အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်မှု အများစုကို ဖယ်ရှားဖို့ မကြာသေးခင်တုန်း ကပဲ ကြေညာလိုက်တဲ့အပေါ် မေးခွန်း ထုတ်နေတာတွေကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ကာကွယ်ပြောဆို လိုက်ပါတယ်။
မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးတွေ တိုးမြှင့်လာနေတဲ့ အမေရိကန် ပြည်ထောင်စုက ငြိမ်းချမ်းရေး စေတမာန်အဖွဲ့ Peace Corps ရဲ့ ပထမဆုံး စေတနာ့ဝန်ထမ်း အဖွဲ့တဖွဲ့ဟာ ပညာရေးကဏ္ဍမှာ အကူအညီပေးဖို့ ဒီသီတင်းပတ်ကုန်မှာပဲ မြန်မာနိုင်ငံကို ရောက်လာပါတယ်။
မြန်မာနိုင်ငံအပေါ် အမေရိကန်က ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေကို လျှော့ပေါ့ပြီး၊ ဘဏ္ဍာရေး အကူအညီတွေနဲ့ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးတွေ တိုးမြှင့်ဖို့ အဆိုပြုထားတဲ့ ဥပဒေကြမ်းတရပ်ကို အမေရိကန် အထက်လွှတ်တော်က တင်သွင်းလိုက်တဲ့အပေါ် မြန်မာအစိုးရက ကြိုဆိုလိုက်ပါတယ်။
တိဘက်ဗုဒ္ဓဘာသာ အမွေအနှစ် လက်ရာတွေ မပျောက်ပျက်ရလေအောင် ပြည်ပ အကူအညီနဲ့ ကြိုးပမ်းနေတဲ့အကြောင်း AFP သတင်းဆောင်းပါးကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဒီသီတင်းပတ် အမေရိကန် ခရီးစဉ်နဲ့အတူ တချိန်က စစ်အစိုးရတွေ လက်ထက်က ချမှတ်ထားခဲ့တဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ ပတ်သက်လို့ ကွဲပြားတဲ့ သဘောထား အမြင်တွေလည်း တကျော့ပြန် ထွက်ပေါ်လာနေပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ လိပ်တွေကို အသားအတွက် ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် ရှားပါးလိပ်မျိုးတွေ မျိုးတုန်းမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ အထိ ဖြစ်လာနေတာကို ဟန့်တားနိုင်ဖို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူတွေ ကြိုးစားနေကြပါတယ်။ ဒီအကြောင်း AFP သတင်းကို ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ တရားဝင်ရော၊ တရားမဝင်ပါ သစ်ခုတ်လှဲမှုတွေကြောင့် သစ်တောတွေ ပြုန်းတီးလာနေတာကို ကာကွယ်နိုင်ဖို့ NLD အစိုးရသစ် လက်ထက်မှာ သစ်ခုတ်ခွင့်တွေကို ယာယီတားမြစ် လိုက်ပါတယ်။ ဒါပေမဲ့ တရားမဝင် သစ်ထုတ်လုပ်ရေး လုပ်ငန်းတွေ ရှိနေဆဲဖြစ်တဲ့အကြောင်း AP သတင်းကိုအခြေခံပြီး ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။
အမေရိကန်သမ္မတအဖြစ် အာရှတိုက်ကိုနောက်ဆုံးခရီးထွက်လာတဲ့ သမ္မတ Barack Obama ဟာ လာအိုနိုင်ငံ ဗီယမ်ကျန်းမြို့တော်မှာ ရှေ့သီတင်းပတ်ထဲ ကျင်းပမယ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွေကိုလည်း တက်ရောက်မှာဖြစ်ကြောင်း AFP သတင်းဆောင်းပါးကိုတော့ ကိုအောင်လွင်ဦး ကတင်ပြထားပါတယ်။
အမေရိကန်သမ္မတတာဝန်နဲ့ သမ္မတ Barack Obama အာရှတိုက်ကို နောက်ဆုံးခရီးစဉ်အဖြစ် သွားရောက်ဖို့ရှိနေချိန်မှာပဲ အာရှ-ပစိဖိတ်ဒေသနဲ့ သြဇာချိန်ခွင်လျှာညှိဖို့ ကြိုးပမ်းနေတဲ့ အမေရိကန်ရဲ့ အစီအစဉ်ဟာလည်း မရေမရာအခြေအနေနဲ့ ကြုံနေရပါတယ်။ Mary Alice Salinas ရဲ့ သတင်းဆောင်းပါးကို ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။
ဘရာဇီးနိုင်ငံက အိုလံပစ်အားကစားပွဲတွေအတွင်း ရွှေတံဆိပ်ဆုရှင် အမေရိကန် ရေကူးချန်ပီယံ Michael Phelps ရဲ့ ကိုယ်ပေါ်မှာ တွေ့ခဲ့ရတဲ့ အညိုအမည်း အကွက်တွေကြောင့် တရုတ်ရိုးရာ Cupping ကုထုံးနည်းကို အများက စိတ်ဝင်စားလာကြပါတယ်။ ဒီကုထုံးအကြောင်း ရိုက်တာသတင်းဆောင်းပါးကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။
