ရုရှားနိုင်ငံဘက်က အင်တာနက်ကတဆင့် ထိုးဖေါက်မှုလုပ်ရပ်တွေအပေါ် အမေရိကန်ပြည်ထောင်စုအတွင်း တုန့်ပြန်မှု၊ သဘောကွဲလွဲ ချက်တွေဟာ ၂၀၁၇ ခုနှစ် နှစ်စပိုင်းမှာ အဓိက မကြေလည်မှု တခုအဖြစ် ဆက်ရှိနေပါတယ်။ VOA သတင်းထောက် Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
သိန်းဇော် (မန္တလေး) မွေးနေ့၊ ကဗျာ၊ အနုပညာ
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်တွေကမောက်ကမဖြစ်အောင် ရုရှားဘက်က ကြိုးပမ်းခဲ့တယ်ဆိုတဲ့ စွတ်စွဲချက်တွေထွက်ပေါ်နေချိန်၊လာမယ့်နှစ်မှာကျင်းပမယ့် ဥရောပရွးကောက်ပွဲတွေမှာလည်း ရုရှားရဲ့နှောင့်ယှက်မှုတွေရှိလာနိုင်တယ်ဆိုတဲ့ခန့်မှန်းချက်တွေထွက်ပေါ်နေပါတယ်။Henry Ridgwell ရဲ့သတင်းကို ကိုသိန်းထိုက်ဦး ပြောပြထားပါတယ်။
လာမယ့် ၂၀၁၇ ခုနှစ်အစ ဝါရှင်တန်နိုင်ငံရေးမှာ ဥပဒေတွေတော်တော်များများ အတည်ပြုနိုင်ရေး ကြိုးပမ်းဖို့ရှိနေပြီး သမ္မတ အိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ ပြင်ဆင်ရေးကိစ္စက ရီပတ်ဗလစ်ကန်တွေအတွက် ထိတ်တန်း အစီအစဉ်တခုပါ။ VOA သတင်းထောက် Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး ကတင်ပြထားပါတယ်။
၂၀၁၇ခုနှစ် နှစ်ပတ်လည်အထိမ်းအမှတ်များ
သမ္မတရွေးကောက်ပွဲအပေါ် ရုရှားက ဝင်စွက်ဖက်ခဲ့တာနဲ့ ပတ်သက်လို့ သဘောထားကွဲလွဲတဲ့ ငြင်းခုံသံတွေ ဝါရှင်တန်နိုင်ငံရေးခေါင်းဆောင်တွေကြား ဆက်ကြားနေရတာက အနာဂတ် ဆိုက်ဘာထိုးဖေါက်မှုတွေကို ကန် အနေနဲ့ ဘယ်လိုတုံ့ပြန်မလဲဆိုတာ ထင်ဟပ်နေတဲ့အကြောင်း Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုတွေကို ဖြေရှင်းရေး မြန်မာအစိုးရရဲ့ ကြိုးပမ်းနေတာနဲ့ပတ်သက်လို့ အာဆီယံနိုင်ငံတွေကို အချိန်မှီ အသိပေးသွားမယ့်အကြောင်း ဒေါ်အောင်ဆန်းစုကြည်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို ကတိပေးပြောဆိုပါတယ်။ အပြည့်အစုံကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
ခရစ်စမတ်အကြို ပြင်ဆင်မှုများ
ရုရှားနိုင်ငံက အမေရိကန် နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေကို အွန်လိုင်းကနေခိုးယူထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်တဲ့ အမေရိကန်ထောက်လှမ်းရေးအဖွဲ့က သုံးသပ်ပြောဆိုချက်ကို ရွေးကောက်ခံသမ္မတ Donald Trump က ငြင်းဆိုလိုက်ပါတယ်။ ဒီအကြောင်း Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး ပြောပြထားပါတယ်။
သက်ကြီးရွယ်အိုတွေ ချော်လဲတဲ့ခါ ကာကွယ်ပြီး ဒဏ်ရရလို့ ကုသရတဲ့ စားရိတ်သက်သာအောင် လေအိတ်အဖြစ် သုံးနိုင်မယ့် ခါးပတ်ကို တီထွင်နေပြီး မကြာခင် ဈေးကွက်ထဲကို ရောက်လာဖို့ ပြင်ဆင်နေပါတယ်။ VOA သတင်းထောက် Steve Baragona သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ပြောပြပေးမှာပါ။
Trumpက ထိုင်ဝမ်သမ္မတ Tsai Ing-Wen ဖုန်းဆက်တာကို လက်ခံစကားပြောခဲ့တဲ့အကြောင်း ဒီရက်ပိုင်းအတွင်း ကြေညာလိုက်တဲ့အတွက် အားလုံးအံအားသင့်ခဲ့ကြပါတယ်။ အမေရိကန်ရဲ့ အာရှသံတမန်ရေးမူဝါဒကို ပြန်ပြင်ဖို့ ရည်ရွယ်ချက် ရှိမရှိ စောင့်ကြည့်နေကြတဲ့အကြောင်း Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး ပြောပြမှာပါ။
