“စစ်သုံးပန့်ကတော့ ၆ ယောက်။ ရာထူးအကြီး ဆုံးကတော့ တပ်ကြပ်ကြီးပါပဲ။ တခြားကတော့ တပ်ကြပ်လေး ဒီလောက်ပါပဲ။ စစ်လက်နက်ကတော့ အတော်များတယ်။ စာရင်းအရကတော့ ၈၈ မီလီမီတာ စိန်ပြောင်းကတလက်။ ၆၆ မီလီမီတာစိန်ပြောင်းက တလက်။ RPG က တလက်။ ၆၆ မမကွန်မန်ဒိုက တလက်။ MG 3 စက်လတ်က တလက်။ ....” (ဖဒိုစောတောနီး- KNU ပြောခွင့်ရ)
ကရင်ပြည်နယ် မြဝတီမြို့တောင်ပိုင်းက စစ်ကောင်စီတပ်စွဲထားတဲ့ သေ့ဘောဘိုးစခန်းကို KNU ကရင် အမျိုးသားအစည်းအရုံး ပူးပေါင်းတပ်တွေက ဒီနေ့ မေလ ၁၈ ရက်နေ့မှာ သိမ်းယူခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီး တုံ့ပြန်ခဲ့ပါတယ်။
ထိုင်းနိုင်ငံထဲကို နေ့စဉ်လိုလိုပဲ အလုပ်အကိုင်ရှာဖွေဖို့ လာရောက်တဲ့ မြန်မာတွေ အများအပြားရှိနေပြီး ထိုင်းအာဏာပိုင်တွေက အထောက်ထားမဲ့ ဝင်လာသူတွေကို ဖမ်းဆီးနေတာပါ။အပြည့်အစုံကို ဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပု့ိထားပါတယ်။
KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၁) ထိန်းချုပ်ရာ မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ နယ်ခြား စောင့်တပ် BGF-၁၀၁၄ ပူးပေါင်းတပ်ဖွဲ့တွေဟာ အသက်မပြည့်သေးတဲ့ကလေးသူငယ် (၄) ဦးအပါအဝင် ဒေသခံအရပ်သား (၉၂) ဦးကို ဖမ်းဆီးထားကြောင်း KNU သထုံခရိုင် သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
“အင်္ဂဘိုကျေးရွာအဝင်နားကနေ ခြုံခိုတိုက်တာပါ။ တပ်မဟာ (၁) တပ်ရင်း (၃) ကနေ တိုက်တာပါ။ အဲဒီကနေ ထပ်ထွက်လာတဲ့ယာဉ်တန်းကိုတော့ ဒေါက်ရပ်ကျေးရွာအဝင်နားမှာ ကေအန်ယူ တပ်မဟာ(၁) တပ်းရင်း(၂) ခွဲ (၂) ကနေ ဘီးလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နဲ့ပူးပေါင်းပြီး ၁၁ နာရီ ၄၂ လောက်မှာ မိုင်းခွဲတယ်။”(ကိုစောထူး-ကျိုက်ထို PDF)
စစ်ကောင်စီ ကူးဆိပ် အခြေစိုက် ခမရ ၄၀၈၊ တပ်ရင်း ၂၀၈ ကနေ လက်နက်ကြီးနဲ့လှမ်းပစ်တာပေါ့။ လက်နက်ကြီးလေးလုံးပစ်တာ ဒေသခံတွေရဲ့ကလေး၂ ယောက်။ တဦးက ၁၆ နှစ်။ တဦးက ၁၂ ပေ့ါ။ ဗိုက်ကိုထိပြီး အငယ်မလေးကတော့ ဒဏ်ရာပိုပြင်းတော့ ကြိုးစားကုသပေမယ့် နောက်ရက်မှာဆုံးသွားတယ်။” ( စောနန္ဒဆူး-ကရင်လူ့အခွင့်ရေးအဖွဲ့ KHRG ပြောခွင့်ရ)
