ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း မဟာသင်္ကြန် အတက်နေ့က နေရာ ၅ နေရာမှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့သလို ကရင်နဲ့ မွန်နယ်စပ် ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာလည်း ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။
“ဒီလိုအချိန်ဆို တံတားဖွင့်တော့ မိဘတွေကို တနှစ်တခါ ပြန်ပြီးကန့်တော့တာပေါ့။ အခုက တံတားမဖွင့်တေ့ာ ပြန်လို့လည်းမရဘူး။ ဘုန်းကြီးကျောင်းသွား၊ ပြန်လာ၊ အဲဒါပဲ။ ဘယ်မှသွားမရဘူး၊ သွားလည်း ပုလိပ်ဖမ်းတာပဲ။ မနေ့က ၃ ယောက်ဆို ဘတ်တထောင်ပေးလိုက်ရတယ်။ ကလေးဆေးခန်းပြတယ်ပြောလည်းမရဘူး။ လက်မှတ်က သက်တမ်းကုန်သွားပြီလေ။”
မြန်မာနိုင်ငံရန်ကုန် မော်လမြိုင် ကရင်ပြည်နယ်မြဝတီကနေ လာကြတဲ့ မြန်မာနိုင်ငံသား၂၀ကျော်ဟာ သင်္ကြန်ကာလမှာ ထိုင်းမြန်မာနယ်စပ်ကိုဖြတ်ကျော်ပြီး မလေးရှားနိုင်ငံကိုဝင်ရောက်ဖို့ကြိုးစားတဲ့အတွက် ထိုင်းမလေးရှားနယ်စပ်ဆုံခလာပြည်နယ်ထဲမှာ ဖမ်းဆီးခံခဲ့ရပါတယ်။ တရားမဝင်မြန်မာတွေ ထိုင်းနယ်စပ်တွေမှာ ဖမ်းဆီးခံနေရပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ ထိန်းချုပ်ရာ မြဝတီခရိုင်ထဲမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဆက်တိုက်ရှိနေပြီး ကုန်တင်ကားနဲ့ဆိုင်ကယ်တွေ မီးရှို့ဖျက်စီးခံထားရပါတယ်။
“အလုပ်လက်မဲ့ပြဿနာဖြစ်နေတဲ့ မြန်မာပြည်တွင်းက အလုပ်ရှာသူတွေဟာ လူပွဲစားတွေကို မြန်မာငွေ ကျပ် ၁၃ သိန်းဝန်းကျင်ပေးရပြီး ထိုင်းဘက်ကို ဝင်လာနေကြပေမယ့် ထိုင်း လဝက နဲ့ ကပ်ရောဂါထိန်းချုပ်ရေးတို့အတွက် လုံခြုံရေးတင်းကြပ်ထားတာကြောင့် အဖမ်းအဆီးခံရသူတွေ၊ မြန်မာပြည်ပြန်ပို့ခံရသူတွေလည်း အများအပြားရှိနေပါတယ်။
“အခုလတ်တလော ပြီးခဲ့တဲ့ရက်က ကူးလာတဲ့စစ်ရှောင်တွေကတော့ နေရာဒေသ ၅ ခုမှာရှိတယ်။ အုန်းဖန် ဘက်မှာနေရာ ၄ ခုရှိတယ်။ ဖွတ်ဖရဘက်မှာနေရာတခုရှိတယ်။ စုစုပေါင်း စစ်ဘေးရှောင်ဦးရေကတော့ ၁,၆၀၀ ကျော်လောက်ရှိတယ်။”
ကရင်ပြည်နယ် မြဝတီခရိုင်လေးကေ့ကော်မြို့သစ်ထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားမှာ ဧပြီလ ၁၀ ရက်နေ့က တိုက်ပွဲ ပြင်းထန်နေပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်းက ပြည်နယ် ၁၄ ခုမှာ အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျခံရတဲ့ မြန်မာနိုင်ငံသားတွေကို လွတ်ရက်စေ့တဲ့အခါ မြန်မာနိုင်ငံဘက်ကို ပြန်လွှဲပြောင်းပေးဖို့အတွက် ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်း လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းထားတာပါ။
ထိုင်းနိုင်ငံမှာ မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမား ၁ သိန်း ၄ သောင်းကျော်ကို တရားဝင် အလုပ်လုပ်ခွင့် ပြုလိုက်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ပြည်နယ်ကနေ မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီမြို့ဘက်ကိုပို့မယ့် စစ်သုံးလက်နက် AK-47 ၁၂ လက်ကို ပါဆယ်ပို့တဲ့ကုမ္ပဏီကနေပို့တာမှာ ကုမ္ပဏီက သာမန်ထက်ပိုလေးနေလို့ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ရာကနေဆက်စပ်ပြီး တန်ဆောင်ရမ်းနဲ့ မယ်လမတ်မြို့နယ်တွေမှာ ထိုင်းအာဏာပိုင်တွေကသိမ်းဆည်းမိခဲ့ပါတယ်။
