ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံ နေရာတော်တော်များများမှာ နေ့စဉ်ရက်ဆက် ကြားနေ၊ မြင်နေရတဲ့ ရာဇဝတ်မှုတွေ ဖြစ်ပွားနေရတာဟာ စီးပွားရေး မပြေလည်လို့်လား၊ တရားဥပဒေစိုးမိုးရေး အားနည်းလို့လား၊ ဘယ်လို အကြောင်းတွေကြောင့်လဲ၊ မူခင်းတွေ ကျဆင်းအောင် ဘယ်လိုလုပ်နိုင်မလဲ....
နိုင်ငံရေးသရော်စာတွေ၊ ကာတွန်းတွေကို တင်ဆက်မှုတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင်ကျော်က ဂရိနိုင်ငံမှာ စခဲ့တာပါ။ အမေရိကန်မှာ သမ္မတအပါအဝင် နိုင်ငံရေးသမားတွေကို သရော်တဲ့ ရုပ်မြင်သံကြား ညဖက်အစီအစဉ်တွေ ပိုမို ရေပမ်းစားလာနေတဲ့အကြောင်း Deborah Block ရဲ့ သတင်းဆောင်းပါးကို ကိုအောင်လွင်ဦး က တင်ပြပေးထားပါတယ်။
နိုဝင်ဘာ ၂၁၊ ၂၀၁၆ - မြန်မာသတင်းမီဒီယာကောင်စီ ဦးမြင့်ကျော်၊ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်တို့နဲ့ ကိုအောင်လွင်ဦးတို့ တွေ့ဆုံမေးမြန်းထားပါတယ်။
၆၆ (ဃ) ပြင်ဆင်သင့်၊ ဖျက်သိမ်းသင့်သလား
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) အပါအဝင် ရန်ကုန်တိုင်းအစိုးရက တရားစွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်လို့ ဆင့်ခေါ်ခံထားရတဲ့ Eleven Media Group တာဝန်ရှိသူတွေဟာ ဒီကနေ့မှာပဲ တာမွေမြို့နယ်ရဲစခန်းမှာ လာရောက် အဖမ်းခံခဲ့ကြပါတယ်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ Donald Trump အနိုင်ရခဲ့တဲ့အတွက် ကမ္ဘာတဝှမ်း စိတ်ဝင်တစား ဆွေးနွေးပြောဆိုနေတဲ့အထဲ မြန်မာနိုင်ငံလည်း ပါ ပါတယ်။ Trump ရဲ့ မူဝါဒသစ်တွေ ချမှတ်ရာမှာ မြန်မာနိုင်ငံလို တိုင်းပြည်မျိုးအထိပါ ရိုက်ခတ်လာမလား ဆွေးနွေးပြောဆိုနေတာတွေကိုတော့ ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲကို မြန်မာနိုင်ငံမှာလည်း စိတ်ဝင်တစားစောင့်ကြည့်ကြပါတယ်။ အင်္ဂါနေ့က တော့ ရန်ကုန်မြို့က အမေရိကန် သံအမတ်ကြီးနေအိမ်မှာ ရွေးကောက်ပွဲနေ့ ဧည့်ခံပွဲ ကျင်းပပါတယ်။ ကိုယ်တိုင် သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုအောင်လွင်ဦးက အပြည့်အစုံပြောပြပေးထားပါတယ်။
အမေရိကန် သမ္မတရွေးကောက်ပွဲ ရလာဒ်တွေဟာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဘက်ခြမ်းက တိုင်းပြည်တွေ အထိ အကျိုးဆက်တွေ ရိုက်ခတ်လာနိုင်တာကြောင့် အများက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။ အမေရိကန် သမ္မတရွေးကောက်ပွဲကနေ ဘာတွေမျှော်လင့်နိုင်မလဲဆိုတာက ဗွီအိုအေ ဝိုင်းတော်သား ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
မကြာခင်ကျင်းပဖို့ ရှိနေတဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲ ရလဒ်တွေဟာ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဘက်ခြမ်းက တိုင်းပြည်တွေအထိ အကျိုးဆက်တွေ ရိုက်ခတ်လာနိုင်တာကြောင့် အများကစိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။
မြန်မာနိုင်ငံမှာ ဖက်ဒရယ်နိုင်ငံတခုရဲ့ အခြေခံမူတွေကို ပိုနားလည်စေဖို့ ရည်ရွယ်ပြီး အမေရိကန်ပြည်ထောင်စု ကန်တပ်ကီပြည်နယ်၊ Lexington မြို့ရဲ့ မြို့တော်ဝန်ဟောင်း Teresa Isaac ဟာ မကြာသေးခင်ကပဲ မြန်မာနိုင်ငံမှာ ဆွေးနွေးပွဲတွေ ကျင်းပခဲ့ပါတယ်။ ကိုအောင်လွင်ဦးက ရန်ကုန်မြို့မှာ တွေ့ဆုံမေးမြန်းထားပါတယ်။
