စပိန်နိုင်ငံအရှေ့ခြမ်း ဗလန်စီယာကမ်းခြေမြို့ မြောက်ဘက်က ဘတ်တရာမြို့လေးရဲ့ မြို့ပြင် ဂိုဒေါင်ကြီး ၂ ခုထဲမှာတော့ ရှားပါးမျိုးနွယ်တွေအပါအဝင် တိရစ္ဆာန်အကောင် ၁,ooo ကျော်ကို ရုပ်လုံးသွင်း ရုပ်တုတွေအဖြစ် တွေ့ရတာပါ။ ဒီရုပ်တုတွေ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ပိုင်ရှင်ဖြစ်သူကို စုံစမ်းစစ်ဆေးနေပါတယ်။
ဗြိတိသျှ ရော့ခ်ဂီတအဖွဲ့ ပင့်ဖလွိုက်ဒ်ဟာ ရုရှားရဲ့ ကျူးကျော်စစ်ဆင်မှုကိုရင်ဆိုင်ရတဲ့ ယူကရိန်းနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးရန်ပုံငွေရှာဖွေဖို့ သီချင်းတပုဒ်ထုတ်လိုက်ပါတယ်။ ရုရှားကို ခုခံတိုက်ခိုက်တဲ့ ယူကရိန်းအဆိုတော်ရဲ့ သီချင်းကို အသားပေးထည့်ထားတာပါ။ မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော် စစ် ထိုးတာ သီတင်း ၆ ပတ်ပြည့်လာခဲ့ချိန်မှာ ၂ နိုင်ငံ ပျက်ဆီးဆုံးရှုံးမှု ကြီးမားရုံတင်မက ကမ္ဘာကိုပါ အကြီးအကျယ် ရိုက်ခတ်မှုတွေ ရှိနေပါတယ်။ဒီစစ်ပွဲကြီး ဘယ်လို အဆုံးသတ်နိုင်ပါလဲ ။ ဗွီအိုအေ ပုံပြရုပ်သံမှာ မအေးသန္တာကျော်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်
ယူကရိန်းနိုင်ငံ ရုရှားကျူးကျော်စစ်နဲ့ ရင်ဆိုင်နေရချိန်မှာပဲ ဒေသထဲက နေတိုးအဖွဲ့ဝင် ဘူလ်ဂေးရီးယားနိုင်ငံကို နယ်သာလန်က တိုက်လေယာဉ်တွေ ပို့လိုက်ပါတယ်။ ဒီတိုက်လေယာဉ်တွေက ဘူလ်ဂေးရီးယားမှာ ဝေဟင်ကင်းလှည့်မှုတွေ လုပ်ဖို့ဖြစ်ပါတယ်။
ကေပေါ့ဂီတလောက ကနေ ၃ နှစ်တာ နားနေတဲ့ BigBang အဖွဲ့ရဲ့ တပုဒ်တည်း တေးဓာတ်ပြားသစ် “Still Life” ဖြန့်ချီလိုက်ပြီး တရက်တောင်မပြည့်သေးခင်မှာပဲ YouTube စာမျက်နှာပေါ်မှာ သူတို့ဗွီဒီယိုကို ကြည့်ရှုသူပေါင်း ၁၃ သန်းကျော်သွားပါတယ်။
ကမ္ဘာ့အချမ်းသာဆုံး တက်ဆလာသူဌေး အီလွန်မတ်စ်ခ် တွစ်တာလူမှုကွန်ရက်စာမျက်နှာရဲ့ အစုရှယ်ယာတွေ ဝယ်လိုက်လို့ တွစ်တာရှယ်ယာတန်ဖိုးတွေ တက်သွားပါတယ်။ သူက တွစ်တာရဲ့ အစုရှယ်ယာ အများဆုံးပိုင်ဆိုင်သူ ဖြစ်သွားပြီး သူကိုယ်ပိုင် လူမှုကွန်ရက်တခု လုပ်ချင်တယ်ပြောနေတာကြောင့်လည်း သူဘာလုပ်မလဲ အားလုံး စိတ်ဝင်စားနေကြပါတယ်။
