ယူကရိန်းကို ကျူးကျော်စစ်ထိုးနေတဲ့ ရုရှားတပ်ဖွဲ့တွေ စစ်ပွဲကြားပိတ်မိတဲ့ အရပ်သားပြည်သူတွေ ဘေးကင်းရာကို ထွက်နိုင်အောင် ထိုးစစ်ကို ဆိုင်းထားခဲ့တယ်လို့ ရုရှားက ပြောပါတယ်။ ဒါ ဟုတ်ပါသလား။ အချက်အလက်အခြေခံပြီး မှားမှန်အတည်ပြုထားတဲ့ VOA ရဲ့ ပိုလီဂရပ်ဖ်အစီအစဉ်မှာ မအေးသန္တာကျော်က တင်ဆက်ထားပါတယ်။
မက္ကဆီကို အနောက်ဘက်ကမ်းရိုးတန်းမှာ ဟာရီကိန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်လို့ လူတွေကိုဘေးလွတ်ရာ ရွှေ့ခိုင်းတာ၊ ယာယီခိုလှုံစရာတွေ ပြင်ဆင်ပေးထားခဲ့တာပါ။ အင်္ဂါညမှာ မုန်တိုင်းရပ်သွားခဲ့ပါတယ်။
ဥတုရာသီပြောင်းလဲရေး လူတွေအလေးမထားတဲ့အတွက် ကန့်ကွက်ချင်တဲ့သူတဦး ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်က လုဗ်ပြတိုက်မှာ လူအများသတိထားမိမယ့်အရာတခု လုပ်သွားပါတယ်။ ဆံပင်တုစွပ်အမျိုးသားက ကမ္ဘာမြေကို လူတွေဖျက်ဆီးနေတယ်။ ဒီအနုပညာရှင်လို ကမ္ဘာကြီးအတွက် ထည့်စဉ်းစားပါလို့ အော်သွားပါတယ်။
အခု အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာမှာ ရုံတင်နေတဲ့ Top Gun: Maverick ရုပ်ရှင်ဇာတ်ကားက မင်းသား တွမ်ခရုစ်အတွက် အအောင်မြင်ဆုံး ရုပ်ရှင်ဇာတ်ကား ဖြစ်သွားပါတယ်။ သူ့ဇာတ်ကားတွေအားလုံးထဲမှာ ဒီကားက ပထမဆုံး ရုံတင်သတင်းပတ်ကုန် လက်မှတ်ရောင်းချဝင်ငွေ အများဆုံးရထားတာပါ။ မအေးသန္တာကျော် ပြောပြပေးပါမယ်။
ယူကရိန်းကို ကျူးကျော်စစ်ထိုးနေတဲ့ ရုရှားတပ်တွေဟာ နိုင်ငံအရှေ့ပိုင်းမှာ ဖိတိုက်နေပြီး လူဟန့်စ်ခ်ဒေသက ယူကရိန်းတပ်တွေကို ဝိုင်းနိုင်ဖို့၊ မြို့တို့ကို သိမ်းဖို့ လုပ်ဆောင်နေတာပါ။ ဒီအတောအတွင်းမှာပဲ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သူတို့တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ပျံသန်းပုံ ဗွီဒီယို ထုတ်လိုက်ပါတယ်။
ကိုဗစ်ကပ်ဘေးဆိုးကြီးနဲ့ ရင်ဆိုင်ခဲ့ရလို့ရော အရင်ကတည်းက လုပ်သားရှားပါးလို့ရော စင်္ကာပူနိုင်ငံမှာ စက်ရုပ်လုပ်သားတွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးရပါတယ်။ စင်္ကာပူမှာက လုပ်ငန်းခွင်မှာ စက်ရုပ်ပါဝင်မှု တခြားနိုင်ငံတွေနဲ့ယှဉ်ရင် အများဆုံးဖြစ်တဲ့ နိုင်ငံတွေထဲပါဝင်ပါတယ်။
ဥရောပမှာ မြေဆီလွှာကောင်းပြီး စိုက်ပျိုးရေးကို အားစိုက်လုပ်ကိုင်တဲ့ ယူကရိန်းနိုင်ငံ ရုရှားရဲ့ ကျူးကျော် တိုက်ခိုက်မှုနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေက ကမ္ဘာ့စားသောက်ကုန် အထွက်နှုန်းကို ရိုက်ခတ်မှု ကြီးကြီးမားမား ဖြစ်စေပါတယ်။ VOA ပုံပြရုပ်သံမှာ မအေးသန္တာကျော် တင်ပြထားပါတယ်။
