“၁၉ ရက်နေ့မနက် ၈ နာရီမှာပေါ့နော်- မဲဝိုင်ကျေးရွာမှာဖြစ်ခဲ့တာပါ၊ စစ်ကောင်စီဘက်က လေယာဉ်နဲ့ဗုံး ၂ လုံး လာကြဲတယ်။ မနက် ၁၀ နာရီနဲ့ ၄၁ မိနစ်မှာ နောက်တကြိမ် ဗုံးလာထပ်ကြဲပါတယ်။ ၁၈ ရက်နေ့တုန်းကလည်း ည ၇ နာရီ မိနစ် ၂၀ လောက်မှာ ဝါသိုးလော်ရွာမှာ ဗုံးတွေ လာထပ်ကြဲပါတယ်။” (ဖဒိုကလဲစေး- KNU သတင်းပြန်ကြားရေးတာဝန်ခံ)
“ထိုင်းအစိုးရက ၁၀ လပိုင်းကစပြီး တနေ့လုပ်အားခ ၃၃၂ ဘတ် ထိတိုးပေးပေမဲ့ မဲဆောက်မှာက ၃၃၂ ဘတ်ရတဲ့အလုပ်သမားကနည်းတယ်။ လုပ်အားခပြဿနာရှိတယ်။ လုပ်ငန်းခွင်ထဲမှာ အလုပ်တွေ အချိန်ပိုခိုင်းစေခံရတယ်။ အစိုးရသတ်မှတ်တဲ့ Over Time ကြေးကို သတ်မှတ်ထားတဲ့အတိုင်း မပေးတာရှိတယ်။” (ဦးမိုးကျော်-အလုပ်သမားရေးလှုပ်ရှားသူ)
စစ်ရေးတင်းမာနေတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက တနင်္ဂနွေနေ့မှာ လေကြောင်းက တိုက်ခိုက်မှုတွေ လုပ်ခဲ့ကြောင်း PDF ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။
ကရင်ပြည်နယ် ကော့ကရိတ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကို ဒီဇင်ဘာလ ၁၆ ရက်က KNLA နဲ့PDF ပူးပေါင်းစစ်ကြောင်းတွေကဝင်ရောက်တိုက်ခိုက်ပြီး တိုက်ပွဲတွေပြင်းထန်နေသလို စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူတွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ နယ်မြေမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ တနှစ်ကျော်တဲ့အထိ နေရပ်မပြန်နိုင်ပဲ ဖြစ်နေကြပါတယ်။ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။
ထိုင်းနိုင်ငံ ဆာမွန်ဆာခွန်းခရိုင် သံထည်ပစ္စည်းထုတ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား တဦးဟာ လုပ်ငန်းခွင်မှာထိခိုက်ဒဏ်ရရှိပြီး လက်ချောင်းတွေ ပြတ်တောက်သွားတဲ့အတွက် နစ်နာကြေးရဖို့ ရွှေပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်ကိုတိုင်ကြားခဲ့ရာက ၂ လအကြာမှာတော့ နစ်နာကြေး ထိုင်းဘတ်ငွေ ၃ သိန်း ၃ သောင်းကျော် ရရှိခဲ့
ထိုင်းနိုင်ငံတာခ့်ပြည်နယ်ထဲမှာ ဗီဇာသက်တမ်းကျော် နေထိုင်နေပြီး မြန်မာနိုင်ငံဘက်ကို ခိုးဝင်ဖို့ကြိုးစားတဲ့ တရုတ်နိုင်ငံသား (၁၆)ယောက်ကို တနေ့တည်းမှာ ဖမ်းမိခဲ့တာပါ။ တာခ်ပြည်နယ် တာ့ခ်မြို့နယ်နဲ့ မယ်လမမြို့နယ်ထဲမှာ ကားတွေနဲ့လာတုန်းမှာ ဖမ်းမိခဲ့တာဖြစ်ကြောင်း အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကြိုးက ပြောပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်မြို့မှာ မြန်မာအလုပ်သမား ၁၄ ဦးသယ်ဆောင်လာတဲ့ကားနဲ့ ပစ်ကပ်ကားတစီးတိုက်မိတာကြောင့် ယာဉ်တိမ်းမှောက်ခဲ့ပြီး မြန်မာအလုပ်သမားတွေ အားလုံးဒဏ်ရာတွေရရှိခဲ့ပါတယ်။
ထိုင်း မြန်မာနယ်စပ် မြန်မာနိုင်ငံဘက်က အများအပြား ဝင်ရောက်လာနေပြီး ဒီဇင်ဘာလ ဒုတိယ သီတင်းပတ် အတွင်းမှာဘဲ အထောက်အထားမဲ့ မြန်မာ ၁၂၀ ကျော်နဲ့ လူမှောင်ခို ပွဲစား ၇ ဦး ဖမ်းခံရတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံ အကျဉ်းထောင်တွေ အချုပ်တွေကနေ လွက်ရက်စေ့သွားတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၈၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက ပြည်နှင်ဒဏ်ပေးပြီး ဒီဇင်လဘာလ(၉) ရက်နေ့ က ရနောင်းကနေ ကော့သောင်းမြို့ကို ပြန်လည် လွှဲပြောင်းပေးခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။
