ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်း ကရင်လက်နက်ကိုင် KNU တပ်မဟာ ၆ ထိန်းချုပ်ရာ လေးကေ့ကော်ဒေသထဲမှာ KNU နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား ဒီနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဘက်လုံးမှာ အပြန်အလှန် ဖမ်းဆီးခံရတာတွေ ရှိခဲ့ပါတယ်။
မြဝတီခရိုင်၊ လေးကေ့ကော်မြို့သစ်မှာ စစ်ကောင်စီတပ်တွေကတဘက် KNU၊ NUG နဲ့ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေကြား ၂ ပတ်ကြာတိုက်ပွဲတေါကြောင်း ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးစစ်ဘေးရှောင်နေသူ သောင်းဂဏန်းအထိ ရှိလာနေပါပြီ။
ကရင်ပြည်နယ် မြဝတီခရိုင်ထဲက ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ လေးကေ့ကော်နဲ့ အနီးကဒေသတဝိုက်မှာ ဒီနေ့ ဒီဇင်ဘာ ၂၇ ရက်မနက် ၄ နာရီလောက်ကတည်းက စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီခရိုင်အတွင်း စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်တို့ရဲ့ နှစ်ဖက်တိုက်ပွဲတွေမှာ မြန်မာစစ်ကောင်စီဘက်က လက်နက်ကြီးကျည်တချို့ ထိုင်းနိုင်ငံထဲ ကျရောက်ခဲ့ပါတယ်။
ကရင်ပြည်နယ် လေးကေ့ကော်ဘက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေရှိတဲ့ ရေတံခွန်စခန်းနေရာကို သောကြာနေ့ ညနေပိုင်းကလည်း စစ်ကောင်စီဘက်က လေကြောင်းက တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးတွေနဲ့ပါပစ်ခတ်တာတွေကြောင့် ထိုင်းဘက်က ကျေးရွာတွေကိုလည်းလက်နက် ကြီးကျည်တွေ ကျရောက်ခဲ့ပါတယ်။
ဗီဇပြောင်းကိုဗစ် မျိုးကွဲသစ် ဖြစ်တဲ့ Omicron ကူးစက်သူ မြန်မာ့အိမ်နီးချင်းထိုင်းနိုင်ငံမှာ ၁၀၀ ကျော်ရှိသွားပါပြီ။ မြန်မာရွှေပြောင်းအလုပ်သမား သန်းနဲ့ချီ ရှိနေတဲ့ ထိုင်းနိုင်ငံက Omicron ကိုဗစ်ကပ်ရောဂါကူးစက်မှုအခြေအနေနဲ့ပါတ်သက်လို့ ထိုင်းအခြေစိုက်သတင်းထောက် မအေးမာက တင်ပြပါမယ်။
ကရင်ပြည်နယ် မြဝတီခရိုင် လေးကေ့ကော်အနီး လေးကပေါ်ဆိုတဲ့ ကေအန်ယူ တပ်မဟာ(၆)ထိမ်းချုပ်ထားတဲ့နေရာကို စစ်ကောင်စီဘက်က ဒီဇင်ဘာလ ၂၃ရက်နေ့ည ၁၀နာရီကျော်မှာ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးတွေနဲ့ ပါပစ်ခတ်ခဲ့ပါတယ်။ ဒီသတင်းကိုဗွီအိုအေ သတင်းထောက်မအေးအေးမာကပြောပြပေးပါမယ်။
မြဝတီတောင်ဘက် သေ့ဘောဘိုးရွာဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေ ဒီဇင်ဘာလ ၂၂ ရက်က ဖြစ်ခဲ့တဲ့တိုက်ပွဲအတွင်း ရွာထဲကို လက်နက်ကြီးကျည်ဆံတွေကျလာလို့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ကြသူ ၂,၀၀၀ လောက် သောင်ရင်းမြစ်နားမှာ ခိုလှုံနေထိုင်နေကြရပါတယ်။
ထိုင်းနိုင်ငံမှာ နိုင်ဂျီးရီးယားပြန် ကိုလံဘီယာလူမျိုးလေယာဉ်မှူးကတဆင့် ထိုင်းနိုင်ငံသူဇနီးကို အိုမီခရွန်ပိုးကူးစက်ခဲ့သလို လူ ၆၀ မှာလည်း အိုမီခရွန်ကူးစက်မှုတွေ့ရတာကြောင့် Test and Go စနစ်နဲ့ ပြည်ဝင်ခွင့်ပေးထားတာကို ဒီဇင်ဘာ ၂၁ ရက် အင်္ဂါနေ့ကစပြီး ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။
ကရင်ပြည်နယ် မြဝတီခရိုင်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ KNLA နဲ့ PDF ပူးပေါင်းတပ်တွေကြား နှစ်ဖက်တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည်တွေ ထိုင်းနိုင်ငံဘက်ကို ခိုလှုံလာသူ ၅ ထောင်ကျော်ရှိသွားပါပြီ။
