“သေသွားတယ်။ တယောက်ထိသွားတယ်။ မော်လမြိုင်ကားလို့ပြောတယ်။ ပရိုဘောက် က်-စ် ကား။ နက်ပြာလေးနဲ့ တယောက်သေသွားတယ်။ အရပ်သားပါ။ ကော့ကရိတ်ဆေးရုံကိုတော့ ပို့လိုက်တယ်။” (ဒေသခံတဦး)
ကော့ကရိတ်-မြဝတီ လမ်းမကြီးနဲ့ မြဝတီ-ဝေါ်လေ လမ်းမကြီးတွေကို ယာဉ်တွေ ဖြတ်သန်းသွားလာတာ၊ ကူးသန်းရောင်းဝယ်တာတွေကို မတ်လ ၂၇ ရက်နေ့ကစပြီး ယာယီရပ်ဆိုင်းထားဖို့ ကေအန်ယူ တပ်မဟာ ၆ နဲ့ ပူးပေါင်းအဖွဲ့တွေက အသိပေး ထုတ်ပြန်လိုက်ပါတယ်။
“ထီးခယ်ပလယ်ဘက်ခြမ်းမှာပါခင်ဗျ။ ၁၀ နာရီဝန်းကျင်မှာ သူတို့က လာပစ်ချတယ်။ ဗုံး ၄ လုံးလောက် လာကြဲချတယ်။ တိုက်ပွဲတွေ မကြာခနဖြစ်ပွားတယ်။ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေလည်းဖြစ်တယ်။ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့် မနေ့ကလည်း ထိခိုက်သေဆုံးတာတွေလည်းဖြစ်ပွားခဲ့တယ်။” ( စောနန္ဒဆူး- KHRG ပြောရေးဆိုခွင့်ရှိသူ)
ကရင်ပြည်နယ် မြဝတီခရိုင်မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA စတဲ့ပူးပေါင်းတပ်တွေကြား မတ်လ ၂၄ ရက်နေ့ကတိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
“အရပ်သားတယောက်သေတယ်။ ဒဏ်ရာပြင်းတာ ၃ ယောက်။ အခြားနေရာမှာဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။ လက်နက်ကြီးနဲ့ပစ်တဲ့အချိန်မှာ ရွာသားတွေကို သူတို့က မရှောင်ဘူးလေ။ စစ်ကောင်စီရဲ့ မောခီး စခန်းကျပြီးတဲ့နောက် သူတို့စစ်တပ်က အင်အားနဲ့ဝင်လာတယ်။ ပြီးတော့လက်နက်ကြီးနဲ့ လာချကြတယ်လေ။” (နော်ဝါးခူရှီး - KPSN ပြောရေးဆိုခွင့်ရှိသူ)
ကရင်ပြည်နယ် မြဝတီမြို့ သင်္ဃန်းညီနောင်အထွက် အာရှလမ်းမမှာရှိတဲ့ ကရင်လက်နက်ကိုင်တွေရဲ့ မြို့ဝင်ကြေးကောက်တဲ့ဂိတ်ကို မတ်လ ၂၂ ရက်နေ့မနက်က အမည်မသိလက်နက်ကိုင်အဖွဲ့တခုက ပစ်ခတ်တာကြောင့်ဂိတ်ထဲမှာ အမျိုးသား ၃ ဦး ကျည်ဆံထိမှန်ပြီး တဦးသေဆုံးခဲ့ပါတယ်။
ထိုင်း - မြန်မာ နယ်စပ် ပြည်နယ် ၄ ခုမှာ မတ်လ ၁၈ ရက်နေ့ကနေ မတ်လ ၂၂ ရက်နေ့ အထိ ၅ ရက်အတွင်း လူကုန်ကူးသူတွေ ခေါ်လာတဲ့ မြန်မာနိုင်ငံသား ၃၀၀ လောက် ဖမ်းဆီးမိခဲ့ပါတယ်။
"တောနော်ဆေးရုံကိုမနက်က သူတို့(စကစ)သိမ်းလိုက်တာပေါ့နော် ဆေးရုံကတောဘာအတားအဆီးမှာမရှိဘူး ဆေးရုံထဲဝင်လာတယ် ပြီးတော့ဆေးရုံမှာတပ်စွဲတယ် စကစကက အစောကြီးဆေးရုံကိုဝင်လာတယ်"
ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေအတွင်းမှာ မတ်လ ၁၉ ရက်နေ့က စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျေးရွာပေါင်း ၁၇ ရွာလောက်က ဒေသခံ ၃,၇၀၀ ခန့် ထွက်ပြေးတိမ်းရှောင်ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ပြောပါတယ်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲမှာ မတ်လ ၁၈ ရက် ညနဲ့ ၁၉ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူ တပ်မဟာ ၆ လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တို့ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။
ကရင်ပြည်နယ် မြဝတီခရိုင် စုကလီမြို့နယ်အနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုသားလွတ်မြောက်ရေး KNLA တပ်အပါအဝင် ပူးပေါင်းတပ်တွေနဲ့ နှစ်ဖက် တိုက်ပွဲတွေပြင်းထန်တာကြောင့် စစ်ပြေးဒုက္ခသည်တချို့ ထိုင်းနိုင်ငံဘက် ထွက်ပြေးလာကြပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။
