ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ခရိုင်၊ ချင်းဒေါင်းမြို့နယ်မှာ ထိုင်းစစ်တပ်နဲ့ မူးယစ် ဆေးဝါးသယ်ဆောင်တဲ့အဖွဲ့တွေ ပစ်ခတ်မှုဖြစ်ပွါးပြီး စိတ်ကြွဆေးပေါင်း ၅ သန်း ၇ သိန်း ဖမ်းဆီးရမိခဲ့ပါတယ်။ တပတ်အတွင်း စိတ်ကြွဆေး အလုံးရေ သန်းပေါင်း ၂၀ ကျော် ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း၊ ထိုင်းမြန်မာနယ်စပ် ရနောင်း လူဝင်မူ့ကြီးကြပ်ရေးအချုပ်စခန်းမှာ ချုပ်ခံထားရတဲ့ လွက်ရက်စေ့ မြန်မာ ၆၇၀ ကျော်ဟာ နေရပ်ပြန်နိုင်ရေးအတွက် ဇန်နဝါရီလ ၂၈ ရက်နေ့က ဆန္ဒပြခဲ့ပြီးတဲ့နောက် ဖေဖေါ်ဝါရီလ ၂ ရက်နေ့မှာ အချုပ်ထဲက မြန်မာအားလုံးကို ထိုင်းမြန်မာအာဏာပိုင်တွေက နေရပ်ပြန်ပို့ပေးခဲ့ပါတယ်။
စစ်အာဏာသိမ်းမှု နှစ်နှစ်ပြည့်နေ့မှာ စစ်ကောင်စီကိုဆန့်ကျင်ကြောင်းွ ပြည်တွင်းမှာ အသံတိတ်သပိတ်ဆင်နွဲကြသလို အာရှနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ ဖိလစ်ပိုင်၊ ဂျပန်၊ ထိုင်း စတဲ့နိုင်ငံတွေမှာလည်း စစ်ကောင်စီကိုဆန့်ကျင်တဲ့လှုပ်ရှားမူတွေ၊ ဆန္ဒပြတာတွေလုပ်ခဲ့ကြပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း၊ ထိုင်းမြန်မာနယ်စပ် ရနောင်း လူဝင်မှုကြီးကြပ်ရေးအချုပ်ခန်းမှာ ထိန်းချုပ်ခံထားရတဲ့ လွက်ရက်စေ့ မြန်မာ ၆၀၀ ဦး နေရပ်ပြန်နိုင်ရေးအတွက် ဇန်နဝါရီလ၂၈ ရက်နေ့က ဆန္ဒပြခဲ့ပြီးနောက် ဇန်နဝါရီလ ၃၁ ရက်နေ့မှာတော့ မြန်မာသံရုံအရာရှိတွေက ဆွေးနွေးပြီး ၃ သုတ်ခွဲပြီး နေရပ်ပြန်ပို့ဖို့စီစဉ်နေပါတယ်။
ထိုင်းမြန်မာနယ်စပ်၊ ကမ်ချနဘူရီပြည်နယ်နဲ့ တာ့ခ်ပြည်နယ်တွေမှာ ၃ရက်အတွင်းမြန်မာနိုင်ငံသား ၁၀၀ ကျော်ဖမ်းမိခဲ့ပြီး အများစုကတော့ ရခိုင်ပြည်နယ်ကလာတဲ့ရိုဟင်ဂျာတွေဖြစ်ကြပါတယ်။
“မိုင်းကတော့ ၂ ခါခွဲလိုက်တယ်။ ဒီဘက်ထိပ်နဲ့ဟိုဘက်ထိပ် နှစ်ဘက်ထိပ်ပေါ့။ ကြာအင်းဆိပ်ကြီးအထွက် ဒါလီတံတားပါ။ တံတားကတော့ပြန်သုံးလို့မရတော့ဘူး။ အလယ်ကတော့ မပျက်ဘူး။ တံတားထိပ် ၂ ခုပဲ ပျက်သွားတယ်။ အဓိက ကတော့ စစ်တပ်ရဲ့ဆက်သွယ်ရေးလမ်းကြောင်းကို ပိတ်တဲ့သဘောပဲ။ (ဒေသခံ)
