ထိုင်းနိုင်ငံအတွင်းမှာ တရားမဝင် အထောက်အထားမဲ့ နေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ အပါအဝင် လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် ရွှေပြောင်းလုပ်သားတွေကို ပန်းရောင်ကဒ်လို့ ခေါ်တဲ့ အလုပ်လုပ်ခွင့် လက်မှတ် လုပ်ပေးမယ့် အကြောင်း ထိုင်အစိုးရအဖွဲ့က ဇူလိုင် ၅ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းနဲ့ လာရောက်ဗုံးကြဲမူတွေကြောင့် အရပ်သား (၂) ဦး သေဆုံးပြီး (၃) ဦးပြင်းထန်တဲ့ဒဏ်ရာ ရရှိခဲ့ပါတယ်။
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီခရိုင်ထဲက စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကိုသိမ်းပိုက်နိုင်ဖို့၊ စစ်ကောင်စီဘက်ကလည်း စခန်းမကျဖို့အတွက် စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်စတဲ့ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဘက်တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီခရိုင်ထဲက စစ်ကောင်စီရဲ့ ဥကရစ်ထ စခန်းအနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ မြန်မာစစ်တပ်နဲ့ လေးရက်ဆက်တိုက် ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်နေပါတယ်။
ထိုင်းနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ပြစ်ဒဏ်ကျခံနေရပြီး လွတ်ရက်စေ့လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၆၀ကျော်ကို ထိုင်း ရနောင်းပြည်နယ်ကနေ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ဆီ ဇွန်လ၂၉ရက်နေ့ပြန်လည်လွှဲပြောင်းပေးလိုက်ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။
ထိုင်းနိုင်ငံအကျဉ်းထောင်တွေထဲမှာ လွတ်ရက်စေ့လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၆၀ ကျော်ကို ထိုင်း-မြန်မာနယ်စပ်ရနောင်းကနေ မြန်မာနိုင်ငံ တနင်္သာရီတိုင်း ကော့သောင်းမြို့ဆီ ဇွန်လ ၂၉ ရက်နေ့မှာ လွှဲပြောင်းပေးခဲ့ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
“ဥကရစ်ထတို့၊ စုကလိဘက်မှာတိုက်ပွဲဖြစ်တော့ စစ်ရှောင်တွေက ထိုင်းဘက်ကမ်းကိုဒီနေ့ပဲရောက်လာတယ်။ စုစုပေါင်းအိမ်ထောင်စုပေါင်း ၁၄၀ ရှိတယ်။ လူဦးရေကတော့ ၈၄၁ ယောက်ရှိတယ်။ ထိုင်းဘက်ကမ်းမှာ နေရာ ၃ စုလောက်ခွဲနေတယ်။ သူတို့တွေကို တနေရာ တစုတည်းမှာမနေခိုင်းဘူး။” (စစ်ဘေးရှောင်တွေကို ကူညီသူ)
ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်တပ်မဟာ (၁) နယ်မြေ၊ သထုံမြို့နယ်မှာ ထုံးဘိုလေး ကျေးရွာကို စစ်ကောင်စီတပ်တွေဝင်ရောက်ပြီး ပစ်ခတ်၊ မီးရှို့၊ သတ်ဖြတ်တာတွေရှိနေတဲ့အတွက် ဒေသခံရွာသား ၁ သောင်းကျော် ဘေးလွတ်ရာတိမ်းရှောင်နေကြရပါတယ်။
“ဥကရစ်ထကို ဒီဘက်က KNLA၊ KNDO၊ PDF အဖွဲ့တွေက ညကတည်းက စခန်းနားချဉ်းကပ်တယ်။ မနက်ကျတော့ တိုက်ပွဲတွေဖြစ်တယ်။ အပြန်အလှန်ပစ်ခတ်ကြတယ်။ မနက်ကျတော့ စခန်းကိုသိမ်းပြီး နောက်ကျတော့ စခန်းကိုစွန့်ခွါသွားတဲ့စစ်ကောင်စီတပ်သားတွေကို လိုက်လံရှင်းလင်းနေပါတယ်။”(ကိုစောမွန်-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ စစ်ဆင်ရေးလုပ်နေတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ခိုက်နေတဲ့ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေဟာ တရုတ်ဝမ်ပေါင် ကုမ္ပဏီကြေးနီစီမံကိန်းကို သွယ်တန်းထားတဲ့ အဓိက လျှပ်စစ်ဓာတ်အားပေးလိုင်းကို ဖောက်ခွဲဖျက်ဆီးလိုက်ပါတယ်။