ယူကရိန်းနိုင်ငံ၊ ကီးယက်ဗ်မြို့တော်ဒေသက ဘူချာမြို့မှာ အရပ်သားတွေကို သတ်ဖြတ်ထားတဲ့ပုံတွေကြောင့် နိုင်ငံတကာက ရုရှားကို ထပ်တိုးအရေးယူဖို့ လုပ်ဆောင်နေပြီး ယူကရိန်းသမ္မတကတော့ အခုအခြေအနေမှာ ရုရှားနဲ့ ညှိနှိုင်းဖို့ ပိုခက်ခဲလာတယ်လို့ ပြောပါတယ်။
ဟောလီးဝုဒ်မင်းသား တွန်ခရုစ်ရဲ့ တော့ပ်ဂန်း Top Gun ရုပ်ရှင်ကားသစ် ကိန်းရုပ်ရှင်ပွဲတော်မှာ ပြသပါမယ်။ ထိုင်ဝမ်မှာ ကျင်းပသွားတဲ့ ထိုင်ပေဖက်ရှင်သတင်းပတ်မှာတော့ ဂျာမနီအခြေစိုက် ထိုင်ဝမ် ဒီဇိုင်နာ ဒယ်မာဝှမ်းက ယူကရိန်းလူထုနဲ့ တသားတည်းရှိနေပါတယ်ဆိုတာ ပြသသွား ပါတယ်။ မအေးသန္တာကျော် တင်ဆက်ပေးထားပါတယ်။
တရုတ်နိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံး ရှန်ဟိုင်းမြို့မှာ ကိုဗစ်ဗီဇပြောင်းမျိုး အိုမီခရွန် ပြန့်ပွားနေတာကို ထိန်းချုပ်ရေးလုပ်ဆောင်ချက် တစိတ်တဒေသအဖြစ် နိုင်ငံတလွှားက စစ်ဘက်ဆိုင်ရာနဲ့ ကျန်းမာရေးဝန်ထမ်း ၄ သောင်း ရှန်ဟိုင်းမြို့ကို ဆိုက်ရောက်လာကြပါတယ်။
ဘရာဇီးလ်နိုင်ငံ ရီယိုဒဂျနဲရိုးပြည်နယ်မှာ အခုသတင်းပတ်တွေအတွင်း ရာသီဥတုက ဆိုးရွားနေပြီး ရေဘေးသင့်၊ မြေပြိုမှုတွေကြောင့် လူ ၂၀၀ကျော်သေဆုံးခဲ့ရပါတယ်။
မနှစ်ကကွယ်လွန်တဲ့ ဗြိတိသျှတော်ဝင်မင်းသားကြီးဖိလစ် အောက်မေ့ဖွယ်အခမ်းအနား ဘုရင်မကြီးနဲ့ မိသားစုတွေ တက်ရောက်၊ ရုရှားကျူးကျော်စစ်ကြောင့် အိုးအိမ်စွန့်ပြေးရတဲ့ ယူကရိန်းကလေးတွေ၊ ဒုက္ခသည်တွေကို ဟောလီးဝုဒ်မင်းသားအော်လန်ဒိုဘလွန်း သွားအားပေး၊ ဒါတွေကို သက်တံရောင်သတင်းလွှာ အစီအစဉ်မှာ မအေးသန္တာကျော် တင်ပြထားပါတယ်။
ရုရှားနိုင်ငံရဲ့ ယူကရိန်းနိုင်ငံ ကျူးကျော်စစ်ပွဲကြောင့် ၂ ဘက် သေကြေပျက်ဆီးမှု ကြီးမားတဲ့အပြင် တကမ္ဘာလုံးရဲ့ စီးပွားရေးကို ကြီးမားတဲ့ ရိုက်ခတ်မှု ဖြစ်ပေါ်စေပါတယ်။ ဗွီအိုအေ ပုံပြရုပ်သံအဖြစ် ကိုဝင်းခန့်မောင်နဲ့ မအေးသန္တာကျော် တင်ပြထားပါတယ်။
အဇဖ်ပင်လယ်ကမ်းခြေက မယ်ရီယူးပေါ်မြို့ ရုရှားထိုးစစ်နဲ့ ရင်ဆိုင်နေရပြီး အိုးအိမ်တိုက်တာတွေ မွမွကြေပျက်ဆီးကာ မြို့ခံ ၃ သိန်းဝန်းကျင်လည်း အိုးအိမ်စွန့်ပြေးသွားကြရပါတယ်။
