မြန်မာနိုင်ငံအတွင်း ပြည့်တန်ဆာအဖြစ် လူကုန်ကူးဂိုဏ်းတွေက အတင်းအကြပ် စေခိုင်းခံနေရတဲ့ ထိုင်းနိုင်ငံသူ ၅ယောက်ကို ကယ်ဆယ်ခဲ့ပြီး ပြန်လည်လွဲှ ပြောင်းပေးခဲ့ပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။
၂၀၂၀ နဲ့ ၂၀၂၁ မှာ နိုင်ငံကူးစာအုပ် သက်တမ်းကုန်နေကြတဲ့ မြန်မာရွှေပြောင်း အလုပ်သမား၂သောင်း၂ထောင်ကျော် ဟာ သက်တမ်းတိုးဖို့အတွက် ကျန်နေပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။
မလေးရှား လူဝင်မူကြီးကြပ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက တရားမဝင် အလုပ်လုပ်ကိုင်နေသူတွေကို ဖမ်းဆီးခဲ့ရာမှာ ဖမ်းဆီးခံရသူအများစုဟာ မြန်မာနိုင်ငံသားတွေဖြစ်ပြီး၊ အဲဒီအထဲမှာ အသက်မပြည့်သေးတဲ့ ကလေး ၁၂၀ ကျော် ပါဝင်နေပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် VOA သတင်းထောက် မအေးအေးမာ သတင်း ပေးပို့ ထားပါတယ်။
ထိုင်း မြန်မာနယ်စပ် ကမ်ချနဘူရီ ပြည်နယ်ထဲမှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာကြတဲ့ မြန်မာ ၁၇ ဦးကို နိုဝင်ဘာလ ၂၃ ရက်နေ့ညက ထိုင်း အာဏာပိုင်တွေ က ဖမ်းမိ့ခဲ့ပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။
“မနေ့က ရိက္ခာတင်ကားလမ်းက ဖြတ်အတိုက်ခံရပြီး ရဲဘော် ၂ ဦးကတော့ ပိတ်မိနေခဲ့တယ်။ ကျန်တဲ့ရဲဘော်တွေကတော့ လွတ်မြောက်သွားကြတယ်။ ပိတ်မိတဲ့ရဲဘော်၂ ဦးကိုတော့ပြန်ပြီး ကယ်ထုတ်နိုင်ခဲ့တယ်။ ကျဆုံးရဲဘော်တွေကိုတော့ ဒီနေ့မှာပဲ သင်္ဂြိုဟ်ခဲ့တယ်။” (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်)
“ည ၁၂ နာရီကျော်အချိန်မှာ ကြဲတာပါ။ မိုင်းကိုကြဲတာပါ။ အမှတ် (၂) မိုင်းကွင်းကိုကြဲတာပါ။ နည်းနည်းလှမ်းတော့ အဆက်အသွယ်လည်း မရသေးဘူး။ အခုဟာက မယ့်ကသာကလူတွေက ဘုရားသုံးဆူကိုရှောင်ကြတယ်။ ဘုရားသုံးဆူကလူတွေက ရှမ်းကုန်းကိုရှောင်ကြတယ်။ အဲဒီ မယ့်ကသာကလူတွေအကုန်လုံးက ဂူထဲမှာပဲပုန်းနေကြရတယ်။” (ဒေသခံ)
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ ထိုင်းရဲ စစ်တပ် စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေက နောင်ဘွားရပ်ကွက်ဘက်မှာ နိုဝင်ဘာလ၂၁ရက် နေလည်ပိုင်းက စစ်ဆင်ရေးလုပ်ပြီး ဖမ်းဆီးရာမှာ အထောက်အထားမဲ့ မြန်မာ၅၀နီးပါးလောက် အဖမ်ဆီးခံခဲ့ရပါတယ်။
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တောင်ကလေးရဲစခန်းဝင်းမှာ စခန်းချ ချခြေကုတ်ယူထားတဲ့ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် PDF ပူပေါင်းတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပြီး တောင်ကလေးရဲစခန်းကို ဝင်ရောက် ပစ်ခတ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံက သစ်စက်ရုံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမား ၂၀၀ ကျော်ဟာ အလုပ်ရှင်က အခကြေးငွေ ယူထားပေမဲ့ အလုပ်လုပ်ခွင့် သက်တမ်း တိုးမပေးလို့ဆိုပြီး ဆန္ဒပြခဲ့ကြရာက အလုပ်သမားရေး လှုပ်ရှားသူတွေ ကြားဝင်ညှိနှိုင်းပေးနေရပါတယ်။ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။
