အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန် စစ်ရေးအင်အား တိုးချဲ့ ချထားရတဲ့ အကြောင်းရင်းနဲ့ အီရတ်မှာ ရှိတဲ့ သံရုံး ဝန်ထမ်းတချို့ကို ထွက်ခွာဖို့ အမိန့်ပေးခဲ့တာတွေအပေါ် သမ္မတ Trump အစိုးရက လွှတ်တော်အမတ်တွေကို ရှင်းလင်းပြောဆိုလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ Michael Bowman ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး တင်ပြပါမယ်။
Vincent van Gogh ရဲ့ ပန်းချီကား အစစ်ဟုတ်မဟုတ် နှစ်အစိတ်လောက် အငြင်းပွားနေတဲ့ အမေရိကန်ပြည်ထောင်စု Connecticut ပြည်နယ် Hartword မြို့ Wadsworth Atheneum အနုပညာပြတိုက်က ပန်းချီကားဟာ အစစ်ဖြစ်တယ်ဆိုပြီး ကျွမ်းကျင်သူတွေက အတည်ပြု ပြောဆိုပါတယ်။ Anna Nelson ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပါမယ်။
လွတ်လပ်ရေးကြိုးပမ်းမှုကာလတလှေ ျာက် နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ရင်းနှီးတဲ့သူ ဖြစ်ပေမယ့် သူ နိုင်ငံရေးသမားတယောက် ဘာကြောင့် မဖြစ်ခဲ့သလဲဆိုတာကို တခါက ဆရာကြီး ဒဂုန်တာရာ ရှင်းပြခဲ့တာပါ။
အမေရိကန်ပြည်ထောင်စုနဲ့ ပိုနီးတဲ့ ဗင်နီဇွဲလားနိုင်ငံမှာတော့ သမ္မတအဖြစ် ကြေညာထားတဲ့ Juan Guaido ကို ထောက်ခံသူတွေ အကြီးအကျယ် ဆန္ဒပြခဲ့ကြပေမယ့် Nicholas Maduro ကပဲ အာဏာကို ဆက်ပြီး ချုပ်ကိုင်ထားနိုင်တဲ့ ကိစ္စကို ဆွေးနွေးပြောဆိုနေကြပါတယ်။ Michael Bowman ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
ရုရှားအရေးစုံစမ်းတဲ့ Mueller ရဲ့ အစီရင်ခံစာထွက်လာပြီး ဒီအစီရင်ခံစာ အနှစ်ချုပ်ရေးသားခဲ့တဲ့ ရှေ့နေချုပ် Barr မနေ့က အထက်လွှတ်တော်ရှေ့မှောက်မှာ ထွက်ဆိုပါတယ်။ အစီရင်ခံစာနဲ့ ပတ်သက်ပြီး အနှစ်ချုပ် ရေးသားချက်အပေါ် ဒီမိုကရက်အမတ်တွေ ဝေဖန်ခဲ့ပါတယ်။ Michael Bowman ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပါမယ်။
ရုရှားအရေး အထူးစုံစမ်းစစ်ဆေးရေးမှုး Robert Muller ရဲ့ တည်းဖြတ်ထားတဲ့ အစီရင်ခံစာ ထွက်လာပြီး နောက်ပိုင်းမှာ ရှေ့ချုပ် William Barr လွှတ်တော်နှစ်ရပ် တရားရေး ကော်မတီတွေရှေ့ ကြားနားပွဲတွေမှာ ဒီသတင်းပတ်အတွင်း သက်သေထွက်ဆိုဖို့ စီစဉ်ထားပါတယ်။ Michael Bowman ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး က တင်ပြပေးပါမယ်။
ဒီသတင်းပတ်ကုနု် တရုတ်နိုင်ငံမှာ ကျင်းပ ပြီးစီးသွားတဲ့ ခေတ်သစ်ပိုးလမ်းမ တည်ဆောက်ရေး ဒုတိယအကြိမ် ညီလာခံအတွင်း ဒေါ်လာ ၆၄ ဘီလျံဘိုး နိုင်ငံတကာနဲ့ သဘောတူညီချက်တွေ ရေးထိုးနိုင်ခဲ့တယ်လို့ တရုတ်သမ္မတ ရှီကျင်းပင်က ပြောဆိုပါတယ်။ VOA သတင်းထောက် Jesuesmen ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပါပေးမှာပါ။
