မြန်မာတွေအပါအဝင် ငါးဖမ်းစက်လှေလုပ်သား ၁၀၀ ကျော် ကိုဗစ်ရောဂါ ကူးစက်နေကြပါတယ်။ ဖူးခက်မှာလည်း လှေလုပ်သား ၁၀၀ ကျော် ကိုဗစ်ကူးစက်နေတဲ့အတွက် ပင်လယ်ပြင်ထဲ စက်လှေထွက်ခွင့်တွေကို ပိတ်ထားပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက ဆက်ပြောပြပေးမှာပါ။
ထိုင်းနိုင်ငံက memorandum of understanding (MoU) စနစ်နဲ့ ရွှေ့ပြောင်းအလုပ်သမား ၄ သိန်းကျော်ကို ပြန်ခေါ်ဖို့ ထိုင်းဝန်ကြီးချုပ်နဲ့ ဒုဝန်ကြီးချုပ်တို့က အလုပ်သမားဝန်ကြီးဌာနနဲ့ တိုင်ပင်ဆုံးဖြတ်ခဲ့ပြီး မြန်မာနိုင်ငံအတွက်ခွဲတန်းအနေနဲ့ မြန်မာအလုပ်သမား ၂ သိန်းခွဲကျော် အလုပ်အကိုင်ရရှိနိုင်တော့မှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ကာလတန်ဖိုး ဘတ်ငွေ သန်းပေါင်း ၁,၀၀၀ ကျော် တန်ဖိုးရှိတဲ့ ရွှေတြိဂံဒေသထုတ် စိတ်ကြွဆေး ၁၉သန်းကို နှစ်ရက်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်းနဲ့မူးယစ်ဂိုဏ်း အဓိကနှစ်ဖွဲ့က အဖွဲ့ဝင် ၁၀ ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း သြဂုတ်လ ၂၀ ရက်နေ့မှာ ထိုင်းရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ပြည်နယ် မဲဆောက်မြို့က ရွှေ့ပြောင်းအလုပ်သမားတွေကြား ကိုဗစ် ကပ်ရောဂါ ကူးစက်မှုတွေ အစုလိုက် အပြုံလိုက်တွေ့လာနေရတဲ့အတွက် သြဂုတ်လ ၁၇ ရက်နေ့ကစပြီး ၃ ရက် ဆက်တိုက် တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးထိုးပေးနေပါတယ်။
မလေးရှားနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး ပထမတလုံး ထိုးပြီးတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေထဲမှာ သေဆုံးသွားသူတွေရှိနေပြီး အဲဒီထဲမှာ မြန်မာနိုင်ငံသားတွေလည်း ပါပါတယ်။ သေဆုံးရတဲ့ အကြောင်းရင်းအတိအကျကို မသိရ။
ထိုင်း၊မြန်မာနယ်စပ် ကော့သောင်းမြို့ရဲ့တဘက်ကမ်း ရနောင်းမြို့ကထောင်ထဲမှာကိုဗစ်ကူးစက်သူ ထိုင်းနဲ့မြန်မာအကျဉ်းသား ၇၀၀ကျော်ရှိကြောင်း ပြည်နယ်ကျန်းမာရေးအဖွဲ့ကသတင်းထုတ်ပြန်ခဲ့ပါတယ် ။ ပြည်နယ်အတွင်းမှာကိုဗစ်ကူးစက်သူ၄၀၀၀နီးပါးရှိရာမှာ မြန်မာနိုင်ငံသား ၂၀၀၀ကျော်ကိုဗစ်ကူးစက်နေ
ထိုင်းနိုင်ငံ Rayong ပြည်နယ်အတွင်းမှာရှိတဲ့ ပင်လယ်စာ ထုတ်လုပ်ရေး စက်ရုံမှာ ထိုင်းနဲ့ မြန်မာအလုပ်သမား ၂၇၀ ကိုဗစ်ပိုးကူးဆက်နေတာစစ်ဆေးတွေရှိတာကြောင့် အာဏာပိုင် တွေက စက်ရုံကို ယာယီ ပိတ်လိုက်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာကတင်ဆက်ပေးပါမယ်။
ထိုင်းနိုင်ငံမြောက်ပိုင်းမယ်ဟောင်ဆောင်ပြည်နယ်မှာရှိတဲ့ မယ်လအူး ဒုက္ခသည်စခန်းမှာ ကန့်သတ်ပိတ်ဆို့မူတွေလုပ်ထားချိန်မှာပဲ ကိုဗစ်ကူးစက်သူ ဒုက္ခသည် ၅ဦးကိုပထမဦးဆုံးအကြိမ်အဖြစ် တွေ့ရှိခဲ့ရသလို အနီးက မယ်ရာမူ စခန်းမှာလည်း ၂ဦးတွေရှိ
