ရီပတ်ဗလစ်ကန်အမတ်သေနတ်ပစ်ခံရ
ရှေ့နေချုပ် Jeff Sessons ကြားနာပွဲ
FBI ဒါရိုက်တာဟောင်း James Comey ကြားနာပွဲ
သမ္မတအိမ်ဖြူတော်နဲ့ သတင်းမီဒီယာ
သမ္မတTrumpပြည်ပခရီးစဉ်ကပြန်လာချိန်မှာပဲရုရှားနဲ့ပတ်သက်မှုရှိမရှိစစ်ဆေးမှုတွေကပိုတိုးလာနေပါတယ်။သားမက်ဖြစ်သူ သူ့ရဲ့ ထိပ်တန်းအကြံပေးJared Kushne ဟာ ရုရှားနဲ့ လျို့ဝှက်ဆက်သွယ်ဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေထွက်ပေါ်လာနေတာပါ။ Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ပြပါလိမ့်မယ်။
ပြီးခဲ့တဲ့နှစ်အတွင်း အမေရိကန်မှာ သတင်းမှားဖြန့်တဲ့ Website တွေ၊ နိုင်ငံရေးအရဖြစ်ဖြစ်၊ တခါတလေ စီးပွားရေး အကျိုးအတွက်ဖြစ်ဖြစ် လူတွေရဲ့စိတ်ခံစားချက်တွေကို သွေးထိုးပေးပြီး အချက်အလက်မပါတဲ့ သတင်းတွေများလာခဲ့ပါတယ်။ ဒီအပေါ်တုံ့ပြန်ချက်တွေကို Deepak Dobhal သတင်းပေးပို့ထားပြီး ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
အမေရိကန်နိုင်ငံရေးမှာ ရုရှားဝင်ရောက်စွက်ဖက်မှုအပေါ် ဆက်ပြီးအာရုံစိုက်နေကြဆဲပါ။ FBI ဒါရိုက်တာဟောင်း James Comey ကို ရာထူးက ဖယ်ရှားလိုက်တဲ့အပေါ် အိမ်ဖြူတော် အရာရှိတွေဘက်ကတော့ အတည်ပြုတာမျိုး၊ ငြင်းဆိုတာမျိုးတွေ မလုပ်သေးပါဘူး။ Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ပြပါလိမ့်မယ်။
Trump ဟာ သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ စောစောပိုင်းလတွေမှာတော့ အဓိက တိုးတက်မှုတွေ ရဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ အတိုက်အခံ ဒီမိုကရက်တွေဘက်မှာလည်း အခု အနေအထားသစ်မှာ နိုင်ငံရေးတိုက်ပွဲတွေနဲ့ ဆက်ပြီး ရင်ဆိုင်နေရပါတယ်။ VOA သတင်းထောက် Jim Malone ဝါရှင်တန်ကနေ သတင်းပေးပို့ထားပါတယ်။
FBI ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျုရို အကြီးအကဲ James Comey ကို သမ္မတ Donald Trump က ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာပဲ ရာထူးကနေ ဖယ်ရှားလိုက်ပြီးတဲ့နောက် Comey ရဲ့နေရာမှာ အစားထိုးခန့်ထားဖို့ လူသစ် ရှာဖွေနေပါတယ်။ ဒီအကြောင်း Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ မီးမှန်မှန်မရတာနဲ့ စွမ်းအင်မလုံလောက်တဲ့ ပြဿနာတွေနဲ့ ကြုံနေရသလို ဒီပြဿနာကို ဖြေရှင်းရာမှာ အခက်အခဲတွေ ရှိနေဆဲပဲလို့ ပြည်သူ့လွှတ်တော် လျှပ်စစ်နဲ့ စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ အကုန်အကျအများဆုံးနဲ့ အရှုပ်ထွေးဆုံး ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေ ပြုပြင်ပြောင်းလဲရေး အထက်လွှတ်တော်မှာ စတင် လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ ရှေ့ဆက် အဟန့်အတားတွေ ရှိနေတဲ့အကြောင်း Michael Bowman က သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
