ထိုင်းနိုင်ငံ ၂၀၂၁ ခုနှစ် လူကုန်ကူးမှု တိုက်ဖျက်ရေးထုတ်ပြန်ချက်အရ ဇန်နဝါရီလကနေ စက်တင်ဘာလအထိ လူကုန်ကူးခံရသူ ၃၀၀၀ နီးပါးရှိပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံက ဘယ်လောက်ပါပါသလဲ။ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာ သတင်းပို့ထားပါတယ်။
စစ်ကိုင်တိုင်းအတွင်း ဒေသခံတွေကို စစ်ကောင်စီဘက်က အင်အားတိုးချဲ့ပြီး ထိုးစစ်ဆင်လာနေတဲ့အတွက် ဒေသခံပျောက်ကြားအဖွဲ့တွေ ၁၄ဖွဲ့ စုပေါင်းပြီး စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်ဖို့ အတွက်အောင်တိုဘာလ၇ရက်နေ့မှာ မဟာမိတ်ဖွဲ့လိုက်ကြောင်းထုတ်ပြန်ခဲ့ပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက်မအေးအေးမာကပြောပြပေးပါမယ်။
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်ပြည်နယ်၊ မယ်ဆိုင်မြို့နယ်ထဲမှာ ထိုင်းနိုင်ငံသား အထောက်အထား လက်မှတ်ကိုင်ဆောင်ထားသူ မြန်မာနိုင်ငံသားတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ၃ ရက်ကြာ ကာကွယ်ဆေးထိုးနှံပေးခဲ့တာကြောင့် ချင်းရိုင်းအတွင်းက မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ ထောင်ကျော် ကာကွယ်ဆေးထိုးနိုင်ခဲ့ပါတယ်။
ထိုင်း မြန်မာ လာအို ၃ နိုင်ငံဆုံရာ ရွှေတြိဂံဒေသထုတ်မူးယစ်ဆေးဝါး ၄သန်းကျော်နဲ့ Ice မူးယစ်ဆေးကီလို ၁၃၀ နဲ့ လက်နက်ခဲယမ်းတွေနဲ့အတူ မူးယစ်ဂိုဏ်း ၂ခုက အဖွဲ့ဝင် ၆ဦး ကို ချင်းရိုင်ပြည်နယ်နဲ့ အယုဒ္ဒယပြည်နယ် ၂ခုမှာ ဖမ်းမိခဲ့ပါတယ်
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်းက ဒေသခံကာကွယ်ရေး ပုလဲ PDF က စစ်ယာဉ်တန်းတခုကို ဒီနေ့ မနက်က မိုင်းခွဲတိုက် ခိုက်ခဲ့ပါတယ်။ မိုင်းခွဲမှုအတွင်း စစ်ကားတချို့ပျက်စီးသွားတယ်လို့ ပုလဲ PDF အဖွဲ့ဘက်ကပြောပါတယ်။
ကရင်ပြည်နယ်အတွင်းက ကရင်အမျိုးအသားအစည်းအရုံး (KNU) တပ်မဟာ ၅ ထိန်းချုပ်ထားတဲ့ ဖာပွန်ခရိုင် (မူတြော်ခရိုင်) အတွင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး ပြီးခဲ့တဲ့ရက်အတွင်းမှာ တနေ့တည်း တိုက်ပွဲ ၆ ကြိမ် ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးနဲ့ ဒဏ်ရာရသူများကြောင်း တပ်မဟာ ၅ ဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
