အာဖဂန်နဲ့ နယ်ခြားမှာ ပါကစ္စတန်စစ်တပ်ရဲ့ လွန်ခဲ့တဲ့ ၄ နှစ်က စစ်ဆင်ရေးအတွင်း ထိခိုက်နစ်နာခဲ့တဲ့ ဒေသခံကုန်သည်ကြီးတွေကို လျှော်ကြေးပေးနိုင်ဖို့ ပါကစ္စတန်အာဏာပိုင်တွေ ညှိ့နိုင်းနေကြပါတယ်။ VOA သတင်းထောက် Ayesha Tanzeem ရဲ့ သတင်းလွှာကို ဦးသိန်းထိုက်ဦး တင်ပြပါလိမ့်မယ်။
မြောက်ကိုရီးယားခေါင်းဆောင်Kim Jong Un နဲ့ တွေ့ဆုံဖို့ လျို့ဝှက်စေလွှတ်ခံခဲ့ရတဲ့ CIA ဒါရိုက်တာ Mike Pompeo ကိုနိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်ထားနိုင်ရေးအထက်လွှတ်တော်မှာဒီသတင်းပတ်အတွင်း မဲခွဲဆုံးဖြတ်ဖို့ရှိပါတယ်။Cindy Saineနဲ့ Michael Bowmanတို့ ရဲ့သတင်းပေးပို့ချက်တွေကို ကိုသိန်းထိုက်ဦးတင်ပြထားပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ အမေရိကန်သမ္မတအကြား ထိပ်သီးဆွေးနွေးပွဲ ကျင်းပဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ မြောက်ကိုရီးယားဘက်က ထွက်လာတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး အားတက်မိတဲ့အကြောင်း တောင်ကိုရီးယား သမ္မတက ပြောပါတယ်။ VOA သတင်းထောက် Cindy Saine ပေးပို့ထားတဲ့ သတင်းကို ဦးသိန်းထိုက်ဦး ပြောပြပေးမှာပါ။
နှစ်ပေါင်း ၆၀ လောက်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကျုးဘားနိုင်ငံဟာ Castro မျိုးဆက် ဦးဆောင်တဲ့ နိုင်ငံ အဖြစ်က ပြောင်းလဲဖို့ ပြင်ဆင်နေပါတယ်။ ဒုသမ္မတ Miguel Diaz-Canel ကို လက်ရှိ သမ္မတ Raul Castro နေရာမှာ အစားထိုး ရွေးချယ်မှာဖြစ်ပါတယ်။ Bill Gallo ရဲ့ သတင်းပေးပို့ချက်ကို ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
မိသားစုထဲက ခင်ပွန်းနဲ့ သား အမေရိကန်သမ္မတတွေအဖြစ် ရွေးချယ်ခံရသူ၊ သမ္မတကတော်ဟောင်း Barbara Bush ဆေးရုံမှာ ဆေးကုသမှုတွေ ဆက်တိုက်ခံခဲ့ရပြီး အဂါၤနေ့ကပဲ ကွယ်လွန်သွားခဲ့ပါတယ်။ VOA သတင်းထောက် Mariama Diallo ပေးပို့တဲ့ Barbarah Bush အကြောင်းကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံအကြားက ကုန်သွယ်ရေးတင်းမာမှု အခြေအနေကို ဘေဂျင်းမြို့တော်က စားသုံးသူပြည်သူတွေ အနီးကပ် စောင့်ကြည့် နေကြသလို၊ ဒီကုန်သွယ်ရေး ပဋိပက္ခအရှိန် ပိုမြင့်လာမှာကို တချို့က စိုးရိမ်နေကြပါတယ်။Bill Ide ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
အမေရိကန်နဲ့ မက္ကဆီကိုနယ်ခြားမှာ တပ်တွေ ဖြန့်ချမယ့် သမ္မတ Donald Trump ရဲ့ ဆုံးဖြတ်ချက်ကို အိမ်ဖြူတော်က ကာကွယ်ပြောဆိုနေပါတယ်။