ထိုင်း-မြန်မာနယ်စပ် ပရာကျွတ်ခီရီကန်ပြည်နယ်ထဲမှာ တရားမဝင် မြန်မာတွေကို သယ်ဆောင်လာတဲ့ ကားတစီးဟာ မေလ ၆ ရက်နေ့ မနက် ၄ နာရီကျော်အချိန်က လုံခြုံရေး စစ်ဆေးရေးဂိတ်မှာ အစစ်ဆေးမခံဘဲ မောင်းပြေးပြီးတဲ့နောက် ပစ်ခတ်ခံရမှုဖြစ်ပြီး မြန်မာ ၁ ဦးသေဆုံးပြီး ၃ ဦး ပြင်းထန်တဲ့ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ အဖမ်းဆီးခံရပြီး အကျဉ်းထောင်တွေ အချုပ်တွေကနေ လွက်ရက်စေ့သွားတဲ့ မြန်မာရွှေပြောင်းအလုပ်သမား ၁၃၀ကျော်ကို ထိုင်းအာဏာပိုင်တွေက ပြည်နှင်ဒဏ်ပေးပြီး မေလ ၆ရက်နေ့မှာ ရနောင်းကနေ ကော့သောင်းမြို့ကို ပြန်လည် လွှဲပြောင်းပေးခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။
“တဘက်ကအကျိုးရှိသလို တဘက်ကလည်း စိုးရိမ်စိတ်ရှိတာပေါ့။ ဒီလိုပြဿနာတွေမရှိခင်တုန်းကတောင် ဂိတ်တွေရောက်ရင် မှတ်ပုံတင်ကိုင်ထားတာတောင် “မှတ်ပုံတင်ထုတ်၊ ပိုက်ဆံငါးရာပေး”...ဆိုတာတွေလည်း အဲဒီခေတ်ကတည်းက ကြုံခဲ့တယ်ဆိုတော့ စိုးရိမ်စိတ်တော့ ရှိတာပေါ့။” (ရွှေ့ပြောင်းအလုပ်သမား)
ကိုဗစ်ကပ်ဘေးကြောင့် နှစ်နှစ်ကျော်ကြာပိတ်ထားတဲ့ ထိုင်း-မြန်မာနယ်စပ်တံတားတွေ ပြန်ဖွင့်ဖို့ ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံလုံးကပြင်ဆင်နေချိန်မှာပဲ နယ်စပ်တွေကနေ အလုပ်ရှာဖွေနေကြတဲ့ မြန်မာ နိုင်ငံသားတွေဟာ ထိုင်းနိုင်ငံဘက်ကို အစုလိုက်အပြုံလိုက် တရားမဝင် ဝင်ရောက်လာ နေကြဆဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့ ကရင်ပြည်နယ်မှာ ဒုက္ခသည် ၁ သိန်း ၇ သောင်းကျော် ရှိနေပြီလို့ ကရင်လူ့အခွင့်ရေးအဖွဲ့KHRG ကပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပိ့ုထားပါတယ် ။
ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ်၊ မယ့်ဖာလွမ်ဒေသမှာ စနေနေ့ အစောပိုင်းက မြန်မာနိုင်ငံဘက်က ဝင်ရောက်လာတယ်လို့ ယူဆရတဲ့ မသင်္ကာသူ မူးယစ်ဆေးဝါး မှောင်ခိုသူတွေနဲ့ ထိုင်းနယ်ခြားစောင့်တပ်တွေ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။
ရပ်ကွက် (၄) ထဲကြားနေရတော့ ဒါလည်း မြို့ထဲပဲပြောလို့ရတာပေါ့။ ၁၁ နာရီလောက်ကတည်းက ဖြစ်နေတာပါ။ စစ်ကောင်စီနဲ့ပဲ ဖြစ်နေတာပေါ့နော်။ တခြားဟာတော့မရှိဘူး။ တဖြည်းဖြည်းနဲ့ တိုက်ပွဲတွေ စိတ်လာတဲ့သဘောပေါ့နော်။ ကျနော်တို့ကလည်း ကိုယ့်နယ်မြေဒေသကို ကာကွယ်တဲ့သဘောပဲရှိတာပေါ့နော်။”(ပဒိုစောတာနီး- KNU နိုင်ငံခြားရေးတာဝန်ခံ)
