ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတရားဥပဒေစိုးမိုးမှုအခြေအနေတိုးတက်လာပေမယ့်အစိုးရဘက်ကတည်ဆဲဥပဒေတွေကိုလိုက်နာဖို့မကြာခဏသတိပေးနေရတဲ့အခြေအနေရှိနေတဲ့အကြောင်းရန်ကုန်စောင့်ကြည့်ရေးအဖွဲ့ကိုတည်ထောင်သူ၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါ်ညိုညိုသင်းကVOAကိုပြောပါတယ်။ဦးသိန်းထိုက်ဦးတွေ့ဆုံမေးမြန်းထားပါတယ်။
ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာကို မြန်မာအစိုးရဘက်က လက်ခံဖို့ ငြင်းပယ်တာဟာ မြန်မာနိုင်ငံအကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်မယ်လို့ မယုံကြည်တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသံအမတ်ကြီး Kristian Schmidt က VOA ကို ပြောပါတယ်။
ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာကို မြန်မာအစိုးရဘက်က လက်ခံဖို့ ငြင်းပယ်တာဟာ မြန်မာနိုင်ငံအကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်မယ်လို့ မယုံကြည်တဲ့အကြောင်း EUသံအမတ်ကြီးက ပြောပါတယ်။ သံအမတ်ကြီး Kristian Schmidt ကို ဦးသိန်းထိုက်ဦး တွေ့ဆုံမေးမြန်းထားတဲ့ ဒုတိယပိုင်းကို တင်ဆက်လိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ချိုးဖေါက်မှုတွေကြောင့် မြန်မာအပေါ် ပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူး အခွင့်အရေးတွေ အီးယူ ဥရောပ သမဂ္ဂ ဘက်က ရုပ်သိမ်းမယ် မရုတ်သိမ်းဘူး ဆိုတာဟာ ဆုံးဖြတ်ချက်တစုံတရာ မချရသေးသလို ရှောင်လွဲနိုင်တဲ့ အခြေအနေ ဖြစ်တဲ့အကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသံအမတ်ကြီး က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် မြန်မာအပေါ် ပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် မချရသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ EUသံအမတ်ကြီး Kristian Schmidt က ပြောပါတယ်။ ဦးသိန်းထိုက်ဦး တွေ့ဆုံမေမြန်းထားတဲ့ ပထမပိုင်းကို ရှုစားနိုင်ပါတယ်။
မြန်မာနိုင်ငံအပေါ် ပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူး အခွင့်အရေး ဥရောပ သမဂ္ဂ (အီးယူ) ဘက်က ရုပ်သိမ်းမယ်ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ အထည်ချုပ် လုပ်ငန်းတွေအပေါ် ထိခိုက်နိုင်ပြီး အလုပ်သမားတွေ သိန်းနဲ့ချီ အလုပ်အကိုင် ဆုံးရှုံးနိုင်တဲ့အကြောင်း အထည်ချုပ်လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတဦးက ပြောဆိုပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ကြိုးပမ်းမှုသမိုင်းမှာ အိန္ဒိယနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ကြီး၊ အကြမ်းမဖက်တဲ့ လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူ မဟတ္တမဂန္ဒီရဲ့ အတွေးအခေါ်အယူအဆတွေ နက်နက်ရှိုင်းရှိုင်း လွှမ်းမိုးခဲ့တယ်လို့ သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးက မနေ့က ရန်ကုန်မြို့ ရှန်ဂရီလာဟော်တယ်မှာ ကျင်းပတဲ့ မဟတ္တမဂန္ဓီရဲ့ နှစ် ၁၅၀ ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနားမှာ ပြောဆိုသွားပါတယ်။
မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ကြိုးပမ်းမှုသမိုင်းမှာ အကြမ်းမဖက်တဲ့ လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူ မဟတ္တမ ဂန္ဒီရဲ့ အတွေးအခေါ်အယူအဆတွေ နက်နက်ရှိုင်းရှိုင်း လွှမ်းမိုးခဲ့တယ်လို့ သမိုင်းပညာရှင်ဒေါက်တာသန့်မြင့်ဦးက ဂန္ဓီနှစ် ၁၅၀ ပြည့်မွေးနေ့အခမ်းအနားမှာ ပြောဆိုသွားပါတယ်။ ဦးသိန်းထိုက်ဦး သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ စစ်တပ်ခေါင်းဆောင်တွေကို အရေးယူရေး တောင်းဆိုနေကြသလို အကြမ်းဖက်မှုတွေဖြစ်အောင် အမုန်းစကားတွေ လက်ခံဖြန့်ဖြူး ပေးခဲ့တဲ့ Facebook လူမှုကွန်ယက်အနေနဲ့လည်း တာဝန်ယူရလိမ့်မယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်သွားတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်လာရေးမှာ နှောင့်နှေးကျန့်ကြအောင် မြန်မာနိုင်ငံဘက်က စနစ်တကျ လုပ်ဆောင်နေတယ်လို့ ဘင်္ဂလားဒေရှ်နိုင်ငံ ဝန်ကြီးချုပ် Sheikh Hasina ပြောဆိုချက်ကို မြန်မာအစိုးရဘက်က ပယ်ချပါတယ်။
