ထိုင်း-မြန်မာနယ်စပ် စံခရဘူရီမြို့နဲ့ကပ်လျက် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ထဲရှိ ဘုရားသုံးဆူရဲစခန်းကို ပြည်သူကာကွယ်ရေးတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဘက်က ဝင်ရောက်ပစ်ခတ်မူတွေဖြစ်အပြီး မနေ့တုန်းကတော့ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။
ကရင်ပြည်နယ်မြဝတီခရိုင်တွေမှာစစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် ပြည်သူ့ကာကွယ်ရေးတပ်စတဲ့ပူးပေါင်းတပ်ဖွဲ့တွေရဲ့နှစ်ဘက်တိုက်ပွဲကြောင့် ဖေဖေါ်ဝါရီလ၂၂ရက်နေ့က စစ်ဘေးရှောင်တွေ နေထိုင်ရာနေရာထိကျည်ဆံတွေကျရောက်ခဲ့ပါတယ်။
ကရင်ပြည်နယ် မြဝတီခရိုင်ထဲက ဖလူး-ဝေါလေ လမ်းမပေါ်မှာ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ နေလည်ပိုင်းက ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း အနားမှာရှိတဲ့ ပလော့တပို့ စစ်ဘေးရှောင် စခန်းထိကျည်ဆံတွေကျရောက်တာကြောင့် စစ်ပြေးဒုက္ခသည်တွေ ထိုင်းနိုင်ငံနဲ့ အနီးဆုံး သောင်းရင်းမြစ်ကမ်းဘေးထိ ထပ်ပြီးထွက်ပြေးခဲ့ကြရပါတယ်။
ထိုင်းမြန်မာနယ်စပ်က ချစ်ကြည်ရေးတံတားနှစ်စင်း ဖွင့်ပေးပြီးနောက် မြန်မာနိုင်ငံဘက်က ဝင်လာသူတွေဟာ နေထိုင်ခွင့်သတ်မှတ်ရက်ကုန်ဆုံးပေမယ့် မြန်မာပြည်ကိုမပြန်ကြတော့ဘဲ အတွင်းပိုင်းကိုဝင်ရောက်နေတာကြောင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးက တရားမဝင်နေထိုင်သူတွေကို သတိပေးချက်တွေ ထုတ်ပြန်နေပါတယ်။
ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ(၃)၊ မုန်းမြို့နယ်၊ တုံးတောကျေးရွာမှာအခြေစိုက်ထားတဲ့ ခမရ ၅၉၉ကနေ လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံကျေးရွာသူ အမျိုးသမီးတဦးသေဆုံးပြီး ကလေး ၂ဦးကတော့ ခြေထောက်ဖြတ်လိုက်ရပါတယ်။
ထိုင်းမြန်မာနယ်စပ် ချင်းမိုင်ပြည်နယ် မဲအိုင်းခရိုင်နယ်စပ်မှာ မူးယစ်ဆေး သယ်ဆောင်လာသူတွေနဲ့ အမှတ် ၃ ထိုင်းနယ်ခြားစောင့်တပ်တို့ ဖေဖေါ်ဝါရီလ၂၀ ရက်နေ့က နှစ်ဘက်ပစ်ခတ်ခဲ့ပြီး သိမ်းဆည်းခဲ့တဲ့ စိတ်ကြွဆေးတွေနဲ့အတူ ဒီရက်ပိုင်းမှာ စိတ်ကြွဆေး ၁၂ သန်းဖမ်းမိခဲ့တယ်လို့ မူးယစ်နှိမ်နင်းရေးဗျူရိုက သတင်းထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံတွင်းမှာ အထောက်အထားလက်မှတ်တွေအတွက် မှတ်ပုံတင်တဲ့ကာလပြီးဆုံးသွားချိန်မှာ ရွှေပြောင်းအအလုပ်သမားတွေ အများစု အလုပ်ကိုင်နေရာနေရာတွေကို ထိုင်းလဝက၊ ရဲ၊ အလုပ်သမားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့ပါတယ်။
COVID-19 ကပ်ရောဂါ ပြန့်ပွားမှုတွေကိုကာကွယ်ထိန်းချုပ်ဖို့ ၃ နှစ်ကျော်ကြာပိတ်ထားခဲ့တဲ့ ထိုင်းမြောက်ပိုင်း ချင်းရိုင်ပြည်နယ် မဲဆိုင်နဲ့ မြန်မာနိုင်ငံ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ကြားဆက်သွယ်ထားတဲ့ ချစ်ကြည်ရေးတံတား (၁) ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့က ပြန်ဖွင့်လိုက်ပါတယ်။
ထိုင်းနိုင်ငံတဆင့် မလေးရှားနိုင်ငံထိသွားမယ့်သူတွေအပါအဝင် ထိုင်းနိုင်ငံထဲမှာတရားမဝင် ဝင်ရောက်လာသူတွေဟာ ၄ ရက်အတွင်းလူ ၇၀ ကျော်ဖမ်းမိခဲ့ပြီး လူကုန်ကူးသူတွေကိုလည်း ဖမ်းမိခဲ့ပါတယ်။