တရုတ်နိုင်ငံမှာ ၂ နှစ်အတွင်း အပြင်မထွက်ရ အကြီးဆုံးကန့်သတ်ပိတ်ပင်မှုအဖြစ် ရှန်ဟိုင်းမြို့ကို ၂ ခြမ်းခွဲပြီး မတ်လ ၂၈ ရက်နေ့က စတင်ပိတ်ထားလိုက်ပါတယ်။ ရှန်ဟိုင်းမှာ ကိုဗစ်ရောဂါကူးစက်မှုတွေ များလာတာကို ထိန်းချုပ်ဖို့ လုပ်ဆောင်တာ ဖြစ်ပါတယ်။
ဗြိတိသျှဘုရင်မကြီး အဲလစ်ဇဘတ်နဲ့ နှစ်ပေါင်း ၇၀ ကျော် ပေါင်းဖက်ခဲ့တဲ့ မင်းသားကြီးဖိလစ် အောက်မေ့ဖွယ်အခမ်းအနားကို သူကွယ်လွန်ပြီး တနှစ်အကြာမှာ လန်ဒန်မြို့တော် ဝက်မင်စတာဘုရားကျောင်းမှာ မတ်လ ၂၉ ရက်နေ့က ကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို ရှင်လင်းမှုအတွင်း စစ်တပ်ကျူးလွန်မှုများ လူမျိုးတုံးသတ်ဖြတ်မှုမြောက်ဟု ကန်ပြောကြား၊ အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံလာရောက်ခဲ့၊ ဒီလို ထိပ်တန်းရောက် တပတ်အတွင်း မြန်မာသတင်းတွေကို မအေးသန္တာကျော်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုက ပို့ပေးတဲ့ ဒုံးခွင်းဒုံးစနစ်တွေ ယူကရိန်းနိုင်ငံနဲ့ ကပ်တဲ့ ပိုလန်နယ်စပ်မှာ ရောက်ရှိတပ်ဆင်နေပါပြီ။ ယူကရိန်းကို ဝင်ရောက်ကျူးကျော်တဲ့ ရုရှားစစ်ပွဲကတော့ မတ် ၂၃ မှာ တလပြည့်သွားပြီဖြစ်ပေမဲ့ ရုရှားတို့ အပြည့်အဝ သီးသန့်ထိန်းချုပ်နိုင်တဲ့ မြို့ ကြီးမရှိသေးပါဘူး။
ရုရှားနိုင်ငံမြောက်ဖျားပိုင်းကနေ ဆိုယု(ဇ်)ဒုံးပျံတစင်း လွှတ်တင်တဲ့ ရုပ်ပုံတွေကို ရုရှားကာကွယ်ရေးဌာနက ဗုဒ္ဓဟူးနေ့ မတ်လ ၂၃ ရက်နေ့ကပဲ ထုတ်လိုက်ပါတယ်။ ဒုံးပျံပေါ်မှာ ရုရှားကျူးကျော်စစ်ကို ထောက်ခံတဲ့ သင်္ကေတ Z ဆိုတဲ့ စာလုံးကြီးကို ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။
ကမ္ဘာ့အချမ်းသာဆုံး သူဌေး အီလွန်မတ်စ်ခ် သူ့ရဲ့ လျှပ်စစ်ကားထုတ်စက်ရုံဧရာမကြီး ဂျာမနီ်နိုင်ငံမှာ ပထမဆုံးတခု ဖွင့်နိုင်ခဲ့လို့ ပျော်နေပါတယ်။
ယူကရိန်းလွှတ်တော်အမတ် တာတီယာနာချိုနိုဗိုဟာ ကိယက်ဗ်မြို့မြောက်ပိုင်းတနေရာမှာ ရန်သူ့တင့်ကားတွေကို ဖျက်ဆီးရင်း ရုရှားကျူးကျော်စစ်ကို ရှေ့တန်းက ပါဝင်ခုခံနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်