ကမ္ဘာ့အနောက်တိုင်း ဂီတလောကမှာ အောင်မြင်မှုတွေ အများဆုံး ရထားတဲ့ ပေါ့ပ်အဆိုတော် တေလာဆွစ်ဖ်ဟာ နယူးရောက်တက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ရသွားတာပါ။ ဒီလို ထင်ပေါ် ကျော်ကြားသူတွေနဲ့ အနုပညာလောက သတင်းတွေကို မအေးသန္တာကျော် သက်တံရောင်သတင်းလွှာ အစီအစဉ်မှာ တင်ဆက်ထားပါတယ်။
ရုရှားကျူးကျော်တဲ့ ယူကရိန်းကို အင်တာနက်နဲ့ ဖုံးအဆက်အသွယ်တွေ မပြတ်စေဖို့ ချိတ်ဆက်ပေးတဲ့ Starlink ကွန်ယက်နဲ့ အီလွန်မတ်စ်ခ်ဟာ ဖက်စစ်ယူကရိန်းတွေကို ထောက်ပံ့သူဖြစ်တယ်လို့ ရုရှားက ပြောလိုက်ပါတယ်။ အချက်အလက်အခြေခံပြီး မှားမှန် အတည်ပြုပေးထားတဲ့ VOA ရဲ့ ပိုလီဂရပ်ဖ်အစီအစဉ်မှာ ရှုစားနိုင်ပါတယ်။
နှစ်ရှည်စစ်ဒဏ်နဲ့ နိုင်ငံပြန်လည်ထူထောင်ရေး မအောင်မြင်မှုတွေကြောင့် စီးပွားရေးပြိုလဲနေတဲ့ အာဖဂန်နစ္စတန်နိုင်ငံဟာ ၂၀၂၁ နှစ်လည်ပိုင်းမှာ တာလီဘန်အုပ်ချုပ်မှုအောက် ပြန်ရောက်သွားကတည်းက အောက်ဆုံးအဆင့်ကို ကျဆင်းနေတာပါ။ မအေးသန္တာကျော် တင်ပြပေးထားပါတယ်။
ယူကရိန်းနိုင်ငံမှာ စစ်ဖြစ်လို့ ကွဲသွားရတဲ့ သားဖြစ်သူ ရဲအရာရှိနဲ့ မိခင်တို့ ရက်ပေါင်းများစွာကြာပြီးမှ ပြန်တွေ့ကြတဲ့ မြင်ကွင်းက အားလုံးကို မျက်ရည်ဝဲစေပါတယ်။ ကာကိဗ်ကင်းလှည့်ရဲတပ်ဖွဲ့ မေလ ၉ ရက်နေ့က ဖြန့်လိုက်တဲ့ ဗွီဒီယိုမှာ အမေနဲ့ သား အကြာကြီးပွေ့ဖက်ထားကြတာကို မြင်ရမှာပါ။
နယူးယောက်မြို့မှာ ကမ္ဘာ့ဒိတ်ဒိတ်ကျဲတွေကိုပဲ ဖိတ်တဲ့ Met Gala ညစာစားပွဲမှာ နာမည်ကျော်တွေကို ဖက်ရှင်အဆန်းအပြားတွေနဲ့ တွေ့ရပါတယ်။ Justin Bieber ဘီဘာ ကတော့ တေးဓာတ်ပြားသစ်တချပ်ထွက်တော့မယ်လို့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောသွားပါတယ်။ ဒါတွေကို သက်တံရောင်သတင်းလွှာ အစီအစဉ်မှာ မအေးသန္တာကျော် တင်ပြထားပါတယ်။
ဟန်ဂေရီနိုင်ငံမှာ တတိယအကြိမ်များ ယောက်ျားတွေ ကိုယ့်မိန်းမထမ်းပြေးပြိုင်ပွဲကျင်းပတော့ စုံတွဲ ၃၀ လောက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ကျောမှာ မိန်းမကို ဇောက်ထိုး၊အတည့် ပုံစံအစုံနဲ့ ကုန်းပေါ်ရော ရေထဲဆင်းပြီးရော ထမ်းပြေးကြရတာပါ။