KNU ဌာနချုပ်ရှိရာ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇) ထိန်းချုပ်ရာနယ်မြေ ဖားအံခရိုင်ထဲကို ဖေဖေါ်ဝါရီ ၁၈ ရက်နေ့မှာ စစ်ကောင်စီဘက်က လေယာဉ်တွေ ၄ ကြိမ်လောက်လာရောက်ခဲ့တာကြောင့် စစ်ရေးအရ ပြင်းထန်နိုင်တယ်ဆိုပြီး ဒေသခံတွေစိုးရိမ်နေကြသလို နေအိမ်တွေမှာမနေရဲဘဲ တိမ်းရှောင်နေကြပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာနိုင်ငံဘက် ပို့ဆောင်မယ့် ကုန်စည်တွေထဲမှာ မူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာ ကုန်ကြမ်းအဖြစ်အသုံးပြုတဲ့ ဆိုဒီယမ်ဆိုင်ယာနိုက် ၂၅ တန်ကျော် တွေ့ခဲ့တဲ့အကြောင်း ထိုင်းအစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။
ဇန်နဝါရီလ တစ်လအတွင်း စစ်ကောင်စီဘက်ကလေကြောင်း တိုက်ခိုက်မှုပေါင်း (၅၇)ကြိမ်လုပ်ခဲ့ပြီး၊ အရပ်သားပြည်သူ ၁၃ ဦး သေဆုံးခဲ့သလို နေအိမ်စာသင်ကျောင်းတွေလည်း ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
“အရင်ကတော့ ၁၃ ရက်နေ့ နောက်ဆုံးထားသွင်းရမယ်ဆိုပြီး လုပ်ထားတာ။ ဒီရက်အတွင်းမှာ စာရင်းသွင်းထား။ ၅ လပိုင်း ၁၅ ရက်မတိုင်ခင်တော့ ကျန်တဲ့လုပ်ငန်းတွေကို ဆက်လုပ်ဖို့ပြောထားတာ။” (ဦးမင်းဦး-ထိုင်းရောက် မြန်မာအလုပ်သမားများအရေးကူညီနေသူ)
ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်ထဲက ဒူးရင်းစိုက်ပျိုးရေးခြံ မှာ ဖေဖေါ်ဝါရီလ ၁၄ရက်နေ့ညက မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးဟာ သူတို့နေထိုင်ရာ ၂၅ဧကလောက်ကျယ်ဝန်းတဲ့ ဒူရင်းခြံထဲမှာပဲအသတ်ခံခဲ့ရတာပါ၊ သူတို့တွေဟာ ဘယ်လိုအန္တရာယ်တွေနဲ့ ရင်ဆိုင်ခဲ့ရသလဲဆိုတာကို ရဲတွေကလိုက်လံစုံစမ်းနေတယ်လို့ ...
ထိုင်းမြန်မာနယ်စပ်တာခ့်ပြည်နယ်ဝမ်ကျောက် မြိုနယ်ထဲမှာ လသားကလေးတဦးအပါအဝင်ထိုင်းနိုင်ငံသားမိသားစုသတ်ဖြတ်ခံရတဲ့ကိစနဲ့ပတ်သက်ပြီးပတ်သက်ပြီး မြန်မာအလုပ်သမား၃ဦးကိုဖမ်းဝရမ်းထုတ်ပြီးတာခ့်ပြည်နယ်ရဲတပ်ဖွဲက လိုက်လံရှာဖွေနေပါတယ်။
ထိုင်း-မလေးရှားနယ်စပ် ဆုံခလာပြည်နယ်၊ ဘန့်ကလန် ခွန်းမောင်းဆိုတဲ့နေရာမှာ လူကုန်ကူးသူတွေထားတဲ့နေရာကို ထိုင်းရဲတွေက ဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာပြည်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၃၀ကျော်နဲ့အတူ လူပွဲစား ၃ဦးကို ဒီကနေ့ ဖမ်းဆီးခဲ့ပါတယ်။
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ပြည်နယ် ဖွတ်ဖရမြို့နယ်ထဲက ကောက်ပဲသီးနှံစိုက်ခင်းတခုက စိုက်ပျိုးရေးသုံးရေတွင်းခုထဲ ၂ နှစ်နီးပါးအရွယ် မြန်မာကလေးငယ်တဦး မတော်တဆပြုတ်ကျသွားခဲ့တာကို ထိုင်းကယ်ဆယ်ရေးအဖွဲ့က အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ (၂) နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့တဲ့လုပ်ငန်းစဉ် နဲ့ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ်အစည်းအဝေးကို ဇန်နဝါရီလ ၃၁ရက်ကနေ ဖေဖေါ်ဝါရီလ(၂)ရက်နေ့ အထိ ၃ရက်တာ ကျင်းပခဲ့ပါတယ်။
ထိုင်းမြန်မာနယ်စပ်နဲ့မလေးရှားနယ်စပ်ပြည်နယ်တွေဖြစ်တဲ့ ကမ်ချဘူရီပြည်နယ်၊ ဆုံခလာပြည်နယ်၊ ရနောင်းပြည်နယ်နဲ့ ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယပြည်နယ်တွေမှာ တရားမဝင် မြန်မာ ၁၀၀ ကျော်ကို ၃ ရက်အတွင်းဖမ်းမိခဲ့ပါတယ်။
ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ပြည်နယ်က တာယာစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၄၀ ကို အလုပ်ဖြုတ်ခဲ့တဲ့အတွက် နစ်နာကြေးတွေ ပြန်ပေးခဲ့သလို အလုပ်လည်း ပြန်ပေးခဲ့တယ်လို့ အလုပ်သမားအဖွဲ့တွေက ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ် ။
နောက်ထပ်ကြည့်ရှုရန်