ဆီးရီးယားနိုင်ငံအတွင်း IS စစ်သွေးကြွတွေကို ခြေမှုန်းရေးမှာ တိုးတက်မှုတွေ ရှိလာနေပြီလို့ သမ္မတ Trump က ပြောဆိုသလို အမေရိကန်တပ်တွေ ဆက်ထားစရာမလိုပဲ သိပ်မကြာခင် ပြန်ရုတ်သိမ်းရနိုင်တယ်လို့ ခန့်မှန်းပြောဆိုတာပါတယ်။ VOA သတင်းထောက် Michael Bowman ရဲ့ သတင်းလွှာကို ဦးသိန်းထိုက်ဦးက ပြောပြပါလိမ့်မယ်။
မြန်မာအစားအသောက်တွေထဲမှာ ပဲပြုတ်ဟာ ထူးခြားတဲ့အာနိသင်ရှိပြီး အမေရိကန်မှာ လွယ်လွယ်ကူကူ ဝယ်နိုင်တဲ့ အဆင့်အထိရောက်အောင် လုပ်ငန်းကိုတိုးချဲ့သွားဖို့ စိတ်ကူးထားတယ်လို့ ဆန်ဖရန်စ္စကိုမြို့က ဦးမောင်မောင်သိန်းက ပြောပါတယ်။ ဦးသိန်းထိုက်ဦးက တွေ့ဆုံမေးမြန်းထားပါတယ်။
လာမယ့်နိုဝင်ဘာလွှတ်တော် ကြားကာလရွေးကောက်ပွဲ အတွက် ကနဦး မဲဆွယ်စည်းရုံးမှုတွေဖြစ်တဲ့ ပဏာမ ရွေးချယ်ပွဲတွေ ဒီသတင်းပတ်ထဲမှာပဲ Texas ပြည်နယ်မှာ ကျင်းပပါတယ်။ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်အမတ် နေရာတွေရဲ့ သုံးပုံတပုံကို ရွေးချယ်ဖို့ ပြင်ထားပါတယ်။ Jim Malone သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦးက ပြောပြပါမယ်။
နှစ်ပေါင်း ၇၀ အတွင်း အမေရိကန်တို့ကျင့်သုံးခဲ့တဲ့ကုန်သွယ်ရေးပုံစံကိုရုတ်တရက်ပြောင်းလဲဖို့ အမေရိကန်အစိုးရကကြေညာလိုက်တာကြောင့် အနီးကပ်ဆုံးမဟာမိတ်နိုင်ငံတွေနဲ့ ကူးသန်းရောင်းဝယ်ဘက်တွေအကြားကုန်သွယ်ရေးစစ်ဖြစ်နိုင်ခြေအခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။Michael Bowman ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြထားပါတယ်။
ဒီသီတင်းပတ် ဝါရှင်တန်မြို့တော်ကို ပြန်ရောက်လာကြတဲ့ အမေရိကန် လွှတ်တော်အမတ်တွေ သေနတ်ကိုင် အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် ဟန့်တားရေး ဖိအားပေးမှုတွေ အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။ဗွီအိုအေသတင်းထောက် Michael Bowman ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ်။
၂၀၁၆ရွေးကောက်ပွဲမှာ Hillary Clinton ရှုံးနိမ့်ပြီး Donald Trump အနိုင်ရအောင် ကူညီဖို့ လူမှုကွန်ယက်ကတဆင့် ဝါဒဖြန့်ရေးသားစည်းရုံးခဲ့တယ်ဆိုပြီး ရုရှား ၁၃ ယောက်ကို အထူးစုံစမ်းရေးမှူး Mueller က ဒီရက်ပိုင်းမှာ စွဲချက်တင်လိုက်ပါတယ်။ Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
