ထိုင်ဝမ်ကျွန်းဝန်းကျင် တရုတ်နိုင်ငံရဲ့ စစ်ရေးလေ့ကျင့်မှု အခြေအနေကို ထိန်းသိမ်းဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေကပြောဆိုသလို မြန်မာစစ်ကောင်စီက ကွပ်မျက်ခဲ့တဲ့ ကိစ္စတွေကိုလည်း ဒေသတွင်းနိုင်ငံခေါင်းဆောင်တွေ ပြောဆိုခဲ့ပါတယ်။ ကိုသိန်းထိုက်ဦး ပြောပြပါမယ်။
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုဂျင်မီ၊NLDလွှတ်တော်ကိုယ်စားလှယ်ဟောင်းကိုဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကိုသေဒဏ်ကွပ်မျက်လိုက်တဲ့လုပ်ရပ်ဟာရှုတ်ချပြစ်တင်ရမယ့်အကြမ်းဖက်မှုဖြစ်တယ်လို့သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးအပါအဝင်နိုင်ငံတကာနိုင်ငံခြားရေးဝန်ကြီးတွေပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံအပေါ် ဖိအားဆက်ပေးရေးနည်းလမ်းတွေကို တခြားနိုင်ငံတွေနဲ့ဆွေးနွေးနေတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံရဲ့အခြေအနေဟာ ဘာမှမဖြစ်တဲ့ ပုံစံမျိုးဆက်သွားလို့မရတော့ဘူးဆိုပြီးမနေ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ Ned Price ကပြောဆိုသွားပါတယ်။ ကိုသိန်းထိုက်ဦး တင်ပြပါလိမ့်မယ်။
“အကြမ်းဖက်မှုတွေ တိုးလာတာ၊ ကြောက်မက်ဖွယ်ကောင်းတဲ့ ရက်စက်မှုတွေကျူးလွန်တာတွေကြောင့် စစ်ကောင်စီနဲ့ဘာမှမဖြစ်သလို ဆက်ဆံဖို့မဖြစ်နိုင်ဘူးဆိုတာ အလေးအနက်ပြောချင်ပါတယ်။ နိုင်ငံအားလုံး မြန်မာနိုင်ငံကို စစ်လက်နက် အသုံးအဆောင်ပစ္စည်းတွေမရောင်းဖို့ တိုက်တွန်းချင်ပါတယ်။”(ကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price)
ထင်ရှားတဲ့နိုင်ငံရေးသမားတွေဖြစ်ကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်တို့နဲ့အတူ နောက်ထပ် ၂ ဦးကို ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပြစ်ဒဏ်စီရင်ပြီးပြီဖြစ်တဲ့အကြောင်း မြန်မာစစ်ကောင်စီက ကြေညာပါတယ်။
မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၆ နိုင်ငံမှာ အမေရိကန် နိုင်ငံသားတွေကို မတရား ဖမ်းဆီးတာတွေ ရှိနိုင်တာကြောင့် ခရီးသွားတဲ့အခါ သတိထားဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မနေ့က သတိပေးချက် ထုတ်ပြန်ပါတယ်။ ကိုသိန်းထိုက်ဦး ဆက်ပြီး ပြောပြပါလိမ့်မယ်။
၂၀၂၁ ခုနှစ် ဇန္နဝါရီလ ၆ ရက် လွှတ်တော် ကြားနာပွဲအပေါ် စုံစမ်းစစ်ဆေးနေတဲ့ ကော်မတီက ဒီတပတ် အဂါင်္နေ့ နောက်ထပ် ကြားနားပွဲ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။ လွှတ်တော်စီးနင်းမှုမှာ ပါဝင်တဲ့ လူဖြူကြီးစိုးရေးဝါဒီ အဖွဲ့အစည်းတွေနဲ့ ပတ်သက်လို့ ကော်မတီ ကြားနာပွဲတွေက အာရုံစိုက်ပါလိမ့်မယ်။ကိုသိန်းထိုက်ဦး ပြောပြပါပလိမ့်မယ်။
ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံ ၂၀ G20 အစည်းအဝေးဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်အောင် အာဆီယံ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းတခုအဖြစ် မြင်တဲ့အကြောင်း အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Daniel Kritenbrink က ပြောပါတယ်။ ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
ကရင်ပြည်နယ် KNU ထိန်းချုပ်ဒေသတွေမှာ စစ်ကောင်စီနဲ့ နယ်ခြားစောင့် BGF တပ်တွေရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဇွန်လ တလတည်းမှာတင် အရပ်သား ၁၂ယောက်သေဆုံးပြီး၊ ၁၅ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ပြောပါတယ်။
မြန်မာနိုင်ငံမှာနိုင်ငံရေးအရပြန်လည်သင့်မြတ်ရေးပေါ်လာအောင် ကြိုးပမ်းဖို့တရုတ်နဲ့ အာဆီယံအကြားလက်တွဲဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် နိုင်ငံတော်ကောင်စီလည်းဖြစ်တဲ့Wang Yiက ပြောပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ပြောဆိုချက်တွေနဲ့ပတ်သက်လို့ဦးသိန်းထိုက်ဦးတင်ပြပါမယ်။
