ထိုင်း မူးယစ်ဆေးဝါး နှိမ်နင်းရေးဗျူရိုရုံးချုပ်မှာ မနေ့ အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ပြည်နယ်ကနေ တောင်ပေါ် တိုင်းရင်းသား မူးယစ်မှောင်ခိုဂိုဏ်းဝင်တွေနဲ့အတူ စိတ်ကြွဆေးပြား ၁၅ သန်းကို ဇန်နဝါရီလ ၁၅နဲ့ ၁၆ ရက်တွေမှာဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းရဲချုပ်က သတင်းထုတ်ပြန်ပါတယ်။
ကရင်ပြည်နယ် ကော့ကရိတ်ယ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်းအမျိုးသားလွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စတဲ့ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဆက်ဖြစ်နေပြီး့ ဇန်နဝါရီလ ၁၆ ရက်နေ့မှာတော့ ကော့ကရိတ်မြို့နယ် ကော့ဗိန်းရဲစခန်းကို ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား ဇန်နဝါရီလ ၁၃ ရက်နေ့ကတိုက်ပွဲဖြစ်ခဲ့သလို ကော့ကရိတ်မြို့နယ်ထဲမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။
“ထိုင်းအစိုးရဝန်ထမ်းအယောင်ဆောင်မှုက အမှုပိုကြီးပါတယ်။ အမြန်လမ်းရဲဌာနရဲ့အမှတ်တံဆိပ်ကပ်တယ်။ ဒါက ယူနီဖောင်း တင်မဟုတ်ဘူး။ မော်တော်ယဉ်ကိုပါ အယောင်ဆောင်ကပ်တာဖြစ်ပါတယ်။ ထိုင်းလဝက၊ ရဲတို့၊ ဌာနဆိုင်ရာယူနီဖောင်းတို့ဝတ်ဆင်ပြီး လူကုန်ကူးတာတွေက ၂၀၂၂ မှာလည်း ဖမ်းမိခဲ့ဖူးပါတယ်။” (ဦးမိုးကြိုး-အလုပ်သမားရေးလှုပ်ရှားသူ)
“သမီးတို့ နေရာတွေက MOU စာချုပ်ပါ စည်းမျဉ်းနဲ့လည်းလွဲတယ်။ နွံထဘူရီမှာ ကုမ္ပဏီဆိုက်မှာလုပ်ရမယ်ဆိုပြီး ပန်းရံလုပ်ရတယ်။ သံချည် သံကွေးလုပ်ရတယ်။ နေပူကြီးထဲမှာပေါ့။ အဲဒါလုပ်ပြီး ပထုံဌာနီကတရုတ်ဆိုက်ထဲ ပို့တယ်။ သမီးတို့ကမလုပ်နိုင်တော့ အေဂျင်စီကိုအကြောင်းကြားတယ်။ အေဂျင်စီတွေက လာမရှင်းပေးဘူး။” (အလုပ်သမတဦး)
ဖာပွန်မြောက်ပိုင်းမှာ သူတို့ ဘက်က အဲဒီမှာ အရပ်သားတွေလုံးဝမရှိဘူးဆိုတဲ့ ဟိုးလွန်ခဲ့တဲ ခင်ညွန့်လက်ထက်ကတည်းက အမိန့်အာဏာကို မရုပ်သိမ်းခဲ့ဘူး။ NCA ကာလမှာလည်း အဲဒီလိုပဲ သတ်မှတ်ထားတယ်။ ဒီနယ်မြေကို အမဲရောင်နယ်မြေလို့သူတို့သတ်မှတ်ထားတာလေ။” (ဖဒိုကလဲစေး-KNU သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ)
ထိုင်းနိုင်ငံ ရာချ်ဘူရီဆေးရုံမှာ ယာဉ်မတော်တဆမူ့နဲ့ရောက်ရှိလာပြီး သေဆုံးသွားခဲ့တဲ့ မြန်မာအလုပ်သမားတဦးက လူ(၁၃)ယောက်အတွက်ခန္ဓာကိုယ် အစိတ်အပိုင်းတွေလျူဒါန်းခဲ့ကြောင်း ရာချ်ဘူရီဆေးရုံကြီးကသတင်းထုတ် ပြန်ခဲ့ပါတယ်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဂျလမ်းအင်ဘိ (Jalan Imbi) အရပ်မှာ တရားမဝင် ခိုးဝင်နေထိုင်သူတွေကို မလေးရှားအာဏာပိုင်တွေက လိုက်လံရှာဖွေဖမ်းဆီးတာမှာ မြန်မာနိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ Lion Battalion Commando စစ်ကြောင်း စတဲ့ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နှစ်ဘက်တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် စစ်ကောင်စီဘက်က ဒီဇင်ဘာလ ၃၁ ရက်နေ့ကစပြီး ၅ ရက်ဆက်တိုက် လေကြောင်းကပါ တိုက်ခိုက်နေပါတယ်။
ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ပြည်နယ် မယ်ဖါလွမ်ဒေသ မဲ့ကျလောင် ကျေးရွာအနီးမှာ ဇန်နဝါရီလ၂ ရက်နေ့က မူးယစ်ဆေး သယ်ဆောင်လာတဲ့ လက်နက်ကိုင်အုပ်စုနဲ့ ထိုင်းနယ်ခြားစောင့်တပ် ၃၁၀၉ တပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ လက်နက်တွေဖမ်းမိကာ မူးယစ်မှောင်ခိုသမား၂ ဦးလည်း သေဆုံးခဲ့ပါတယ်။
ထိုင်းနိုင်ငံကို မြန်မာတွေဟာ ၂၀၂၂ခုနှစ် တနှစ်လုံးမှာ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ပြီး အဖမ်းခံရသူ မြန်မာ ၄ သောင်းကျော်လောက်ရှိမယ်လို့ အလုပ်သမားရေးဆောင်ရွက်နေသူတွေက ခန့်မှန်းကြပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။
“စစ်ကောင်စီတပ်တွေနဲ့ ဂဠုန်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်တယ်။ ကိုးတိုင်ရွာနားမှာဖြစ်တယ်။ တောင်ကြာအင်း၊ မြောက်ကြာအင်း သွားတဲ့လမ်းနေရာမှာပေါ့၊ ဆုတ်တဲ့အချိန်မှာတော့ ရွာတွေကို လက်နက်ကြီးနဲ့ပစ်သွားတယ်။” (ကော့ကရိတ်ဒေသခံ)
“ပါဆယ်ပုံးတွေ မလာကြဘူး။ မလာတာတော့ ၃ ရက် ၄ ရက်ရှိပြီ။ လမ်းအခြေအနေကြောင့် အတော်များများမလာဘူး။ တံတားကျိုးနေတော့ အဲဒီလမ်းကိုမဖြတ်ရဲဘူး။တခြားလမ်းတွေက ကွေ့လာတော့လည်း တခြားလမ်းကြောင်းကိုလည်း ကားတွေကမဖြတ်ရဲကြဘူး။ မြန်မာဘက်က ပစည်းတွေလည်းမလာဘူး။ ထိုင်းဘက်ကလည်း ပို့လို့မရဘူး။” ( DHL ပို့ဆောင်ရေးကုမ္ပဏီတာဝန်ခံ)
ခရစ်စမတ်ကာလအတွင်း ထိုင်း ၊ မြန်မာနယ်စပ် မူးယစ်ဆေးဝါး သယ်ဆောင်လမ်းကြောင်းတွေကို ပိတ်ဆို့ ဖမ်းဆီးခဲ့ရာမှာ စိတ်ကြွဆေးပြား ၁၆သန်းကျော် နဲ့ Ice မူးယစ်ဆေး ကီလို ၇၀၀ လောက် ဖမ်းမိခဲ့တယ်လို့ ထိုင်းမူးယစ်နှိမ်နင်းရေးဗျူရို က သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ် ။ ဒီသတင်းကို မအေးအေးမာ က သတင်းပေးပို့ထားပါတယ် ။
ထိုင်းနို်င်ငံ ၊ ချင်းမိုင်ပြည်နယ် နဲ့ ရနောင်းပြည်နယ်တွေမှာ တရားမဝင်မြန်မာတွေ ဒီဇင်ဘာလ ၂၂ နဲ့ ၂၃ရက်နေ့ ၂ရက်အတွင်း လူ၆၀လောက် ဖမ်းဆီးခံရသလို လူမှောင်ခိုပွဲစား ၆ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲ စစ်ကောင်စီတပ်တွေက ကရင်နှစ်သစ်ကူးနေ့ကစပြီး ၂ ရက် ဆက်တိုက် လက်နက်ကြီးတွေနဲ့တိုက်ခိုက်ခဲ့ပြီး ဒီနေ့ သောကြာနေ့မှာလည်း လေကြောင်းကတိုက်ခိုက်တာတွေရှိပြီး လက်နက်ကြီးကျည်ဆံတွေကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားတချို့ သေဆုံးဒဏ်ရာရခဲ့တာတွေရှိကြောင်း ကော့ကရိတ်ဒေသခံတဦးကပြောပြပါတယ်။
ဒီနေ့ဟာ ကရင်တိုင်းရင်းသားတွေရဲ့ ၂၇၆၂ ခုနှစ် ကရင် နှစ်သစ်ကူးနေ့ဖြစ်ပါတယ်။ ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာတော့ မြို့အခြေစိုက် စစ်ကောင်စီတပ်တွေက နှစ်သစ်ကူးလုပ်နေတဲ့ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ဒေသခံတွေထွက်ပြေးခဲ့ကြရပါတယ်။
နှစ်ဖက်တိုက်ပွဲတွေ အတွင်း မြဝတီ ကော့ကရိတ်လမ်းက တံတားတခုလည်း ကျိုးကျတာကြောင့် လမ်းတွေပိတ်ပြီး လမ်းပမ်းဆက်သွယ်ရေးတွေ ခက်ခဲနေပါတယ်။
ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ရဲချုပ် ဆူရချေ့ ဟတ်ဖန်နဲ့အဖွဲ့ဝင်တွေဟာ ဒီဇင်ဘာလ၂၀ ရက်နေ့က မဲဆောက်မြို့ မယ်ကုရပ်ကွက်က မြန်မာအလုပ်သမားတွေ အလုပ်လုပ်ကိုင်နေတဲ့ စက်ရုံကိုလာရောက်ပြီး စစ်ဆေးမှု လုပ်ခဲ့တာပါ၊
နောက်ထပ်ကြည့်ရှုရန်