“စက်မှုဇုံတွေမှာ လူအင်အား အတော် များများနဲ့ လည်ပတ်နေတဲ့စက်ရုံတွေက ရပ်ဆိုင်းသွားတော့ အလုပ်လက်မဲ့တွေ တိုးပွားလာတယ်။ နိုင်ငံရေးအရလည်း ဖိအားတွေရှိတော့ လူငယ်တွေက တရားမဝင်မှန်းသိလျက်နဲ့ စွန့်စားပြီး ဝင်ရောက်နေတာလို့ ကျနော်ဒီလိုပဲ သုံးသပ်မိပါတယ်။” (ဦးမိုးကျော်-ရောင်ခြည်ဦးအလုပ်မားအဖွဲ့)
ထိုင်းမြန်မာနယ်စပ် ပြည်နယ် ၇ ခုမှာ ဧပြီလ၂၄ ရက်နေ့ က ဧပြီလ၂၆ ရက်နေ့အထိ ၃ ရက်အတွင်း လူကုန်ကူးသူတွေခေါ်လာတဲ့ မြန်မာနိုင်ငံသား ၅၀၀ ကျော် ဖမ်းဆီးမိခဲ့ပါတယ်။
ထိုင်းနိုင်ငံ မြောက်ပိုင်းကအကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေထဲက လွတ်ရက်စေ့သူ ၁၆၀ ကျော်နဲ့ နေရပ်ပြန်သူ ၃၀ ကို မယ်ဆိုင်နယ်စပ်မြို့ကနေ မြန်မာနိုင်ငံ တာချီလိတ် မြို့ဘက်ကို ဧပြီလ၂၄ ရက်နေ့က လွှွဲပြောင်းပေးခဲ့ပါတယ်။
“ဧပြီလ၂၁ ရက်မှာ ချင်းရိုင်ပြည်နယ် မဲဆိုင်မြို့က မူးယစ်ဆေးဝါးစစ်ဆေးတဲ့ဂိတ်မှာ စစ်ဆေးမခံဘဲ ထွက်ပြေးတယ်။ အဲဒီတော့ ယဉ်တိမ်းမှောက်မှု ဖြစ်တယ်။ ဒဏ်ရာရတဲ့ အမျိုးသမီးတယောက်ကိုတော့ မဲဆိုင်မြို့က ဆေးရုံကြီးမှာပို့ပြီး ကုသနေရတယ်။”(မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုး)
“ပီနန်းနားက immigration လဝကစခန်းထဲမှာထားထားတဲ့ ရိုဟင်ဂျာ ၅၀၀ လောက် စခန်း ဖောက်ပြီး ထွက်ပြေးကြတယ်။ မနက် ၇ နာရီ ၈ နာရီလောက်မှာ ပြန်မိတယ်။ immigration လဝက က ပြန်လိုက်လာပြီး လူ ၃၀၀ လောက်ကိုပြန်မိတယ်။ လူ ၂၀၀ လောက်ကတော့ မမိသေးဘူး။ ပီနန်းဘက်ကို ရောက်လာတယ် ပြောကြတယ်။ (ဦးစိုးထက်သိန်း-မလေးNLD)
ကရင်ပြည်နယ် ကေအန်ယူ တပ်မဟာ(၁) နယ်မြေအတွင်းက စစ်ကောင်စီရဲ ရဲကင်းဂိတ်ကို ဧပြီလ ၁၉ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA တပ်မဟာ(၁)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တာကြောင့် ရဲ(၆)ဦး သေဆုံးကြောင်း ကေအန်ယူ ကပြောပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက်မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။
ကရင်တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေဖြစ်နေတဲ့ ဒူးပလာယာခရိုင်ထဲမှာ ယာဉ်အသွားအလာ လုံးဝ မလုပ်ဖို့ ကေအန်ယူတပ်မဟာ (၆) က တားမြစ် ထားတာကို အခုတော့ လျှော့ပေါ့ပြီး မနက် ၆ နာရီကနေ ညနေ ၇ နာရီအထိ သွားခွင့်ပြုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်