ထိုင်း - မြန်မာနယ်စပ်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေနဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေရဲ့ အခြေအနေ တချို့ မှတ်တမ်းတင် ဓါတ်ပုံပြပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အနုပညာနဲ့ ယဉ်ကျေးမှု အဆောက်အဦးမှာ ကျင်းပနေပါတယ်။
ထိုင်း - မြန်မာနယ်စပ်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေနဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေရဲ့ အခြေအနေ တချို့ မှတ်တမ်းတင် ဓါတ်ပုံပြပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အနုပညာနဲ့ ယဉ်ကျေးမှု အဆောက်အဦးမှာ ကျင်းပနေပါတယ်။ ဦးသိန်းထိုက်ဦး သတင်းပေးပို့ပါတယ်။
မြန်မာနိုင်ငံသားအလုပ်သမားတွေကို ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ ချုပ်ရဲ့ သတ်မှတ်ချက်တွေနဲ့အညီ ထိုင်းနိုင်ငံသား အလုပ်သမားတွေ တန်းတူ အသိအမှတ်ပြုပြီး ရပိုင်ခွင့်အခွင့်အရေးပေးဖို့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက တောင်းဆိုပါတယ်။
မြန်မာနိုင်ငံသားအလုပ်သမားတွေကို ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်ရဲ့ သတ်မှတ်ချက်တွေနဲ့အညီ ထိုင်းနိုင်ငံသား အလုပ်သမား တွေတန်းတူ အသိအမှတ်ပြုပြီး ရပိုင်ခွင့် အခွင့်အရေးပေးဖို့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေက တောင်းဆိုပါတယ်။ ဦးသိန်းထိုက်ဦး သတင်းပေးပို့ထားပါတယ်။
ထိုင်းမြန်မာနယ်စပ် မြန်မာနိုင်ငံဘက် မြဝတီမြို့အနီး လက်နက်ကိုင်အဖွဲ့အစည်းတခုက ဖမ်းဆီးခေါ်ဆောင်ပြီး အလုပ်ခိုင်းစေခံထားရသူတွေထဲမှာ မလေးရှားနိုင်ငံသား ၅၃ ယောက်ပါတယ် လို့ မလေးရှားနိုင်ငံက နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာအဖွဲ့ MHO က VOA မြန်မာပိုင်းကို ပြောပါတယ်။
၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့က မြန်မာနိုင်ငံဆန္ဒပြပွဲအတွင်း အသတ်ခံခဲ့ရတဲ့ ဂျပန်သတင်းထောက် ခန်းဂျီနာဂါ့အိ အကြောင်း The Mainichi သတင်းစာက ရေးပါတယ်။ မြန်မာနိုင်ငံမှာ အသတ်ခံရတဲ့ ဂျပန်သတင်းထောက်နဲ့ပတ်သက်လို့ သူ့မိသားစုက အမှန်တရားကို ရှာဖွေနေဆဲပဲလို့ ရေးပါတယ်။ ဦးသိန်းထိုက်ဦး ပြောပြပါမယ်။
အိန္ဒိယ IT နည်းပညာရှင် ၃၀၀ လောက်ကို ဆိုင်ဘာရာဇဝတ်မှုတွေကျူးလွန်ဖို့ အဓမ္မစေခိုင်းခံရတဲ့နယ်မြေ ရွှေကုက္ကိုလ်မြို့သစ်ဟာ မြဝတီခရိုင်ထဲမှာရှိပြီး DKBA ကရင်အဖွဲ့က ခွဲထွက်ပြီး နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းအဖွဲ့နဲ့ တရုတ် Yatai Intenational Holdings Group ပေါင်းပြီး ၂၀၁၇ က အကောင်အထည်ဖေါ်ခဲ့တဲ့မြို့ဖြစ်ပါတယ်။