၂၀၁၈အတွင်း အမေရိကန် လွှတ်တော် ကြားကာလရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပြီး အောက်လွှတ်တော်အမတ် ၄၃၅ နေရာနဲ့ အထက်လွှတ်တော်အမတ် ၁၀၀ ထဲက ၃၄ နေရာကို ပြန်လည် ရွေးချယ်မှာဖြစ်ပါတယ်။ VOA သတင်းထောက် Jim Malone ရဲ့ သတင်းကို ကိုသိန်းထိုက်ဦး တင်ပြပါလိ့်မ့်မယ်။
နယ်စပ်ကျော်ထွက်ပြေးလာတဲ့ သူတွေအပေါ် မြန်မာနိုင်ငံဘက်က ခြိမ်းခြောက်မှုတွေ ရှိနေဆဲလို့ ကုလသမဂ္ဂ အရာရှိတဦးက မနေ့က လုံခြုံရေး ကောင်စီအစည်းအဝေးမှာ ပြောဆိုပါတယ်။ Zlatica Hoke ရဲ့ သတင်းလွှာကို ဦးသိန်းထိုက်ဦး တင်ပြပါလိမ့်မယ်။
လက်နက်နဲ့ ဖိနှိပ်တဲ့ အာဏာရှင်အစိုးရတွေကို ဆန့်ကျင်ရာမှာ အကြမ်းမဖက်တဲ့ နှလုံးရေတိုက်ပွဲကသာ အများဆုံး အနိုင်ရနိုင်တဲ့ နည်းလမ်းဖြစ်တယ်လို့ မကြာသေးခင်က ကွယ်လွန်သွားတဲ့ ဒေါက်တာ ဂျင်းရှပ်က ပြောပါတယ်။ လွန်ခဲ့တဲ့ ၇ နှစ်လောက်က VOA တရုတ်ဌာန က Suli Yi က တွေ့ဆုံမေးမြန်းချက်ကို ကိုသိန်းထိုက်ဦးက တင်ဆက်ထားပါတယ်။
နိုင်ငံတော်အခြေပြမိန့်ခွန်းနဲ့ ဒီမိုကရက်အမတ်တွေရဲ့ တုံ့ပြန်ချက်
တရားမဝင်နေထိုင်သူ ၂ သန်းနီးပါး နိုင်ငံသားဖြစ်လာခွင့်နဲ့ ပတ်သက်လို့ လွှတ်တော်မှာ ဆွေးနွေးဖို့ ပြင်ဆင်နေမှု ဒီရက်ပိုင်းတွင်း ပြေလည်မှုမရဘူးဆိုရင် ပြီးခဲ့တဲ့ရက်ပိုင်းက အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းရသလိုမျိုး ထပ်ဖြစ်မယ့်အနေအထား ရှိနေပါတယ်။ Michael Bowman ပေးပို့ထားတာကို ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
အမေရိကန် အစိုးရ လုပ်ငန်းတွေ ရပ်နားထားရတာကို အဆုံးသတ်ရေး ကြိုးပမ်းတဲ့အနေနဲ့ တနလာၤနေ့ နေ့ခင်းပိုင်း အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ဖို့ ပြင်ဆင်၊ မြန်မာနိုင်ငံဘက်ခြမ်းကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည်တွေကို တဖြည်းဖြည်းချင်း နေရပ်ပြန်ပို့မယ့်အစီအစဉ်ကို ရက် ရွှေ့ဆိုင်း စသည်
ဆင်းရဲနွမ်းပါးပြီး လူမည်း အများစု နေထိုင်တဲ့နိုင်ငံတွေကို သမ္မတ Trump ရင့်ရင့်သီးသီး ခေါ်ဝေါ် သုံးနှုံးခဲ့တယ်ဆိုတဲ့ သတင်းထွက်ပြီးတဲ့နောက် ပါတီနှစ်ရပ် သဘောတူညီချက်နဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေတရပ် အတည်ပြုနိုင်ရေး ရှုပ်ထွေးမှုတွေ ထပ်ပေါ်လာပါတယ်။ Michael Bowman ရဲ့သတင်းလွှာကို ဦးသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ်။
နောက်ထပ်ကြည့်ရှုရန်