ထိုင်းမြန်မာနယ်စပ်တာ့ခ်ပြည်နယ်မဲဆောက်မြို့နယ်မှာတရားမဝင်အထောက်အထားမဲ့တွေအပါအဝင် မြန်မာနိုင်ငံသားတွေကို ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ဖို့စီစဉ်ပေးနေပါတယ်။ နိုဝင်ဘာလ ၁၇ ရက်နေ့ကတော့ မဲဆောက်မြိုလယ်က ဘုန်းတော်ကြီးကျောင်းတခုမှာလူ၅၀၀လာက်ကို ကာကွယ်ဆေးထိုးပေးခဲ့ပါတယ် ။
ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်သူအများစုပါတဲ့ လူ ၅၀၀ နီးပါးကို ထိုင်း မြန်မာနယ်စပ် တာ့ခ်ပြည်နယ်၊ မဲဆောက် မြဝတီချစ်ကြည်ရေးတံတား အမှတ်(၂) ကနေ မြန်မာဘက်ကို အခုရက်ပိုင်းတွေမှာ လွှဲပြောင်းပေးခဲ့ပါတယ်။
နိုဝင်ဘာလ၁ရက်နေ့ကစပြီး သီတင်းနှစ်ပါတ်အတွင်း ထိုင်းမြန်မာနယ်စပ်တွေကနေ တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား ၄၀၀၀ ထက်မနည်းဖမ်းဆီးခံခဲ့ရပါတယ်။
ထိုင်း-မြန်မာနယ်စပ်၊ ချင်းမိုင်ပြည်နယ်အတွင်းက နယ်စပ်ဂိတ်မှာ စစ်ဆေးမခံဘဲ ကားမောင်းပြေးတဲ့ မူးယစ်မှောင်ခိုသမားနဲ့ ထိုင်းနယ်ခြားစောင့်တပ်တို့ ပစ်ခတ်မှု ဖြစ်ခဲ့တာမှာ မူးယစ်မှောင်ခိုသမားတဦး သေဆုံးခဲ့ပြီး ရွှေတြိဂံဒေသထုတ် စိတ်ကြွဆေး ၆ သန်းကို ထိုင်းအာဏာပိုင်တွေက ဖမ်းမိခဲ့ပါတယ်။
ထိုင်းလုပ်ငန်းရှင်တွေ အနေနဲ့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား သုံးနိုင်ငံက အလုပ်သမားတွေကို ခေါ်မယ်ဆိုရင် နိုဝင်ဘာလ ၃၀ ရက်နေ့ကစပြီး ထိုင်း အလုပ်သမားဝန်ကြီးဌာနမှာ စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။
ထိုင်းမြန်မာနယ်စပ် မယ်တာ့ခ်ပြည်နယ်ထဲက အုန်းဖျန်ဒုက္ခသည်စခန်းမှာ တလကျော်အတွင်း ကိုဗစ်ကပ်ရောဂါ ကူးစက်သူ ၃၀၀ ကျော်အထိရှိနေပြီး ဒုက္ခသည်တွေအတွင်း မိသားစုလိုက် ကူးစက်နေကြပါတယ်။
လျှပ်စစ်သုံးစွဲတဲ့ မီတာခတွေ ပေးဆောင်ကြဖို့ ရန်ကုန်က ရပ်ကွက်တွေမှာ လိုက်လံနှိုးဆော်နေသလို မီတာခ မပေးဆောင်တဲ့ အိမ်တချို့ကိုလည်း လျှပ်စစ်မီးတွေ ဖြတ်တောက်နေပါတယ်။ ရန်ကုန်က လာတဲ့သတင်းကို ကိုခင်မောင်စိုးမင်း က ပြောပြပါမယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်ပျံ့ပွားမှု ထိန်းချုပ်နိုင်ဖို့အတွက် မြန်မာနယ်စပ်ကနေ အထောက်အထားမရှိ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်လာသူတွေကိုပါ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ထိုင်းအစိုးရက စီစဉ်နေပါတယ်။
ထိုင်းနိုင်ငံအတွင်းကို မြန်မာနိုင်ငံကလာတဲ့ အထောက်အထားမဲ့တွေ တပတ်အတွင်း ၂,၈၀၀ ကျော် ဝင်လာပြီးတဲ့နောက် လုံခြုံရေးကို ပိုမိုတင်းကျပ်ဖို့ ထိုင်းဝန်ကြီးချုပ် Mr. Prayut Chan-o-cha က သတိပေးလိုက်ပြီးနောက် အခု ၂ ရက်အတွင်း ရိုဟင်ဂျာတချို့ အပါအဝင် မြန်မာနိုင်ငံကနေ ဝင်ရောက်လာသူ ၅၀၀ ထက်မနည်း ဖမ်းမိခဲ့ပါတယ်။
ထိုင်း-မြန်မာနယ်စပ်လမ်းတွေကနေ တပတ်အတွင်း တရားမဝင် ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂,၈၀၀ ကျော် ဖမ်းဆီးမိတာကြောင့် ထိုင်းဝန်ကြီးချုပ် Mr. Prayut Chan-o-cha က တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖြေရှင်းဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ညွှန်ကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံအတွင်း တရားမဝင်လုပ်သားတွေ ဝင်ရောက်မှု လျော့နည်းအောင် ရွှေ့ပြောင်းအလုပ်သမားတွေကို နှစ်နိုင်ငံ သဘောတူမှုစာချွန်လွှာ (MOU) လက်မှတ်ထိုးပြီး အလုပ်သမား ၈၀,၀၀၀ လောက်ကို ပထမဦးဆုံးအသုတ်နဲ့ ခေါ်ယူဖို့ စီစဉ်နေပါတယ်။
