ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပြဿနာဟာ ဒေသတွင်း မတည်မငြိမ် ဖြစ်စေတဲ့ အကြောင်းအချက် တခု ဖြစ်လာနေပြီလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က သတိပေးပြောဆိုပါတယ်။ ကိုသိန်းထိုက်ဦး စုစည်းတင်ပြပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စုအတွင်း သဘာဝဘေးဒဏ်ကယ်ဆယ်ရေး ဒေါ်လာသန်းပေါင်း တသောင်းငါးထောင် သုံးစွဲဖို့ ကွန်ဂရက်စ်လွှတ်တော်က အတည်ပြုလိုက်တဲ့အတွက် အစိုးရလုပ်ငန်းတွေ တစိတ်တပိုင်းရပ်ဆိုင်းမှာ စိုးရိမ်နေသူတွေ စိတ်သက်သာရာ ရသွားခဲ့ပါတယ်။ Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု Wisconsin ပြည်နယ်မှာ နွားချေးခြောက်ပစ်ပြိုင်ပွဲကို အကြီးအကျယ် ကျင်းပခဲ့ပါတယ်။ Serbia နိုင်ငံမှာတော့ ဥရောပအလယ်ခေတ်ဝါသနာရှင်တွေ စုစည်းဆင်နွှဲကြတဲ့ ဗိုက်ကင်းပွဲတော်ကို ကျင်းပခဲ့ပါတယ်။ ထူးခြားဆန်းပြားသတင်းများ အစီအစဉ်ကို ကိုသိန်းထိုက်ဦး နဲ့ မအေးသန္တာကျော်တို့က တင်ပြထားပါတယ်။
မြောက်ကိုရီးယားအရေးနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုရဲ့ သည်းခံနိုင်မှုဟာ အတိုင်းအတာ ရှိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley က တနင်္လာနေ့က လုံခြုံရေးကောင်စီ အစည်းအဝေးမှာ သတိပေးသွားပါတယ်။ ဒီအကြောင်း Margaret Besheer ပေးပို့တဲ့သတင်းကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
မြောက်ကိုရီးယားရဲ့ နောက်ဆုံး နျုကလီးယားစမ်းသပ်မှုအပေါ် အမေရိကန် သမ္မတ Donald Trump က တနင်္ဂနွေနေ့က ပြင်းထန်တဲ့ အသုံးအနှုံးတွေနဲ့ တုံ့ပြန်လိုက်ပါတယ်။ ဗွီအိုအေသတင်းထောက် Marcus Harton သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုအတွင်း တရားမဝင် ဝင်ရောက်လာသူတွေကို တင်းတင်းကြပ်ကြပ် အရေးယူခဲ့တဲ့ Arizonaပြည်နယ်ရဲအရာရှိဟောင်းJoeArpaioကျုးလွန်ခဲ့တဲ့အမှုကိုသမ္မတကပြစ်ဒဏ်ကနေလွတ်ငြိမ်းခွင့်ပေးလိုက်တဲ့အပေါ် ဝေဖန်မှုတွေရှိနေတဲ့အကြောင်း Marcus Harton ပေးပို့တဲ့သတင်းကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ အာဖဂန်နစ္စတန်ဆိုင်ရာ မဟာဗျုဟာသစ်ကို သမ္မတ Trump က သူ့ကိုယ်တိုင်ပဲ အသိပေး ကြေညာချင်မယ့်အကြောင်း ကာကွယ်ရေး ဝန်ကြီး Jim Mattis က ပြောပါတယ်။ VOAသတင်းထောက် Marcus Harton သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
ဗာဂျီးနီးယားပြည်နယ် Charlottesville မြို့မှာ လူဖြူအမျိုးသားရေးဝါဒီတွေရဲ့ ဆန္ဒပြပွဲကို တန်ပြန်ဆန့်ကျင်တဲ့ ကန့်ကွက်ပွဲအတွင်း အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့တာနဲ့ပတ်သက်လို့ သမ္မတ Donald Trump ရဲ့ ကနဦးတုံ့ပြန်ချက်အပေါ် ဝေဖန်ပြစ်တင်တာတွေ ခံနေရပါတယ်။ Marcus Harton ရဲ့ သတင်းလွှာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
ရုရှား၊ အီရန်နဲ့ မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေ ပြဌာန်းရေး ဥပဒေအဖြစ် သမ္မတ Donald Trump လက်မှတ် ရေးထိုးတော့မယ်လို့ မျှော်လင့်ရတဲ့အကြောင်း VOA သတင်းထောက် Michael Bowman ပေးပို့တဲ့သတင်းကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
ကမ္ဘောဒီးယားနိုင်ငံက နွားလေးတကောင်ဟာ လူဝင်စားဖြစ်တယ်လို့ယုံကြည်ပြီး ဒီရက်ပိုင်းမှာ အများအာရုံစိုက်ခံရတဲ့ နွားတကောင်ဖြစ်လာသလို လူမှုကွန်ယက်မှာလည်း သတင်းတွေပျံ့နှံ့နေပါတယ်။ Reuter သတင်းတပုဒ်ကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