ကရင်ပြည်နယ် မြဝတီခရိုင်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်၊ ဒေသခံ PDF ပူးပေါင်း တပ်ဖွဲ့တွေကြား ဒီရက်ပိုင်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် သောင်ရင်းမြစ်အနီးနဲ့ ဝေါလေချောင်းတဝိုက်မှာ စစ်ဘေးရှောင်ဒုက္ခသည် ၁,၀၀၀ ကျော် ထပ်မံ တိမ်းရှောင်လာပါတယ်။
“ဒီဟာတွေကို တရားမဝင်လုပ်ကိုင်ပြီး အဖျက်အမှောက်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့အတွက်လုံခြုံရေးအတွက် ဆောင်ရွက်ခဲ့တာဖြစ်တယ်။ နိုင်ငံခြားသားတွေသေတယ်လို့ သတင်းတွေတက်လာတယ်။ ရှိခဲ့ရင်လည်းတရားမဝင်လုပ်ငန်းတွေကို လာရောက်လုပ်ကိုင်နေတာဖြစ်ပါတယ်။ တရားမဝင် နေထိုင်ပြီး လုပ်ကိုင်နေတာဖြစ်ပါတယ်။” (ဗိုလ်ချုပ် ဇော်မင်းထွန်း)
ထိုင်းနိုင်ငံ Phetchaburi ပြည်နယ်၊ ဖက်ကဆန်လမ်းမမှာ မြန်မာတဦးမောင်းလာတဲ့ ကားတစီး မတော်တဆတိုက်မိရာက ယာဉ်မောင်း အပါအဝင် မြန်မာ ၃ ဦး သေဆုံးသွားပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ဒီသီတင်းပတ်နှောင်းပိုင်း ကျင်းပမယ့် အာရှပစိဖိတ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု APEC ညီလာခံအတွက် အာဏာပိုင်တွေ လုံခြုံရေးအတွက် ပြင်ဆင်နေပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။
မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအတွင်းက ရဲစခန်းနဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေရှိရာ နေရာတချို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ မကြာသေးခင်က တိုက်ခိုက်ခဲ့ကြောင်း၊ ဒေသခံ PDF အဖွဲ့တာဝန်ရှိသူတဦးနဲ့ ဒေသခံတွေက ပြောပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။
သထုံမြို့နယ်ဝင်းစိန်ကျေးရွာမှာ တက်ကြွလှုပ်ရှားသူတဦးကိုလာရောက်ဖမ်းဆီးတဲ့ သထုံအမှတ်(၉)လေ့ကျင့်ရေးတပ်က ဗိုလ်မူးတဦးအပါအဝင်၄ဦးနဲ့ ဒေသခံသထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား နိုဝင်ဘာလ(၁၀)ရက်နေ့က ပစ်ခတ်မူ တွေဖြစ်ခဲ့ပြီး သေဆုံးမူတွေရှိကြောင်း သထုံပြည်သူကာကွယ်ရေးတပ်ဖွဲ့ဘက်ကပြောပါတယ်။
အာရှ အဝေးပြေးလမ်းမကြီးရဲ့ ကရင်ပြည်နယ် ကော့ကရိတ် - မြဝတီ အပိုင်းထဲမှာ ကားတိမ်းမှောက်မှုကြောင့် ကားပေါ်ပါသူ ၈ ဦးလုံး သေဆုံးသွားပါတယ်။
ဘားအံမြို့မှာ (၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကျင်းပဖို့ စစ်ကောင်စီဘက်က ပြင်ဆင်နေချိန်မှာပဲ အကြိုပွဲကျင်းပတဲ့ တနင်္ဂနွေနေ့က ပေါက်ကွဲမှုတချို့ ဖြစ်ပွားခဲ့ပါတယ်။
ထိုင်း၊ လာအိုနဲ့မြန်မာနိုင်ငံတွေကိုနယ်စပ်ဖြတ်ကျော်ပြီး လက်နက်ပို့ဆောင်ရောင်းချနေတဲ့မှောင်ခိုဂိုဏ်းတွေကို နှိမ်နှင်းနေတဲ့ ရဲတပ်ဖွဲ့ကထိုင်းနိုင်ငံသားတဦးနဲ့ လက်နက်တွေကို မဲဆောက်မြို့မှာ ဖမ်းမိခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ငွေကြေးခဝါချမှု၊ မူးယစ်မှောင်ခိုမှုတို့နဲ့ တရားစွဲခံထားရတဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင် ဒေါက်တာထွန်းမင်းလတ်နဲ့ ပတ်သက်နေတဲ့ပိုင်ဆိုင်မှု ထိုင်းဘတ်ငွေ ၂ ဘီလျံနီးပါးကို ထိုင်းရဲတပ်ဖွဲ့နဲ့ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဌာနတို့က သိမ်းဆည်းလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်