“ကျနော်တို့ရဲ့စာရင်းအရ ၂၅ ဦး သေဆုံးပြီး ၃၁ ဦး ထိခိုက်ဒဏ်ရာရတာပေါ့နော်၊ စစ်ကောင်စီဘက်က သူတိုရဲ့ သွားဖို့လာဖို့လမ်းကြောင်းမှာ ရှင်းလင်းဖို့ ကျနော်တို့တပ်တွေ ရှိနိုင် တဲ့ နေရာတွေခန့်မှန်းပြီး ခိုအောင်းနိုင်တဲ့ရွာတွေကို ရမ်းသမ်းပစ်တာရှိတယ်။”( ဖဒိုကလယ်စေး-KNU ဗဟိုကော်မတီဝင်/သတင်းနဲ့ပြန်ကြားရေး ဒုတာဝန်ခံ)
ထိုင်းနိုင်ငံက မြန်မာနဲ့နယ်စပ် တာ့ခ်ပြည်နယ်၊ ဖွတ်ဖရမြို့နယ်ထဲမှာ ဧပြီလ ၅ရက်နေ့က မြန်မာ ၁၈ ဦးကို လူမှောင်ခိုသယ်ဆောင်လာတဲ့ကားတစီး တိမ်းမှောက်ပြီး မြန်မာ ၈ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
“ဒီနေ့တိုက်ပွဲကပြင်းထန်တယ်။ ကားတွေလည်းမီးလောင်တယ်။ ကုန်သည်ကားတွေကလည်း အတက်အဆင်းလုပ်နေတယ်။ ကုန်သည်တွေကလည်းခက်တယ်။ ကုန်သည်တွေကလည်း မသွားပါနဲ့ ဆိုတာလည်း သွားနေကြတယ်။ ကားလမ်းကလည်း ဆက်နေတယ်။ ရေတံခွန်ကျော်ရင် အန္တရာယ်ကင်းတယ်ဆိုပြီး ရေတံခွန်နားမှာ စုပြုံပြီး ပိတ်နေတယ်။” (ကိုစောမွန်-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)
ထိုင်းနိုင်ငံတောင်ပိုင်း ပါတနီမြို့က ထိုင်းငါးဖမ်းလှေတစီးပေါ်မှာ လှေဝမ်းဗိုက် ငါးလှောင်ကန်ထဲက ငါးတွေကို လှေလုပ်သားတွေက သယ်ထုတ်ဖို့လုပ်စဉ်မှာ ငါးအပုပ်နံ့တွေကနေ အဆိပ်သင့်ပြီး မြန်မာရေလုပ်သား ၃ ဦး ရုတ်တရက် သေဆုံးခဲ့ပြီး တဦးကတော့ ဆေးရုံပို့ ကုသခံခဲ့ရပါတယ်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ သောင်ရင်းမြစ်အနီးမှာ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက မသင်္ကာဖွယ် ကားတစီးကို ရပ်တန့်စစ်ဆေးခဲ့ရာမှာ လူကုန်ကူးသူတွေက တာလပတ်မိုးကာစများနဲ့ အုပ်ပြီး ခေါ်လာတဲ့ မြန်မာနိုင်ငံသား ၁၄ ဦးကို ဧပြီလ ၂ ရက်နေ့က ဖမ်းမိခဲ့ပါတယ်။
ထိုင်း မလေးရှားနယ်စပ် ဆုံခလာပြည်နယ်ထဲမှာ ဖမ်းမိတဲ့ မြန်မာနိုင်ငံကနေ ဝင်ရောက်လာသူ အထောက်အထားမဲ့ ၆၀ကျော်ထဲက ၃၉ဦးဟာ လူကုန်ကူးခံရသူတွေအဖြစ် စစ်ဆေးတွေရှိတယ်လို့ ထိုင်းအာဏာပိုင်တွေကဆိုပါတယ်။ ဒီသတင်းကီု ဗွီအိုအေ သတင်းထောက်မအေးအေမာ က သတင်းပေးပို့ထားပါတယ်။
“ဒီရက်ပိုင်း အုန်းဖန်နဲ့ ဖွတ်ဖရမြို့နယ်ထဲမှာ မြန်မာစစ်ဘေးရှောင် ၁,၇၅၉ ယောက် ရောက်တယ်။ အုန်းဖန်နဲ့ ဖွတ်ဖရထဲက ရွာအသီးသီးမှာ ထိုင်းတွေက စနစ်တကျ စာရင်းကောက်ထားတာရှိတယ်။ လေးတောခိုမှာ ဘယ်နှစ်ယောက်၊ ဟွေ့နမ်နာမှာ ဘယ်နှစ်ယောက်။ နောင်လိုဝမ်မှာ ဘယ်နှစ်ယောက် အဲဒီလိုပေါ့။” (မန်းမျိုးမြင့်-ကရင်အမျိုးသားမီဒီယာ)
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်လမ်းဆုံမှာ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်-KNLA တပ်မဟာ-၁ နဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး မုပ္ပလင်စစ်ကောင်စီဂိတ်ကို ဒီနေ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
“ကော့ကရိတ်-မြဝတီသွားကားလမ်းမှာ ၁၂ ဘီး မော်တော်ယာဉ်နှစ်စီးနဲ့ အိမ်စီးမော်တော်ယာဉ် နှစ်စီးကို KKO ခွဲထွက်အဖွဲနဲ့ PDF အဖွဲ့က မီးရှို့ဖျက်စီးခဲ့တာဖြစ်တယ်။ အဓိက KKO ခွဲထွက်အဖွဲ့က ဒီနှစ် နှစ်ဆန်းပိုင်းတုန်းကလည်း နှောက်ယှက်ဖျက်ဆီးခဲ့တာရှိတယ်။” (ဗိုလ်ချုပ် ဇော်မင်းထွန်း)
စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် KNLA၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲတွေကြား နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေတဲ့ အတွက် စစ်ဘေးရှောင်ဒုက္ခသည် ၃၀,၀၀၀ နီးပါးထိ ရှိလာပြီး ဒီရက်ပိုင်းအတွင်းမှာပဲ ထိုင်းဘက်ကို ထွက်ပြေးရတဲ့ စစ်ဘေးရှောင် ၂,၀၀၀ လောက်ရှိပါတယ်။
နောက်ထပ်ကြည့်ရှုရန်