"အဲဒါက interpretation လွဲတယ်ထင်ပါတယ်။ ကျနော်တို့က ၆၅ ကျပ် မရှုံးပါဘူး။ အဲဒါက ဒီနှစ်အတွက်ရှိတဲ့ပေါက်ဈေးနဲ့တွက်လိုက်တာပါ။ ဒီနှစ်အတွက် currency exchange rate အပေါ် အခြေခံပြီးတွက်လိုက်တာပါ။" (ပြန်ကြားရေး ဒု-ဝန်ကြီး ဦးအောင်လှထွန်း)
နိုင်ငံပိုင်သတင်းစာအရှုံးပေါ်နေတဲ့ သတင်းဟာ ငွေလဲနှုန်းအရနဲ့၊ အဓိပ္ပါယ်ဖွင့်ဆိုချက် လွဲမှားတာသာ ဖြစ်တယ်လို့ ပြန်ကြားရေး ဒုဝန်ကြီး ဦးအောင်လှထွန်းက ပြန်လည် ငြင်းဆိုပါတယ်။ ဗီအိုအေ မြန်မာပိုင်း အယ်ဒီတာ ဦးသိန်းထိုက်ဦးနဲ့ နေပြည်တော်က သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာပြောကြားခဲ့တာပါ။
ထောင် ၇ နှစ် ချမှတ်ခံရတဲ့ ရိုက်တာ သတင်းထောက်တို့ရဲ့ ဇနီးတွေက ကလေးတွေနဲ့ မိသားစုအပေါ် ငဲ့ညှာသနားပြီး ပြန်လွှတ်ပေးဖို့ မနေ့က Orchid ဟော်တယ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုသွားတာပါ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဝန်ကြီးဌာနအချို့ဆီ အသနားခံစာတွေ တင်သွားမယ့်အကြောင်းလည်း ပြောဆိုသွားပါတယ်။
ရိုက်တာသတင်းထောက်၂ ဦးကိုင်ငံတော်လျို့ဝှက်ချက်အက်ဥပဒေနဲ့ထောင်ဒဏ်၇နှစ်ချလိုက်ဟာ မြန်မာနိုင်ငံရဲ့အသွင်ကူးပြောင်းရေးဘက်ပေါင်းစုံကိုထိခိုက်စေတဲ့စီရင်ချက်ဖြစ်တယ်လို့ အကျိုးဆောင်တရားလွှတ်တော်ရှေ့နေကြီးဦးခင်မောင်ဇော်ကပြောပါတယ်။ရှေ့နေကြီးဦးခင်မောင်ဇော်ကို ကိုသိန်းထိုက်ဦးကရန်ကုန်မှာတွ့ဆုံမေးမြန်းထားပါတယ်။
နိုင်ငံတော် လျို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ ရိုက်တာ သတင်းထောက်နှစ်ယောက် မှာ အပြစ်ရှိတယ်ဆိုပြီး ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးက ဒီနေ့ ထောင်ဒဏ် ၇နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။တရားရုံးကို ကိုယ်တိုင်သွားသတင်းယူခဲ့တဲ့ ကိုသိန်းထိုက်ဦးက သတင်းပေးပို့ထားပါတယ်။
အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေအရ သက်ဆိုင်ရာပြည်နယ်တွေအတွက် အုပ်ချုုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်တွေ ပေးထားပေမဲ့ ပြည်ထောင်စုစနစ်နဲ့ ပတ်သက်လို့ဆွေးနွေးငြင်းခုံမှုတွေ ရှိဆဲပဲလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel က ISP ဆွေးနွေးပွဲမှာပြောပါတယ်။ ကိုသိန်းထိုက်ဦး ပြောပြမှာပါ။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကြောင့်ဆိုပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် စစ်တပ်အရာရှိတွေကို အရေးယူရေး ဖိအားပေး တောင်းဆိုနေမှုတွေဟာ ကုလသမဂ္ဂဘက်က ဦးစားပေးရွေးချယ်ပုံ မှားယွင်းနေတယ်လို့ မြင်တဲ့အကြောင်း ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က