သမ္မတအိုဘားမားလက်ထက် ကျန်းမာရေးစောင့်ရှောက်မှုကိုအစားထိုးရေးနဲ့ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲကာလ သမ္မတ Trump ရဲ့ သားနဲ့ ရုရှားရှေ့နေတွေ့ဆုံမှုတွေဟာ အမေရိကန်နိုင်ငံရေးမှာ မေးခွန်းထုတ်မှုတွေဆက်ရှိနေကြောင်း Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
သမ္မတအိမ်ဖြူတော်ရဲ့ နိုင်ငံရေး အရ ဖိအားပေးမှုတွေကို ဆန့်ကျင်သွားမယ့်အကြောင်း FBI ဒါရိုက်တာဟောင်း James Comey နေရာကို ဆက်ခံဖို့ အဆိုပြုခံထားရတဲ့ Christopher Wray က အထက်လွှတ်တော် တရားရေး ကော်မတီ ကြားနာပွဲမှာ သက်သေထွက်ဆိုသွားပါတယ်။ Michael Bowman သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
ပိုလန်နိုင်ငံခရီးစဉ်နဲ့ ဂျာမနီမှာကျင်းပတဲ့ G-20 ထိပ်သီးဆွေးနွေးပွဲကိုသွားခဲ့တဲ့ သမ္မတ Donald Trump ရဲ့ ခရီးစဉ်တွေ ဘယ်အတိုင်းအတာအထိ ထိရောက်မှုရှိသလဲဆိုတာကို ဝါရှင်တန်နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ချိန်ဆနေတဲ့အကြောင်း VOA သတင်းထောက် Michael Bowman ပေးပို့တဲ့သတင်းကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
ပျားဆိပ်တွေမှာ ပဋိဇီဝဆေးတွေတော်တော်များများပါတယ်ဆိုပြီး ရောဂါကုသသူတွေ ဂါဇာကမ်းမြောင်ဒေသမှာ တဖြည်းဖြည်းပိုပြီး များလာနေပါတယ်။ ဒီလိုပျားတုပ်ခံပြီး ရောဂါကုတာဟာ ရောဂါတော်တော်များများကို ကုသနိုင်တယ်ဆိုတဲ့ ယုံကြည်မှုနဲ့ ပတ်သက်ပြီး ရိုက်တာသတင်းတစ်ပုဒ်ကို ကိုသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အနာဂတ်နဲ့ ပတ်သက်လို့ နိုင်ငံရေးအရ အကြီးအကျယ် သဘောကွဲလွဲမှုတွေ ပေါ်ပေါက်နေပြီး ရီပတ်ဗလစ်ကန်တွေဘက်ကိုယ်တိုင် ညီညွတ်မှုမရဘဲ ကသောင်းနင်းဆက်ဖြစ်နေသေးကြောင်း Michael Bowman ပေးပို့တဲ့သတင်းကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
အမေရိကန် လွတ်လပ်ရေး ကြေညာခဲ့တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မွေးနေ့ဖြစ်တဲ့ ဂျူလိုင်လ (၄) ရက်နေ့မှာ နှစ်စဉ် အခမ်းအနားတွေ ကျင်းပလေ့ရှိပါတယ်။ ဒီနှစ်မှာတော့ အမေရိကန် ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံ ဥပဒေ ပြင်ဖို့ ကြိုးစားရာမှာ မအောင်မြင်ခဲ့တဲ့ ထောင်ချီတဲ့ အဆိုပြုချက်တွေအကြောင်း ခင်းကျင်း ပြသဖို့ ပြင်ဆင်နေပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ မွေးနေ့အဖြစ်သတ်မှတ်ထားတဲ့ လွတ်လပ်ရေးကြေညာခဲ့တဲ့ ဇွန်လိုင် ၄ ရက်နေ့ရောက်တိုင်း အမျိုးသားမှတ်တမ်းဌာနက နှစ်စဉ်အခမ်းအနားတွေကျင်းပလေ့ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုကိုပြင်ဆင်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ ပြသမယ့်ပြပွဲအကြောင်း Nikoleta Ilic ပေးပို့တဲ့သတင်းကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
အမေရိကန်လွှတ်တော်နှစ်ရပ်စလုံးမှာ အများစုဖြစ်တဲ့အပြင် အိမ်ဖြူတော်ကို ချုပ်ကိုင်ထားပေမယ့် ရီပတ်ဘလစ်ကန်တွေအနေနဲ့ ရွေးကောက်ပွဲမှာကတိ ပေးခဲ့တဲ့ Obamacare ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေ ပြန်လည်အစားထိုးပြင်ဆင်ရေး ခက်ခက်ခဲခဲ ကြိုးပမ်းနေရပါတယ်။ Michael Bowman ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။
ဥရောပ နိုင်ငံတွေနဲ့ ကမ္ဘာတဝှမ်းမှာရင်ဆိုင်နေရတဲ့ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေရဲ့ အကြပ်အတည်းကို မီးမောင်းထိုးပြတဲ့အနေနဲ့ တရုတ်အတိုက်အခံလည်းဖြစ်၊ အနုပညာရှင်လည်းဖြစ်တဲ့ Ai Weiwei ရဲ့ အနုပညာပြပွဲတခု ဒိန်းမတ်နိုင်ငံမှာ ပြသနေပါတယ်။ AP သတင်းတပုဒ်ကိုအခြေခံပြီး ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
သမ္မတ Trump နဲ့ ရုရှားအရေးစုံစမ်းစစ်ဆေးမှု
နောက်ထပ်ကြည့်ရှုရန်