ဒီမိုကရက်တွေက ရုရှားအရေး အထူးစုံစမ်းစစ်ဆေးရေးမှူး Mueller ရဲ့ တည်းဖြတ်ထားတဲ့ အစီရင်ခံစာအပြည့်အစုံ ထုတ်ပြန်နိုင်ရေး ဆက်ဖိအားပေးသွားမယ်လို့ ပြောနေပေမဲ့လည်း သမ္မတကို တရားစွဲဆိုဖို့ ဆိုတဲ့ ကိစ္စမှာ ဒီမိုကရက်တွေအကြား သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။ Michael Bowman ရဲ့ သတင်းကို ဦးသိန်းထိုက်ဦး ပြောပြပါမယ်။
၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် ဒီမိုကရက်တစ်ပါတီတွင်း သမ္မတလောင်းအဖြစ် ဝင်ပြိုင်မယ့်သူတွေ တော်တော်များများ ပေါ်ထွက်လာပြီး အခုကတည်းက စောစောစီးစီး မဲဆွယ်စည်းရုံးနေကြပါတယ်။ VOA သတင်းထောက် Jim Malone သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
အမေရိကန်တောင်ပိုင်း မက္ကဆီကိုနယ်စပ်မှာ တရားမဝင် ဝင်လာသူတွေ သမိုင်းမှာ မကြုံဘူးအောင် ရောက်လာနေပြီး ဒီကိစ္စ ဘယ်လို ဖြေရှင်းမလဲဆိုတာ ဝါရှင်တန်နိုင်ငံရေးအသိုင်းအဝိုင်းကြားမှာ သဘောထားကွဲလွဲမှုတွေ အကြီးအကျယ် ထွက်ပေါ်နေပါတယ်။ VOA သတင်းထောက် Michael Bowman ရဲ့သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပေးပါမယ်။
တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသူတွေကို မက္ကဆီကိုဘက်က ထိထိရောက်ရောက် ဟန့်တားမပေးတဲ့ အတွက် အမေရိကန်တောင်ပိုင်း မက္ကဆီကိုနဲ့ နယ်ခြားဂိတ်တွေကို ပိတ်ပစ်မယ်လို့ သမ္မတ Donald Trump က ခြိမ်းခြောက်ပြောဆိုနေပါတယ်။ VOA သတင်းထောက် Michael Bowman ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပေးမှာပါ။
အမေရိကန်သမ္မတ Donlad Trump ရဲ့ မဲဆွယ်စည်းရေးအဖွဲ့နဲ့ ရုရှားအကြား ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း မရှိဘူးလို့ မစ္စတာ Mueller အစီရင်ခံစာမှာ ဖော်ပြထားပေမယ့် သမ္မတအနေနဲ့ ဥပဒေကို ချိုးဖောက်ခဲ့ခြင်း ရှိမရှိဆိုတဲ့ကိစ္စမှာတော့ မှတ်ချက် တစုံတရာ ပေးထားခြင်း မရှိပါဘူး။
အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွင်း ရုရှားရဲ့ ဝင်ရောက်စွတ်ဖက်မှုတွေမှာ သမ္မတ Trump အနေနဲ့ ပူးပေါင်းကြံစည်တာ မရှိဘူးဆိုတဲ့ ကနဦး ထွက်လာတဲ့ အကျဉ်းချုပ်ဖေါ်ပြချက်အပေါ် ဝါရှင်တန်နိုင်ငံရေးအသိုင်းအဝိုင်းကြားမှာ အမျိုးမျိုး ဝေဖန်ပြောဆိုနေပါတယ်။ Michael Bowman ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပေးမှာပါ။
