ရှစ်လေးလုံး နှစ်သုံးဆယ်ပြည့် နှစ်ပတ်လည်လို နိုင်ငံရေး အခမ်းအနားတွေ ကျင်းပတာဟာ အတိတ်ကိုပဲ ပြန်တူးဖေါ်နေတာမျိုး မဟုတ်ဘဲ အနာဂတ်အတွက် ပြင်ဆင်တဲ့ခြေလှမ်းတွေဖြစ်တယ်လို့ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက ပြောဆိုပါတယ်။
ရှစ်လေးလုံး နှစ်သုံးဆယ်ပြည့် နှစ်ပတ်လည်လို နိုင်ငံရေး အခမ်းအနားတွေကျင်းပတာဟာ အတိတ်ကိုပဲ ပြန်တူးဖော်နေတာမျိုး မဟုတ်ဘဲ အနာဂတ်အတွက် ပြင်ဆင်တဲ့ခြေလှမ်းတွေ ဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက ပြောပါတယ်။ ဒီကနေ့ရန်ကုန်တက္ကသိုလ်မှာ ကျင်းပတဲ့အခမ်းအနားအကြောင်း ကိုသိန်းထိုက်ဦးက ပြောပြပါမယ်။
ဖင်လန်နိုင်ငံ Helsinki မှာ ရုရှား သမ္မတ Vladimir Putin နဲ့ သမ္မတ Trump တို့ တွေ့ဆုံခဲ့တဲ့ ကိစ္စ ဝေဖန်ပြောဆိုနေကြတုန်းမှာပဲ ဒီ နှစ်နှစ်ကုန်ပိုင်း အမေရိကန်ပြည်ထောင်စုကို ရုရှားသမ္မတ Putin လာရောက်မယ့်အကြောင်း အမေရိကန် သမ္မတ အိမ်ဖြူတော်က ကြေညာခဲ့ပါတယ်။
လစ်လပ်နေတဲ့ တရားရုံးချုပ် တရားသူကြီးနေရာကို ခန့်ထားဖို့ Brett Kavanaugh ကို သမ္မတ Trump က အဆိုပြုလိုက်ပါတယ်/Brett Kavanaugh က သူ့ကို ခန့်ထားရေး အတည်ပြုမယ့် အထက်လွှတ်တော် ကြားနာပွဲတွေတွေ မကျင်းပခင် တာဝန်ယူနိုင်ရေး ပြင်ဆင်တဲ့ ပထမအဆင့် အနေနဲ့ အထက်လွှတ်တော်အမတ်တွေနဲ့ ဒီကနေ့ စတင် တွေ့ဆုံနေပါတယ်။
တရားရုံးချုပ် တရားသူကြီး Anthony Kennedy ဒီလကုန် အနားယူတော့မှာ ဖြစ်တဲ့အတွက် သူနေရာ အစားထိုးခန့်ထားရေး သမ္မတ Donald Trump က စဉ်းစားနေပါတယ်။
မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရာမှာ ပါဝင်ပတ်သက်သူတွေနဲ့ သက်ဆိုင်ရာ အဏာပိုင်တွေအကြား စိတ်ချယုံကြည်ရတဲ့ ဆက်ဆံရေးတွေ လိုအပ်ကြောင်း မြန်မာနိုင်ငံကို ငါးရက်ကြာ သွားရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ဥက္ကဋ္ဌ Peter Maurer က ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ဥက္ကဋ္ဌ Peter Maurer ကငါးရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အပြီး ဒီကနေ့ နေပြည်တော်မှာ ပြီးခဲ့တဲ့ နာရီပိုင်းက သတင်းစာရှင်းလင်းပွဲ ကျင်းပပါတယ်။ ကိုသိန်းထိုက်ဦး ကောက်နုတ်တင်ပြပါလိမ့်မယ်။
ဒီသီတင်းပတ် ဝါရှင်တန်နိုင်ငံရေးအသိုင်းအဝိုင်းကြားမှာတော့ အမေရိကန် မက္ကဆီကို နယ်ခြားက တရားမဝင်ရောက်လာတဲ့ မိသားစုတွေကို ခွဲပြီး ထိန်းသိမ်းတဲ့ ကိစ္စအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုသံတွေ ကြားနေရဆဲဖြစ်ပါတယ်။
အမေရိကန်ကိုတင်သွင်းတဲ့သံမဏိနဲ့အလူမီနီယံတွေပေါ် သွင်းကုန်တွေအခွန်တိုးကောက်ဖို့ အမေရိကန် အစိုးရက ကြေညာပါတယ်။ အထက်လွှတ်တော်ကြားနာပွဲမှာ ခက်ခဲတဲ့မေးခွန်းတွေကို အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး Wilbur Ross ဖြေကြားခဲ့ရပါတယ်။ ် Elizabeth Cherneff သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စုအတွင်း မှတ်တမ်းမှတ်ရာမဲ့ ရွှေ့ပြောင်းလာသူတွေကို အရေးယူတဲ့အခါ သားသမီးတွေနဲ့ မိဘတွေ တကွဲတပြားစီ ထားတဲ့ကိစ္စ သမ္မတ Trump အစိုးရက ခုခံပြောဆိုနေပါတယ်။Michael Bowman သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
ရှေ့သီတင်းပတ် စကာၤပူမှာ သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ သမိုင်းဝင် တွေ့ဆုံမယ့် ထိပ်သီး ဆွေးနွေးပွဲကျင်းပဖို့ သမ္မတ အိမ်ဖြူတော် ပြင်ဆင်နေတဲ့ အခြေအနေကို ဝါရှင်တန်နိုင်ငံရေး အသိုင်းဝိုင်းက စောင့်ကြည့်နေပါတယ်။