ထိုင်းမြန်မာနယ်စပ် မြဝတီမြို့အနီး အိန္ဒိယနိုင်ငံသား ၃၀၀ လောက်ကို ဖမ်းဆီးခေါ်ဆောင်ပြီး ဆိုက်ဘာရာဇဝတ်မှုကျုးလွန်တဲ့ အလုပ်တွေ အဓမ္မ စေခိုင်းနေသူတွေဟာ ရွှေကုက္ကိ မြို့သစ်က KK Park ရာဇဝတ်ဂိုဏ်းအဖွဲ့ ဖြစ်တယ်လို့ The Times of India သတင်းစာက ရေးပါတယ်။ဦးသိန်းထိုက်ဦး သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံကို သီရိလကာၤနိုင်ငံလို အဘက်ဘက်က ပြိုကွဲတဲ့ အခြေအနေမျိုး မရောက်အောင်အတွက် ဘက်ပေါင်းစုံက စဉ်းစားကြဖို့လိုနေပြီလို့ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးမှုအဖွဲ့ CESD အမှုဆောင်ဒါရိုက်တာ၊ စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးက ပြောပါတယ်။ ဦးသိန်းထိုက်ဦး ဘန်ကောက်မြို့မှာ တွေ့ဆုံမေးမြန်းထားပါတယ်။
မြန်မာစစ်တပ်ဟာ အာဏာသိမ်းမှုနောက်ပိုင်းမှာ ဥပဒေတွေကို ထင်သလို ပြင်ဆင် ပြောင်းလဲခဲ့တာကြောင့် တိုင်းပြည်ရဲ့ တရားရေးစနစ် ယိုယွင်းနေတဲ့အကြောင်း သီးခြားလွတ်လပ်တဲ့ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ ICJ နိုင်ငံတကာ ဥပေဒေရးရာ ပညာရှင်များ ကော်မရှင်အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေ ထိန်းချုပ်ရေး ဗဟိုဘဏ်ရဲ့ ကြိုးပမ်းချက်တွေ ရည်ရွယ်ချက်အတိုင်း မပေါက်တဲ့အပြင် နိုင်ငံခြားငွေ ရှာပေးနေတဲ့ ပြည်ပရောက် မြန်မာအလုပ်သမားတွေကို အထိနာစေခဲ့တဲ့ အားနည်းချက်တွေ ရှိခဲ့တဲ့အကြောင်း စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးကသုံးသပ်ပါတယ်။ ဦးသိန်းထိုက်ဦး တွေ့ဆုံမေးမြန်းထားတာပါ။
ထိုင်းနိုင်ငံ နိုင်ငံခြားသတင်းထောက်များ အသင်းမှာ ပြီးခဲ့တဲ့ သောကြာနေ့ညက ကျင်းပတဲ့ ပန်းချီကား ရောင်းရငွေတွေကို ပြည်တွင်းအိုးမဲ့အိမ့်မဲ့ ဒုက္ခသည် ကလေးငယ်တွေရဲ့ ပညာရေးအတွက် ပေးလှူမှာဖြစ်ပါတယ်။ ဦးသိန်းထိုက်ဦး ဘန်ကောက်ကနေ သတင်းပေးပို့ထားပါတယ်။
ထိုင်းမြန်မာနယ်စပ် ပြည်တွင်းအိုးအိမ်မဲ့ စစ်ဘေးရှောင် IDP တွေရဲ့ ဒုက္ခသည်စခန်းအတွင်းက အမျိုးသမီးတွေနဲ့ မိန်းခလေးတွေရဲ့ အခြေအနေ၊ ပျောက် ဆုံးသွားတဲ့ မျိုးဆက်တဆက် ဆိုတဲ့ နာမည်နဲ့ ဆွေးနွေးပွဲကျင်းပသလို ဒုက္ခသည်တွေ ကိုယ်တိုင်ရေးဆွဲတဲ့ ပန်းချီပြပွဲကျင်းပတာမှာ ပန်းချီကားတဒါဇင်ကျော် အားလုံး ရောင်းလိုက်ရပါတယ်။
ILO အလုပ်သမားအဖွဲ့ချုပ်ကြီးက ကမကထလုပ်ကျင်းပတဲ့အရှေ့တောင်အာရှနိုင်ငံတွေအတွင်း ပယ်လယ်နဲ့ ငါးဖမ်းလုပ်ငန်းမှာ လုပ်ကိုင်သူတွေရဲ့ အခွင့်အရေးကို အကာအကွယ်ပေးနိုင်ဖို့ ၂ ရက်ကြာအစည်းအဝေးမှာ မြန်မာနိုင်ငံက အလုပ်သမားတွေအရေးကိုလည်း အဓိကအကြောင်းအရာအဖြစ် ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။
