နယူးဒေလီရဲ့ ပူပြင်းလွန်းတဲ့နွေရာသီကိုဖြတ်သန်းဖို့ သုံးဘီးကားဆရာ ကူးမား ကားခေါင်မိုးပေါ် စိုက်ပျိုးခင်းလေးတခု ပျိုးထောင်ထားပါတယ်။ စိုက်ပျိုးခင်းကိုထိန်းသိမ်းဖို့အတွက်က တနေ့ကို ရေတပုလင်း ၂ ကြိမ် လောင်းပေးရုံပဲ ဖြစ်ပါတယ်။
၂ လကြာ ရုရှားထိုးစစ်နဲ့ ရင်ဆိုင်နေရတဲ့ မယ်ရီယူးပေါ်မြို့ထဲမှာ ပိတ်မိနေသူတွေကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ အစီအစဉ်တွေနဲ့ မေလ ၁ ရက်နေ့က စပြီး ဘေးလွတ်ရာ ကယ်ထုတ်နေပါတယ်။ အဇော့စ်တယ်သံမဏိစက်ရုံထဲ ပုန်းအောင်းနေသူတွေလည်း အစာရေစာ ပြုတ်လုဖြစ်ခါနီးမှာ အခုလို ကယ်တင်ခံရတာပါ။
မူစလင်တွေ ရာမာဒန်ဥပုသ်လပြီးဆုံးလို့ ဒီနှစ်ဝါထွက်ချိန်မှာ အစားအသောက်တွေ ချက်ပြုတ်လှူဒါန်းဖို့ အရင်နှစ်ကထက် ငွေကုန်ကြေးကျများမယ့်ပုံ ရှိပါတယ်။ နိုင်ငံ ၅ နိုင်ငံမှာ ဝါဖြေဟင်းအမယ် ၅ မျိုး ဘယ်လောက်ကျမလဲ မအေးသန္တာကျော်တင်ဆက်ထားတာ ကြည့်ရအောင်ပါ။
ဟောလီးဝုဒ်အကျော်အမော် ရုပ်ရှင်မင်းသမီး အန်ဂျလီနာဂျိုလီ ယူကရိန်းနိုင်ငံ လဗိဗ်မြို့ကိုသွားရောက်ခဲ့ပြီး စစ်ဘေးဒုက္ခသည်တွေ၊ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အန်ဂျလီနာဂျိုလီရောက်သွားတော့ အားလုံးလည်း အံ့သြဝမ်းသာကြပြီး အပြေးအလွှားအခြေအနေကြားက တချို့လည်း ဓာတ်ပုံတွဲရိုက်နိုင်ခဲ့တာပါ။
ယူကရိန်းကို ကျူးကျော်စစ်ထိုးတဲ့ ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံထဲမှာ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းရှိမရှိ စစ်ဆေးဖို့ တောင်းဆိုမှုတွေ ထွက်ပေါ်နေချိန်မှာပဲ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရပ်စ် ကီးယက်ဗ်မြို့တော် အပြင်ဘက်ပိုင်းက မြို့လေးတွေကိုသွားကြည့်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ နေရာဒေသတော်တော်များများမှာ အချိန်မတိုင်ခင် စောစောစီးစီး အပူချိန်အထူးမြင့်မားနေပါတယ်။ ရှေ့လျှောက်လည်း ဒီလိုပဲ ဖြစ်သွားနိုင်ပြီး တောင်အာရှဒေသမှာ အပူမြင့်တက်တာက ပုံမှန်ဖြစ်သွားမယ်လို့ မိုးဇလကျွမ်းကျင်သူတွေက ပြောပါတယ်။