ထိုင်းနိုင်ငံ၊ ရဲတပ်ဖွဲ့နဲ့စစ်တပ်တို့ပူးပေါင်းဆောင်ရွက်မှုရလဒ်အဖြစ် ထိုင်း-မြန်မာ-လာအို ရွှေတြိဂံဒေသထွက် ထိုင်းဘတ်ငွေ သန်း ၁ ထောင်ကျော်တန်ဖိုးရှိ ICE ၁တန် (ကီလိုဂရမ် ၁,၀၀၀) သယ်လာတဲ့ အဓိက မူးယစ်ဆေး ကုန်သည်ဂိုဏ်းကို ထိုင်းနိုင်ငံကိုကိုဖြတ်ပြီးသယ်လာချိန်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ပြည်နယ် မဲဆောက်၊ မယ်လမနဲ့ကမ်ချနဘူရီပြည်နယ် စိုင်ရိုသစ်တောတွေထဲ မြန်မာနိုင်ငံဘက်က ခိုးဝင်လာကြတဲ့ မြန်မာနိုင်ငံသား ၆၀ ကျော်ကို လူကုန်ကူးသူပွဲစား ၄ ဦးနဲ့အတူ စနေ့က ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
သြဂုတ်လ ၁၄ ရက်နေ့ မနက်မှာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး တောင်ပေါ်တိုင်းရင်းသား ကလေးငယ်၂ဦးနဲ့ စိတ်ကြွဆေးပြား၂သိန်းခွဲကျော် ဖမ်းမိခဲ့ပါတယ်။
ထိုင်းနိုင်ငံ နယ်စပ်တွေကို ကိုဗစ်ကပ်ဘေးကာလအတွင်း လုံခြုံရေးတင်းကြပ်ထားတဲ့ကြားမှာပဲ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်ကနေ ၂၀၂၁ ခုနှစ် ဇူလိုင်လကုန်အထိ တရားမဝင်ခိုးဝင်သူ သောင်းနဲ့ချီရှိခဲ့တယ်လို့ ထိုင်းနိုင်ငံ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေးအဖွဲကပြောပါတယ်။
ထိုင်းနိုင်ငံ လဝက အချုပ်တွေမှာ နေနေရတဲ့ လွတ်ရက်စေ့ အချုပ်သားတွေနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀၀ လောက်ကို တရက်ခြားစီ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့က ချစ်ကြည်ရေးတံတား(၂) ကနေ ထိုင်းဘက်ကနေ မြန်မာဘက်ကို လွဲှပြောင်းပေးနေပါတယ်။ ဗွီအိုအေသတင်းထောက်မအေးအေးမာကပြောပြပေးမှာပါ
အမေရိကန်အစိုးရက မြန်မာလူထုအတွက် လူသားစာနာမှုအကူအညီ ဒေါ်လာ သန်း ၅၀ ကျော်ပေးမယ်လို့ ကြေညာထားပြီး အဲဒီအကူအညီပေးရေးကိစ္စ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ဟာ ထိုင်း-မြန်မာနယ်စပ် မယ်တော်ဆေးခန်းက ဒေါက်တာစင်သီယာမောင်နဲ့လည်း မနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ထိုင်းနိုင်ငံက ကိုဗစ်ကူးစက်မူ့အမြင့်မားဆုံးပြည်နယ်တခုလည်းဖြစ်၊ မြန်မာရွေပြောင်းအလုပ်သမားသိန်းချီအလုပ်လုပ်နေတဲ့ ပြည်နယ်လဲဖြစ်တဲ့ ဆာမွတ်ဆာခွန်းပြည်နယ်ထဲက မြန်မာရွေပြောင်းအလုပ်သမားတွေအပါအဝင် လူပေါင်း ၄ သိန်းလောက်ကို ကာကွယ်ဆေးထိုးပေးမယ်
ကိုဗစ်ကပ်ရောဂါကြောင့်အလုပ်အကိုင်တွေရပ်နားထားရတဲ့ တရားဝင်အထောက်အထားရှိတဲ့မြန်မာနိုင်ငံသား ၄၀ကျော် ပြည်နယ်ကျော်ပြီး နယ်စပ်ကိုခိုးပြန်လာတာအပြင်ညမထွက်ရအမိန့် ချိုးဖောက်တာကြောင့် သြဂုတ်လ ၈ရက်နေ့ညက ဖမ်းဆီးခံခဲ့ရ
ကိုဗစ်ကပ်ရောဂါကူးစက်မူ့တွေမြင့်တက်နေတဲ့ထိုင်းနိုင်ငံ ထိုင်းနိုင်ငံ Chon Buriချွန်ဘူရီပြည်နယ် ထဲမှာ ကိုဗစ်ကူးစက်မူတွေကြောင့်စက်ရုံကိုကန့်သတ်ပိတ်ဆို့ထာပေမယ့် အလုပ်တွေ ဆင်းခိုင်းနေတာကြောင့် ကမ္ဘောဒီးယားနဲ့မြန်မာအများစုပါတဲ့ အလုပ်သမား ၁၀၀၀ ကျော်ဟာ သြဂုတ်လ ၈ ရက်နေ့က စက်ရုံရဲ့ရုံးရှေ့မှာဆန္ဒပြ
ထိုင်းနိုင်ငံတာ့ခ်ပြည်နယ် ကနေ သယ်ဆောင်လာတဲ့ ကာလတန်ဖိုး ဘတ်ငွေ သန်း ၁,၀၀၀ ကျော်တန်ဖိုးရှိတဲ့ ရွှေကြိဂံဒေသထုတ် စိတ်ကြွဆေးပြား ၁၀ သန်းကို စင်ဘူရီပြည်နယ်မှာ ဖမ်းဆီးနိုင်ခဲ့ပြီး မဲဆောက်ကလာတဲ့ မူးယစ်မှောင်ခိုဂိုဏ်းဝင် ၄ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်