အမေရိကန် မက္ကဆီကိုနယ်ခြား တံတိုင်းကာရေး အသုံးစရိတ်အတွက် နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာထားတဲ့ သမ္မတ Donald Trump ရဲ့ ကြေညာချက်ကို လွှတ်တော်နှစ်ရပ်စလုံးက ပယ်ချပြီးတဲ့နောက် သမ္မတဘက်ကလည်း သူ့ရဲ့လုပ်ပိုင်ခွင့် ဗီတိုအာဏာနဲ့ ထပ်မံ ပယ်ချလိုက်ပါတယ်။ Michael Bowman ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး တင်ပြပါမယ်။
ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ် နှိပ်စက်မှုက လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် အထက်လွှတ်တော်အနေနဲ့ မဲခွဲဆုံးဖြတ်ပေးဖို့ ရိုဟင်ဂျာအရေးထောက်ခံမှုပြသတဲ့နေ့အဖြစ် အမေရိကန်လွှတ်တော်အတွင်း အဖွဲ့အစည်းအသီးသီးက တက်ကြွလှုပ်ရှားသူတွေ တွေ့ဆုံပြီး စည်းရှုံးလှုပ်ရှားခဲ့ကြပါတယ်။ သတင်းသွားယူထားတဲ့ ကိုသိန်းထိုက်ဦး ပြောပြပါမယ်။
လူသားချင်းစာနာမှုဆိုင်ရာ သတင်းစကားတခုကို ကျနော်တို့နဲ့ တွေ့ဆုံတဲ့ အထက်လွှတ်တော် အမတ်တိုင်း၊ ကွန်ဂရက်စ် လွှတ်တော်က တာဝန်ရှိသူတိုင်းကို ကျနော်တို့ ပြောဆို တိုက်တွန်းသွားမှာပါ။
အမေရိကန်အပါအဝင် နိုင်ငံ ၅၀ ကျော်က ယာယီသမ္မတအဖြစ် အသိအမှတ်ပြုထားတဲ့ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် Juan Guaido နဲ့ ဗင်နီဇွဲလားသမ္မတ Nicolas Maduro တို့ကြား အာဏာလွန်ဆွဲပွဲအပေါ် ဝါရှင်တန်နိုင်ငံရေးအသိုင်းအဝိုင်းက တိုးပြီးအာရုံစိုက်လာပါတယ်။ Michael Bowman ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပါမယ်။
သမ္မတ Donald Trump ရဲ့ ကိုယ်ရေး ရှေ့နေဟောင်း Michael Cohen သမ္မတနဲ့ပတ်သက်ပြီး ဝေဖန် ပြောဆိုချက်တွေဟာ ၁၉၇၀ ခုနှစ်တွေအတွင်း သမ္မတဟောင်း Richard Nixon ကို ရာထူးက ဖယ်ရှားခဲ့တဲ့ Watergate အရှုပ်တော်ပုံကို ပြန်သတိရစရာ ဖြစ်စေတယ်လို့ ပြောဆိုနေကြပါတယ်။ Jim Malone ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ကတင်ပြပါမယ်။
မက္ကဆီကို နယ်ခြားနဲ့ တံတိုင်းကာရေး သမ္မတ Trump ရဲ့ နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာချက်ကို လက်ခံ၊ မခံ အမေရိကန် အထက်လွှတ်တော်က မဲခွဲဆုံးဖြတ်ဖို့ လုပ်နေပါတယ်။ အထက်လွှတ်တော်က ထပ်ပြီး ပယ်ချခဲ့ရင် သမ္မတ Trump က ဗီတိုအာဏာနဲ့ ပယ်ချနိုင်ပါတယ်။ Michael Bowman ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး တင်ပြပါမယ်။
ဗီယက်နမ်နိုင်ငံမှာကျင်းပခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင်Kim Jong Un နဲ့ ဆွေးနွေးပွဲမှာ နျူကလီးယားအရေးနဲ့ပတ်သက်ပြီးသမ္မတ Trump မျှော်လင့်ထားသလိုသဘောတူညီချက်မရခဲ့ပါဘူး။
နောက်ထပ်ကြည့်ရှုရန်