ထိုင်း-မြန်မာနယ်စပ် ကမ်ချနဘူရီပြည်နယ်၊ တာ့ခ်ပြည်နယ်၊ ချင်းမိုင်၊ ချင်းရိုင်ပြည်နယ်တွေမှာ ၃ ရက်အတွင်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၂၀၀ ကျော် ဖမ်းမိခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ဗီဇပြောင်း ကိုဗစ်ရောဂါပိုးအသစ် omicron ကူးစက်သူ စုစုပေါင်းကူးစက်သူ ၃ဦးရှိသွားပေမယ့် ပိတ်ဆိုကန့်သတ်မူ့တွေလုပ်ဖို့အစီစဉ်မရှိသေးဘူးလို့ ထိုင်းကျန်းမာရေးဒုဝန်ကြီ Mr. Anutin Charnvirakul ကဆိုပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာ ပြောပြပေးပါမယ်။
ထိုင်း-မြန်မာနယ်စပ် ပရာကျွတ်ခီရီကန် ပြည်နယ်အတွင်းမှာ ၅ ရက်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀၀ နီးပါး ဖမ်းမိကြောင်း ထိုင်းတပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ပြည်နယ်ထဲက ရွှေ့ပြောင်းစာသင်ကျောင်းတွေမှာ ကျောင်းတက်နေတဲ့ အသက် ၁၂ နှစ်နဲ့အထက် မြန်မာနိုင်ငံသား ကလေးတွေကို ကိုဗစ်ကာကွယ်ဆေးတွေ စတင်ထိုးပေးနေပြီး မဲဆောက်မြို့ ဆာသူးလေ ရွှေ့ပြောင်းအထက်တန်းကျောင်းက ကလေး ၃၀၀ နီးပါး ကာကွယ်ဆေးထိုးနှံခွင့် ရခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ဗီဇပြောင်း ကိုဗစ်ရောဂါအသစ် Omicron ပိုးတွေ့တဲ့လူနာ တွေ့ရှိပြီလို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ပြည်နယ် မဲလောနယ်စပ်ကျေးရွာအနီးမှာ ရွှေတြိဂံဒေသထုတ် စိတ်ကြွဆေးပြား ၄ သန်းကျော်၊ မူးယစ်ဆေးဝါးနဲ့ဆက်နွှယ်သူ လူ ၃၀ ကျော်ဖမ်းမိပြီး ပိုင်ဆိုင်မှု ထိုင်းဘတ်ငွေ သန်း ၁၀၀ ကျော်ကို နိုင်ငံပိုင်အဖြစ် သိမ်းယူခဲ့တယ်လို့ ထိုင်းအမှတ် ၅ ဒေသ မူးယစ်နှိမ်နင်းရေး ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။
မလေးရှားနိုင်ငံမှာ ဗီဇပြောင်းကိုဗစ်ရောဂါပိုးအသစ် Omicron ကူးစက်သူတဦးကို ဒီဇင်ဘာလ၂ ရက်နေ့မှာစတင်တွေရှိခဲ့တာကြောင့် ကိုဗစ်ကပ်ရောဂါထိမ်းချုပ်ရေးအစီအမံများကို ပြင်ဆင်သွားနိုင်ဖွယ်ရှိတယ်လို့ မလေးရှားရောက်မြန်မာတွေကဆိုပါတယ် ။
ဗီဇပြောင်းကိုဗစ်ရောဂါပိုးအသစ် Omicron ကူးစက်ပျံ့နှံ့လာမှာကို စိုးရိမ်နေတဲ့ထိုင်းနိုင်ငံမှာ တရားမဝင် အထောက်အထားမဲ့တွေအတွက် အထောက်အထားလက်မှတ်လုပ်ပေးမယ့်စင်တာတွေကို ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး ဘန်ကောက်အပါအဝင် မြို့နယ်တွေမှာ နေရာ ၅၀ လောက်မှာဖွင့်လှစ်ပေးပြီးလူ့အကန့် အသတ်နဲ့ လက်ခံပေးနေပါတယ်။
ထိုင်းနိုင်ငံထဲက နိုဝင်ဘာ ၁၅ ရက်နေ့ထဲကစလို့ အာဖရိကနိုင်ငံတွေက ဝင်ရောက်လာတဲ့ ခရီးသည် ရ၈၃ ဦးရှိခဲ့တယ်လို့ ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာကပြောပြပေးပါမယ်။
ထိုင်းအစိုးရက ကိုဗစ်ကပ်ဘေးကာလမှာ အထောက်အထားမဲ့တွေကို တရားဝင် နေထိုင် အလုပ်လုပ်ကိုင်ဖို့ အတွက် အလုပ်လုပ်ခွင့် အထောက်အထား လက်မှတ်တွေကို လုပ်ပေးခဲ့ရာမှာ နိုဝင်ဘာလ ၃၀ ရက်နေ့ ဟာ အလုပ်သမားတွေ မှတ်ပုံတင်ရမဲ့ နောက်ဆုံးနေ့ဖြစ်ပါတယ်။
ထိုင်းနိုင်ငံအတွင်း ကိုဗစ်ကပ်ရောဂါကူးစက်မှုအရှိန်ကျသွားတာကြောင့် နယ်စပ်တွေပြန်ဖွင့်ပေးချိန်မှာ အသစ်ပေါ်လာတဲ့ ဗီဇပြောင်းကိုဗစ်ရောဂါပိုးသစ် Omicron ကို ကာကွယ်တားဆီးနိုင်ဖို့ ထိုင်းအစိုးရက အပူတပြင်းဆောင်ရွက်နေတယ်လို့ ထိုင်းနိုင်ငံက ကျန်းမာရေး ဒုဝန်ကြီးက ဒီနေ့တနင်္လာနေ့မှာ ပြောလိုက်ပါတယ်။
