အမေရိကန်နိုင်ငံ Ohio ပြည်နယ်၊ ရီပတ်ဗလစ်ကန် ပါတီ ညီလာခံကျင်းပနေတဲ့ ဒုတိယမြောက်နေ့မှာပဲ ဘီလျံနာသူဌေးကြီး Donald Trump ကိုပါတီသမ္မတလောင်းအဖြစ် တရားဝင်ရွေးချယ်လိုက်ပါပြီ။ ညီလာခံကို သတင်းသွားယူတဲ့ ဗွီအိုအေဝိုင်းတော်သား ကိုအောင်လွင်ဦးက အခုလိုသတင်းပေးပို့ထားပါတယ်။
“ကျနော်လည်းစိတ်ဝင်စားတယ်ခင်ဗျ။ စိတ်ဝင်စားတယ်ဆိုတာက Donald Trump နဲ့ Hillary ပေါ့နော် ကျန်တဲလူတွေတော့ရှိတာပေါ့ ဒါပေမယ့် နာမည်ကြီးနေတာက Donald Trump နဲ့ Hillary ပေါ့။ ဘယ်သူ့ကိုမဲထည့်လို့ ထည့်ရမှန်းမသိသေးဘူးဖြစ်နေတယ် အခုက ။”
“အမေရိကန်လူထုရဲ့ မျှော်မှန်းချက်တွေနဲ့ တသဘောတည်းရှိတဲ့ Donald Trump နဲ့အတူ အမေရိကန်ကို ကြီးကျယ်ခမ်းနားအောင် တကျော့ပြန်လုပ်နိုင်မှာဖြစ်တာကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ နောက်တက်မယ့် သမ္မတအဖြစ်နဲ့ Donald Trump ကို ဝမ်းမြောက်ဝမ်းသာ အဆိုပြုလိုတဲ့အကြောင်း ပြောကြားလိုပါတယ်။”
နိုင်ငံရေး သဘောထားကွဲလွဲမှုတွေ အကြီးအကျယ် ထွက်ပေါ်လာမယ့်လို့ ခန့်မှန်းထားကြတဲ့ ညီလာခံ မတိုင်ခင်မှာပဲ Republican ပါတီရဲ့ သမ္မတလောင်းဖြစ်ဖို့ သေချာသလောက် ရှိနေတဲ့ ကုဋေကြွယ်သူဌေး Donald Trump ကို ကန့်ကွက်သူတွေ ထောက်ခံသူတွေ အပြိုင်အဆိုင် လှုပ်ရှားနေကြပါတယ်။
နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲအတွက် ကိုယ်စားပြု ယှဉ်ပြိုင်မယ့် သမ္မတလောင်းတဦး ရွေးချယ်မယ့် Republican ပါတီညီလာခံ ဆက်ကျင်းပနေပြီး ပါတီရဲ့ သမ္မတလောင်းဖြစ်ဖို့ သေချာသလောက်ရှိတဲ့ Donald Trump ကို ကန့်ကွက်သူ၊ ထောက်ခံသူတွေ အပြိုင်အဆိုင် လှုပ်ရှားနေကြောင်း ညီလာခံမှာသတင်းယူတဲ့ ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။
Republican ပါတီကိုကိုယ်စားပြုမယ့် အမေရိကန် သမ္မတလောင်းကို တရားဝင် ရွေးချယ်သွားမယ့် ပါတီညီလာခံကို Ohio ပြည်နယ်မှာ ဒီကနေ့မှာပဲ စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။
စပိန်နိုင်ငံက ကမ္ဘာ့မိုဘိုင်းဖုန်းပြပွဲ
မျိုးတုန်းတော့မယ့် ဖိလစ်ပိုင်လိပ်များ
ရီပတ်ဘလစ်ကန် ပါတီရဲ့ သမ္မတလောင်း ဖြစ်လာဖို့ သေချာသလောက်ရှိနေပေမဲ့ အခြေအတင်ဖြစ်စရာတွေ ကြုံနေရတဲ့အတွက် ပါတီတွင်းမှာ ညီညွတ်မှုရဖို့ မျှော်လင့်ချက်နဲ့ ကုဋေကြွယ်သူဌေး Donald Trump ပါတီထိပ်တန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပါတယ်။
ဆန့်ကျင်ကန့်ကွက်မှုတွေ အဆုံးမသတ်နိုင်ပဲ ဖြစ်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ လွှတ်တော်က အကောင်းဆုံး အဖြေရှာနိုင်လိမ့်မယ်လို့ ယူဆကြပါသလား ဆိုတာကို အင်္ဂါနေ့ တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
NLD အစိုးရ တလတာ သက်တမ်းအတွင်း နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာ၊ ခေတ်စနစ်နဲ့ မညီတဲ့ ဥပဒေတွေကို ဖျက်သိမ်းဖို့ ကြိုးပမ်းတာတွေကအစ သင်္ကြန်တွင်း စီးပွားဖြစ် မဏ္ဍပ်ဆောက်တာကို တားမြစ်တာအဆုံး အပြောင်းအလဲမျိုးစုံ တွေ့ရပါတယ်။
ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ကတိပြုထားတဲ့ NLD အစိုးရ လက်ထက်မှာရော မကျေနပ်ချက်တွေကို ဆန္ဒပြထုတ်ဖော်ကြဦးမှာလား၊ ထုတ်ဖော်သင့်တယ်လို့ရော ယူဆကြပါသလား၊ ဆိုတာကို အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
NLD အစိုးရသစ်နဲ့ နိုင်ငံရေး၊ သံတမန်ရေး၊ စီးပွားရေး အဆက်အဆံတွေ တိုးမြှင့်ဖို့ ပုံစံအမျိုးမျိုးနဲ့ ချဉ်းကပ်နေကြတဲ့ အရှေ့နဲ့အနောက် နိုင်ငံတွေကြား မြန်မာနိုင်ငံအတွက် အကျိုးရှိမယ့် မိတ်ဆွေဟာ ဘယ်သူဖြစ်နိုင်ပါသလဲ ဆိုတာကို အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင်တဲ့ အစိုးရသစ် အနေနဲ့ ဒေသတွင်းက သြဇာကြီးမားတဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးမှာ စိန်ခေါ်မှုတွေ ရှိလိမ့်မယ်လို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။
"မတူကွဲပြားမှုတွေကနေ ညီညွတ်မှုကို တည်ဆောက်နိုင်မယ့် တိုင်းပြည်တခုဖြစ်အောင် ကျမတို့ ကြိုးပမ်းရာမှာ ကျမတို့ရဲ့ မိတ်ဆွေတွေ ဝိုင်းပြီးအကူအညီပေးသမျှကိုလည်း ကျမတို့ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။” (မြန်မာနိုင်ငံခြားရေးဝန်ကြီး)
ကန့်ကွက် ဆန္ဒပြမှုတွေကြောင့် ရပ်ဆိုင်း ထားခဲ့ရတဲ့ ကချင်ပြည်နယ် မြစ်ဆုံရေကာတာ စီမံကိန်းကို အစိုးရသစ် လက်ထက်မှာ ပြန်စနိုင်အောင် တရုတ်နိုင်ငံက ဆက်ကြိုးပမ်းသွားမယ့် အကြောင်း ဒီကနေ့ပဲ ထပ်မံပြောဆိုလိုက်ပါတယ်။
ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအကြိမ် အရပ်သား အစိုးရတရပ် တက်လာတော့မှာ ဖြစ်ပေမဲ့ စစ်တပ်က ကျောထောက်နောက်ခံ ပေးထားသူတွေ ပါလာမယ့် NLD အစိုးရသစ်ရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး လမ်းကြောင်းဟာ ဖြောင့်ဖြူးနိုင်ပါ့မလား ဆိုတာကို အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အကြိမ်ကြိမ် လုပ်ခဲ့ပေမဲ့ မငြိမ်းချမ်းနိုင်သေးပဲ ဖြစ်နေရတာဟာ ဘာကြောင့်များပါလဲ၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ပုံစံသစ်နဲ့ချဉ်းကပ်ဖို့ လိုအပ်နေပြီလား၊ ဆိုတာကို အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
အင်တာနက် စာမျက်နှာတွေမှာ ပြန့်နှံ့ခဲ့တဲ့ စစ်သင်တန်းကျောင်းမှာ အနိုင်ကျင့်မှုဟာ စည်းကမ်းလိုက်နာအောင်၊ အမိန့်နာခံတတ်အောင် အထောက်အကူ ဖြစ်စေတဲ့ လုပ်ရပ်လား ဆိုတာကို အင်္ဂါနေ့ တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီက လွှတ်တော်နဲ့ အစိုးရသစ်မှာ ပါတီပြင်ပက နိုင်ငံရေးသမားတွေကို နေရာပေးခြင်းအားဖြင့် နိုင်ငံရေးအရ အဆိုးအကောင်း ဘယ်လို ရလဒ်မျိုးတွေ ခံစားရနိုင်သလဲ ဆိုတာကို အင်္ဂါနေ့ တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်