မလေးရှားနိုင်ငံ၊ Selangor ပြည်နယ်၊ ဘာရမ်နန်းမြို့နယ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုကို မလေးရှား တာဝန်ရှိသူတွေ ဝင်ရောက်စစ်ဆေးပြီး တရားမဝင် အလုပ်သမားတွေကို ဖမ်းဆီးခဲ့တဲ့ထဲ မြန်မာနိုင်ငံသားတွေလည်း ပါဝင်ပါတယ်။
ထိုင်းနိုင်ငံမှာ၂လအတွင်း မြန်မာနိုင်ငံသား ၅၀၀၀ ထက်မနည်းဖမ်းဆီးခံထားရတယ်လို့ဆိုပါတယ်။ ထင်းတောင်ပိုင်းဒါနော့အချုပ်မှာလဲလွတ်ရက်စေ့တဲ့မြန်မာနိုင်ငံသား ၆၀၀ လောက်ဟာနေရပ်ပြန်ခွင့်မရကြသေးလို့ဆိုပါတယ် ။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကပြောပြပေးပါမယ်
ဆေးတက္ကသိုလ် ၁ ကျောင်းသားသမဂ္ဂ ထုတ်ပြန်ချက်နဲ့ သူနာပြုတက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့ရဲ့ ကြေညာချက်တွေမှာ စမ်းချောင်းဖြစ်စဉ် အရပ်သားသေဆုံးသူ ၄ ဦးထဲ ဒေါက်တာဇင်လင်းနဲ့ သူနာပြုမခင်ခင်ကြွယ်တို့ပါဝင်တယ်လို့ စက်တင်ဘာလ ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့တွေမှာ အသီးသီးထုတ်ပြန်ချက်ထုတ်ခဲ့ပါတယ်။
အထောက်အထားမရှိတဲ့ မြန်မာအပါအဝင် လာအို၊ ကမ္ဘောဒီးယား သုံးနိုင်ငံက လုပ်သားတွေကို ၂၀၂၃ ခုနှစ်အထိ အလုပ်လုပ်ခွင့်ရှိတဲ့ အထောက်အထား လက်မှတ်တွေ ထုတ်ပေးဖို့ ထိုင်းအစိုးရက စက်တင်ဘာလ ၂၈ ရက်နေ့မှာ အတည်ပြုပေးလိုက်ပါတယ်။
“စုရုံးတယ်၊ သယ်ဆောင်တယ်၊ ဖြတ်ကျော်တယ်။ သတိပေးတဲ့အတိုင်းမလုပ်ဘဲ တခြားနေရာတွေကို ရောက်နေပြီး အလွဲသုံးစားလုပ်တယ်ဆိုရင် ဒီ သုံးချက်လောက်ကို ကျူးလွန်ရင်တော့ လူကုန်ကူးမှုမြောက်တယ်။”(ဦးမင်းဦး၊ ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၊ ထိုင်းနိုင်ငံ)
မလေးရှားနိုင်ငံမှာ တရားဝင်ရော၊ တရားမဝင်ပါ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေဟာ ၁၀၀ ကျော်ရှိနေပြီဖြစ်သလို ကိုဗစ်ကြောင့်သေဆုံးရင် မလေးရှားလိုင်စင်ရအသင်းကသာ သဂြိုဟ်ခွင့်ရှိပြီး ဝန်ဆောင်စရိတ်အဖြစ် မလေးရှား ရင်းဂစ်ငွေ ၄,၀၀၀ လောက်ကုန်ကျပါတယ်။
ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီပြည်နယ်ထဲမှာ ၄ ရက်တာ အစာရေစာ ပြတ်လတ်နေတဲ့ လူကုန်ကူးခံရသူ မြန်မာ ၁၀ ဦးကို ထိုင်းနယ်ခြားစောင့်တပ်က စက်တင်ဘာလ ၂၄ ရက်နေ့မှာ ဖမ်းမိခဲ့ပြီး အဲဒီနေရာတဝိုက်မှာပဲ နောက်ထပ် ၁၄ ဦးကို စက်တင်ဘာလ ၂၅ ရက်နေ့က ဖမ်းမိခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့ နယ်စပ် ထိုင်းနိုင်ငံမှာ ဒီရက်ပိုင်းအတွင်း မူးယစ်ဆေးဝါး မှောင်ခိုသမားတွေအဖြစ် သံသယရှိသူတွေနဲ့ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေ ပစ်ခတ်ဖမ်းဆီးခဲ့ပြီး စိတ်ကြွဆေး အမြောက်အများကို သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ ဗွီအိုအေသတင်းထောက် မအေးအေးမာက ပြောပြပေးမှာ ဖြစ်ပါတယ်။
ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့က ရွှေ့ပြောင်းအလုပ်သမားအများစုကို ကိုဗစ်ကာကွယ်ဆေး လူ၈၀၀လောက်ထိုးပေးနိုင်ခဲ့ပြီး လူ၆၀၀လောက်ကို မယ်တော်ဆေးခန်းကဖွင့်ထားတဲ့ ကိုဗစ်ကုသရေးစင်တာမှာကုသပေးခဲ့တယ်လို့ ဒေါက်တာစင်သီယာမောင် ကပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာကပြောပြပေးပါမယ်။
ရိုဟင်ဂျ ာ ၃ ဦးကို လူကုန်ကူးခဲ့တဲ့ ထိုင်းကားမောင်းသမားတဦးနဲ့ မြန်မာ အမျိုးသမီးတဦးကို စက်တင်ဘာလ၂၁ ရက်နေ့ မဲဆောက်အထွက် တောင်ပေါ်စစ်ဆေးရေးဂိတ်မှ ာဖမ်းဆီးခဲ့ပါတယ်။
ထိုင်းနိုင်ငံနွန်ထဘူရီပြည်နယ် Nonthaburi Province မှာ စက်တင်ဘာ လ ၂၀ ကနေ၂၂ ရက်နေ့အထိ မြန်မာအပါအဝင်နိုင်ငံပေါင်း၃နိုင်ငံက ရွှေပြောင်းအလုပ်သမား ၉၀၀၀ကို ကိုဗစ်ကာကွယ်ဆေးထိုးပေးနေပြီလို့ ပြည်နယ်အာဏာပိုင်တတွေကပြောပါတယ်။ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကပြောပြပေးပါမယ်။
ထိုင်းနိုင်ငံ အနောက်ဘက် ထိုင်း-မြန်မာနယ်စပ် ကန်ချန ဘူရီ ပြည်နယ်၊ စိုင်ရို့နယ်ခြားမှာ မြန်မာနိုင်ငံသား ၄၇ ယောက်နဲ့အတူ၊ မြန်မာနိုင်ငံသား လူမှောင်ခိုပွဲစား လေးဦးကို နယ်ခြားစောင့်တပ်က စက်တင်ဘာလ ၂၀ ရက်နေ့၊ ဒီကနေ့မှာ ဖမ်းဆီးခဲ့ပါတယ်။
ထိုင်း-မလေးနယ်စပ် ဆုန်ခလာပြည်နယ် Sadao ခရိုင်ထဲမှာ မလေးရှားကိုသွားဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံသား ၁၄ ဦးကို ဖမ်းမိပြီးတဲ့နောက် ၉ ဦးမှာ ကိုဗစ်ပိုး တွေ့ရှိတဲ့အတွက် သူတို့နဲ့ထိစပ်တဲ့ ရဲနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းတွေ၊ မြို့နယ်အာဏာပိုင်တွေ အယောက် ၄၀ လောက် စောင့်ကြည့်ရေးစင်တာကို ပို့ထားရပါတယ်။
ထိုင်းတောင်ပိုင်း ပြည်နယ် ၁၄ ခုမှာ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးခံထားရတဲ့ လွတ်ရက်စေ့ မြန်မာနိုင်ငံသား အကျဉ်းသားတွေကို ကိုဗစ်ကပ်ဘေးကြောင့် လွှဲပြောင်းပေးဖို့ ရပ်ဆိုင်းထားရာကနေ အခုတော့ လွှဲပြောင်းရေးလုပ်ငန်းတွေ ပြန်စနေပါပြီ။
နောက်ထပ်ကြည့်ရှုရန်