ထိုင်းမြန်မာနယ်စပ် တာ့ခ်ပြည်နယ်ထဲက အုန်းဖျန်ဒုက္ခသည်စခန်းမှာ ကိုဗစ်ကူးစက်သူ ဒီလအတွင်း ၁၉၀ နီးပါးထိရှိလာပြီး၊ ဒုက္ခသည်တွေ မိသားစုလိုက် ကူးစက်မှုတွေဖြစ်နေတာပါ။ ကိုဗစ် ကပ်ရောဂါအပြင် စားသောက်ရေးပါ အခက်အခဲတွေ ကြုံနေရတယ်လို့ ဒုက္ခသည်တွေကပြောပါတယ်။
င်ငံရဲ့ဥပဒေနဲ့ငြိစွန်းပြီး အကြောင်းအမျိုးမျိုးနဲ့အဖမ်းခံထားရသူ လွတ်ရက်စေ့မြန်မာတွေကို မြန်မာနိုင်ငံဘက်က လက်ခံပေးနိုင်တဲ့ပမာဏကို ချိန်ဆပြီး အသုတ်ခွဲပြီး ပြန်လွှတ်ပေးနေတာမှာ ဒီကနေ့ အမျိုးသမီးတွေအပါအဝင် လူ ၁၉၀ ကို ပြန်ပို့ပေးခဲ့ပါတယ်။
“ရဲတပ်ဖွဲ့ရဲ့သတင်းတွေအရ ၂ လအတွင်း မြန်မာနိုင်ငံသားတွေ တရားမဝင် ဝင်ရောက်လာတာ ၇၀,၀၀၀ ကျော်ထိလောက်ရှိနေပြီလို့ ပြောတယ်။ ထိုင်းလုံခြုံရေးကောင်စီကလည်း မြန်မာနိုင်ငံသားတွေ ဒီလောက်ထိ အလုံးအရင်းနဲ့ ဝင်ရောက်လာတာကလည်း မြန်မာနိုင်ငံရဲ့ဆိုးဝါးတဲ့ အခြေအနေကြောင့်လို့ ပြောနေကြပြီ။” (ကိုရဲမင်း၊ AAC မဟာမိတ်အဖွဲ့)
“ထိုင်းအစိုးရအနေနဲ့သုံးသပ်ပုံရပါတယ်။ လက်မှတ်ရှိရှိမရှိရှိ လူမှန်ရင်တော့ထိုးရမယ်လေ။ ဒီရောဂါက လည်း လက်မှတ်ရှိရှိမရှိရှိ လူမရွေးဘူးလေ။ အဲဒါကြောင့်မို့ အကုန်လုံးကိုထိုးပေးရမယ်ဆိုတာကို သူတို့ ဆုံးဖြတ်ထားပုံရပါတယ်။” (မန်းမျိုးမြင့်၊ ပရိဟိတ)
ထိုင်းနိုင်ငံတွင်းမှာ တရားမဝင်အထောက်အထားမဲ့တွေ နေစဉ်လို့ဝင်ရောက်နေတဲ့အတွက် နယ်စပ်တွေကို လုံးခြုံရေးတင်းကြပ်နေတဲ့ကြားကပဲ မြန်မာအလုပ်သမား ၂၀၀လောက်ဟာ ကမ်ချနဘူရီပြည်နယ် ရနောင်းပြည်နယ် ချင်းမိုင်ပြည်နယ်တွေထဲကိုဝင်ရောက်လာတဲ့အတွက် ဖမ်းဆီးခံရပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကပြောပြပေးပါမယ်။
ထိုင်းနိုင်ငံ ချင်းမိုင်၊ ချင်းရိုင်နဲ့ အယုဒ္ဓယပြည်နယ်တွေမှာ ရွှေတြိဂံဒေသထုတ် စိတ်ကြွဆေး ၁၂ သန်းကျော်နဲ့ မူးယစ်ဂိုဏ်းဝင် ၁၂ ဦးကို ဒီရက်ပိုင်းမှာပဲ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။
အထောက်အထားမဲ့ မြန်မာများ၊ လူကုန်ကူးသူများ အများဆုံး ဝင်ရောက်လာနေတဲ့ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ပြည်နယ်၊ ကန်ချဘူရီပြည်နယ်နဲ့ ထိုင်း-မလေးနယ်စပ်က ဆုံခလာပြည်နယ် အပါအဝင် ပြည်နယ် ၁၀ ခုကို ၂၄ နာရီလုံး လုံခြုံရေး တင်းကျပ်စွာချထားဖို့ ထိုင်းအစိုးရက မနေ့က ညွှန်ကြားလိုက်ပါတယ်။