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ပြည်နယ်ထဲက အုန်းဖျန်ဒုက္ခသည်စခန်းမှာ ၂ လအတွင်း ကိုဗစ်ကပ်ရောဂါ ကူးစက်သူ ၅၀၀ ကျော်အထိ ရှိနေပြီး ဒုက္ခသည်တွေ မိသားစုလိုက် ကူးစက်မှုတွေနဲ့ ကလေးတွေ ကူးစက်တာတွေ ဖြစ်နေပါတယ်။
ထိုင်းနိုင်ငံမှာ နိုဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး တရားဝင် အထောက်အထား လက်မှတ်တွေလုပ်ဖို့ စာရင်းပေးသွင်းကြဖို့ နှိုးဆော်နေသလို ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး ဖမ်းမိတဲ့ အထောက်အထားမဲ့တွေကို နေရပ်ပြန်ပို့တော့မှာဖြစ်ကြောင်း ထိုင်းအစိုးရက ကြေညာထားပါတယ်။
ထိုင်းအစိုးရအနေနဲ့ လုပ်သားတွေလိုအပ်နေတဲ့အတွက် မြန်မာ လာအိုဝ် ကမ္ဘောဒီးယား ၃နိုင်ငံကအလုပ်သမားတွေကိုခေါ်ယူဖို့ ထိုင်းအလုပ်သမားဝန်ကြီး စူချတ် ချွမ်ကလင် က အတည်ပြုလိုက်ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကပြောပြပေးပါမယ်။
ထိုင်း၊ မြန်မာနယ်စပ် တာ့ခ်ပြည်နယ် မဲဆောက် ဖွတ်ဖရ မယ်လမမြိုနယ်တွေအတွင်းမှာ နိုဝင်ဘာလ၂၅ ရက်နေ့ တနေ့ထဲ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၀၀ လောက်ကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးခဲ့ပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။
ထိုင်းအစိုးရက အထောက်အထားမဲ့သူတွေကိုပါ အစစ်အဆေးမရှိ ကိုဗစ်ကာကွယ်ဆေးထိုးပေးနေတာအပြင် တရားဝင် အလုပ်လုပ်ခွင့် ၂ နှစ်ရှိမယ့် ပန်းရောင်ကဒ် ထုတ်ပေးမယ်လို့လည်း ကြေညာထားတာကြောင့်ထိုင်းနိုင်ငံထဲ နယ်စပ်အသီးသီးကိုဖြတ်ကျော်ဝင်လာလို့ ဖမ်းမိသူပေါင်း နိုဝင်ဘာလဆန်းကစလို့ ဒီနေ့ထိ တလနီးပါးအတွင်း ၉,၀၀၀ နီးပါးရှိပါတယ်။
ထိုင်းမြန်မာနယ်စပ် ထိုင်းမြောက်ပိုင်းမှာ မူးယစ်ဂိုဏ်းနဲ့ထိုင်းစစ်တပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး မူးယစ်မှောင်ခိုဂိုဏ်းဝင် ၆ ဦး အသေဖမ်းမိခဲ့ကြောင်း အမှတ်သုံးနယ်ခြားစောင့်တပ်ကထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
မြန်မာနဲ့နယ်စပ်မြို့ဖြစ်တဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ရှိနေတဲ့ မြန်မာနိုင်ငံ သားရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းအစိုးရက ကိုဗစ်ကာကွယ်ဆေးထိုးပေးနေတာမှာ အထောက်အထားရှိသူရော မရှိသူပါ ၁ သိန်းခွဲလောက် ကာကွယ်ဆေး ထိုးပြီးနေကြပါပြီ။
ထိုင်းနိုင်ငံထဲကို မြန်မာနိုင်ငံဘက်ကနေ အလုံးအရင်းနဲ့ တရားမဝင် ဝင်ရောက်လာသူ နိုဝင်ဘာလဝက်အတွင်း လူ ၇,၀၀၀ ကျော်ရှိလာပြီး လူကုန်ကူးမှုတွေလည်း ရှိလာတဲ့အတွက် ထိုင်းဝန်ကြီးချုပ်က နယ်စပ်လုံခြုံရေးကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်ဖို့အတွက် ညွှန်ကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံနယ်စပ်တွေကနေ နိုင်ငံခြားသား အထောက်အထားမဲ့တွေ တရားမဝင် ဝင်ရောက်မှုက နိုဝင်ဘာလ ပထမလဝက်အတွင်း အရေအတွက် ၇,၀၀၀ ကျော်ရှိပြီး ဒီထဲမှာအများစုက မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ ထိုင်းနိုင်ငံ ကပ်ရောဂါထိန်းချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်