ဆန္ဒပြပွဲတွေအတွင်းအမေရိကန်အလံကိုမီးရှို့တဲ့သူတွေကိုအရေးယူမယ်လို့ရွေးကောက်ခံသမ္မတ Donald Trump ရဲ့ပြောဆိုချက်ကိုအိမ်ဖြူတော်ကပယ်ချလိုက်ပါတယ်။အမေရိကန်မှာအလံမီးရှို့တာကို လွတ်လပ်စွာထုတ်ဖေါ်ခွင့်အဖြစ် ၉၈၉ ခုနှစ်မှာတရားရုံးချုပ်ကအမိန့်ချမှတ်ထားတာပါ။ Zlatica Hoke ရဲ့သတင်းကို ကိုသိန်းထိုက်ဦး ပြောပြထားပါတယ်။
ပြီးခဲ့တဲ့တပတ် ကျေးဇူးတော်နေ့ အားလပ်ရက်ကာလမှာ ရွေးကောက်ခံ သမ္မတ Donald Trump ဝန်ကြီးအဖွဲ့ရွေးချယ်မှု နှေးသွားခဲ့ပေမယ့် ဒီသတင်းပတ်အတွင်း ထပ်ပြီးကြေညာမယ်လို့မျှော်လင့်တဲ့အကြောင်း Michael Bowman ပေးပို့တဲ့သတင်း ဦးသိန်းထိုက်ဦး ကတင်ပြထားပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ အကြမ်းဖက်အဖွဲ့တွေရဲ့ တိုက်ခိုက်မှု သတင်းတွေ၊ လုံခြုံရေး အဖွဲ့တွေရဲ့ တာဝန်ယူမှု အခြေအနေပေါ် နိုင်ငံတကာက အာရုံစိုက်နေတဲ့အချိန်မှာပဲ လက်ရှိ ရဲတပ်ဖွဲ့ကို အင်အား ဖြည့်တင်းဖို့ အရပ်သား ၁၁၀ ကျော်ကို အရံရဲတပ်ဖွဲ့ဝင်တွေ အဖြစ် ရက်တို သင်တန်းပေးပြီး မြန်မာအစိုးရ တာဝန်ရှိသူတွေက လုံခြုံရေးတာဝန် ထမ်းဆောင်ခိုင်းလိုက်တာပါ။
ရွေးကောက်ပွဲ ပြီးသွားပြီးတဲ့နောက် အမေရိကန်တဝှမ်း ခရစ်ယာန်ဘုရားကျောင်းတွေ၊ ဗလီတွေ၊ ဂျုးဘုရားကျောင်းတွေမှာ တိုင်းပြည်အနာဂတ်အတွက် ဝတ်ပြုဆုတောင်းပွဲတွေ ကျင်းပနေပါတယ်။ ရွေးကောက်ပွဲရလဒ်ကို ကြိုဆိုသူတွေရော၊ ဆန့်ကျင်သူတွေပါ ပါဝင်တဲ့အကြောင်း Carolyn Presutti သတင်းလွှာကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
အင်တာနက်လွတ်လပ်ခွင့်ဆက်တိုက်ကျဆင်းနေကြောင်း Freedom House အဖွဲ့ကြီးက အစီရင်ခံစာထုတ်ပြန်ပါတယ်။ ၂၀၁၅ က ၂၀၁၆အတွင်း လူမှုသတင်းကွန်ယက်တွေနဲ့ အပြန်အလှန်ပေးပို့ ရေးသားချက်တွေအပေါ် အစိုးရတွေရဲ့ စောင့်ကြည့်မှုနည်း တိုးလာတယ်လို့ ဆိုပါတယ်။ Zlatica Hoke သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စုမှာ သမ္မတရွေးကောက်ပွဲတွေ ကျင်းပဖို့ ရက်ပိုင်းပဲ လိုတော့တာမို့ အိမ်ဖြူတော် ပန်းတိုင်ဆီသို့ ရွေးကောက်ပွဲ အထူးအစီစဉ်တွေကို ထုတ်လွှင့်ပေးသွားမှာပါ။
ရီပတ်ဗလစ်ကန် ပါတီ သမ္မတလောင်းကုဋေကြွယ်သူဌေးကြီး Donald Trump တရားဝင် ထုတ်ဖေါ်ပြသဖို့ ငြင်းဆိုနေတဲ့ သူ့ရဲ့ ဝင်ငွေခွန်စာရင်း တစိတ်တပိုင်းလို့ ယုံကြည်ရတဲ့ အချက်အလက်တွေကို The New York Times သတင်းစာက လက်ခံရရှိခဲ့ကြောင်း Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
အာရှပစိဖိတ်ဒေသ နိုင်ငံတွေအကြား တင်းမာမှုတွေ တိုးလာနေချိန်မှာပဲ အမေရိကန် ကာကွယ်ရေးဝန်ကြီး ကာတာ ဟာ အာဆီယံနိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေကို တွေ့ဆုံဖို့ Hawaii ကျွန်းကို ရောက်နေပါတယ်။ အာရှပစိတ်ဖိတ်ဒေသတွင်း အလေးထား စိုးရိမ်နေရတဲ့ ကိစ္စတွေအကြောင်း Carla Babb သတင်းလွှာကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
အမေရိကန်အစိုးရ အသုံးစရိတ်ကို လာမယ့် အောက်တိုဘာ(၁)ရက်နေ့ သာကြာနေ့ည သန်းခေါင် နောက်ဆုံးထား အတည်ပြုရမှာဖြစ်ပေမယ့် အခုအထိတော့ ဒီမိုကရက်တွေနဲ့ ရီပတ်ဗလစ်ကန်တွေအကြား ဘာသဘောတူညီမှုမှ မရသေးတဲ့အကြောင်း Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ပြပါလိမ့်မယ်။
နောက်ထပ်ကြည့်ရှုရန်