ရုရှားနဲ့ ယူကရိန်းချစ်ကြည်ရေး ဆိုဗီယက်ခေတ်မှာ စိုက်ထူခဲ့တဲ့ ကြေးရုပ်တုကြီးကို ကီးယက်ဗ်မြို့လည်ကနေ ဖြိုချလိုက်ပါတယ်။ သူနဲ့အတူ တခြားအထိမ်းအမှတ်နေရာ ၆၀ ကိုလည်း ဖျက်ချသွားမှာ ဖြစ်တယ်လို့ မြို့တော်ကောင်စီက ကြေညာပါတယ်။
မြောက်ကိုရီးယား စစ်တပ်ထူထောင်မှု နှစ် ၉၀ ပြည့်မြောက်တဲ့နေ့မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က တပ်မှူးကြီးတွေကို ဧည့်ခံပွဲနဲ့ တည်ခင်းဂုဏ်ပြုခဲ့ပါတယ်။ စစ်ရေးပြအခမ်းအနားလည်း ကျင်းပခဲ့ပြီး နိုင်ငံရဲ့ စစ်အင်အားကိုလည်း ထုတ်ပြခဲ့တာပါ။
ရုရှားနိုင်ငံဝင်ရောက် ကျူးကျော်တိုက်ခိုက်နေတဲ့ ယူကရိန်းမှာ ရုရှားတွေကို ပြည်ပတိုင်းပြည်တွေက ထောက်ပံ့တဲ့ စစ်လက်နက်တွေနဲ့ ရုရှားကို ပြန်ခုခံနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရုရှားက လက်နက်ထောက်ပို့လမ်းကြောင်းတွေကို ဖြတ်တောက်နိုင်ဖို့ ရထားလမ်းတွေကို ပစ်မှတ်ထား ဖျက်ဆီးနေပါတယ်။
ကမ္ဘာမှာအကျော်ကြားဆုံးဖြစ်နေတဲ့ ကိုရီးယားကေပေါ့ပ် BTS အဖွဲ့ အမေရိကန်ပြည်ထောင်စု လာ့စ်ဗေးဂတ်စ်မှာ လာဖျော်ဖြေရင်း သူတို့တေးဓာတ်ပြားသစ်ကို ကြေငြာသွားပါတယ်။ သက်တံရောင်သတင်းလွှာ အဖြစ် မအေးသန္တာကျော် တင်ပြထားပါတယ်
အိန္ဒိယနိုင်ငံမှာ ရာစုနှစ်ပေါင်းများစွာထဲက ရှိခဲ့တဲ့ ဒူဂါနတ်သမီးပွဲတော်ကို ဧပြီလနှောင်းပိုင်းမှာ ကျင်းပခဲ့ပါတယ်။ မကောင်းဆိုးရွားတွေကို ခြောက်ထုတ်တဲ့အနေနဲ့ မီးစတွေနဲ့ ပစ်ပေါက်ပြီး ဆင်နွှဲတာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့က အဆောက်အဦးကြပ်တဲ့ လမ်းမှာ ဆောက်လက်စ တိုက်ပြိုကျလို့ ကယ်ဆယ်ရေးသမားတွေ ပိတ်မိသူတွေကို ကယ်တင်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ အစပိုင်းသတင်းတွေအရ သေဆုံးသူ ၂ ဦး ရှိသွားပါပြီ။
တရုတ်နိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုက သောကြာနောက်ပိုင်းက စရေရင် ၅၀ နီးပါးဖြစ်လာပြီး အဲ့ထဲမှာ ဘေကျင်းမြို့တော် ချောင်ယန်ခရိုင်က တဝတ်ကျော် ပါပါတယ်။ အဲဒါ့ကြောင့် ရှန်ဟိုင်းမှာ ပိတ်လိုက်သလို သူတို့ကို အိမ်ပြင်မထွက်ရပိတ်ပင်မှာ စိုးရိမ်ပြီး ဈေးတွေ ဝယ်စုနေကြပါတယ်။
