တရုတ်နိုင်ငံတောင်ပိုင်းမှာ မတ်လ ၂၀ ရက်နေ့ က China Eastern လေယာဉ်လိုင်းရဲ့ Boeing 737 အမျိုးအစား လေယာဉ်ပျက်ကျခဲ့ပြီး ဒုတိယမြောက်နေ့ထိ ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ အသက်ရှင်ကျန်ရစ်သူရော ရုပ်အလောင်းရော ရှာမတွေ့သေးပါဘူး။
ဟောလီးဝုဒ်မင်းသားကြီးအာနိုး ယူကရိန်းစစ်ပွဲနဲ့ပတ်သတ်တဲ့ အဖြစ်မှန်တွေ ပြောပြချင်ပါတယ်ဆိုပြီး ရုရှားပရိသတ်ကို သတင်းစကားပါးလိုက်ပါတယ်။ (မတ် ၁၇၊ ၂၀၂၂) မူရင်းဗွီဒီယို - @ATTN
တရုတ်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံး စစ်အင်းအားဖြည့်တင်းမှုတွေ တောင်တရုတ်ပင်လယ်က လူလုပ်ကျွန်းတွေမှာ လုပ်ဆောင်နေတယ်လို့ အင်ဒို၊ပစိဖိတ်ဒေသ အမေရိကန်ရေတပ် တပ်မှူးကြီးက ပြောလိုက်ပါတယ်။
ပြည်တွင်းမှာ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်တာကြောင့် ပြည်သူတွေ သောက်သုံးရေ ပြတ်လပ်မှု ကြုံနေရပါတယ်။ လျှပ်စစ်မီးအချိန်မှန် မရတာကြောင့်ဘဲ အိမ်တွင်းစီးပွားရေး အသေးစားလုပ်ငန်းတွေကအစ စက်မှုဇုံကုန်ထုတ်လုပ်ငန်းတွေအထိ ထိခိုက်မှုတွေရှိပါတယ်။ ရန်ကုန်ကပေးပို့တဲ့ သတင်းထောက်မှတ်စုကို မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်စစ်ထိုးနေတာမို့ နိုင်ငံအနှံမြို့တွေက နေအိမ်တိုက်တာ အဆောင်အအုံတွေ ဗုံးဒဏ်သင့်ပြီး ပြားကြေကုန်ကြရပါတယ်။ ယူကရိန်းနိုင်ငံသား အများအပြားလည်း အိုးအိမ်စွန့်ခွာထွက်ပြေးရတာ သတင်း ၃ ပတ်မှာ လူပေါင်း ၃ သန်းကျော်ပြီ ဖြစ်ပါတယ်။ VOA ပုံပြရုပ်သံကို မအေးသန္တာကျော်တင်ဆက်ထားပါတယ်။
အခုတော့ ဒီသီတင်းပတ် လူမှုကွန်ယက်စာမျက်နှာမှာ လူကြည့်များတဲ့ တမိနစ် ဗွီဒီယိုသတင်းလေးတွေကို ပြောပြချင်ပါတယ်။ ရုရှားတီဗီပေါ်မှာ ရုရှားအစိုးရကို ဆန့်ကျင်ကြောင်းပြောတာ၊ ပီရူးမှာမြေပိုတာ ဒီလို သတင်းတိုလေးတွေကို မအေးသန္တာကျော် စုစည်းတင်ဆက်ထားပါတယ်။
မတ်လ ၁၆ရက်နေ့ကညက ဂျပန်နိုင်ငံမှာ ငလျင်လှုပ်ခတ်ခဲ့လို့ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ပြီး အိမ်ပေါင်း ၂သန်းကျော် လျှပ်စစ်မီးပြတ်တောက်ခဲ့ပါတယ်။
ယူကရိန်းသမ္မတဇလန်စကီးက အကူအညီပေးဖို့ ပန်ကြားလိုက်ပြီးနောက်မှာပဲ လက်နက်နဲ့ ကာကွယ်ရေး ပစ္စည်းတွေအပါအဝင် ဒေါ်လာသန်း ၈၀၀ ကူညီထောက်ပံ့မယ့် အစီအစဉ်ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။ ဒီကြေညာချက်ထဲမှာ စစ်ဘက်ဆိုင်ရာ ဘယ်လိုအထောက်အပံ့မျိုးတွေ ပါဝင်ပါသလဲ။
ဝါရှင်တန်မြို့တော်နဲ့ နယူးယောက်မြို့တို့မှာ အိမ်ခြေမဲ့သူ ၅ ဦးကို ပစ်ခတ်မှုနဲ့ သံသယရှိသူကို ဝါရှင်တန်ဒီစီ အရှေ့တောင်ခြမ်းမှာ ဖမ်းမိလိုက်ပါပြီ။ ဒီမြို့ ၂ မြို့လုံးမှာ အကြမ်းဖက်ဒုစရိုက်မှုတွေ မြင့်တက်နေပြီး နယူးယောက်မြို့မှာ ထင်တိုင်းလုပ်တဲ့ တိုက်ခိုက်မှုတွေ ပိုများလာတာတွေ့ရပါတယ်။