ထိုင်း ၊ မြန်မာနယ်စပ် ရနောင်းမြို့ လူဝင်မူ့ကြီးကြပ်ရေး အချုပ်ထောင်မှာ မြန်မာနိုင်ငံသားတွေဟာ လွတ်ရက်စေ့ပေမယ့် နေရပ်ပြန်ပို့ဖို့အတွက် ကြံ့ကြာနေတာကြောင့် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်၊ ကော်သူလေးအာမီတပ်စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဆက်တိုက်ဖြစ်နေပြီး ပြီးခဲ့တဲ့ရက်က မီးရှို့ခံထားရတဲ့ ကျုံဒိုး ကမ်းနားက ညောင်ရိပ်သာ ကျေးရွာကိုလည်း ဇန်နဝါရီလ ၂၆ ရက်နေ့မှာ စစ်တပ်က မီးတင်ရှို့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ပြည်နယ် မယ့်ဖါလွမ်ဒေသမှာ ကာလတန်ဖိုးဘတ်ငွေသန်းပေါင်း ၅၀၀ လောက်တန်ဖိုးရှိတဲ့ ရွှေတြိဂံဒေသထုတ် ၉၉၉ တံဆိပ် စိတ်ကြွဆေး ၆ သန်းနဲ့အတူ မူးယစ်မှောင်ခိုသမား တောင်ပေါ်တိုင်းရင်းသား ၅ ဦးကို ဖမ်းဆီးလိုက်ပါတယ်။
ဂျပန်နဲ့တောင်ကိုရီယားနိုင်ငံအကြား ပင်လယ်ပြင်မှာ မြန်မာနဲ့တရုတ် သင်္ဘောသား ၂၂ဦး ပါတဲ့ဟောင်ကောင်ပိုင် Jin Tian အမည်ပေါက် ကုန်တင်သင်္ဘောတစ်စီး နစ်မြုပ်သွားတာကြောင့် လက်ရှိ ၁၄ဦးကိုကယ်ဆယ်နိုင်ခဲ့ပြီး ၈ ဦးကတော့ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
ဇန်ဝါရီလ ၂၄ရက်နေ့မှာပိုမိုပြင်းထန်လာပြီး ကော့ကရိတ်၊ ကျုံဒိုး အနီးမှာရှိတဲ့ ကမ်းနီး ရွာ မိဂလုံရွာ ကေ့ာဘိန်းကျေးရွာတွေပေါ်ကိုလက်နက်ကြီးတွေကျရောက်ပေါက်ကွဲတာကြောင့် လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ရပြီး ဒေသခံတွေဟာဒုက္ခသည်တွေအဖြစ်ထွက်ပြေးနေရတယ်လို့ ဒေသခံတဦးကပြောပြပါတယ်။
"ညက ဆယ်နာရီလောက်က လဝကရုံးရယ်၊ စည်ပင်ရုံးရယ်၊ နောက်ထွေအုပ်ရုံးရယ်ကို သူတို့မီးဝင်ရှို့တာ ပြာပုံပဲကျန်တယ်။ အကုန်လုံးမီးလောင်ကုန်တယ်။ ဝင်ပစ်တဲ့အဖွဲကတော့ သေနတ်တွေလည်း ပစ်ခတ်မူတွေလည်း လုပ်နေတယ်။ စစ်တပ်က မဆင်းလာဘူး။ ..
