နှစ်သစ်ကူးခါနီးအချိန်ဆိုရင် နယူးယောက်မြို့ Taxi အငှားကားမောင်းသမားတွေက သူတို့ ပုံတွေနဲ့ ထုတ်ထားတဲ့ ပြက္ခဒိန်ကို လက်ဆောင်အဖြစ် ပေးနိုင်ဖို့ ပြင်ဆင်နေကြပါတယ်။ ပေါ့ပေါ့ပါးပါးဟာသပုံတွေ ရိုက်ကူးပြီး နှစ်စဉ်ထုတ်နေတဲ့လူကြိုက်များနေတဲ့ ပြက္ခဒိန်အကြောင်းNina Vishnevaရဲ့သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပါမယ်။
သမ္မတဟောင်း အိုဘားမားလက်ထက်က ချမှတ်ခဲ့တဲ့ Obamacare ကျန်မားရေးစောင့်ရှောက်မှု အာမခံဥပဒေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီဘူးဆိုပြီး ပြည်ထောင်စုအစိုးရ တရားသူကြီးတဦးက ဆုံးဖြတ်လိုက်ပါတယ်၊ Michael Bowman သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
ကျောင်းသူကျောင်းသားတွေ ပညာထူးချွန်ဖို့ကိုပဲ ဦးစားပေးလေ့ရှိတဲ့ အိန္ဒိယနိုင်ငံက ပညာရေးစနစ်အတွင်းမှာဘယ်လိုပျော်အောင်နေမလဲဆိုတဲ့ သင်ခန်းစာ စတင်ပို့ချပေးလာပါတယ်။ အိမ်နီးချင်း ဘူတန်နိုင်ငံက နေထိုင်မှုပုံစံတချို့ကိုလည်း အတုယူထားပါတယ်။ Anjana Pasricha သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး တင်ပြပါလိမ့်မယ်။
၂၀၁၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရုရှားရဲ့ ဝင်ရောက်စွက်ဖက်မှုတွေကို စုံစမ်းစစ်ဆေးနေတဲ့အမှုမှာ သမ္မတ Trump ရဲ့ မဲဆွယ်စည်းရုံးရေး မန်နေဂျာဟောင်းနဲ့ သူ့ရဲ့ ရှေ့နေဟောင်း နှစ်ယောက်စလုံးရဲ့ ထွက်ဆိုချက် တရားရုံးမှတ်တမ်းတချို့ ထွက်လာပါတယ်။ Michael Bowman သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး တင်ပြပေးပါမယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ၄၁ ယောက်မြောက် သမ္မတဖြစ်တဲ့ သမ္မတဟောင်း Geroge H.W. Bush ပြီးခဲ့တဲ သောကြာနေ့က ကွယ်လွန်သွားတဲ့အတွက် မနက်ဖြန် ဗုဒ္ဓဟူးနေ့ကို တနိုင်ငံလုံး ကြေကွဲဝမ်းနည်းဖွယ်နေ့အဖြစ် အမေရိကန်သမ္မတ Trump က သတ်မှတ် ကြေညာထားပါတယ်။ Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦးက ပြောပြပါမယ်။
အမျိုးသား ရာသီဥတု ခန့်မှန်းသုံးသပ်ရေးဌာနရဲ့ အစီရင်ခံစာ အပေါ် အိမ်ဖြူတော်က တစုံတရာအရေးယူဖို့ တုန့်ပြန်တာမျိုး မရှိတဲ့အပြင် ကမ္ဘာကြီး ပူနွေးလာတာနဲ့ ပတ်သက်တဲ့ အမြင်သဘောထားတွေအပေါ်မှာလည်း သမ္မတ Trump က ဆက်ပြီး လှောင်ပြောနေဆဲဖြစ်တဲ့ အကြောင်း Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး ပြောပြပါမယ်။
အမေရိကန်မှာ နေထိုင်သူ ဆော်ဒီသတင်းထောက် သေဆုံးခဲ့တဲ့ ကိစ္စ၊ သမ္မတ Trump အစိုးရ ဆုံးဖြတ်ချက်နဲ့၊ ဒီကိစ္စကြောင့် အမေရိကန်နဲ့ ဆော်ဒီအကြား ဆက်ဆံရေးအပေါ် ဘယ်လို သက်ရောက်မှု ရှိလာမယ်ဆိုတာ ဝါရှင်တန်နိုင်ငံရေးမှာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ Michael Bowman သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး တင်ပြမှာပါ။
အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်း Appalachian တောင်တန်းတွေပေါ်က ကျောက်မီးသွေးထုတ်ခဲ့တဲ့ ကွင်းပြင်တွေမှာ သဘာ၀၀န်းကျင် ထိမ်းသိမ်းရေးလှုပ်ရှားသူတချို့က သစ်ပင်တွေ ပြန်စိုက်နိုင်အောင် ကြိုးစားနေကြပါတယ်။ Steve Baragona သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
နိုဝင်ဘာလ ၁၈၊ ၂၀၁၈ - ပဲပြုတ်ဟာ ထူးခြားတဲ့အာနိသင်ရှိပြီး အမေရိကန်မှာ လွယ်လွယ်ကူကူ ဝယ်နိုင်တဲ့ အဆင့်အထိရောက်အောင် လုပ်ငန်းကိုတိုးချဲ့သွားဖို့ စိတ်ကူးထားတယ်လို့ ဆန်ဖရန်စ္စကိုမြို့က ဦးမောင်မောင်သိန်းက ပြောပါတယ်။
ပြီးခဲ့တဲ့သတင်းပတ် ရွေးကောက်ပွဲရလဒ်အရ အောက်လွှတ်တော်ကို ဒီမိုကရက် အများစု ထိန်းချုပ်တော့မှာဖြစ်တဲ့အတွက် ဝါရှင်တန်နိုင်ငံရေး အာဏာချိန်ခွင်လျှာအပြောင်းအလဲတွေ တွေ့ရပါတော့မယ် ။ဒီအကြောင်း Michael Bowman ပေးပို့ထားတဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြထားပါတယ်။