အမေရိကန်ဟာ ယူကရိန်းကိုဆက်ပံ့ပိုးသွားမယ့်အကြောင်း သမ္မတ Joe Biden ကပြောဆိုပါတယ်။ နေတိုးထိပ်သီးအစည်းအဝေးမှာ ယူကရိန်းကာကွယ်ရေး ပိုအားကောင်းအောင် လုပ်ဆောင်ပေးသလို၊ တရုတ်ရဲ့ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ရေး မဟာဗျူဟာအသစ်တွေ ချမှတ်ခဲ့ပြီးအဖွဲ့ဝင်သစ် ၂ နိုင်ငံကို လက်ခံခဲ့ပါတယ်။ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
ယူကရိန်းနိုင်ငံအပေါ် ရုရှားရဲ့ ကျုးကျော်မှုကို ဆန့်ကျင်တဲ့ တချိန်တည်းမှာ ကမ္ဘာတဝှမ်း တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုနဲ့ စီးပွားရေး နယ်ပယ်ချဲ့ထွင်လာမှုတွေအပေါ် ယှဉ်ပြိုင်ဖို့ အခြေခံအဆောက်အအုံ ရင်းနှီးမြုပ်နှံရေး အစီအစဉ်အတွက် G7 စက်မှု ထိပ်သီးနိုင်ငံတွေ ကြေညာထားပါတယ်။ ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
ယူကရိန်းနိုင်ငံကို ဥရောပသမဂ္ဂ အီးယူရဲ့ အဖွဲ့ဝင် ကိုယ်စားလှယ်လောင်း အဖြစ် ဥရောပပါလီမန်ကမဲခွဲအတည်ပြုလိုက်ပါတယ်။ အခုအဆင့်ဟာပထမဆင့် ဖြစ်ပါတယ်။ အဖွဲ့ဝင်အပြည့်အ၀ ဖြစ်ရေး ဆုံးဖြတ်မယ့် လုပ်ငန်းစဉ်ဟာ ၁၀ နှစ်လောက် ကြာနိုင်တယ်လို့လည်း သံတမန်တွေက ပြောပါတယ်။ ဦးသိန်းထိုက်ဦး ဆက်တင်ပြပါလိမ့်မယ်။
ဇန္နဝါရီလ ၆ ရက် လွှတ်တော်စီးနင်း တိုက်ခိုက်ခံရမှု စစ်ဆေးတဲ့ ကော်မတီက ဒီနေ့မှာ ကြားနာပွဲဆက်ကျင်းပ ပါလိမ့်မယ်။ သမ္မတဟောင်း Trump ဟာ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်လို့ထပ်ခါတလဲလဲ စွပ်စွဲရင်း သူ့ကို ထောက်ခံသူတွေကို သွေးထိုးလှုံ့ဆော်ခဲ့တယ်ဆိုပြီး ကော်မတီက စစ်ဆေးနေပါတယ်။ ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေကြောင့် အိုးအိမ့်စွန့်ခွာ ထွက်ပြေးရသူတွေထဲမှာ ကလေးငယ် နှစ်သိန်းခွဲလောက် ရှိတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews ကအစီရင်ခံစာထုတ်ပြန်ပါတယ်။ အစီရင်ခံစာပါအချက်တချို့ကို ကိုသိန်းထိုက်ဦး ပြောပြပါမယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer က သူတာဝန်ယူပြီး ၆ လအတွင်းမှာပဲ မြန်မာနိုင်ငံအတွင်း ပဋိပက္ခအခြေအနေ ပိုပြီး ဆိုးဝါးလာသလို ဘက်ပေါင်းစုံ အကြပ်အတည်းတွေ နေရာအနှံ့ ကြီးမားလာတဲ့အကြောင်း မနေ့က ကုလသမဂ္ဂ အထွေထွေ ညီလာခံကို အလွတ်သဘော တင်ပြသွားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ပြီးခဲ့တဲ့ နှစ် ဇန္နဝါရီလ ၆ ရက် လွှတ်တော်ကို ဝင်ရောက်စီးနင်းမှုနဲ့ ပတ်သက်ပြီး အများပြည်သူရှေ့ ကြားနာပွဲတွေ ဒီနေ့ တနင်္လာနေ့ လွှတ်တော်မှာ ဆက်လက် ကျင်းပပါတယ်။ ဒီအရေးအခင်းမှာ သမ္မတဟောင်း Donald Trump ရဲ့ အခန်းကဏ္ဍကို အာရုံစိုက်မယ့်ပုံရှိနေပါတယ်။ ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
ယူကရိန်းနိုင်ငံသူ Galina Pashkevich ဟာ ဒုတိယကမ္ဘာစစ်အတွင်း နာဇီတပ်တွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို မျက်မြင်တွေ့ခဲ့သူပါ။ ယူကရိန်းကို ရုရှားက ကျုးကျော်တဲ့အချိန် မှာ သူ့မွေးရပ်မြေကို စွန့်ခွာပြီး အမေရိကန်ကို ရောက်လာပါတယ်၊ သူအတွေ့အကြုံ ပြန်ပြောပြချက်တွေအကြောင်း ကိုသိန်းထိုက်ဉီးတင်ပြပါမယ်။
ယူကရိန်းကို ရုရှား ကျုးကျော်ပြီးနောက်ပိုင်း အမေရိကန် ထိပ်တန်း အရာရှိတွေ အတော်များများ ယူကရိန်းနိုင်ငံကို သွားရောက်ခဲ့ကြပါတယ်။ သမ္မတ Joe Biden ရော ဘယ်တော့ သွားမလဲဆိုပြီး မေးကြတာတွေ ရှိနေပါတယ်။ သမ္မတ သွားသင့်မသင့် အမြင်သဘောထား Anita Powell ပေးပို့တဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
နေတိုး မဟာမိတ်အဖွဲ့ထဲကို ဖင်လန်နဲ့ ဆွီဒင်နိုင်ငံ နှစ်နိုင်ငံ အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ လျှောက်ထားမှာကို ထောက်ခံတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က ပြောပါတယ်။ ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
နောက်ထပ်ကြည့်ရှုရန်