မြန်မာစစ်ကောင်စီတပ်တွေနဲ့အတူ BGF နယ်ခြားစောင့်တပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ဟာ မြဝတီခရိုင်ထဲက မေတ္တာလင်းမြိုင်ရွာဘက်မှာ တိုက်ပွဲဖြစ်ပြီး ဖလူးရွာထဲက စစ်ဘေးရှောင်ဒုက္ခသည်တွေ ရှိရာကို ဝင်ရာက်ပစ်ခတ်တဲ့အတွက် ဖလူးရွာဘက်မှာလည်း နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီခရိုင်ထဲက မေတ္တာလင်းမြိုင်နဲ့ မဲ့ထော်သလေး နေရာကြားမှာ စစ်ကောင်စီတပ်နဲ့ KNLA၊ PDF ပူးပေါင်းတပ်များ ဒီဇင်ဘာလ ၁၉ ရက်နေ့ နေ့လယ်ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။
ကရင်ပြည်နယ် မြဝတီခရိုင်ထဲက လေးကေ့ကော်ဒေသမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ ကရင်အမျိုးသားကာကွယ်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ် စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား ပစ်ခတ်မှုတွေ ဆက်ရှိနေပါတယ်။
ကရင်ပြည်နယ်ထဲ တိုက်ပွဲဖြစ်နေတဲ့ လေးကေ့ကော်မြို့သစ်နဲ့အနီးတဝိုက်ကျေးရွာ ၄ ရွာက ရွာသူရွာသားတွေကို ဘေးလွတ်ရာတိမ်းရှောင်ကြဖို့ ကျေးရွာတာဝန်ရှိသူတွေက အသိပေးထားပြီး ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးရသူ ၂ ထောင်ကျော်ရှိနေပြီဖြစ်ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ ပြောခွင့်ရ စောနန္ဒဆူး က ပြောပါတယ်။
ထိုင်းမြန်မာနယ်စပ် မြဝတီခရိုင်ထဲက ကေအန်ယူတပ်မဟာ (၆) ထိန်းချုပ်ရာ လေးကေကော်မြို့ သစ်ထဲကို စစ်ကောင်စီတပ်တွေဝင်ရောက်ပြီး ဧရာဝတီတိုင်းက အိမ်မဲနဲ့မြောင်းမြ လွှတ်တော်အမတ် ၂ ဦးအပါအဝင် တက်ကြွလှုပ်ရှားသူလူငယ်တွေကို ဖမ်းဆီးခဲ့ပြီးတဲ့နောက် ကေအန်ယူတပ်တွေနဲ့ မြန်မာစစ်တပ်ကြားတိုက်ပွဲတွေ ဒီနေ့ထိ ဆက်ဖြစ်ခဲ့ပါတယ်။
KNU ထိန်းချုပ်နယ်မြေ လေးကေကော်မြို့သစ်ထဲမှာ ခိုလှုံနေကြတဲ့ လွှတ်တော်အမတ်တယောက်နဲ့ တက်ကြွလှုပ်ရှားသူတွေကို စစ်တပ်က အသိမပေးဘဲ ဝင်ဖမ်းခဲ့တာကြောင့် ပြန်လွှတ်ပေးဖို့တောင်းဆိုရင် အပြန်အလှန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေကြပြီး ဒေသခံတိုင်းရင်းသားတွေ ဘေးလွတ်ရာထွက်ပြေးနေကြရပါတယ်။
ဒုက္ခသည် ထောင်ဂဏန်းလောက် ဆန္ဒပြမူတွေ ဖြစ်ပြီး လုံခြုံရေးအာဏာပိုင်တွေက သေနတ်ဖောက် လူစုခွဲတာတွေ လုပ်ခဲ့ကြပါတယ်။
ဒီနေ့ ဖြစ်စဉ်ကတော့ ရပ်ကွက် ၆ က အိမ်တအိမ်ကို အရင်ဝင်ရှာတယ်။ သတင်း အတိကျရထားတယ်ပေါ့နော်။ အဲဒီအိမ်က မြောင်းမြ လွှတ်တော်ကိုယ် စားလှယ်ဒေါက်တာဝေလင်းအောင်ကို ဖမ်းခေါ်သွားတယ်။ ကျန်တဲ့ GZ လေးတွေ ၁၃ ယောက်ပါသွားတယ်။ အခုချိန်ထိ အဲဒီနေရာကို သူတို့ ၇ ရက်လောက်ထိတပ်စွဲထားမယ်လို့ပြောတယ်။” လေးကေကော်မြို့ခံ၊ ကိုစောမွန်
အလုပ်အကိုင်အဆင်မပြေတာ ရယ် တရားမဝင်နေထိုင်ရလို့ အဖမ်းအဆီးတွေေ ကြာင့် တချို့ ပြန်ချင်သူတွေအတွက် လည်းကောင်းပါတယ်။ ဒီမှာနှစ်ကုန်ပိုင်းမှာအဖမ်းအဆီးတွေလုပ်ဖို့လည်း စနေပြီ ခင်ဗျ။
ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ပြည်နယ်အတွင်းမှာ ဒီရက်ပိုင်းအတွင်း ကာလတန်ဖိုး ဘတ်ငွေ သန်းပေါင်း ၂,၀၀၀ ကျော် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား ၁၀ သန်းကျော် ဖမ်းမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ ပတ်သက်သူတွေကို ပြစ်ဒဏ်တိုးမြှင့်ချမယ်လို့ ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်