“ပြန်ပေးဆွဲပြီး (သေဆုံးသူ) က ပိုက်ဆံတောင်းတယ်။ ဘယ်လောက် အမောင့် (amount) ပေးပါလို့တောင်းတယ်။ ကောင်မလေးနဲ့အတူပါလာတဲ့သူတွေက ပိုက်ဆံပေးတယ်။ ဒါပေမယ့်သူ( သေဆုံးသူ)က ပြန်မလွှတ်ပေးဘူး။ကလေးမလေးကို ပြန်မလွှတ်ပေးတော့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ခဲနဲ့ထုကြတာပေါ့။” (ဦးဘရီ- ရွှေ့ပြောင်းအလုပ်သမားအရေး ကွန်ယက် တာဝန်ခံ)
“အကြမ်းဖျင်းကတော့ မနက်ပိုင်းမှာ စခန်းကိုသိမ်းကြတယ်။ ဝေါ်လေမှာလေ။ စစ်တပ်ကတော့လက်နက်ကြီးတွေနဲ့ပစ်တယ်။ အခု ရဲစခန်းဘက်ကတော့ ၂ ယောက်ကျတယ်။ အရှင် ၃ ယောက်ဖမ်းမိတယ်။” ( ဖဒိုစောတောနီး- KNU နိုင်ငံခြားရေးဌာနပြောခွင့်ရ)
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင် လမ်းဆုံမှာ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA)တပ်မဟာ ၁ နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး မုပ္ပလင် စစ်ကောင်စီဂိတ်ကို ဇွန်လ ၁၂ရက် ညနေပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အပြန်အလှန် တိုက်ခိုက်မှုအတွင်း ဒေသခံကားသမားတဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
“စခန်းထဲကအခြေအနေတွေ၊ ဒုက္ခသည်တွေနေရေထိုင်ရေးကိစ္စတွေ၊ သူတို့လာတာကတော့ ကျန်းမာရေးကိစ္စတွေ - သူတို့လုပ်ပေးနိုင်တာလုပ်ပေးဖို့ပေါ့။ ဒုက္ခသည်တွေကတော့ တတိယနိုင်ငံကိစ္စတွေ လုပ်ပေးဖို့လားဆိုပြီး မေးကြတာပေါ့နော်။ သူတို့လာတဲ့အခါမှာ အဖွဲ့၄ ဖွဲနဲ့ တွေ့သွားတယ်။“ (ဒုက္ခသည်တဦး-မယ်လဒုက္ခသည်စခန်း)
ထိုင်းနိုင်ငံ မှာ ရွှေတြိဂံဒေသ ကလာတဲ့ စိတ်ကြွဆေးပြားတွေ နေ့စဉ်ဖမ်းဆီးနေရာမှာ ဇွန်လ ၅ရက်နေ့ ကနေ ၇ ရက်နေ့အထိ ၃ရက်အတွင်းမှာပဲ ဘတ်ငွေသန်းပေါင်း ၃ထောင်ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွ ဆေးပြာ ၁၆သန်းကျော် လောက်ဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ်အပါအဝင် အတွင်းဒေသတွေဆီကို ရွှေတြိဂံဒေသကလာတဲ့စိတ်ကြွဆေးပြားတွေ အလုံးအရင်းနဲ့ဝင်ရောက်လာတာကြောင့် ထိုင်းအာဏာပိုင်တွေက နေ့စဉ်ဖမ်းဆီးနေရာမှာ ဇွန်လ ၅ ရက်နေ့ကနေ ၇ ရက်နေ့ အထိ ၃ ရက်အတွင်း ဘတ်ငွေသန်းပေါင်း ၃,၀၀၀ ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား ၁၆ သန်းကျော်လောက်ဖမ်းမိခဲ့ပါတယ်။