ထိုင်းနိုင်ငံ ဆုန်ခလာပြည်နယ် ဟတ်ယိုင်မြို့နယ်မှာ ဇွန်လ ၁ ရက်က ထိုင်းနိုင်ငံသားတဦးကိုသတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်ထားတဲ့အတွက် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၈ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး အဲဒီထဲက ၃ ဦိးကိုတော့ လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။
“လက်ရှိအခြေအနေကတော့ ကျေးရွာထဲကို သူတို့လက်နက်ကြီးနဲ့ပစ်လိုက်တော့ ဦးချစ်တင် (တုံရွာ) အိမ်က မီးလောင်သွားတယ်။ ဒေသခံတွေက ဝိုင်းပြီး မီးငြိမ်းတဲ့အတွက် မီးကတော့ငြိမ်းသွားပြီ။ နောက်ပြီး ရွာထဲမှာ သေနတ်တွေအတွဲလိုက် လိုက်ပစ်တယ်။ အဲဒါကြောင့်လူ ၅ ယောက်လောက်သေနတ်ဒဏ်ရာရတယ်။”(လက်ပံတောင်းဒေသခံ)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးက မိုးကြိုးပြင်၊ မြောက်ကျေးရွာနဲ့ ဆည်တည်းကျေးရွာအဟောင်းကိုစစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး ရွာတွေကိုမီးရှို့တာ ကျေးရွာသားတချို့ကိုသတ်ဖြတ်တာ၊ ကလေးနဲ့အမျိုးသား ၄၀ ထက်မနည်းကိုဖမ်းဆီးထားတာတွေလုပ်ခဲ့ပါတယ်။
]မနေ့ကတော့ဝင်ပြီးတနေ့လုံး မီးရှို့တာတွေလုပ်ပြီးတော့ ဒီနေ့မနက်မှာတော့ ဆည်တည်းရွာဘက်ကိုဝင်လာတာပါ။ အခုလက်ရှိကတော့ လက်ပံတောင်းတောင်ဘက်မှာရှိတယ်။ ဆည်တည်းကျေးရွာဟောင်းကကျေးရွာသားတွေကိုလည်း တန်ဆာခံအဖြစ် ဖမ်းထားတာရှိတယ်။”(ဦးဇင်းတပါး-လက်ပံတောင်းဒေသခံ)
ပယ်လင်စာလုပ်ငန်းနဲ့ တိုင်းပြည်ဝင်ငွေအကြီးအကျယ်ရတဲ့ထိုင်းနိုင်ငံဟာ ရေလုပ်သားရှားပါးမှုပြဿနာကိုဖြေရှင်းဖို့ မြန်မာ၊ လာအိုဝ်၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်လေးနိုင်ငံက အလုပ်သမားတွေကို MoU နဲ့တရားဝင်ခေါ်ယူနေပါတယ်။
ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ မယ်လဒုက္ခသည်စခန်းမှာ နှစ်ပေါင်း ၂၀ လောက် ထွက်ပေါက်မရှိဘဲ နေထိုင်နေကြရတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေက သူတို့ ကလေးတွေရဲ့ အနာဂတ်ကင်းမဲ့နေတာတွေ အပါအဝင် တတိယနိုင်ငံတခုခုမှာ ခိုလှုံပေးဖို့တို့အတွက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ဒီ
ထိုင်းမြန်မာနယ်စပ်က ရွှေပြောင်းအလုပ်သမားတွေအပြင် နိုင်ငံရေးစစ်ရေးအခြေအနေကြောင့်ထွက်ပြေးတိမ်းရှောင်လာတဲ့ဒုက္ခသည်တွေအတွက်ကျန်းမာရေးဆိုင်ရာအထောက်အကူညီရရှိဖို့အတွက် New Myanmar Foundation ကစေတနာဝန်ထမ်းဆရာဝန်တွေကိုသုံးပြီး အွန်လိုင်းကနေ ဆေးကုသပေးတဲ့ Tele Health ဆိုတဲ့အစီစဉ်ကို ဇွန်လက စတင်ခဲ့ပါတယ်။
ထိုင်းနိုင်ငံထဲက အလုပ်အကိုင်စွမ်းရည်ကိုအခြေခံတဲ့ ကျွမ်းကျင်လုပ်သား ၁၆မျိုးကို လုပ်အားခလစာတိုးမြင့်ပေးကြောင်း ထိုင်းအစိုးရကထုတ်ပြန်ခဲ့ရာမှာ ဒီထဲမှာမြန်မာအလုပ်သမားတွေ အများဆုံးအလုပ်လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေထဲက ၆မျိုးသာပါဝင်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်