ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က Ohio ပြည်နယ် Dayton မြို့နဲ့ Texas ပြည်နယ် El Paso မြို့ကြီးတွေမှာ ဖြစ်ပွားတဲ့ သေနတ်ပစ်ခတ်မှုတွေကြောင့် ဒီနှစ်အတွင်း အမေရိကန်ပြည်ထောင်စုမှာ အလားတူ အကြမ်းဖက်တိုက်ခိုက်မှု အကြိမ် ၂၅၀ ကျော် ရှိနေပြီဖြစ်ပါတယ်။ Arash Arabasadi ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး တင်ပြပါမယ်။
သမ္မတကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုလေ့ရှိတဲ့ မေရီလန်းပြည်နယ် အောက်လွှတ်တော်အမတ် Elijah Cummings ကို ထိုးနှက်တဲ့ အကြောင်းအရာတွေ သမ္မတ Donlad Trump က တွစ်တာ လူမှုကွန်ယက်မှာ ဆက်တိုက်ရေးသားနေပါတယ်။ VOA သတင်းထောက် Elizabeth Cherneff သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ပြောပြပေးပါမယ်။
ဒီမိုကရက်ပါတီက လူဖြူမဟုတ်တဲ့ ကွန်ဂရက်စ်လွှတ်တော် အမျိုးသမီးအမတ် ၄ ယောက်ဟာ အမေရိကန်ပြည်ထောင်စုကို တကယ်ချစ်နိုင် တဲ့သူတွေ မဟုတ်ဘူးဆိုပြီး သမ္မတ Donald Trump က ထပ်မံထိုးနှက် ဝေဖန်လိုက်ပါတယ်။ Arash Arabasadi ရဲ့ သတင်းပေးပို့ချက်ကို ကိုသိန်းထိုက်ဦး ပြောပြပေးပါမယ်။
အမေရိကန် နယ်ခြား ထိန်းသိမ်းရေးစခန်းတွေမှာ ရွှေ့ပြောင်းလာသူတွေကို ထိန်းသိမ်းထားတဲ့ အခြေအနေဟာ သိပ်ကို ဆိုးနေတယ်ဆိုပြီး ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ သမ္မတ Trump အစိုးရ အတွင်းမှာရော၊ အတိုက်အခံ ဒီမိုကရက်တွေနဲ့ပါ သဘောထား ကွဲလွဲနေကြပါတယ်။ Marcus Harton ရဲ့ သတင်းလွှကို ကိုသိန်းထိုက်ဦး ပြောပြပေးပါမယ်။
လစ်ဗျားနိုင်ငံက ရွှေ့ပြောင်းလာသူတွေကို ထိန်းသိမ်းထားတဲ့ စခန်း ပြီးခဲ့တဲ့ သတင်းပတ်က ဗုံးကျဲတိုက်ခိုက်ခံခဲ့ရ တဲ့အတွက် အရပ်သား ငါးဆယ်ကျော်သေဆုံးပြီး အနည်းဆုံး ၁၃၀ လောက် ထိခိုက်ဒဏ်ရာခဲ့တာကြောင့် ဒီတိုက်ခိုက်မှုအပေါ် ကမ္ဘာတဝှမ်းက အစိုးရတွေ နိုင်ငံတကာအဖွဲ့အစည်းတွေက ပြစ်တင်ရှုတ်ချနေကြပါတယ်။
အမေရိကန် မက္ကဆီကိုနယ်ခြားက တရားမဝင် ရွှေ့ပြောင်းလာသူတွေကို ထိန်းသိမ်းရေးစခန်းတွေမှာ ကောင်းကောင်းမွန်မွန်ထားဖို့၊ စောင့်ရှောက်ဖို့ အမေရိကန် လွှတ်တော်အမတ်တွေက တောင်းဆိုကြပါတယ်။ VOA သတင်းထောက် Marcus Harton ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