ဒေသတွင်း ပင်လယ်နဲ့ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများ အခွင့်အရေးကို အကာအကွယ်ပေးနိုင်ဖို့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ အစည်းအဝေးကျင်းပကြပါတယ်။ အစည်းအဝေးတတ်ရောက်သူ ထိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း FED ဒါရိုက်တာ ဦးထူးချစ်ကို ကိုသိန်းထိုက်ဦးဆက်သွယ်မေးမြန်းထားပါတယ်။
ခြောက်သွေ့ ရာသီမှာ လက်နက်ကိုင်တိုက်ပွဲနဲ့ ပဋိပက္ခတွေ ပိုများလာနိုင်သလို လက်ရှိရင်ဆိုင်နေရတဲ့ စီးပွားရေး အကြပ်အတည်းဟာ လာမယ့် လပိုင်းတွေအတွင်း ပိုပြီး ဆိုးလာနိုင်တယ်လို့ ထိုင်းနိုင်ငံ Chulalongkorn တက္ကသိုလ်မှာ စက်တင်ဘာ ၆ ရက်၊ ဒီနေ့ ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ မြန်မာ့အရေးသုံးသပ်သူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေ မိုးရာသီကုန်ဆုံးရင် ပိုများလာနိုင်သလို၊ စီးပွားရေး အကျပ်အတည်းခြေအနေဟာလည်း လာမယ့်လပိုင်းအတွင်း ပိုဆိုးလာနိုင်တယ်လို့ ချူလာလောင်ကွန်းတက္ကသိုလ် ဆွေးနွေးပွဲအတွင်း သုံးသပ်ပြောဆိုကြပါတယ်။ ကိုသိန်းထိုက်ဦး ဘန်ကောက်မြို့ကနေ သတင်းပေးပို့ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်အရေးကိစ္စကို ဖြေရှင်းရာမှာ ရိုဟင်ဂျာမူဆလင်တွေရဲ့အမျိုးသားရေးလက္ခဏာနဲ့ သမိုင်းကြောင်းအရ တည်ရှိမှုကို လက်ခံဖို့လိုတဲ့အကြောင်း မနေ့ကညထိုင်းနိုင်ငံ နိုင်ငံခြား သတင်းထောက်များအသင်းမှာ ကျင်းပတဲ့ရိုဂျင်ဂျာအရေး ဆွေးနွေးပွဲမှာ ထောက်ပြပြောဆိုပါတယ်။ ကိုသိန်းထိုက်ဦးဘန်ကောက်ကနေ သတင်းပေးပို့ထားပါတယ်။
ရိုဟင်ဂျာဒုက္ခသည်အရေးကိစ္စကို ဖြေရှင်းရမှာ ရိုဟင်ဂျာမူဆလင်တွေရဲ့ အမျိုးသားရေးလက္ခဏာနဲ့ သမိုင်းကြောင်းအရတည်ရှိမှုကို လက်ခံဖို့လိုတဲ့အကြောင်း ရိုဟင်ဂျာအရေး ထောက်ခံသူတွေနဲ့ ဒီ ပဋိပက္ခကို ဖြေရှင်းနိုင်ရေး ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်သူတွေက ထောက်ပြကြပါတယ်။
“နိုင်ငံခြားအဖွဲ့အစည်းတခုခုနဲ့ တွေ့ဆုံခြင်း” ဆိုတော့ ဥပမာ- ဗွီအိုအေဆိုရင် နိုင်ငံခြားက အဖွဲ့အစည်းတခုခုပဲလေ။ အဲဒီတော့ မီဒီယာတွေနဲ့တွေ့တာရော အကျုံးဝင်သလား၊ သံအမတ်ကြီးတယောက်ယောက်က ကျနော့်ဆီကို ဖုံးဆက်ပြီဆိုရင် “ကျနော် UEC ကို ခွင့်ပြုချက်တောင်းလိုက်အုံးမယ်” ဆိုပြီး အကြောင်းပြန်ရမှာလား။ (ဦးကိုကိုကြီး)
နောက်ထပ်ကြည့်ရှုရန်