တူရကီ ရုရှားဆက်ဆံရေး
အမေရိကန်သမ္မတအဖြစ် သူ အရွေးချယ်ခံရမယ်ဆိုရင် တိုင်းပြည်ကို ညီညွတ်အောင်၊ တိုးတက်အောင် ဆောင်ရွက်သွားမယ်လို့ Philadelphia မြို့မှာကျင်းပတဲ့ ဒီမိုကရက်တစ် ပါတီညီလာခံ နောက်ဆုံးနေ့မှာ ပါတီသမ္မတလောင်း ဟီလာရီကလင်တန်က ပြောဆိုသွားပါတယ်။ ကိုအောင်လွင်ဦးက Philadelphia မြို့ ညီလာခံခမ်းမကနေ သတင်းပေးပို့ထားပါတယ်။
ဒီမိုကရက်တစ်ပါတီရဲ့ ပထမဆုံး အမျိုးသမီးသမ္မတလောင်းအဖြစ် တရားဝင် လက်ခံရင်း နဲ့ပြောကြားမယ့် ဟီလာရီကလင်တန်ရဲ့သမိုင်းဝင်မိန့်ခွန်းထဲမှာ ညီလာခံ နောက်ဆုံးနေ့ ခေါင်းစဉ်ဖြစ်တဲ့ " Stronger Together" ဆိုတဲ့အတိုင်းပဲ သူ့အနေနဲ့ တိုင်းပြည်ကို စုစည်းညီညွတ်အောင် ခိုင်မာအောင် ဘယ်လိုဦးဆောင်မယ် လုပ်နိုင်စွမ်းရှိတယ်ဆိုတာကို သူ့ကိုယ်ပိုင်အတွေ့အကြုံနဲ့ အခြေခံပြီး ပြောပါမယ်။
“ဒီမြေဟာ ကျနော်တို့မြေဖြစ်တယ်၊ ဘုရားသခင်ရှေ့မှောက်မှာတော့ အနီ၊ အဝါ၊ အညို၊ အမည်း၊ အဖြူ အသွေးအရောင်စုံ အတူတကွ ပေါင်းစည်းနေထိုင်ကြတယ်။ ဒီအချိန်ဟာ ဒဏ်ရာတွေကို ကုစားရမယ့်အချိန်၊ မျှော်လင့်ချက်တွေ ရှင်သန်လာတဲ့အချိန်၊ ဟီလာရီရဲ့အချိန် တန်နေပါပြီ”
“အခု မဲဆန္ဒပေးနေတာတွေကို ရပ်ဆိုင်းပြီးတော့ ဟီလာရီကလင်တန်ကို အားလုံးက ဝိုင်းပြီးတော့ ထောက်ခံ အတည်ပြုပေးလိုက်ကြပါစို့” - Bernie Sanders
ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းတဦးကို တရားဝင်ရွေးချယ်မဲ့ ညီလာခံ ပထမနေ့ကိုတော့ ခေါင်းစဉ်ပေးထားတာက United Together ညီညီညွတ်ညွတ် လက်တွဲကြဖို့ ခေါင်းစဉ်ပေးထား ပါတယ်။ နောက်ပြီးတော့ Republican ပါတီညီလာခံတုံးကလို အကွဲအပြဲတွေ မဖြစ်အောင် ဆိုပြီးတော့လည်း သူတို့ စီစဉ်ထားပါတယ်။
Republican ပါတီ ညီလာခံနောက်ဆုံးနေ့မှာ ပါတီသမ္မတလောင်း Donald Trump က သူ သမ္မတဖြစ်လာရင် နိုင်ငံရေးအပြောင်းအလဲတွေ ဆောင်ရွက်မယ့်အကြောင်း ကတိပေးပြောဆိုသလို ဘေးကင်းလုံခြုံပြီး ချမ်းသာကြွယ်ဝတဲ့ နိုင်ငံဖြစ်အောင် ပြန်လည် တည်ဆောက်မယ့် အကြောင်း ကတိပေးပြောသွားပါတယ်။ ကိုအောင်လွင်ဦးက သတင်းပေးပို့ထားပါတယ်။
ညီလာခံနောက်ဆုံးနေ့မှာတော့ ပြည်တွင်းက စိန်ခေါ်မှုတွေ နောက် ပြည်ပ က ခြိမ်းခြောက်မှုတွေကို အာရုံစိုက်ပြောမှာဖြစ်သလိုပဲ သဘောထားကွဲပြားမှုတွေကို ညီညွတ်အောင် လုပ်မယ့်ကိစ္စတွေကို အာရုံစိုက်ပြောမယ်ဆိုပြီး ပါတီက ကြေညာချက် ထုတ်ထားပါတယ်။
ရီပါဘလီကန်ပါတီ နိုင်ငံလုံးဆိုင်ရာညီလာခံ တတိယနေ့မှာ ဒုသမ္မတလောင်းအဖြစ် ရွေးချယ်ထားတဲ့ Indiana ပြည်နယ်အုပ်ချုပ်ရေးမှူးMikePence၊ပါတီတွင်းသမ္မတလောင်းရွေးပွဲတွေမှာအကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြသူတွေ၊ ပါတီခေါင်းဆောင်တွေ မိန့်ခွန်းပြောကြပါတယ်။ ညီလာခံ တတိယနေ့အခြေအနေကို ကိုအောင်လွင်ဦး သတင်းပေးပို့ထားပါတယ်။
အဖုအထစ် ကလေးတွေတော့ ရှိနိုင်ပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သမ္မတလောင်း ရွေးပွဲတွေမှာ ဝင်ပြိုင်သွားတဲ့ John Kasich ဆိုရင် ဒီညီလာခံက သူ့ရဲ့ ပြည်နယ်မှာ ကျင်းပနေတာပဲ။ ဒါပေမဲ့လည်း ဒီညီလာခံမှာ သူလာစရာ မလိုဘူး။ သူရှိဖို့ မလိုဘူးဆိုပြီး ပြောထားတော့ တစုံတရာ သပိတ်မှောက်တဲ့ သဘောမျိုး ဖြစ်နေတယ်။
နောက်ထပ်ကြည့်ရှုရန်