ဒီနှစ် ၂၄၃ ကြိမ်မြောက် အမေရိကန်လွတ်လပ်ရေးနေ့အခမ်းအနားကတော့ ပြင်ဆင်မှု ပုံရိပ်တွေပါ။ အရင်အစဉ်အလာပုံစံကနေ ကွဲထွက်ပြီး လင်ကွန်းအမှတ်တရအဆောက်အဦးရှေ့မှာ သမ္မတ Donald Trump မိန့်ခွန်းပြောဖို့ စီစဉ်ထားသလို၊ စစ်တင့်ကားတွေပြ တိုက်လေယဉ်တွေပျံဝဲပြီး စစ်ရေးပြဖို့ကိုလည်း သမ္မတက ညွှန်ကြားထားပါတယ်။
ဒီနှစ် အမေရိကန်လွတ်လပ်ရေးနေ့အခမ်းအနားကတော့ အရင်အစဉ်အလာပုံစံကနေ ကွဲထွက်ပြီး လင်ကွန်းအမှတ်တရအဆောက်အဦးရှေ့မှာ သမ္မတ Donald Trump မိန့်ခွန်းပြောဖို့ စီစဉ်ထားသလို၊ စစ်တင့်ကားတွေပြ တိုက်လေယဉ်တွေပျံဝဲပြီး စစ်ရေးပြဖို့ကိုလည်း သမ္မတက ညွှန်ကြားထားပါတယ်။
အမေရိကန် ဒရုံးယာဉ်ကို အီရန်ဘက်က ပစ်ချခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေကို အမေရိကန်ဘက်က ပြဌာန်းခဲ့ပါတယ်။
ရှေးရိုးစွဲ အယူဝါဒ ကိုင်စွဲသူတွေ လွှမ်းမိုးလေ့ရှိတဲ့ ပါကစ္စတန်နိုင်ငံမှာ ဂီတ အနုပညာရှင်တယောက်ဖြစ်ဖို့ဆိုတာ မလွယ်လှပါဘူး။ အခုတော့ ဂီတပညာရှင်ဖြစ်ချင်သူတွေ Lahore မြို့က အမျိုးသား အနုပညာကျောင်းမှာ နိုင်ငံတကာ ဂီတပညာကို ဆည်းပူးခွင့်ရနေကြပါပြီ။ Saman Khan ရဲ့သတင်းလွှာကို ဦးသိန်းထိုက်ဦး တင်ဆက်ပါမယ်။
အီရန်အနေနဲ့ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတခု ဖြစ်ချင်တယ်ဆိုရင် နျုကလီးယားလက်နက်ပိုင်ဆိုင်ဖို့ ကြိုးစားတဲ့လုပ်ရပ်တွေ အဆုံးသတ်ရလိမ့်မယ်ဆိုပြီး သမ္မတ Donald Trump က သတိပေးလိုက်ပါတယ်။ ။ VOA သတင်းထောက် Michael Bowman ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြမှာပါ။
ဆော်ဒီအာရေးဗျနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုကို အမေရိကန်အစိုးရက ဒေါ်လာ ၈ ဘီလျံဖို့း လက်နက်ရောင်းချဖို့ စီစဉ်နေပြီး၊ ဒီ အစီအစဉ်ကို ပိတ်ပင်နိုင်အောင် အမေရိကန်အထက်လွှတ်တော်က ဒီသတင်းပတ်ကုန်မှာ ကြိုးစားမယ်လို့ မျှော်လင့်ရပါတယ်။ Michael Bowman ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦးက တင်ပြပေးပါမယ်။
လူတွေနေ့စဉ် လှုပ်ရှားသွားလာနေတဲ့ လုပ်ငန်းခွင်တွေမှာ စက်ရုပ်တွေ အစားထိုး သုံးစွဲလာကြတာ နှစ်အတော်ကြာခဲ့ပါပြီ၊ အခု ဗြိတိန်နိုင်ငံက ပညာရှင်တွေက နောက်ထပ် ခြေလှမ်းသစ်တခုအဖြစ် အနုပညာဖန်တီးတဲ့ စက်ရုပ်တရုပ်ကို ဖန်တီးလိုကပါတယ်။
မက္ကဆီကို နယ်ခြားက ဝင်ရောက်မယ့် ရွှေ့ပြောင်းဝင်ရောက်သူတွေ နည်းသွားအောင် တားပေးဖို့ မက္ကဆီကိုနဲ့ သဘောတူညီချက်ရလိုက်ပြီဆိုပြီး သမ္မတ Donald Trump က ကြေညာခဲ့တာကြောင့် ဒီအပေါ် စိတ်သက်သာရရမိတဲ အ့ကြောင်း ရီပတ်ဗလစ်ကန် အမတ်တွေက ပြောဆိုပါတယ်။ Michael Bowman ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦးက တင်ပြပါမယ်။