ထိုင်းအကျဉ်းထောင်တွေက လွတ်ရက်စေ့ မြန်မာအကျဉ်းသား ၁၇၀ နီးပါးကို ရနောင်း-ကော့သောင်းနယ်စပ်ဂိတ်ကနေ ထိုင်းအာဏာပိုင်တွေက ပြည်နှင်ဒဏ်နဲ့ နေရပ်ပြန်ပို့လိုက်ပြီး အခုလို အပို့ခံရသူတွေဟာ အနည်းဆုံး ၆ လကနေ ၂ နှစ်အထိ ထိုင်းနိုင်ငံထဲ ပြန်ဝင်ခွင့်မရှိဘူးလို့ သိရပါတယ်။
“တနေ့ကို နှစ်ရာ သုံးရာလောက်ရှိတယ်။ လဝက ရုံးတွေမှာ BP စာအုပ်တွေလုပ်တဲ့သူတွေကလည်း တိုးကြိတ်ပြီးလုပ်နေကြတယ်။ နယ်စပ်ဂိတ်ပြန်ဖွင့်တယ်ဆိုတော့ ဈေးဝယ်သွားတဲ့လူတွေကလည်းများတယ်။ ကျနော်တို့မြန်မာဘက်ခြမ်းကပဲ သွားလို့ရသေးတယ်။ လောလောဆယ်သွားလို့ရတာ ၆ ည ၇ ရက်...။” (ကိုပီတာ-ကော့သောင်းရွှေ့ပြောင်းအလုပ်သမားစင်တာ)
“ပြည်သူတွေလိုလားတဲ့အတိုင်းအတာကို အစည်းဝေးခေါ်ပြောမယ်ဆိုတော့ အစည်းဝေးမှာ တက်ပြောမယ်ဆိုပြီးသွားတာပဲ။ ကျမတို့ရွာထဲကိုလူတွေဝင်လို့မရဘူး၊ သူခိုးတွေပဲဝင်လိ့ု့ရတယ်။ အိမ်ထဲမှာလည်းဘာမှမရှိတော့ဘူး။ အဲဒါမေးမလို့။ ဘာမှ မပြောရဘူး။ သူတို့နံမည်နဲ့သူတို့ အုပ်ချုပ်ရေးမှူးတွေကချပေးတဲ့သူတွေပဲခေါ်မေးတာ။“ (ဒုက္ခသည်တဦး)
ထိုင်းနိုင်ငံတောင်ပိုင်း စထွန်း (Satun) ပြည်နယ် ကော့လိုင်ပီကျွန်းအနောက်ဘက် (၈) မိုင်အကွာမှာ ရိုဟင်ဂျာ (၆၀) နီးပါးကို ဇွန်လ (၅) ရက်နေ့က ထိုင်းရေတပ်အမှတ် (၄၉၁) ကဖမ်းမိခဲ့ပါတယ်။
ထိုင်းနိုင်ငံ ဆုန်ခလာပြည်နယ် ဟတ်ယိုင်မြို့နယ်မှာ ထိုင်းနိုင်ငံသား လျှပ်စစ်ဝန်ထမ်းတဦးကို သတ်ပြီး မြေမြှုပ်အလောင်းဖျောက်ခံထားရတဲ့အမှုနဲ့ ပတ်သက်လို့ ဖမ်းဆီးနေတာ လူ၃ဝဝနီးပါထိ ရှိလာကြောင်း ရွေပြောင်းအလုပ်သမားအခွင့်ရေး ကွန်ယက် က ပြောပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က ပြောပြပေးပါမယ်။
ထိုင်းနိုင်ငံသား သတ်ပြီး အလောင်းဖျောက်ခံထားရတဲ့ အမှုနဲ့ပတ်သက်လို့ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇၀ကျော်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရွေပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်ကပြောပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ ကပြောပြပေးပါမယ်။
ထိုင်းနိုင်ငံမှာ တရားဝင် အထောက်အထားတွေနဲ့ အလုပ်လုပ်ကိုင်ဖို့ နှစ်နိုင်ငံသဘောတူစာချုပ် MOU နဲ့ လာကြတဲ့ မြန်မာလုပ်သား ၃၀၀နီးပါဟာ ထိုင်းမြန်မာနယ်စပ် မဲဆောက် မြဝတီ ချစ်ကြည်ရေးတံတား(၂)ကနေ ဇွန်လ(၁)ရက်နေ့မှာ ထပ်မံဝင်ရောက်လာပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပု့ိထားပါတယ်။