ယူကရိန်းနိုင်ငံမြောက်ပိုင်း ကီးယက်ဒေသက ဘူချာမြို့မှာတော့ ရုရှားသံချပ်ကာကားသချိုင်းကို တွေ့ရပါတယ်။ အရင်က ဒီကားပျက်တွေ တမြို့လုံး အနှံ့ဖြစ်နေပေမယ့် မြို့တာဝန်ရှိသူတွေ ရှင်းလင်းရေးလုပ်တော့ ဒီကားပျက်တွေကို တနေရာတည်းလာစုထားတာဖြစ်ပါတယ်။
ရုရှားရဲ့ ရန်သူတွေ တွေဝေသွားစေမယ့် ဒုံးကျည်လို့ ရုရှားသမ္မတ ပူတင်ပြောတဲ့ တိုက်ချင်းပစ်ဒုံးကျည်တစင်း ရုရှားက စမ်းသပ်ပစ်လွှတ်လိုက်ပါတယ်။ ဒီဒုံးကျည် နည်းပညာကို တခြားသူတွေ လိုက်မမီဘူးလို့လည်း ရုရှားက ပြောနေတာပါ။
ဖေဖော်ဝါရီမှာစခဲ့တဲ့ ရုရှားကျူးကျော်စစ်ကြီးကြောင့် ကွဲသွားရတဲ့ ယူကရိန်းမိသားစုတစု ပြန်ဆုံတွေ့ဖို့ စီစဉ်ထားတာပါ။ ဒီမိသားစုဟာ သမီးလေးနဲ့ အတူ ကီယက်မြို့က ထွက်ခဲ့ပြီး လမ်းမှာ တိုက်ခိုက်မှုတွေရှောင်ပြီး ယူကရိန်း၊ ပိုလန် နယ်စပ်နားက ရွာငယ်လေးဆီရောက်နိုင်ခဲ့ပါတယ်။ VOA က မှတ်တမ်းရုပ်သံအဖြစ် တင်ဆက်ထားပါတယ်။
ဟောလီးဝုဒ်အကျော်အမော်တွေဖြစ်တဲ့ Ben Affleck နဲ့ Jennifer Lopez တို့ ၁၈ နှစ်ကြာ ကွဲခဲ့ပြီး အခု ပြန်ပေါင်းဖက်နေကြပါတယ်။ အမေရိကန်က ဟောလီးဝုဒ် အကယ်ဒမီက မင်းသား Will Smith ကို သူတို့အခမ်းအနားတွေ မတက်ရဆိုပြီး ၁၀ နှစ်ပိတ်လိုက်ပါတယ်။ အနုပညာအသိုက်အဝန်းက သတင်းတွေကို မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
ယူကရိန်း ကီးယက်ဗ်မြို့တော်ကနေ ရုရှားတပ်တွေ ဆုတ်ခွာသွားပြီး နိုင်ငံအရှေ့ခြမ်းကို အာရုံစိုက်တိုက်နေကြတာမှာ ပင်လယ်ဆိပ်ကမ်း မယ်ရီယူးပေါ်မြို့တမြို့လုံး နီးပါး ထိန်းချုပ်ထားနိုင်၊ မြောက်ကိုရီးယားမှာတော့ ကင်ဂျုံအန်အုပ်ချုပ်မှု ၁၀ နှစ်ပြည့် အထိမ်းအမှတ် ဆင်နွှဲခဲ့ကြတာပါ။ မအေးသန္တာကျော်ပြောပြပေးပါမယ်။
မြောက်ကိုရီးယားမှာ ကင်ဂျုံအန်အုပ်ချုပ်မှု ၁၀ နှစ်ပြည့်အထိမ်းအမှတ်ကို ဧပြီ ၁၀ ရက်နေ့က ကျင်းပခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ သူ့ရဲခေါင်းဆောင်မှုအောက်မှာ အနုမြူစွမ်းအင်အစီအစဉ်ကို အောင်မြင်ပြီးမြောက်အောင် လုပ်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်