လူနာရဲ့ အာခေါင်တွေ၊ ပါးစပ်တွေကို ဆရာဝန်တွေ စမ်းရင် သုံးတဲ့ လျှာဖိတဲ့ တုတ်ပြားလေးတွေသုံးပြီး ပိုလန်နိုင်ငံက အပျော်တမ်း ဂီတာသမားတယောက်က လျှပ်စစ်ဂီတာတလက် တီထွင်လိုက်ပါတယ်။ တုတ်ပြား အခုရေ ၁၃၀၀ လောက်သုံးပြီး ၆ လလောက်အချိန်ယူ ဖန်တီးလိုက်တာပါ၊၊ Arash Arabasadi ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပါမယ်။
သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ ရှေ့လ ထိပ်သီးအစည်းအဝေး စီစဉ်ထားတဲ့အတိုင်း ကျင်းပဖြစ်၊ မဖြစ်၊ ဆိုတာကို ဝါရှင်တန် နိုင်ငံရေးမှာ သည်းထိပ်ရင်ဖိုသတင်းတပုဒ်လို စိတ်ဝင်စားမှုတွေ တိုးလာနေပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့နှစ်က ARSA ခေါ် ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့ရဲ့ လက်ချက်ကြောင့် ဟိန္ဒူဘာသာဝင်တွေ ဒါဇင်နဲ့ချီ ရက်ရက်စက်စက် သတ်ခဲ့တယ်လို့ Amnesty International လူ့အခွင့်အရေးအဖွဲ့ကြီးက အင်္ဂါနေ့မှာ အစီရင်ခံစာတစောင် ထုတ်ပြန်ပါတယ်။ ဦးသိန်းထိုက်ဦး တင်ပြပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံကြား ကုန်သွယ်ရေး မညီမျှမှုကို လျော့ချနိုင်ဖို့အတွက် အမေရိကန် ထုတ်ကုန်တွေ ပိုပြီး ဝယ်ယူဖို့ ရည်ရွယ်ထားတဲ့အကြောင်း တရုတ် နိုင်ငံဘက်က ပြောဆိုလာတာကြောင့် ဒီ ပြောဆိုချက်အပေါ် ဝါရှင်တန်နိုင်ငံရေးအသိုင်းအဝိုင်းက လေ့လာ ချိန်ဆနေပါတယ်။
အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုးရီးယားခေါင်းဆောင် Kim Jong Un တို့ ထိပ်သီးဆွေးနွေးပွဲ ကျင်းပဖို့ တလတောင်မလိုတော့ပါဘူး။ဒီအရေးကြီးတဲ့ ထိပ်သီး ဆွေးနွေးပွဲအတွင်းမှာ အဓိက တိုးတက်မှု ဖြစ်နိုင်ခြေ၊ ဒါမှမဟုတ် မျှော်လင့်မထားတဲ့ အခက်အခဲကြုံလာရနိုင်ခြေတွေကို အမေရိကန်အစိုးရဘက်က အာရုံစိုက်နေပါတယ်။
နောက်ဆုံး ထွက်လာတဲ့ အမေရိကန်ပြည်ထောင်စု အလုပ်အကိုင်အခြေအနေ အစီရင်ခံစာအရ၊ တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေဟာ သာမန်အနေအထား အတိုင်း ပုံမှန် ဆက်သွားနေပါတယ်။သမ္မတ Donald Trump ကတော့ အမေရိကန် စီးပွားရေး အခြေအနေဟာ သူ့လက်ထက်မှာ အောင်မြင်နေတဲ့အကြောင်း ကြွေးကြော် ဂုဏ်ယူနေပါတယ်။
တရုတ်လူမျိုးတွေ အမေရိကန်Kentucky ပြည်နယ်က အစဉ်အလာကြီးတဲ့ Kentucky Derby မြင်းပြိုင်ပွဲမှာ ရင်းနှီးမြုပ်နှံမှုအသစ်တွေ တိုးချဲ့ဖို့ ကြိုးစားနေကြပါပြီ။ မနက်ဖြန်ပြိုင်ပွဲမှာ ၁ ပြေးနေတဲ့ မြင်း၂ကောင်က တရုတ်မြင်းစီးကလပ်ပိုင် မြင်းတွေ ဖြစ်နေတဲ့အကြောင်း Mil Arcega ရဲ့သတင်းကို ဦးသိန်းထိုက်ဦး ပြောပြပါမယ်။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ ထိပ်သီးဆွေးနွေးပွဲ ကျင်းပဖို့ မျှော်လင့်ထားတဲ့အချိန်မှာပဲ၊ နျုျူကလီးယားလက်နက်ဖျက်သိမ်းရေးမှာ မြောက်ကိုရီးယားဘက်က ကတိစကားနဲ့ အပြောသက်သက်ထက်၊ အလုပ်နဲ့ သက်သေပြဖို့ သမ္မတ Trump တောင်းဆိုမယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က ပြောဆိုပါတယ်။
ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးစာမျက်နှာသစ် စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး နျူကလီးယားကင်းမဲ့ဇုန် ဖြစ်ရေးနဲ့ ကိုရီးယားစစ်ပွဲအဆုံးသတ်ရေးနဲ့ဆိုင်တဲ့ သဘောတူညီချက်ကို ၂ နိုင်ငံခေါင်းဆောင်တွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အေပီနဲ့ ရိုက်တာသတင်းတွေကို အခြေခံပြီး ဦးသိန်းထိုက်ဦးက ပြောပြပေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်