"ကျမတို့မှာ မတူညီတဲ့ ကိုးကွယ်ယုံကြည်မှုတွေ၊ နောက်ကြောင်းတွေ ရှိကြပေမဲ့လည်း၊ အားလုံး ညီညီညွတ်ညွတ်ဖြစ်နဲ့ ပြည်ထောင်စုအဖြစ် စုစည်းထားနိုင်တာပဲ ဖြစ်ပါတယ်။ ဒါကလည်း ကျမတို့အားလုံးဟာ မဲပေးပိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ရှိတယ်ဆိုတာကို ယုံကြည်ထားကြလို့ပါ။ ဒီယုံကြည်မှုတွေကပဲ ကျမတို့အားလုံးကို ညီညွတ်အောင် စုစည်းထားတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရှင်တို့အားလုံးနဲ့ ရှင်တို့ရဲ့ တိုင်းပြည်ကို တညီတညွတ်တည်းဖြစ်အောင် စုစည်းပေးနိုင်ဖို့ တကယ့်ကို အရေးကြီးတဲ့အရာဟာ ဘာဖြစ်နိုင်သလဲဆိုတာကို ကျမတွေ့ဆုံခဲ့တဲ့ သူတိုင်းကို မေးခွန်းထုတ်ခဲ့ပါတယ်။"
မောင်တောမြို့မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းတွေကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်မှုကို ဖြေရှင်းရာမှာ နိုင်ငံတကာ ဥပဒေတွေနဲ့အညီ ဆောင်ရွက်မှာ ဖြစ်တဲ့အကြောင်း၊ မြန်မာအစိုးရတာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းတွေကို ပြီးခဲ့တဲ့ အောက်တိုဘာ လ ၉ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်မှုကို ဖြေရှင်းတာမှာ နိုင်ငံတကာဥပဒေတွေနဲ့အညီ ဆောင်ရွက်မှာဖြစ်တဲ့အကြောင်း မြန်မာအစိုးရတာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ သတင်းစာရှင်းလင်းပွဲ သွားတက်ခဲ့တဲ့ ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က ရဲကင်းစခန်းတွေကို ဝင်ရောက်စီးနင်း တိုက်ခိုက်မှုတွေ ကြုံခဲ့ရပြီးတဲ့နောက် လုံခြုံရေးတပ်ဖွဲ့တွေက လိုက်လံရှင်းလင်းနေပါတယ်။ ရခိုင်အရေးနဲ့ပတ်သက်လို့ သဘောထားအမြင်တချို့ကိုတော့ ရန်ကုန်မြို့မှာရောက်နေတဲ့ ဗွီအိုအေဝိုင်းတော်သား ကိုအောင်လွင်ဦးက စုစည်း တင်ပြထားပါတယ်။
အောက်တိုဘာ ၁၀၊ ၂၀၁၆ - မြန်မာ့စီးပွားရေးရဲ့ အားသာချက်၊ အားနည်းချက် အခြေအနေတွေနဲ့ ပတ်သက်လို့ ကမ္ဘာ့ဘဏ် မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း စီးပွားရေးပညာရှင် Habib Rab ကို VOA ဝိုင်းတော်သား ကိုအောင်လွင်ဦး က ရန်ကုန်မြို့မှာ သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။
စိန်ခေါ်မှုတွေကြားက တိုးတက်မယ့် မြန်မာ့စီးပွားရေး
မြန်မာနိုင်ငံမှာ ကလေးအလုပ်သမားတွေအပေါ် ကာကွယ်စောင့်ရှောက်နိုင်မယ့် အစီအမံတွေ လိုအပ်နေတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO က ပြောပါတယ်။ ILO ရဲ့ ကလေးအလုပ်သမား ပပျောက်ရေးအစီအစဉ် အကြံပေးအရာရှိ Selim Benaissa ကို ကိုအောင်လွင်ဦးက ရန်ကုန်မြို့မှာ တွေ့ဆုံမေးမြန်းထားပါတယ်။
စက်တင်ဘာ ၂၆၊ ၂၀၁၆ - မြန်မာနိုင်ငံရဲ့ လက်ရှိ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတဦးဖြစ်တဲ့ ညီမျှခြင်း မြန်မာ ဒါရိုက်တာ ဦးအောင်မျိုးမင်းကို ကိုအောင်လွင်ဦး က ရန်ကုန်မြို့မှာ တွေ့ဆုံမေးမြန်းထားပါတယ်။
ဒီမိုကရေစီ အပြောင်းအလဲတွေ တွေ့မြင်နေရတဲ့ မြန်မာနိုင်ငံမှာ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဆက်ထားခြင်းအားဖြင့် အကောင်းထက်၊ အဆိုးကပိုများနိုင်တာကြောင့် ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်ရတာ ဖြစ်တယ်လို့ အမေရိကန် သံအမတ်ကြီး Scot Marciel က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။ ကိုအောင်လွင်ဦး က ပြောပြပေးမှာပါ။
အမေရိကန်ပြည်ထောင်စုက အရေးယူဒဏ်ခတ်မှုတွေ ရုတ်သိမ်းလိုက်ချိန်မှာ မြန်မာနိုင်ငံအနေနဲ့ ဘာတွေ မျှော်လင့်နိုင်မလဲ၊ အကောင်းအဆိုးကို သတင်းစာဆရာ ဦးစည်သူအောင်မြင့်၊ မြန်မာ့အရေးအကဲခတ် ဦးအောင်သူငြိမ်းတို့နဲ့ ကိုအောင်လွင်ဦး ဆွေးနွေးတင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်