ရုရှားကမ်းထိုးစစ်ရေယာဉ်ကို ဘေရက်တာ TB2 မောင်းသူမဲ့ဒရုန်းယာဉ်နဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။ (မေ ၇) ယူကရိန်းရဲ့ အိုဒက်ဆာဆိပ်ကမ်းနဲ့ တောင်ပိုင်း မိုင် ၈၀ အကွာ ကျွန်းပေါ်က ဒုံးခွင်းဒုံးစနစ်ကိုလည်း ဘေရက်တာနဲ့ ပစ်ခတ်ခဲ့တယ်လို့ ယူကရိန်းကာကွယ်ရေးဌာနက ပြောပါတယ်။
ဒုတိယကမ္ဘာစစ်မှာ ဆိုဗီယက်ပြည်ထောင်စုက အသက်ပေါင်းမျာစွာစတေးပြီး နာဇီတပ်တွေကို အနိုင်တိုက်နိုင်ခဲ့တဲ့ အထိမ်းအမှတ် အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားကို မေလ ၉ ရက် တင်္နလာနေ့က ကျင်းပသွားပါတယ်။ Originally published at - /a/6563850.html
ဒုတိယကမ္ဘာစစ်တုန်းက လွတ်မြောက်သွားတဲ့ မကောင်းဆိုးဝါးမိစ္ဆာဟာ အခုမျက်နှာဖုံးတပ် အသွင်ပြောင်းပြီး ပြန်ပေါ်လာပေမယ့် ဒီတခါလည်း ကျွန်တော်တို့ နိုင်ဦးမှာလို့ ဒုတိယကမ္ဘာစစ် နာဇီကို အောင်မြင်ခဲ့တဲ့ အထိမ်းအမှတ် အောင်ပွဲနေ့မှာ ယူကရိန်းသမ္မတ ဇလန်းစကီးပြောသွားပါတယ်။
နယူးယောက်မြို့မှာ ကမ္ဘာ့ဒိတ်ဒိတ်ကျဲတွေကိုပဲ ဖိတ်တဲ့ Met Gala ညစာစားပွဲတက်တဲ့ ဖက်ရှင်အဆန်းအပြားများ၊ တေးဓာတ်ပြားထွက်တော့မယ့် ဂျက်စတင်ဘီဘာနဲ့ မေးမြန်းခန်း၊ ဒါတွေကို သက်တံရောင်သတင်းလွှာ အစီအစဉ်မှာ မအေးသန္တာကျော် တင်ပြထားပါတယ်။
စစ်ရာဇဝတ်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်ထုအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေဆိုတာတွေမှာ ဘယ်လို အဓိပ္ပါယ် ဖွင့်ဆိုချက်တွေ ရှိပါသလဲ။ ယူကရိန်းမှာ ရုရှားတပ်တွေရဲ့ ကြမ်းကြုတ်တဲ့ ပြစ်မှုတွေကျူးလွန်ခဲ့နိုင်ခြေနဲ့ ပတ်သက်ပြီး စုံစမ်းမယ်လို့ ICC ရှေ့နေချုပ် က ပြောထားပါတယ်။မအေးသန္တာကျော် တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုက ယူကရိန်းနိုင်ငံ ရုရှားကျူးကျော်စစ်ကို တန်ပြန်ခုခံဖို့ စစ်ရေးထောက်ပံ့ပေးနေတာမှာ ဟောက်ဝတ်ဇာအမြောက်တွေလည်း တင်ပို့ပေးပါတယ်။ ယူကရိန်းကို လွှတ်တော်ကို ဒေါ်လာသန်း ၃ သောင်းကျော်ဖိုး ထောက်ပံ့ဖို့ သမ္မတဘိုင်ဒန် အဆိုပြုတာကို လွှတ်တော်က ထောက်ခံပါတယ်။
ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၁ ထိန်းချုပ်တဲ့ ဘီးလင်းမြို့နယ်ထဲက လေးကေရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့လို့ ဒေသခံတွေရဲ့ နေအိမ်တွေ မီးလောင်ကျွမ်းခဲ့ပါတယ်။ ရွာသူရွာသား ၃,၀၀၀ လောက်အိုးအိမ်စွန့်ပြေးခဲ့ရပြီး တခြားကျေးရွာတွေနဲ့ ပေါင်းရင် ဒေသခံတသောင်းလောက် ထွက်ပြေးနေရတာပါ။
နောက်ထပ်ကြည့်ရှုရန်