VOA ကို ပြောပါတယ်။ တပ်မတော်ခေါင်းဆောင်တွေရဲ့ Account တွေကို ပိတ်ပစ်လိုက်တာနဲ့ ပတ်သက်ပြီး Facebook ရဲ့ ရည်ရွယ်ချက်ကိုလည်း သူက မေးခွန်းထုတ်သွားပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုအစိုးရ ချမှတ်ပေးတဲ့ စံသတ်မှတ်ချက်တွေအောက်မှာ သက်ဆိုင်ရာ ပြည်နယ်တွေအတွက် ကိုယ့်ပြည်နယ်ရဲ့ လိုအပ်ချက်နဲ့ကိုက်ညီတဲ့ အုပ်ချုုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်တွေ ပေးထားတဲ့ အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel က ပြောဆိုသွားပါတယ်။
မြန်မာကျပ်ငွေ တန်ဖိုး ရက်ဆက် ကျဆင်းနေတာကို ထိန်းထားနိုင်အောင် ဗဟိုဘဏ်က ကြိုးစားခဲ့ပေမဲ့ ငွေလဲနှုန်းဟာ တဒေါ်လာကို ၁၅၅၀ ကျပ်ဝန်းကျင်နဲ့ ဈေးကွက် စံချိန်ချိုးနေဆဲဖြစ်ပါတယ်။ အစိုးရဘက်က ရေရှည်အတွက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်သင့်ပြီဆိုတဲ့ အကြံပေးချက်တွေ ရှိနေချိန်မှာပဲ မြန်မာကျပ်ငွေတန်ဖိုးဟာ နိုင်ငံတကာငွေကြေး ဈေးကွက်ရဲ့ ရိုက်ခတ်မှုတွေကို လွန်ဆန်နိုင်သေးမှာ မဟုတ်ဘူးဆိုတဲ့ သုံးသပ် ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
လက်ရှိ အရပ်သားအစိုးရလက်ထက် စီမံကိန်းတွေမှာ အရင်ကထက် ပွင့်လင်းမြင်သာမှု ရှိလာပြီး လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရာမှာလည်း တိုးတက်မှုတွေ ရှိတယ်လို့ မြင်တဲ့အကြောင်း စက်မှု ဝန်ကြီးဟောင်း ဦးစိုးသိန်းက VOA ကို ပြောပါတယ်။ ဦးစိုးသိန်းကို ရန်ကုန်မြို့မှာ VOA အယ်ဒီတာ ဦးသိန်းထိုက်ဦး တွေ့ဆုံမေးမြန်းထားပါတယ်။
နိူင်ငံတော် လ ျှို့ဝှက်အက်ဥပဒေနဲ့ စွဲချက်တင်ခံထားရတဲ့ ရိုက်တာသတင်းဌာန သတင်းထောက် တွေရဲ့အမှု အပြီးသတ်စီရင်ချက်ချဖို့ တရားရုံးက ဒီနေကြညာထားပေမဲ့ တရားသူကြီး မကျန်းမာတဲ့အတွက်ဆိုပြီး စက်တင်ဘာလ (၃) ရက်နေ့ကို ရွှေ့ဆိုင်းလိုက်ပါတယ်။ ကိုသိန်းထိုက်ဦး ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးကနေ သတင်းပေးပို့ထားပါတယ်။
သြဂုတ် ၂၆၊ ၂၀၁၈ - မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ဖို့မှာ တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆွေးနွေးမှုတွေ ပိုပြီးတော့ လိုအပ်တယ်လို့ အရင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ခဲ့တဲ့ စက်မှုဝန်ကြီးဟောင်း ဦးစိုးသိန်းက ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ဖို့မှာ တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆွေးနွေးမှုတွေ ပိုပြီးလိုအပ်တယ်လို့ အရင် ငြိမ်ချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ခဲ့တဲ့ စက်မှုဝန်ကြီးဟောင်း ဦးစိုးသိန်းက ပြောပါတယ်။ VOA မြန်မာပိုင်း အစီအစဉ် အယ်ဒီတာ ကိုသိန်းထိုက်ဦး တွေ့ဆုံမေးမြန်းထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အိမ်တွင်းအကြမ်းဖက်မှု အပါအဝင် တခြားပြစ်မှုတချို့ကြောင့် ထောင် ကျခဲ့ဖူးတဲ့ နေထိုင်ခွင့်ရဖို့ ကြိုးစားနေသူ မြန်မာနိုင်ငံသား ၂၇ ယောက် ဒီသီတင်းပတ်အတွင်း မြန်မာနိုင်ငံကို ပြန်ပို့ခံရပါတယ်။
မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အောင်မြင်ဖို့ဆိုရင် တိုင်းရင်းသားတွေရဲ့ သဘောထားအမြင်တွေကို နားထောင်ဖို့ အရေးကြီးတဲ့အကြောင်း MPC မြန်မာငြိမ်းချမ်းရေး စင်တာကို တည်ထောင်ခဲ့သူ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအောင်မင်းက VOA ကို ပြောပါတယ်။ ဦးသိန်းထိုက်ဦး သတင်းပေးပို့ထားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အောင်မြင်ဖို့ဆိုရင် တိုင်းရင်းသားတွေရဲ့ သဘောထားအမြင်တွေကို နားထောင်ဖို့ အရေးကြီးတဲ့အကြောင်း MPC မြန်မာငြိမ်းချမ်းရေးစင်တာကို တည်ထောင်ခဲ့သူ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအောင်မင်းက VOA ကို ပြောပါတယ်။
မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းတဲ့ အကျိုးဆက်အဖြစ် အခြေခံစားကုန်တွေ ဈေးတက်ပြီး ဈေးကွက်အပေါ် လိုတာထက်ပို ရိုက်ခတ်မှုတွေ မဖြစ်အောင် ဗဟိုဘဏ်အနေနဲ့ ဒီထက် အရေးယူ ဆောင်ရွက်ဖို့လိုတဲ့အကြောင်း စီးပွားရေး ပညာရှင်တဦးက အကြံပေးပါတယ်။ ငွေကြေးချမ်းသာသူတွေ လက်ဝယ်သိမ်းထားတဲ့ ဒေါ်လာငွေတွေကို ဘဏ်တွေမှာ တရားဝင် အပ်နှံလည်ပတ်လာအောင် လုပ်ကိုင်နိုင်မယ်ဆိုရင်လည်း ကျပ်ငွေဈေး ကျဆင်းမှုကို ထိန်းညှိရာမှာ အထောက်အကူပြုမယ်လို့ သူက ပြောပါတယ်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တယောက်ဖြစ်တဲ့ မမီးမီး (ခေါ်) မသင်းသင်းအေး တနလာၤနေ့က ဧရာဝတီတိုင်း ကျောင်းကုန်းအနီးမှာ ကားမတော်တဆ တိမ်းမှောက်ပြီး သေဆုံးသွားခဲ့တာကြောင့် ပုသိမ်ရန်ကုန် လမ်းမကြီးရဲ့ ဘေးကင်းလုံခြုံမှုနဲ့ လမ်းအခြေနေကို အများက အာရုံစိုက်စရာ ဖြစ်လာခဲ့ပါတယ်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးပွင့်လင်းလူ့အဖွဲ့အစည်း က အမျိုးသမီးခေါင်းဆောင်တဦးဖြစ်သူ မမီးမီးဟာ အခု ညနေပိုင်းမှာ ရုတ်တရက်ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၃ နှစ်က ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်မှာ ဖမ်းဆီးမိခဲ့တဲ့ ဒေါ်လာ သန်း တရာကျော် တန်ဖိုး ရှိတဲ့ မူးယစ်ဆေးဝါး တွေနဲ့ပတ်သက်ပြီး ဖမ်းဆီးထားသူ ၁၀ ဦးကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက စွဲချင်တင်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်