မြန်မာနဲ့နယ်စပ်ဖြစ်တဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အခမဲ့ အစစ်အဆေးမရှိ ကာကွယ်ဆေးထိုးပေးနေပြီး ပထမဆုံးအကြိမ်ထိုးသူတွေရှိသလို ဒုတိယနဲ့တတိယအကြိမ်လာရောက်ထိုးသူတွေလည်း ရှိပါတယ်။
KNU ထိန်းချုပ်ရာနယ်မြေတွေ အတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်တွင်း အိုးအိမ်မဲ့ ဒုက္ခသည်တွေဟာ အခုချိန်ထိ နေရပ်မပြန်နိုင်ကြသေးပဲ တောတောင်တွေထဲမှာပဲ နေထိုင်နေရတဲ့အတွက် သောက်သုံးရေရှားပါးမူ သောက်သုံးရေ မသန့်ရှင်းမူတွေကြောင့်ဝမ်းပျက်ဝမ်းလျောတွေဖြစ်နေကြပါတယ်။
မလေးရှားနိုင်ငံ ပြည်တဲရေးဝန်ကြီးနဲ့ လူဝင်မူ့ကြီးကြပ်ရေးဌာန ညွန်ကြားရေးမူးချုပ်တို့ ဦးဆောင်ပြီး ကလန်းမဲရူးဈေးကြီးအနီးမှာ သောကြာနေ့က အော်ပရာစီဖမ်းဆီးရာမှာ မြန်မာနိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသား ၇၀၀ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။ ဒီသတင်း ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ် ။
ချင်းရိုင်ပြည်နယ် မယ်ဖာလွမ်ဒေသ မူဆယ်ကျေးရွာအုပ်စုအနီး ထိုင်းနယ်ခြားစောင့်တပ် အမှတ်(၃) တပ်ဖွဲ့ဝင်တွေက ကင်းလှည့်နေချိန်မှာ မူးယစ်ဆေးဝါးသယ်ဆောင်တဲ့အုပ်စုနဲ့ ထိပ်တိုက်ပတ်ခတ်မူဖြစ်ခဲ့ပြီး မူးယစ်မှောင်ခိုသမား ၉ဦးသေဆုံးခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။
ထိုင်းနိုင်ငံမှာ နှစ်နိုင်ငံသဘောတူစာချုပ် MOU နဲ့ တရားဝင်အလုပ်လုပ်ဖို့ မြန်မာလုပ်သား ၃၅၀ ကျော်ဟာ ထိုင်းမြန်မာနယ်စပ် မဲဆောက် မြဝတီ ချစ်ကြည်ရေးတံတား (၂) ကနေ မေလ၂၆ ရက်နေ့မှာ ထပ်မံဝင်ရောက်လာပါတယ်။
“ထာ့ဆောင်ရမ်းမြို့နယ်ထဲက ဂူတဂူထဲမှာ ပုန်းနေကြတဲ့ မြန်မာ၂၅ ယောက်။ ယောက်ကျားလေး ၁၅ ယောက်။ မိန်းကလေး ၁၀ ယောက် ပါတယ်။ သူတို့နဲ့အတူ ကား ၄ စီး၊ ဆိုင်ကယ် ၁ စီးပါတယ်။ လူမှောင်ခိုပွဲစား ၃ ဦးကို ရပ်ရွာလူကြီးတွေရဲ့သတင်းပေးချက်အရ တာဝန်ရှိသူတွေက အကုန်လုံးဖမ်းမိခဲ့ပါတယ်။ (ဦးမိုးကြိုး-အလုပ်သမားရေးကူညိသူ)
ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့မှာ အလုပ်အကိုင်ရှာဖွေလိုကြတဲ့ မြန်မာတွေဟာ ထိုင်း-မြန်မာနယ်စပ်တွေကတဆင့် အခုရက်ပိုင်း နေစဉ် အစုလိုက်အပြုံလိုက် ဝင်လာနေကြဆဲဖြစ်ပြီး၊ ထိုင်းနိုင်ငံထဲက ပြည်နယ် (၄) ခုမှာ (၄) ရက်အတွင်း မြန်မာ ၇၀၀ ကျော် ဖမ်းမိခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်