ပီရူးနိုင်ငံထဲက အင်ဒီးစ်တောင်တန်းရဲ့ ဝေးလံခေါင်သီတဲ့ မြို့လေးမှာ တောင်ပြိုလို့ အိမ်အလုံး ၆၀ ကျော် မြေအောက်ထဲ ပိသွားပါတယ်။
ရုရှားကျူးကျော်စစ်နဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်းနိုင်ငံ ကီးယက်ဗ်မြို့တော်မှာ ကိုယ်ဝန်အငှားနဲ့ မွေးထားတဲ့ ကလေး ၂၁ ယောက် သူနာပြုတွေနဲ့အတူ ပိတ်မိနေပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနဟာ သယ်ယူရွှေ့ပြောင်းနိုင်တဲ့ ဒုံးစနစ်တွေပြထားတဲ့ ဗွီဒီယိုတခုကို ထုတ်လိုက်ပါတယ်။
ယူကရိန်းနိုင်ငံကူညီရေး ပရဟိတအဖွဲ့တွေကို အလှုငွေထည့်ကြဖို့ မယ်စကြဝဠာ အိန္ဒိယမယ်က တိုက်တွန်းနေပါတယ်။
ကမ္ဘာမှာခရီးသွားတွေအများဆုံးလာရောက်တဲ့ ပြင်သစ်နိုင်ငံ ပါရီမြို့တော်က အီဖယ်မျှော်စင်က ပေ ၂၀ နီးပါး ပိုရှည်သွားပါတယ်။
ရုရှားအစိုးရရုပ်သံ ချန်နယ်ဝမ်းက တိုက်ရိုက်ထုတ်လွှင့်မှုတခုအတွင်း သတင်းကြေညာသူနောက်မှာ ဝန်ထမ်းအမျိုးသမီးက စစ်ဆန့်ကျင်ရေးဆိုင်းပုဒ်ကိုင်ပြီး စစ်ပွဲရပ်၊ စစ်ပွဲအလိုမရှိ ဆိုတာတွေ မကြွေးကြော်ခဲ့ပါတယ်။ ဘုတ်ပြားပေါ်မှာ "ဝါဒဖြန့်မှုတွေမယုံပါနဲ့၊ သူတို့က ဒီကနေ ညာနေကြတာပါ" လို့ ရေးထားတာပါ။
တောင်ကိုရီးယားနိုင်ငံမှာ ဆိုးလ်မြို့တော်မှာ ကမ္ဘာ့အအောင်မြင်ဆုံး ကေပေါ့ပ်အဖွဲ့ BTS အဖွဲ့ရဲ့ စင်မြင့်ဖျော်ဖြေပွဲ ကျင်းပခဲ့ပါတယ်။ ကိုဗစ်ကပ်ဘေးကာလဖြစ်တာမို့ ပရိသတ်တွေ အော်ဟစ်အားပေးတာမျိုး မလုပ်စေဘဲ လက်ခုပ်ပဲ တီးကြရတာဖြစ်ပါတယ်။ မအေးသန္တာကျော် သက်တံရောင်သတင်းလွှာ အစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။
ယူကရိန်းနိုင်ငံကို ရုရှားတပ်တွေ အခုလို ဝင်ရောက်တိုက်ခိုက်နေချိန်မှာ အထင်ကရဖြစ်လာသူတဦးကတော့ ယူကရိန်းသမ္မတ ဗလိုဒီမီယာ ဇလန်းစကီး ဖြစ်ပါတယ်။
အခုတော့ ဒီသီတင်းပတ် လူမှုကွန်ယက်စာမျက်နှာမှာ လူကြည့်များတဲ့ တမိနစ် video သတင်းလေးတွေ ပြောပြချင်ပါတယ်။ မအေးသန္တာကျော် စုစည်းတင်ပြထားပါတယ်။
ယူကရိန်း အဲရ်ပင်မြို့လေးမှာ ကလေးငယ်တယောက် သူ့အဖေနဲ့ခွာရမှာမို့ ချော့မရအောင်ငိုကြွေးနေတဲ့ မြင်ကွင်းကတော့ ရုရှားကျူးကျော်စစ်ပွဲကာလ နေရာတိုင်းလိုမှာတွေ့ရတဲ့ မြင်ကွင်းမျိုးပါ။ ဒီကလေးရဲ့ ဖခင်က ရဲအရာရှိတဦးဖြစ်ပြီး သူတို့မြို့ ရုရှားရဲ့ ထိုးစစ်နဲ့ ရင်ဆိုင်နေရတာမို့ မိသားစုကို ထွက်ခွာခိုင်းရတာဖြစ်ပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ကော့စ်ဆက်ဘဇာမြို့မှာ မြန်မာနိုင်ငံကနေ အိုးအိမ်စွန့်ပြေးကြရတဲ့ ရိုဟင်ဂျာမူစလင်တွေနေထိုင်တဲ့ ကုတုပလောင်ဒုက္ခသည်စခန်း၊ စခန်းအမှတ်(၅) မှာ မတ်လ ၈ ရက်နေ့က မီးလောင်ကျွမ်းလို့ အိမ်ခြေ ၄၀၀ လောက် မီးထဲပါသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်