မြန်မာကမ်းရိုးတန်းဒေသတွေမှာ ပြီးခဲ့တဲ့နှစ်ပိုင်းတွေက စစ်တမ်းတွေအရ ငါးသယံဇာတနဲ့ ငါးမျိုးကွဲတွေ သိသိသာသာ လျော့နည်းသွားတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာနော်ဝေသံအမတ်ကြီး Ms.Tone Tinnesက ပြောပါတယ်။ လေ့လာဆန်းစစ်နေတဲ့ နော်ဝေသုသေတနသဘောၤအကြောင်း သံအမတ်ကြီးကို ဦးသိန်းထိုက်ဦးက တွေ့ဆုံမေးမြန်းထားပါတယ်။
မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသတွေမှာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက စစ်တမ်းတွေအရ ငါးသယံဇာတနဲ့ ငါးမျိုးကွဲတွေ သိသိသာသာ လျော့နည်းသွားတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ နော်ေ၀ သံအမတ်ကြီး Ms Tone Tinnes က VOA ကို ပြောဆိုပါတယ်။
ရခိုင်ပဋိပက္ခ ဖြေရှင်းရေးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဘက်ကလည်း အရေးကြီးတဲ့ ခြေလှမ်းတွေ လှမ်းနေတယ်လို့ မြင်တဲ့အကြောင်းနဲ့ တိုးတက်အောင် ဆက်ပြီးဆောင်ရွက်ဖို့ လိုမယ်လို့ မြင်တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ နော်ေ၀ သံအမတ်ကြီး Ms Tone Tinnes က VOA ကို ပြောဆိုပါတယ်။
ရခိုင်ပဋိပက္ခ ဖြေရှင်းရေးမှာ မြန်မာနိုင်ငံဘက်ကလည်း အရေးကြီးတဲ့ ခြေလှမ်းတွေ လှမ်းနေတယ်လို့ မြင်တဲ့အကြောင်းနဲ့ တိုးတက်အောင်ဆက်ပြီးဆောင်ရွက်ဖို့ လိုမယ်လို့ မြင်တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး Ms Tone Tinnes က VOA ကိုပြောဆိုပါတယ်။ သံအမတ်ကြီး ကိုသိန်းထိုက်ဦး တွေ့ဆုံမေးမြန်းထားပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လိုအပ်တဲ့အကြောင်း ပြည်တွင်းမှာ ပြောဆိုမှုတွေ ရှိနေသလို၊ နိုင်ငံရေးမှာ တပ်မတော်ရဲ့ ပါဝင်မှုကို အဆုံးသတ်ဖို့ နိုင်ငံတကာမှာ တောင်းဆိုမှုတွေရှိနေတဲ့အချိန် အခုလို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တုံ့ပြန်ပြောဆိုချက် ထွက်လာတာပါ။
အရင်အစိုးရတွေလက်ထက်က ရခိုင်ပဋိပက္ခ ဘာကြောင့် အမြစ်တွယ်ခဲ့သလဲ။ ဘာကြောင့် ထိထိရောက်ရောက် မဖြေရှင်းနိုင်ခဲ့သလဲ။ လူဝန်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးခင်ရီကို မကြာသေးခင်က VOA နဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ ဦးသိန်းထိုက်ဦးက မေးမြန်းထားပါတယ်။
ရခိုင်အရေးမှာ ပြည်ပပညာရှင်တွေအကြံပေးသလို ၁၉၈၂ ခုနှစ်နိုင်ငံသား ဖြစ်ရေးဥပဒေကို ပြင်ဆင်မယ်ဆိုရင်တနိုင်ငံလုံးရဲ့ဆန္ဒနဲ့အညီလွှတ်တော်မှာ သုံးသပ်ပြီးမှ ပြင်ဆင်တာမျိုး ဖြစ်သင့်တယ်လို့ ပြည်ထောင်စုဝန်ကြီးဟောင်းဦးခင်ရီကပြောပါတယ်။ ဦးခင်ရီကို ဦးသိန်းထိုက်ဦးတွေ့ဆုံမေးမြန်းထားတဲ့ ဒုတိယပိုင်းကိုရှု့စားနိုင်ပါတယ်။
ရခိုင်ပြည်နယ်တွင်း လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို စုံစမ်းစစ်ဆေးတဲ့အခါ မြန်မာ့တပ်မတော်ရဲ့ လုပ်ရပ်ကိုပဲတဖက်သတ်စစ်ဆေးမယ်ဆိုရင် မျှတမှုမရှိနိုင်ဘူးလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးခင်ရီက VOA ကိုပြောပါတယ်။ ဦးသိန်းထိုက်ဦး တွေ့ဆုံမေးမြန်းထားပါတယ်။
စက်တင်ဘာ ၁၀၊ ၂၀၁၈ - လွတ်လပ်စွာ သတင်းရေးသားဖော်ပြမှုကို ထိခိုက်စေတဲ့ ဥပဒေတွေကို ပြန်လည်သုံးသပ် ပြင်ဆင်မှုတွေ လုပ်နေပါတယ်လို့ ပြန်ကြားရေးဒုဝန်ကြီး ဦးအောင်လှထွန်းက ပြောပါတယ်။ ကိုသိန်းထိုက်ဦး တွေ့ဆုံမေးမြန်းထားပါတယ်။
ဒီမိုကရေစီခရီးလမ်းမှာ အဟန့်အတားဖြစ်တဲ့ သတင်းလွတ်လပ်ခွင့်ပြုပြင်ပြောင်းလဲရေးအတွက်၊ အခုဆိုရင် လွတ်လပ်စွာသတင်းရေးသားဖော်ပြမှုကို ထိခိုက်စေတဲ့ ဥပဒေတွေကို ပြန်လည်သုံးသပ် ပြင်ဆင်မှုတွေ လုပ်နေပါတယ်လို့ ပြန်ကြားရေးဒုဝန်ကြီး ဦးအောင်လှထွန်းက ပြောပါတယ်။ ကိုသိန်းထိုက်ဦး တွေ့ဆုံမေးမြန်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်