ထိုင်းနိုင်ငံတောင်းပိုင်းပြည်နယ် ၁၄ ခုအတွင်းမှာ အဖမ်းဆီးခံရပြီး အကျဉ်းထောင်တွေ အချုပ်တွေကနေ လွက်ရက်စေ့သွားတဲ့ မြန်မာရွှေပြောင်းအလုပ်သမား ၁၄၀ လောက်ကို ထိုင်းအာဏာပိုင်တွေက ပြည်နှင်ဒဏ်ပေးပြီး မတ်လ ၁၇ ရက်နေ့မှာ ရနောင်းကနေ ကော့သောင်းမြို့ကို ပြန်လည် လွှဲပြောင်းပေးခဲ့ပါတယ်။
မြန်မာတွေသယ်လာတဲ့ပစ်ကပ်ကားက အရှေ့ကနေ အရှိန်နဲ့သွားပြီး အလယ်ကျွန်းကိုဝင်တိုက်လိုက်တာ။ လူတွေကိုကိုင်ပေါက်သလိုဖြစ်သွားတာ။ အဲဒါကို နောက်ကားက ဝင်ပြီး ထပ်တိုက်တယ်။” (ဦးမင်းဦး- ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့)
စစ်ကောင်စီ တပ်တွေနဲ့ ကရင် အမျိုးသား လွတ်မြောက်ရေးတပ် KNLA၊ ကရင် အမျိုးသား ကာကွယ်ရေးတပ် KNDO ၊ ပြည်သူ့ ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နှစ်ဘက် တိုက်ပွဲတွေဟာ နေ့စဉ် နီးပါး ပြန်ဖြစ်နေတဲ့ အတွက် သောင်ရင်းမြစ် တလျှောက်က စစ်ဘေးရှောင်တွေ ခိုလှုံရာ နေရာတွေမှာ ဒုက္ခသည်တွေ ပြန်ပြီး တိုးလာနေပါတယ်။
ထိုင်းမြန်မာနယ်စပ်၊ မဲဆောက်မြို့ အထွက်စစ်ဆေးရေးဂိတ်မှာမတ်လ ၁၄ရက်နေ့မနက်ပိုင်းမှာပဲ ဟင်းသီးဟင်းရွက်ကားထဲဖွက်ပြီး လူကုန်ကူးသူတွေ သယ်ဆောင်လာတဲ့မြန်မာ ၅၀ကျော်ကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေကဖမ်းဆီးခဲ့ပါတယ်။ မတ်လဆန်းကစပြီး၂ပတ်အတွင်း မြန်မာ တထောင်လောက်ဖမ်းဆီးခံရပါတယ်။ မအေးအေးမာကသတင်းပေးပို့ထားပါတယ်။
"မနက်ရော ညနေဘက်ရော တိုက်ပွဲတွေ ဖြစ်နေတယ်။ လမ်းကိုလည်း ကျနော်တို့ ပိတ်လိုက်ပြီ။ ကျနော်တို့က ဒီလမ်းက စစ်တပ်တွေ တောက်လျှောက်သွားနေတဲ့လမ်းဖြစ်တယ်၊ စစ်တပ်တွေအတွက် ထောက်ပို့နေတဲ့လမ်းဖြစ်တယ်၊ ကုန်သွယ်ရေးလမ်းကြောင်းလည်း ဖြစ်တယ်၊ အဲဒါကြောင့် သွားသင့်လား မသွားသင့်လားဆိုတာ ကျနော်တို့ စာထုတ်ပြီးသားပါ။"
“မနက် ၈ နာရီလောက်က တပ်တွေအများကြီးတိုးလာတယ်ပြောတယ်။ ဘယ်လောက်ထိ တိုးလာလဲဆိုတာတော့ ပြောမရသေးဘူး။ မဆုတ်ခွါတဲ့အပြင် တပ်တွေတိုးလာတယ်။ ဝန်တင်မြင်းတွေ လားတွေလည်း ပါတယ်။ နယ်မြေထဲ ကျွံဝင်လာပြီဆိုရင်တော့ တိုက်ပွဲတွေဖြစ်ဖို့ကတော့ အလားအလာ အများကြီးရှိတယ်။”(ပဒို စောတာနီး -KNU ရဲ့ နိုင်ငံခြားရေးဌာန ပြောခွင့်ရ)
ထိုင်းနိုင်ငံ ကနေ မလေးရှားနယ်စပ်အထိ မြန်မာတွေကို လူကုန်ကူးနေတဲ့ဂိုဏ်းကို ဖမ်းဆီးခဲ့တာ ထိုင်းဘတ်ငွေ ၁ ဘီလီယံ လောက်တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းရမိတယ်လို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ လက်ထောက်ကော်မရှင်နာ Mr. Surachate က ပြောကြားပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ် ။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ ဒူးပလာခရိုင် လေးကေ့ကော်ဒေသ နဲ့ ကော့ကရိပ်မြို့တောင်ပိုင်းတွေမှာ စစ်ကောင်စီတပ်တွေ တပ်စွဲနေရာယူထားတာကြောင့် စစ်ဘေးရှောင်တွေဟာ ၃လကြာတဲ့အထိ သူတို့နေအိမ်တွေကိုမပြန်နိုင်ကြသေးပါဘူး။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
ဒီနေ့ မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ မှာ ကရင်အမျိုးသမီးအစည်းအရုံး (KWO) က ကရင်လူမှုအဖွဲ့အစည်းတွေအပါအဝင် နယ်ပယ်အသီးသီးမှာ အများအတွက် ကိုယ်ကျိုးစွန့် လုပ်ကိုင်နေကြတဲ့ ကရင်အမျိုးသမီး ၁၀ ဦးကို အသိအမှတ်ပြု ဂုဏ်ပြုခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်