ထိုင်းမြန်မာနယ်စပ် မယ်တာ့ခ်ပြည်နယ်ထဲက အုန်းဖျံဒုက္ခသည်စခန်းမှာ ဒီလအတွင်း မြန်မာဒုက္ခသည်တွေအတွင်း မိသားစုလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေပြီး ကူးစက်ခံရသူ စုစုပေါင်း ၁၀၀ ကျော် ရှိလာနေပြီး အသက် ၆၀ အထက်နဲ့မသန်စွမ်းသူတွေကို ထိုင်းအစိုးရအစီအစဉ်နဲ့ ကိုဗစ်ကာကွယ်ဆေးထိုးပေးနေပါတယ်။
"အစုလိုက်အပြုံလိုက်ဖြစ်တယ်လို့ပဲပြောရမှာပေါ့။ မိသားစုလိုက်ဖြစ်နေတယ်။ ၄၂ ယောက်ကတော့ လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်က စဖြစ်တယ်။ မနေ့ကလည်း သုံးလေးယောက်ထက်မနည်း ထပ်တက်တယ်။ ဒီနေ့လည်း ကိုဗစ်ဖြစ်သူတွေ ထပ်တက်သွားတယ်။ အခုဟာက ၅၀ ဝန်းကျင်လောက်ဖြစ်သွားပြီ။ ၅၀ ထက်ကျော်ရင်ကျော်မယ်။ ၅၀ ထက်မနည်းဘူး။" (ဒုက္ခသည်)
စစ်ကောင်စီက အောက်တိုဘာလ ၁၈ ရက်နေ့မှာ နိုင်ငံရေးအကျဉ်း ၁,၃၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပေမယ့် တချို့ကို ပြန်ပြီး ဖမ်းဆီးထားပါတယ်။ မိထ္ထီလာအကျဉ်းထောင်က လွတ်ပြီး ရဲစခန်းမှာ ထပ်မံအဖမ်းခံရသူ ၁၁ ယောက်ထဲက ၄ ယောက်ကို အောက်တိုဘာလ ၁၉ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ပြန်လွတ်ပေမယ့် စိတ်မလုံခြုံဘူးလို့ဆိုပါတယ်။
ထိုင်းမြန်မာနယ်စပ် တာ့ခ်ပြည်နယ် မဲဆောက်မြို့ကမြို့ပိုင်ရုံးထဲမှာ အထောက်အထားရှိသူမှန်သမျှ မည်သူမဆို အသက်အရွယ်မရွေး ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း၊ သက်ကြီးရွယ်အို တွေ၊ နာတာရှည်သမားတွေကို ဆေးထိုးနှံနိုင်ဖို့ ကိုယ်တိုင်သွားရောက်ပို့ဆောင်ပေးတဲ့ ပရဟိတသမား ကိုမန်းမျိုးမြင့်ကပြောပြပါတယ်။
ထိုင်းနိုင်ငံ အရှေ့မြောက်ဖက်က Khon Kaen ပြည်နယ်မှာ မြန်မာနိုင်ငံသား အများအပြား အလုပ်လုပ်နေကြတဲ့ စက်ရုံတခုမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ တွေ့ရှိခဲ့တာကြောင့် သွားလာလှုပ်ရှားမှုတွေ ကန့်သတ်လိုက်ကြောင်း ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။
သီတင်းကျွတ်အထိမ်းအမှတ် လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြစ်ဒဏ်ကျနေသူနဲ့ အမှုရင်ဆိုင်ဆဲ ဖမ်းဆီးခံရထားရသူ ထောင်ကျော်ကို အောက်တိုဘာ ၁၈ ရက်နေ့ကတည်းက ပြန်လွှတ်ပေးနေတာမှာမိထ္ထီလာအကျဉ်းထောင်ကနေ မနေ့က လွတ်မြောက်လာသူ ၄၀ ကျော်ထဲက ၁၁ ဦး ထောင် ရှေ့မှာပဲ ပြန်ပြီး ဖမ်းဆီးခံရတယ်လို့ မိသားစုဝင်တွေက ဗွီအိုအေကိုပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် ရနောင်းပြည်နယ် ပါနမ်းမြို့က