ထိုင်း-မြန်မာနယ်စပ်တွေမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေ နေ့စဉ် ရာနဲ့ချီ ဝင်ရောက်နေပြီး ကမ်ချနဘူရီပြည်နယ်ထဲမှာ ၂ ရက်အတွင်း ၃၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ်နဲ့နီးတဲ့ ကမ်ဖယ်ဖက်ပြည်နယ်ထဲမှာ မြန်မာနိုင်ငံသားတွေကို လူကုန်ကူးသူတွေက တင်ဆောင်လာတဲ့ ကားတစီး သောကြာနေ့ညက တိမ်းမှောက်ခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ နောက်ထပ် ကူးစက်ပျံ့ပွားမှုသစ်တွေကို ကာကွယ်နိုင်ဖို့ နိုင်ငံထဲက ရွှေ့ပြောင်းလုပ်သားအားလုံးကို ကိုဗစ်ကာကွယ်ဆေးထိုးဖို့ လိုအပ်တယ်လို့ ထိုင်းကျန်းမာရေးပညာရှင်တွေက ထိုင်းအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ဗီအိုအေသတင်းထောက် မအေးအေးမာက သတင်းပို့ထားပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း INNOVATIVE Gloves Co., Ltd လက်အိတ် စက်ရုံမှာ နာမကျန်းဖြစ်နေတဲ့ မြန်မာအလုပ်သမားတယောက် လုပ်ငန်းခွင်အတွင်း သေဆုံးခဲ့ရတဲ့ဖြစ်ရပ်အတွက် အလုပ်သမားအခွင့်အရေးရဖို့ မြန်မာအလုပ်သမား ၈၀၀ ကျော် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ထိုင်းကျန်းမာရေးဒုတိယဝန်ကြီးက ထိုင်းနိုင်ငံထဲမှာ တရားမဝင် အလုပ်လုပ်ကိုင်နေသူတွေအပါအဝင် ရွှေ့ပြောင်းအလုပ်သမားအားလုံးကို Covid-19 ကာကွယ်ဆေးများ ထိုးနှံဖို့စီစဉ်သွားမှာဖြစ်ကြောင်း နိုဝင်ဘာလ ၃ ရက်နေ့က တရားဝင် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
တာခ့်ပြည်နယ်ထဲက မဲဆောက်၊ တာ့ခ်၊ ဝမ်ကျောက်ခရိုင်တွေအပါအဝင် လူဦးရေ ၇ သိန်းနီးပါး ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပြီးသွားပြီ။ မြန်မာ၂ သိန်းလောက်က မဲဆောက်မှာရှိတယ်။ မြန်မာအများဆုံးရှိတဲ့ မဲဆောက်မှာ လူဦးရေ ခုနှစ်သောင်းလောက်ထိုးနှံပြီးသွားပြီ။” (ဦးမိုးကြိုး၊ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ)
ကမ်ချနဘူရီခရိုင်ထဲမှာဖမ်းခံထိတယ် ပွဲစားခက တဦးကိုဘတ်၂သောင်းလောက်ပေးရတာပေါ့နော် ၁၀၂ယောက်အကုန်ဖမ်းခံထိတယ်ရှိတာက ထောင်ဂဏန်းလောက်ရှိတယ် သတင်းမှာမတင်ကြတာမသိတာပဲရှိတယ်ဒီတပတ်အတွင်းမှာကိုထောင်ဂဏန်းလာက်ရှိတယ်။
မြန်မာနိုင်ငံ၊ အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၆၃ နိုင်ငံက ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ ခရီးသွားဧည့်သည်တွေ ထိုင်းနိုင်ငံလာရင် ဒီနေ့ နိုဝင်ဘာ ၁ ရက်နေ့ကစပြီး ရက်ရှည်သီးခြားခွဲနေ ကွာရန်တင်းလုပ်စရာ မလိုတော့ပါဘူး။
ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ပြည်နယ်မှာ ဒီရက်ပိုင်းမှာပဲ မူးယစ်ဂိုဏ်းဝင် ၁၅ ဦးခန့်နဲ့ ထိုင်းနယ်ခြားစောင့်တပ်တို့ ပစ်ခတ်မှုဖြစ်ပြီး မူယစ်ဂိုဏ်းဝင် ၂ ဦး အသေပစ်ခတ် ဖမ်းမိခဲ့သလို အိုက်စ်မူးယစ်ဆေး ကီလို ၃၀၀ နီးပါးပါတဲ့ ကျောပိုးအိတ် ၁၅ လုံးကို သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်