ဇွန် ၆ ရက်နေ့ဟာ D-Day သမိုင်းမှာ မဟာမိတ်တပ်တွေ ပြင်သစ်နိုင်ငံ နော်မန်ဒီ ကမ်းခြေကို အလုံးအရင်းနဲ့ ဝင်သိမ်းခဲ့တဲ့နေ့ပါ။ ဒီ နော်မန်ဒီတိုက်ပွဲမှာ ပါခဲ့တဲ့ စစ်မူထမ်းဟောင်းကြီးတယောက်က စစ်သားသစ်လေးတွေကို တိုက်ပွဲအကြောင်း ပြန်ပြောပေးပါတယ်။ Kevin Enochs သတင်းပေးထားတာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
အီရန် ခေါင်းဆောင်တွေနဲ့ ကြိုတင်စည်းကမ်း သတ်မှတ်ချက် မထားဘဲ ဆွေးနွေးဖို့ အဆင်သင့် ရှိတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ ။ VOA သတင်းထောက် Michael Bowman သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ပြောပြပေးပါမယ်။
ဒုတိယကမ္ဘာစစ် D-Day မဟာမိတ်တပ်တွေရဲ့ Normandy ကမ်းတက် စစ်ဆင်ရေးကြီး ၇၅ နှစ်မြောက် အခမ်းအနား ဇွန်လ ၆ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး သမ္မတ Trump အပါအဝင် နိုင်ငံတကာခေါင်းဆောင်တွေ ပြင်သစ်မြောက်ပိုင် ကမ်းခြေမှာ စုဝေးကြမှာပါ။ Nicolas Pinault ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပေးမှာပါ။
ဝါရှင်တန်မြို့တော်မှာ အမေရိကန်သမ္မတ Donald Trump အပေါ် တရားစွဲဆိုဖို့ ဆိုတဲ့ ကိစ္စ၊ ဖြစ်နိုင်ချေရှိမရှိ မေးခွန်းထုတ်နေကြပြီး အောက်လွှတ်တော်က တရားစွဲဆိုမယ်ဆိုရင်တောင် ရီပတ်ဗလစ်ကန်အများစု လွှမ်းမိုးထားတဲ့ အထက်လွှတ်တော်ကတော့ လက်ခံမယ့်ပုံ မရှိပါဘူး။ Michael Bowman ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပါမယ်။
ထိုင်းနိုင်ငံမှာ ဆေးခြောက်ကို ကျန်းမာရေးလိုအပ်ချက်အရ သုံးစွဲခွင့်ကို ဥပဒေအရ တရားဝင် ခွင့်ပြုတာနဲ့ ပတ်သက်ပြီး ဘယ်သူက ထုတ်မလဲ၊ ဘယ်လိုလူတွေကို သုံးစွဲခွင့်ပေးမှာလည်း ရှုတ်ထွေးမှုတွေ ရှိနေပါတယ်။
ကမ္ဘာပေါ်မှာ ပျားအကောင်အရည် လျော့နည်းလာနေတယ်ဆိုပြီး ပျားတွေကို ထိန်းသိမ်းဖို့ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့ကို ကမ္ဘာ့ ပျားထိန်းသိမ်းရေးနေ့ အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားပါတယ်။ ပျားကောင်ရေ လျော့ကျလာရတဲ့အကြောင်းနဲ့ ထိန်းသိမ်းဖို့ တိုက်တွန်းချက်တွေအကြောင်း Kevin Enochs ရဲ့ သတင်းကို ကိုသိန်းထိုက်ဦး ပြောပြမှာပါ။
နောက်ထပ်ကြည့်ရှုရန်