ဒီကနေ့ ကျင်းပနေတဲ့ သမ္မတသက်တမ်း သက်တမ်းဝက် ရွေးကောက်ပွဲတွေမှာ ဆန္ဒမဲပေးမယ့်သူတွေ စိတ်အားထက်သန်နေကြသလို၊ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ရပ်စလုံးကို ဘယ်ပါတီက အများစု ထိန်းချုပ်မလဲ အဖြေသိနိုင်ဖို့ ပိုပြီး စိတ်လှုပ်ရှားနေကြပါတယ်။ Michael Bowman သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး တင်ပြပါမယ်။
အိုလံပစ် ချန်ပီယံ အားကစားသမားဟောင်း တဦးဖြစ်တဲ့ Tracy Evens ဦးဆောင်တဲ့ Kids Play International KPI အဖွဲ့ဟာ မြန်မာနိုင်ငံက ကျောင်းသားလူငယ်တွေနဲ့ နည်းပြ စုစုပေါင်း ၅၀ လောက်ကို ရက်တို ဘောလုံးနည်းပညာ သင်တန်းတွေ ပေးနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကနေ ကိုသိန်းထိုက်ဦးက သတင်းပေးပို့ထားပါတယ်။
မတူညီတဲ့ လူမှုအသိုင်းအဝိုင်းကလူငယ်တွေကို အတူတကွပေါင်းစည်းရာမှာ အားကစားဟာ အရေးကြီး ကြောင်းနဲ့ ဆက်လက် ပံ့ပိုးကူညီဖို့ဆန္ဒရှိကြောင်း အမေရိကန် သံအမတ်ကြီး Scot Marcie က ဒီကနေ့ ရန်ကုန် ကျိုက္ကဆံကွင်းမှာကျင်းပတဲ့ မြန်မာလူငယ်တွေကို ဘောလုံးကစားနည်းသင်တန်း ပေးရာမှာ ပြောသွားပါတယ်။
မြန်မာနိုင်ငံကိုပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အခွင့်အရေးတွေ ရုပ်သိမ်း မသိမ်း EU ဥရောပ သမဂ္ဂက လာမယ့် ခြောက်လနောက်ပိုင်းမှာ ဆုံးဖြတ်ချက်ချနိုင်တဲ့အကြောင်း ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံခဲ့တဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန ထိတ်တန်း အရာရှိတဦးက VOA ကို ပြောပါတယ်။
အောက်တိုဘာ ၂၉၊ ၂၀၁၈ - လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ ပြည်သူ့ပါတီ ဒုခေါင်းဆောင် ဦးရဲနိုင်အောင်တို့နဲ့ ဦးသိန်းထိုက်ဦးတို့ တွေ့ဆုံမေးမြန်းဆွေးနွေးထားတာကို တင်ပြလိုက်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲအပေါ် အာရုံစိုက်မှုဟာ သက်ဆိုင်ရာ ဒေသက နိုင်ငံရေးပါတီတွေရဲ့ လှုပ်ရှားမှုနဲ့ လူထု အခြေအနေပေါ် မူတည်ပြီး ကွဲပြားပေမဲ့ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှု လျော့မသွားဘူးလို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ ပြည်သူ့ပါတီ ဒုတိတယ ခေါင်းဆောင် ဦးရဲနိုင်အောင်တို့က သုံးသပ်ပါတယ်။
နိုဝင်ဘာ ၃ ရက်ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအပေါ် လူထုအာရုံစိုက်မှုက အခြေအနေပေါ်တည်ပြီး ကွဲပေမဲ့ လူထုရဲ့ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှုလျော့မသွားဘူးလို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ ပြည်သူ့ပါတီ ဒု-ခေါင်းဆောင် ဦးရဲနိုင်အောင်တို့ကပြောပါတယ်။ ဦးသိန်းထိုက်ဦး တွေ့ဆုံမေးမြန်းထားတာပါ။
အောက်တိုဘာ ၂၂၊ ၂၀၁၈ - ရန်ကုန်တိုင်းအစိုးရကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဆီမှာ တိုင်ကြားရတာ ဖြစ်တယ်လို့ ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်ထားသူ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းက ပြောပါတယ်။ ကိုသိန်းထိုက်ဦး က တွေ့ဆုံမေးမြန်းထားပါတယ်။
လူထုရဲ့အခြေခံလိုအပ်ချက်လုံလောက်အောင် ဖြည့်ဆည်းမပေးနိုင်ပေမယ့် လူတစုကောင်းစားရေးအတွက် လုပ်တာတွေတွေ့ရလို့ ရန်ကုန်တိုင်းအစိုးရကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဆီမှာ တိုင်ကြားရတာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းက ပြောပါတယ်။ ကိုသိန်းထိုက်ဦးတွေ့ဆုံမေးမြန်းထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ တရားဥပဒေစိုးမိုးမှုအခြေအနေ တိုးတက်လာပေမဲ့၊ အစိုးရဘက်က တည်ဆဲဥပဒေတွေကို လိုက်နာဖို့ မကြာခဏ သတိပေးနေရတဲ့အခြေအနေတွေ ရှိနေတဲ့အကြောင်း ရန်ကုန်စောင့်ကြည့်ရေးအဖွဲ့ကို တည်ထောင်သူ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း Dr. ညိုညိုသင်းက VOA ကို ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်