နှစ်ပတ်ကြာ လွှတ်တော်ရပ်နားပြီး လွှတ်တော်အမတ်တွေ ဝါရှင်တန်မြို့တော်ကို ပြန်ရောက်လာချိန်မှာ အစိုးရအသုံးစရိတ် သက်တမ်းတိုးရေး အတည်ပြုဖို့ အရေးပေါ် လုပ်ရမယ့်တာဝန်က စောင့်ဆိုင်းနေပါတယ်။ VOA သတင်းထောက် Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
အီရန်နိုင်ငံဟာ ကမ္ဘာ့လုံခြုံရေးကို ခြိမ်းခြောက်နေပြီး အီရန်နဲ့ပတ်သက်လို့ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ပျက်ကွက်မယ်ဆိုရင် ကမ္ဘာတဝှမ်းမှာ နှောင့်ယှက်ဖျက်ဆီးတဲ့လုပ်ရပ်တွေ ကြုံရနိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ Zlatica Hoke ရဲ့သတင်းကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
မြန်မာ့နှစ်သစ်ကူးနဲ့ ရိုးရာသင်္ကြန်
ထိုင်း စစ်မှုထမ်းဥပဒေနဲ့ လိင်အဂါၤပြောင်းလဲသူများ
ပင်လယ်ပြင်ထဲက ရာနဲ့ချီတဲ့ ကုန်တင်သဘောၤတွေက ခရီးစဉ်ကို ထောက်လှမ်းနိုင်တဲ့ဆက်သွယ်ရေး ကိရိယာတွေ ပိတ်ပြီး၊ လမ်းကြောင်းတွေလည်း အချက်မပေးဘဲ သွားလာနေတာကြောင့် အတွက်ပိုပြီးစိုးရိမ်နေရပါတယ်။Henry Ridgwellရဲ့သတင်းကို ကိုသိန်းထိုက်ဦး တင်ပြပါလိမ့်မယ်။
အရပ်သားတွေအပေါ် ဓာတုဓာတ်ငွေ့သုံး တိုက်ခိုက်ခဲ့တဲ့ ဆီးရီးယားအစိုးရရဲ့စခန်းတွေကို အမေရိကန်တပ်တွေ လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်ပြီးတဲ့နောက် သမ္မတ Trump အစိုးရအဖွဲ့ ရှေ့ဆက် ဘာလုပ်မလဲဆိုတာ ဝါရှင်တန်အသိုင်းအဝိုင်းက မေးခွန်း ထုတ်နေကြပါတယ်။ Michaela Bowman သတင်းလွှာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
အမေရိကန် တရားရုံးချုပ် တရားသူကြီးအဖြစ် သမ္မတ Donald Trump အဆိုပြုထားတဲ့ တရားသူကြီး Neil Gorsuch ကို အထက်လွှတ်တော် တရားရေးဆိုင်ရာ ကော်မတီက အတည်ပြုတော့မယ်လို့ မျှော်လင့်ရပါတယ်။ ဒီအကြောင်း Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
NLD ပါတီ ဦးဆောင်တဲ့အစိုးရအနေနဲ့ နိုင်ငံရဲ့တာဝန်ယူခဲ့တာ တနှစ်ပြည့်သွားပါပြီ။ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်နဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးခဲ့တဲ့ NLD အစိုးရရဲ့ တနှစ်တာဆောင်ရွက်မှုတွေအပေါ် မြန်မာပြည်သူတွေအကြား အမြင်သဘောထားတွေ အမျိုးမျိုးရှိနေပါတယ်။ ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
ဒီနှစ် အမေရိကန် လွှတ်တော်အတွင်း အဓိက အားစမ်းမှုကြီးလို့ ပြောရမယ့် သမ္မတဟောင်း အိုဘားမားရဲ့ ကျန်းမာရေး စောင့်ရှောက်မှုဥပဒေကို ပြန်လည် ပြင်ဆင် အစားထိုးရေး ရီပတ်ဘလစ်ကန် ပါတီဝင်တွေ ပြီးခဲ့တဲ့အပတ်က အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိပါဘူး။ Michael Bowman သတင်းလွှာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်