ထိုင်းမြန်မာနယ်စပ်မှာ စိတ်ကြွဆေးပြား ငါးသန်းကျော်သယ်ဆောင်လာတဲ့ မူးယစ်ဂိုဏ်းဝင်တွေနဲ့ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့တွေကြား ဒီဇင်ဘာလ (၇) ရက်နေ့က တိုက်ပွဲဖြစ်ပွားရာမှာ မူးယစ်ဂိုဏ်းဝင် ၁၅ ဦး သေဆုံးခဲ့ပြီး ကာလတန်းဖိုးဘတ်ငွေသန်း ၂ ထောင်ဖိုးလောက်ရှိတဲ့ မူးယစ်ဆေးတွေလည်းဖမ်းမိခဲ့ပါတယ်။
ထိုင်းနိုင်ငံ ရတ်ချ်ဘူရီ ပြည်နယ် အဝေးပြေးလမ်းမှာ ခရီးသည်တင်ကားတစင်းကို ရဲတပ်ဖွဲ့က စစ်ဆေးရာက တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ၄၈ ယောက်ကို ဖမ်းဆီးမိခဲ့ပါတယ်။ ရခိုင်ပြည်နယ်ကနေ ထိုင်းနိုင်ငံကိုဖြတ်ပြီး မလေးရှားနိုင်ငံကို သွားမယ့်သူတွေဖြစ်ကြောင်း စစ်ဆေးချက်အရ သိခဲ့ရတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်နဲ့အနီးဆုံးပင်လယ်ပြင်မှာ ဘင်္ဂလားဒေရှ့်ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ၂၀၀ ကျော်လိုက်ပါလာတဲ့ စက်လှေတစင်းပျက်ပြီး အစာရေစာပြတ်လပ်၊ လူသေဆုံးမှုတချို့ရှိနေတာကြောင့် ထိုင်းအာဏာပိုင်တွေ ကယ်ဆယ်ကူညီခဲ့ရပါတယ်။
နယ်စပ်ကနေ တရားမဝင် ဝင်လာကြတဲ့ မြန်မာတွေ လိုက်ပါလာတဲ့ ကားတစင်း ထိုင်းနိုင်ငံ အယုဒ္ဒယမှာ မတော်တဆ တိမ်းမှောက်ရာက အများအပြား ဒဏ်ရာရခဲ့ကြောင်း အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အတွင်းက ကျေးရွာ ၂ရွာကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ရွာထဲက အိမ်ခြေတချို့ ပျက်စီးသွားပြီး လူ ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။
ထိုင်းမြန်မာနယ်စပ် သစ်တောဝင်းတခုထဲမှာ အစာရေစာပြတ်လတ်နေကြတဲ့ တရားမဝင် မြန်မာနိုင်ငံသား ၁၁ဦးကို လူကုန်ကူးသူတွေက စွန်ပစ်ထားခဲ့တာကြောင့် ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းမိခဲ့ပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၆) နယ်မြေမှာရှိတဲ့ ခဲသတ္တုမိုင်းကို ဒီဇင်ဘာ ၁ ရက်နေ့မှာ မြန်မာစစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သလို KNU ပူးပေါင်းတပ်တွေဘက်ကလည်း ဒီနေ့မှာ ဘုရားသုံးဆူဒေသ စစ်ကောင်စီအုပ်ချုပ်ရေးရှိရာ စုပေါင်းရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။
မြန်မာနိုင်ငံသား MoU အလုပ်သမားများကို ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့ကနေ ထိုင်းတောင်ပိုင်းဟတ်ရိုင်မြို့ကိုပို့ဆောင်မဲ့ ဘတ်စ်ကားတစီးဟာ မယ်လမောင်းတာခ့် ကားလမ်းမှာ နိုဝင်ဘာလ၂၉ ရက်နေ့ညက တိမ်းမှောက်လို့ မြန်မာအပါဝင်လူ ၃ ဦးသေဆုံးကာ ၄၀ကျော်ဟာ ဒဏ်ရာတွေရခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ မေလက လက်လွှတ်ခဲ့ရတဲ့ ကရင်ပြည်နယ် ကေအန်ယူတပ်မဟာ (၆) ထိန်းချုပ်ရာ ဒူးပလာယာခရိုင်ထဲက သေဘောဘိုးစခန်းနေရာကို ဒီရက်ပိုင်း ပြန်လည်ထိန်းချုပ်လိုက်တဲ့အကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသလို သေဘောဘိုးနဲ့ အနီးတဝိုက် ကျေးရွာတွေကနေ စစ်ဘေးတိမ်းရှောင်နေသူတွေ နေရပ်ပြန်လာကြဖို့ ပြောဆိုထားပါတယ်။
ထိုင်းမြောက်ပိုင်း က လွတ်ရက်စေ့တဲ့ အကျဉ်းသား၁၂၀ကျော် အပါအဝင် နေရပ်ပြန်လိုသူအားလုံး စုစုပေါင်း ၁၆၀ကျော်ကို ထိုင်းနိုင်ငံ မဲဆိုင်မြို့ တာဝန်ရှိသူတွေက မြန်မာနိုင်ငံ တာချီလိပ်မြို့ဘက်ကို နိုဝင်ဘာလ၂၈ရက်နေ့က လွဲှပြောင်းပေးခဲ့ပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်