ကုန်လှောင်ရုံတလုံးမှာ မြန်မာနိုင်ငံသား ၁၆ ဦးကို လူကုန်ကူးသူတွေက သုံးရက်တာ ပိတ်လှောင်ထားတဲ့အတွက် ပတ်ဝန်းကျင်က သတင်းပေးတာကြောင့် အာဏာပိုင်တွေက အောက်တိုဘာလ ၁၆ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့နယ်စပ် ထိုင်းနိုင်ငံ၊ Prachuap Khiri Khan ပြည်နယ်ထဲမှာ မြန်မာနိုင်ငံဘက်က တရားမဝင် ဝင်ရောက်လာလို့ ဖမ်းမိသူ တပတ်အတွင်း ၁၀၀ ကျော်ရှိတာမှာ ၁၀% က ကူးစက်မြန် Delta ကိုဗစ်ကပ်ရောဂါပိုး ကူးစက်နေတာ တေ့ွရတယ်လို့ပြည်နယ် ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်းက ချင်းမိုင်မြို့နယ်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကြား ကိုဗစ်ကပ်ရောဂါကူးစက်မှု အခုရက်ပိုင်း အများအပြား ရှိလာတာကြောင့် ချင်းမိုင်မြို့က ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဈေးကြီးလို့ လူသိများတဲ့ သလာမိုင်ဈေးနဲ့တခြားဈေးတွေကိုချင်းမိုင် ကပ်ရောဂါထိန်းချုပ်ရေးအဖွဲ့ကအရေးပေါ်ပိတ်လိုက်ပါတယ်။
မြန်မာပြည်ထဲမှာ အလုပ်အကိုင်ရှားပါးမှုနဲ့ ဆင်းရဲကြပ်တည်းမှုတွေကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံမှာ ရရာအလုပ်လုပ်နိုင်ရေးမျှော်လင့်ပြီး မိသားစုလိုက် တရားမဝင် ဝင်ရောက်လာကြတဲ့ မြန်မာနိုင်ငံသား (၈၀) နီးပါးကို ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့ပြီး ကိုဗစ်စင်တာကို ပို့ဆောင်ပေးထားပါတယ်။
“တပ်မဟာ ၁ သထုံခရိုင်မှာတော့ စစ်ကောင်စီတပ်နဲ့ BGF တပ်တွေကပူးပေါင်းပြီး သထုံခရိုင် ထဲကို ဝင်ရောက်ပြီး စစ်ရေးလှုပ်ရှားမူတွေရှိခဲ့တယ်။ အတင်းအကြပ်စေခိုင်းမှုတွေရှိခဲ့တယ်။ ရွာသားတွေကို လူသားတွေကို လူသားဒိုင်းအဖြစ် လုပ်တာတွေရှိတယ်။ တပ်မဟာ ၆ မှာတော့ တိုက်ပွဲတွေဖြစ်ပွားတာရှိတယ်။” (ကရင်လူ့အခွင့်အရေးအဖွဲ့၊ KHRG)
ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ်ကတဆင့် ဘန်ကောက်ကို သွားမယ့် ကား တစီးထဲမှာ ပိတ်လှောင်ခေါ်လာတဲ့ မြန်မာ ၃၇ ယောက်ကို ဖမ်းမိခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး လွတ်ရက်စေ့နေတဲ့ မြန်မာနိုင်ငံသား ၂၀၀ နီးပါးကို ထိုင်းဘက်ခြမ်း ရနောင်းမြို့ကနေတဆင့် ကော့သောင်းမြို့ဘက်က တာဝန်ရှိသူတွေဆီ ထိုင်းအာဏာပိုင်တွေက ဒီကနေ့ ပြန်လွှဲပေးခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်