၈ ယောက်ဖမ်းသွားတယ် ဒီမနက်လာပြီးမှ သူတို့ပြောတဲ့ပုံစံကတော့ ဒီစခန်းထဲမှာရုန်းရင်းဆန်ခတ်ဖြစ်အောင်လုပ်လို့ ဖမ်းသွားတယ်ပြောတယ် ၈ယောက်မှာ လုံခြုံရေး က တယောက်ပါတယ် စခန်းလုံခြုံရေးထဲက ပါ လုံခြုံရေးကလည်းဒုက္ခသည်ထဲကပါပဲ။
လေးကေကော်ဒေသ နဲ့ ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ နယ်မြေခံ KNLA ပူးပေါင်းတပ်ဖွဲ့များအကြား မကြာခန ပစ်ခတ်မူတွေကြောင့် စစ်ဘေးရှောင်ဒုက္ခသည်တွေ နေရပ်မပြန်နိုင်သေးသလို တချို့လည်း ထပ်ပြီးတိမ်းရှောင်လာတာတွေရှိနေပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ် ။
ထိုင်းမြန်မာနယ်စပ် ကမ်ချနဘူရီ် ၊ပရာကျွတ် ခီရီကန်၊ ချင်းရိုင်၊ ချင်းမိုင်၊ တာ့ခ်ပြည်နယ်ထဲမှာ ဖေဖေါ်ဝါရီလ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ၄ ရက်အတွင်း လူကုန်ကူးသူတွေ ခေါ်လာတဲ့ မြန်မာနိုင်ငံသား ၅၀၀ လောက် အစုလိုက်အပြုံလိုက် အဖမ်းခံရပါတယ်။
မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အများဆုံးရှိကြတဲ့ မဲဆောက်မြို့နယ်အတွင်း စက်ရုံ၄ရုံလောက်ကို ထိုင်းလူဝင်မူ့ကြီးကြပ်ရေး ဝင်ရောက်ပြီး အထောက်အထားမရှိသူတွေကို စစ်ဆေးတာတွေ ဖမ်းဆီးတာတွေလုပ်ခဲ့ကြောင်း အလုပ်သမားရေးလှုပ်ရှားနေသူတွေက ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။
ကရင်ပြည်နယ်မှာ ပြည်တွင်းဒုက္ခသည်အသစ် ၇ သောင်းလောက်ရှိနေပြီးအရင်က ဒုက္ခသည်တွေနဲ့ဆိုရင် ကရင်ပြည်နယ်ထဲမှာ ပြည်တွင်းဒုက္ခသည် ၂သိန်းကျော်လောက်ရှိနေပြီလို့ ကရင်အမျိုးသားအစည်းအရုံး KNU ကဆိုပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာသတင်းပေးပို့ထားပါတယ် ။
ထိုင်းနိုင်ငံထဲမှာပဲ နဂို ပတ်စပို့ ထုတ်ပေးတဲ့စင်တာရှိတယ် အဲဒီစင်တာမှာ အဲဒီမှာ သက်တမ်းတနှစ်တိုးပြီးတော့မှ အလုပ်သမားတွေကိုနေရပ်ရင်းပြန်စရာမလိုပဲ ဒီနိုင်ငံမှာပဲသက်တမ်းတိုးဖို့ စီစဉ်ဆုံးဖြတ်တာပါ အဲဒါကို အလုပ်သမားဝန်ကြီးဌာနကတော့ အခိုင်အမာဆုံးဖြတ်ချက်ချလိုက်ပါပြီ။
ထိုင်း-မြန်မာနယ်စပ် ကမ်ချနဘူရီပြည်နယ်၊ ပရာကျွတ်ခီရီကန်ပြည်နယ်၊ တာ့ခ်ပြည်နယ်တွေထဲမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က ၆ ရက်နေ့ထိ လူကုန်ကူးသူတွေ ခေါ်လာတဲ့ မြန်မာနိုင်ငံသား ၁,၀၀၀ ကျော်လောက် အစုလိုက်အပြုံလိုက် အဖမ်းခံခဲ့ရကြောင်း ထိုင်းနယ်ခြားစောင့်တပ်က သတင်းထုတ်ပြန်ပါတယ်။
မလေးရှားနိုင်ငံရောက် နေထိုင်လုပ်ကိုင်ခွင့် အထောက်အထားရှိသူရော မရှိသူတွေပါ ပါဝင်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၀ ဝန်းကျင်ဟာ စစ်အာဏာသိမ်းတနှစ်ပြည့်အဖြစ် မလေးရှားနိုင်ငံမြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတဲ့အတွက် မလေးရှားရဲတပ်ဖွဲ့တွေက ဖမ်းဆီးခံထားရပါတယ်။
ထိုင်းနိုင်ငံအကျဉ်းထောင်တွေထဲမှာ ပြစ်ဒဏ်ကျခံနေရပြီး လွတ်ရက်စေ့လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၁၀ ကို ထိုင်း-မြန်မာနယ်စပ်၊ ရနောင်းပြည်နယ်ကနေ မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ဘက်ကို ဖေဖေါ်ဝါရီ ၁ ရက်နေ့က ပြန်လွှဲပေးခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ကုန်ထုတ်လုပ်မှုလုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းဝန်ဆောင်မှုလုပ်ငန်းများအတွက် ရွှေ့ပြောင်းလုပ်သား ၈ သိန်း အရေးပေါ် လိုအပ်နေကြောင်း ထိုင်းစက်မှုလက်မှုလုပ်ငန်းအဖွဲ့ချုပ် (FTI) ကပြောကြားလိုက်ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်ထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ် ။