“အာဏာပိုင်တွေက ပိုက်စိတ်တိုက်ဖမ်းတော့ မြန်မာနိုင်ငံသား၂၈ ယောက်ဖမ်းမိတယ်။ ဇန်နဝါရီလ ၁၈ ရက်နေ့ကနေ ၂၃ ရက်နေ့ထိ မြန်မာနိုင်ငံသား ၅၂ ယောက်နဲ့လူပွဲစားတယောက်ကို ဖမ်းမိပါတယ်။ တခြားလူပွဲစားတွေကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်။” (ဦးမိုးကြိုး- မြန်မာပြည်သားအရေး ပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဋ္ဌ)
ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်ထဲမှာရှိတဲ့ DKBA ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော် (ဒေါနအနောက်ခြမ်း)၊ အမှတ် ၂ စစ်ကွပ်ကဲရေး နည်းဗျူဟာမှူး၊ ဗိုလ်မှူးကြီး စောအေဝမ်းရဲ့ နေအိမ်ခြံဝင်းကို စစ်ကောင်စီက ဒီကနေ့ လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ စမုဆွန်ခါခရိုင်၊ မဲခေါင်မြစ်ခွဲမှာ ပြုပြင်ထိန်းသိမ်းဖို့ရပ်နားထားတဲ့ ရေနံတင်သင်္ဘော Smooth Sea C22 ပေါက်ကွဲမှုမှာ မြန်မာအလုပ်သမား ၇ ယောက်အပါအဝင် သေဆုံးခဲ့သူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ထိုင်းအလုပ်သမားဝန်ကြီးဌာနက တယောက်ကို ဘတ်ငွေ ၈ သိန်းကျော်စီ လျော်ကြေးပေးခဲ့ပါတယ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်၊ မြဝတီ အာရှကားလမ်းတလျှောက်မှာ ဇန်နဝါရီလ ၁၉ရက်နေ့က မြဝတီကနေ ဆင်းလာတဲ့ ၆ဘီးကားတစီးကနေ အရှိန်မထိမ်းနိုင်ရာက ယာဉ်၆စီး ဆက်တိုက် မူဖြစ်ပြီး လူ၃ဦးကတော့ ထိခိုက်ဒဏ်ရာတွေရသွားခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။
၃ နှစ်နီးပါကြာတဲ့အထိ ပိတ်ထားခဲ့ရတဲ့ ထိုင်း-မြန်မာ မဲဆောက်မြဝတီ ချစ်ကြည်ရေး တံတားအမှတ်(၁) ကို ပြန်ဖွင့်ခဲ့ပေမယ့် မြန်မာဘက်က စစ်ဆေးမှုတွေ တင်းကြပ်နေတာကြောင့် တပတ်ကြာတဲ့အထိ ထိုင်းဘက်ကို လာရောက်သူတွေဟာ နေ့စဉ်ရာဂဏန်းလောက်သာရှိနေပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း ဖထလွန်ခရိုင်၊ ဖထလွန်-ဟတ်ရိုင် အာရှလမ်းမပေါ်မှာ ဇန်နဝါရီလ ၁၈ ရက်နေ့က အထောက်အထားမဲ့ မြန်မာ ၃၀ နီးပါးကို ခိုးဝှက်သယ်ဆောင်လာတဲ့ယာဉ်တစီး တိမ်းမှောက်ပြီး မြန်မာတချို့ထိခိုက်ဒဏ်ရာရသလို တခြားလူတွေကိုလည်း ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ထိုင်းနိုင်ငံ စမုဆွန်ခါခရိုင်၊ မဲခေါင်မြစ်ခွဲမှာ ပြုပြင်ထိန်းသိမ်းဖို့ရပ်နားထားတဲ့ ဆီတင်ယာဉ်သင်္ဘော Smoosh Sea C22 ပေါက်ကွဲခဲ့တာကြောင့် မြန်မာအလုပ်သမား ၇ ဦး အပါအဝင် လူ ၈ ဦးသေဆုံးခဲ့ပြီး မြန်မာ၂ ဦး ဒဏ်ရာ ရခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်