ထိုင်းနိုင်ငံ ကမ်ချနာဘူရီပြည်နယ် ၊တာ့ခ်ပြည်နယ် ၊ပကျွတ်ခီရီကန်ပြည်နယ် ၊ ချင်းမိုင် ပြည်နယ်စတဲ့ပြည်နယ်၄ခုမှာ ၄ရက်အတွင်းလူကုန်ကူးခံရတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား၇၀၀ကျော်ဖမ်းမိခဲ့ပါတယ်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ချစ်ကြည်ရေးတံတားကနေ့ နေရပ်ပြန်ကြတဲ့မြန်မာအလုပ်သမားတွေကို မြဝတီမြို့ရောက်တဲ့အခါမှာ သူတို့ရဲ့ ဖုန်းတွေထဲ နိုင်ငံရေးနဲ့ပတ်သက်တာ စစ်ဆေးတာအပြင် တချို့လည်းသံသယနဲ့ ဖမ်းဆီးခံရသူတွေ ရာဂဏန်းလောက်ရှိနေတယ်လို့ ဆိုပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ် ။
ဇန်နဝါရီလ ၁၆ရက်နေ့ကတော့ မြဝတီမြို့ကနေ လောင်စာဆီတင်လာတဲ့ ဆီဘောက်ဆာကားတွေကို KNU ကရင်အမျိုသား လွတ်မြောက်ရေးတပ်နဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်စတဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူကာကွယ်ရေးတပ်က ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုစောမွန်ကပြောပါတယ်။
ကရင်ပြည်နယ် မြဝတီခရိုင်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ် စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်နေတာကြောင့် သောင်ရင်းမြစ်အနီး မြန်မာဘက်ခြမ်းမှာ စစ်ဘေးရှောင်ဒုက္ခသည် ၄,၀၀၀ လောက် ရှိနေတာပါ။
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းအနီး ကော့ကရိတ်မြို့ တောင်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ဇန်နဝါရီလ ၁၅ ရက် နေ့လယ်ပိုင်းကစပြီး လေကြောင်းကနေ တတိယအကြိမ်မြောက် ပစ်ခတ်ခဲ့တာကြောင့် ဒုက္ခသည် ၂,၀၀၀ လောက် အိုးအိမ်စွန့် ထွက်ပြေးနေကြရပါတယ်။
ထိုင်းနိုင်ငံ ကမ်ချဘူရီပြည်နယ် ၊ရနောင်းပြည်နယ် ၊ ချင်းမိုင် မယ်ဟောင်ဆောင် တာ့ခ် စတဲ့ပြည်နယ်၇ခုမှာ ၄ရက်အတွင်းလူကုန်ကူးခံရတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား၇ဝဝကျော် ဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။
ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့ တောင်ဘက် ဖလူးလေးကျေးရွာမှာရှိတဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ရဲ့ ဗိုလ်စလုံးစခန်းကို စစ်ကောင်စီတပ်တွေက ရဟတ်ယာဉ် ၂ စင်းနဲ့ ဒီနေ့ ဇန်နဝါရီလ ၁၄ ရက်မှာ တိုက်ခိုက်ရာ စစ်ပြေးဒုက္ခသည်များ ထိုင်းနိုင်ငံဘက်ထွက်ပြေးခိုလှုံကြပါတယ်။
KNU ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၅ ထိန်းချုပ်ရာ ဖာပွန်ခရိုင် (မူတြော်) ခရိုင် ထဲက ရွှေညောင်ပင်ကျေးရွာပေါ်ကို စစ်ကောင်စီတပ်တွေက လေကြောင်းကနေ ဗုံးကြဲတိုက် ခိုက်တာကြောင့် ရွာသား ၁ ယောက်သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့ပါတယ်။
“မနက် (၁) နာရီလောက်မှာ လာပစ်သွားတယ်။ ညကြီးမင်းကြီးမှာ လာပစ်တာ။ အထူးသဖြင့် အရပ်သားတွေကို ပစ်မှတ်ထားပြီး လာလုပ်တာ။ အထူးသဖြင့် ဆေးရုံတွေ ကျောင်းတွေဆိုတာ မသိတာလည်းမဟုတ်ဘူး။ သိသိကြီးနဲ့ လာပစ်တာ။” (KNU နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီး)
“ဖလူးဘက်မှာ တိုက်ပွဲဖြစ်တယ်။ ကော့ကရိတ်ဘက်မှာတော့ မြို့ဟောင်းရွာကို လာဝင်ပစ်တယ်။ မြို့ဟောင်းနဲ့ တဆက်တည်း ကဒိုးထရွာမှာလည်းတိုက်ပွဲဖြစ်ဆက်နေတယ်။ နောက်ပိုင်း ရဟတ်ယာဉ်နဲ့က စက်သေနတ်နဲ့လာပစ်တယ်။ ကျနော်တို့ PDF ဘက်က မပြင်းထန်တဲ့ ဒဏ်ရာ ၂ ယောက်ဒဏ်ရာရတယ်။”(ကိုစောမွန်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)
ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာ မြဝတီခရိုင်နဲ့ ဒူးပလာယာခရိုင်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေအကြား ပြောက်ကျားတိုက်ပွဲတွေ ဖြစ်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်တာကြောင့် ကော့ကရိတ်ဒေသခံ ၂,၀၀၀ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
အာဏာသိမ်း စစ်ကောင်စီနဲ့ KNU အကြားမှာ ၂၀၂၁ခုနှစ်အတွင်းတိုက်ပွဲပေါင်း၃၀၀၀ကျော်ဖြစ်ခဲ့ပြီး လက်ရှိမှာ စစ်ရှောင်ဒုက္ခသည် ၅သောင်းလောက် ထွက်ပြေးနေရတယ်လို့ ကေအန်ယူကနှစ်ချုပ်အစီရင်ခံစာကိုဇန်နဝါရီလ ၇ ရက်နေ့မှာထုတ်ပြန်ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာကပြောပြပေးပါမယ်။
ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာကြတဲ့ အထောက်အထားမဲ့ မြန်မာတွေ ဖမ်းဆီးခံရတာ ၂၀၂၂ ခုနှစ်ကူးပြီး တပတ်အတွင်း ၄၀၀ ကျော်လောက် ရှိပါတယ်။ လူကုန်ကူးသူတွေကိုလည်း ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးနေတဲ့အကြောင်းဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံမှာ ဗီဇပြောင်းကိုဗစ် မျုးိကွဲomicron ကူးစက်မူ့နှုံးမြင့်တက်လာသလို နေစဉ် ကိုဗစ်ကူးစက်သူလူနာဦးရေ ၅ ထောင်အထက်ကိုရောက်ရှိလာတာကြောင့် ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ် သတိပေးချက် အဆင့်(၃)ကနေ အဆင့်၄အထိ တိုးမြှင့်ထုတ်ပြန်လိုက်ပါတယ် ။
လေ့ကေကော်မြို့သစ် ဒေသတဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူ ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် ဒုက္ခသည် ၂သောင်းလောက်ဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ် ။ ဒီသတင်းကိုဗွီအိုအေ သတင်းထောက်မအေးအေးမာကပြောပြပေးပါမယ်။
“အတွင်းဂိတ် ၄ ခုမှာက စစ်ရှောင်လူဦးရေ ၁,၇၀၀ ကျော်လောက်ရှိတယ်။ အပြင်ဂိတ်ဘက် ၃ ခုမှာကတော့ စစ်ရှောင် ၁,၅၀၀ ကျော်လာက်ရှိတယ်။ ၂ ခုပေါင်း စစ်ရှောင်ဒုက္ခသည် ၃,၄၀၀ ဝန်းကျင်လောက် ရှိတယ်။” (ဒုက္ခသည်အရေး ကူညီသူ)
မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဗီဇပြောင်း ကိုဗစ် မျိုးကွဲသစ် Omicron အတည်ပြုလူနာ ၁၇၀၀ ကျော် ရှိသွာပြီဖြစ်တာကြောင့် စောင့်ကြည်ရေးစင်တာမဝင်၊ သီးခြားခွဲနေစရာ မလိုဘဲ Test and Go စနစ်နဲ့ ပြည်ဝင်ခွင့်ပေးထားတာကို လကုန်ထိရပ်ဆိုင်းထားဖို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက အကြံပြုပါတယ်။
ထိုင်းနိုင်ငံထဲမှာ တရားမဝင် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ ဆက်တိုက်ဝင်ရောက်လာနေဆဲဖြစ်ပြီး နှစ်သစ်ကူးကာလမှာပဲ ဖမ်းမိသူတွေ ၂၀၀ ကျော် ရှိနေတယ်လို့ အလုပ်သမားရေး ဆောင်ရွက်နေသူတွေက ဆိုပါတယ်။
ကရင်ပြည်နယ်၊ မြဝတီခရိုင်ထဲက ကေအန်ယူ ထိန်းချုပ်မှုအောက် လေးကေ့ကော်မြို့သစ် ဒေသတဝိုက်မှာ ၂၀၂၂ ခုနှစ် နှစ်စဖြစ်တဲ့ ဇန်နဝါရီလ ၁ ရက်နေ့မှာလည်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်ပြည်နယ်၊ မဲ့အိုင်းမြို့နယ်အတွင်း ဒီဇင်ဘာလ ၂၉ ရက်နဲ့ ၃၀ ရက်တွေမှာ မူးယစ်မှောင်ခိုသမားတွေနဲ့ ရဲတပ်ဖွဲ့ကြား အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီးတဲ့နောက် စိတ်ကြွဆေးပြား ၅ သန်းကျော် ဖမ်းမိခဲ့ပြီး ရဲအရာရှိတဦး သေဆုံးသွားခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်