ထိုင်းမြန်မာနယ်စပ် ကမ်ချနဘူရီပြည်နယ် ပရာကျွတ်ခီရီကန်ပြည်နယ် တာ့ခ်ပြည်နယ်ထဲမှာပဲ ဇန်နဝါရီလ ၃၁နဲ့ဖေဖေါ်ဝါရီလ ၁ရက်နေ့ ၂ရက်အတွင်းလူကုန်ကူးသူတွေခေါ်လာတဲ့မြန်မာနိုင်ငံသား လူ၆၀၀လောက်အစုလိုက်အပြုံလိုက် အဖမ်းခံခဲ့ရပါတယ်။ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။
ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီပြည်နယ် စိုင်ယို့နယ်စပ်မှာ မြန်မာ ၁၀ ဦးကို လူကုန်ကူးတဲ့ ကားတစီးကို စစ်ဆေးဖို့ ရပ်ခိုင်းတာကို မောင်ပြေးခဲ့လို့ ကျေးရွာလုံခြုံရေးက ပစ်ခတ်ခဲ့လို့ မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသားတဦး သေဆုံးပြီး အမျိုးသမီးတဦး ဒဏ်ရာရသွားခဲ့ပါတယ်။
ထိုင်း မြန်မာနယ်စပ်ချင်းမိုင်ပြည်နယ်မှာ မူးယစ်မှောင်ခိုဂိုဏ်းနဲ့ ထိုင်းနယ်ခြားစောင့်တပ်ကြား ဇန်နဝါရီလ ၂၇ ရက်နေ့က ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး စိတ်ကြွဆေးအရေအတွက် လေးသန်းကျော်နဲ့ လက်နက်တချို့ကို ထိုင်းနယ်ခြားစောင့်တပ်က သိမ်းဆည်းခဲ့ပါတယ်။ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က ပြောပြပေးပါမယ်။
တရားမဝင် ဝင်ရောက်လာသူ မြန်မာနိုင်ငံသားတွေကို ထိုင်းအစိုးရက မြန်မာနိုင်ငံဘက်ကို ပြန်ပို့နေတာ ၂၀၂၁ ခုနှစ် သြဂုတ်ကတည်းကဆိုရင် ၂၃,၀၀၀ ကျော် ရှိသွားပါပြီ။ ပြန်ပို့ခံရသူတွေကို နိုင်ငံရေးနဲ့ပတ်သက်သလား စစ်ဆေးပြီး မသင်္ကာရင် ဖမ်းဆီးတာတွေရှိတာကြောင့် သတိထားကြဖို့ မြန်မာ အလုပ်သမားအရေး လုပ်နေသူက သတိပေးပါတယ်။
ကရင်ပြည်နယ်မှာ တိုက်ပွဲတွေငြိမ်းသက်နေပေမယ့် လေးကေ့ကော်မြို့သစ် အပါအဝင် အနီးတဝှိက် ကျေးရွာတွေက စစ်ဘေးရှောင် ဒုက္ခသည်တွေဟာ အခုချိန်ထိနေရပ်မပြန်နိုင်သေးပဲ သောင်ရင်းမြစ်တလျောက် အဆင်ပြေတဲ့နေရာတွေမှာ နေထိုင်နေရပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံ အတွင်း တရားမဝင် မြန်မာရွေပြောင်းအလုပ်သမား ၁၈ ဦးတင်ဆောင်လာတဲ့ ကားတိမ်းမှောက်ပြီး လူ၃ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၁၈ဦးကို စွန့်ပစ်ခဲ့တဲ့ လူကုန်ကူး ဖြစ်စဉ်မှာပါဝင်တဲ့ ရဲအရာရှိတဦးကို ဖမ်းဆီးပြီး ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကပြောပြပေးပါမယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ဘေး အရေးပေါ်ကာလကို ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ မတ်လ ၃၁ ရက်နေ့အထိ ၂ လ ထပ်မံတိုးထားကြောင်း ထိုင်းနိုင်ငံ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင် Sai Yok မြို့နယ်ကနေ Thong Pha Phum ကိုသွားတဲ့ ကားတစီး ယာဉ်တိုက်မှုဖြစ်ပြီး မတော်တဆ တိမ်းမှောက်တာကြောင့် ကားထဲမှာပါလာတဲ့ မြန်မာ ၄ ဦး သေဆုံးပြီး ၇ ဦးလောက်က ပြင်းထန်တဲ့ဒဏ်ရာတွေ ရခဲ့ပါတယ်။
ထိုင်းမြန်မာနယ်စပ်ချင်းရိုင်ပြည်နယ်ထဲမှာ ရွှေတြီဂံဒေသထုတ်ခရမ်းရောင်စိတ်ကြွဆေပြားအသစ် အလုံးရေ ၉ သန်း ကို ၂၀၂၂ခုနှစ်စမှာ ဖမ်းမိကြောင်း ချင်းရိုင်းပြည်နယ် အမှတ်(၅) ဒေသ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကပြောပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်